Articles

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တောင်ကြီး   ဇူလိုင်   ၀၁

 

1

 

    မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ၂၀၁၃ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်(၁)ရက်၊ နံနက်(၈)နာရီက အေးသာယာဂေါက်ကွင်းရှေ့ ကွင်းပြင်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်က အမှာစကားပြောကြားပြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ကြည်ကြည်ဝေတို့က ပျိုးပင်များကို ဖြန့်ဝေပေးခဲ့သည်။

 

2

 

    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာသူများက သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများသည် အခမ်းအနား တက်ရောက်လာသူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

 

6

 

7

 

    ၎င်းနောက် နံနက်(၉)နာရီတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်သည် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ချုပ်ပန်းခြံဒေါင့်ရှိ အမျိုးသမီးရေးရာနေ့ ဆိုင်းဘုတ်ဖွင့်ပွဲသို့ တက်ရောက်၍ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

အခွန်ဝေစု လွှဲပြောင်းပေးအပ်ပွဲကျင်းပ

တောင်ကြီး  ဇွန်  ၂၉

 

1

 

    ရှမ်းပြည်နယ်၏ အခွန်ဝေစု လွှဲပြောင်းပေးအပ်ပွဲကျင်းပကို ဇွန် (၂၉)ရက်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကားပြောကြားပြီး၊ ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းတင်ပြသည်။

 

2

 

    ထို့နောက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်ထံသို့ ပြည်နယ်အခွန်ဦးစီးဌာနမှူးက ကုန်သွယ်ရေးလုပ်ငန်းခွန် ကျပ်(၇၉၉.၄၄)သန်းကိုလည်းကောင်း၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာနမှူးက အကောင်ခွန် ကျပ်(၇၆၁.၈၄၃)သန်းကိုလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

 

3


    ၄င်းနောက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးသည် နံနက်(၁၁)နာရီတွင် ပြည်နယ်အခွန်ရုံး၌ ဖွင့်လှစ်ထားသော အခွန်ဆိုင်ရာဝင်ဆောင်မှုရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးနှင့် အတူ ဧည့်သည်တော်များက ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

 

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ ကျင်းပ

တောင်ကြီး   ဇွန်  ၂၆

 

1

 

2

 

3

 

    ရှမ်းပြည်နယ်၏ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန်(၂၆)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူလေးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အမှာစကား ပြောကြားပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ဖတ်ကြားသည်။


    ထို့နောက် ဆုရရှိသူများနှင့် ဆုရကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။


    ဆက်လက်ပြီး မြို့တော်ခန်းမဝန်းအတွင်း ဖွင့်လှစ်ပြသထားသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း အသီးသီး၏ ပြခန်းများအား တာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။


    ၎င်းနောက် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲကို နံနက်(၁၀)နာရီတွင် အဝေရာမီးပုံးပျံကွင်း၌ ဆက်လက်ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အမှာစကားပြောကြားပြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်းက မီးရှို့ဖျက်ဆီးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။


    ထို့နောက် ဓာတုဆေးရည်များကို မြေကျင်းအတွင်း ပစ်ချဖျက်ဆီးပြီး၊ မူးယစ်ဆေးဝါးများကို စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၆၄)သန်း တန်ဖိုးရှိကြောင်း သိရှိရသည်။

ပြည်နယ်ဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ အာဆီယံသွေးလွန်တုပ်ကွေးနေ့ အခမ်းအနားတက်ရောက်

တောင်ကြီး   ဇွန်   ၂၇

 

1

 

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အာဆီယံသွေးလွန်တုပ်ကွေးနေ့ အခမ်းအနားကို ဇွန် (၂၇)ရက်၊ နံနက်(၉)နာရီက မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း တက်ရောက်ခဲ့သည်။


    ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ ဖေသက်ခင် ပေးပို့သော သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖတ်ကြားပေးပြီး၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ရှင်းလင်းဟောပြော တင်ပြခဲ့သည်။


    အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုဆရာမများ၊ ကြက်ခြေနီ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


    ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းကြီးစုရပ်ကွက်၊ အမှတ်(၁၅) မူလတန်းကျောင်းတွင် ဖုံးသွန်လဲစစ်(အပတ်စဉ် သောကြာနေ့တိုင်း ရေအိုးရေခွက်များ ရေသွန်မှောက်ထားခဲ့ပါရန်)ဆောင်ရွက်ခြင်း၊ Abate ဆေးခပ်ခြင်းနှင့် လောက်လန်းစား ငါးထည့်ခြင်းတို့ ဆောင်ရွက်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 68 guests and no members online

Latest Updates