Articles

အင်းလေးကန်ပတ်ဝန်းကျင်ရှိ ဟိုတယ်များနှင့် စပ်လျဉ်းသည့် တွေ့ဆုံပွဲကျင်းပ

တောင်ကြီး   မေ   ၀၈

 

2

 

   ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ပတ်ဝန်းကျင်ရှိ ဟိုတယ်များနှင့် စပ်လျဉ်းသည့် တွေ့ဆုံပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်၊ နေ့လည် ၁ နာရီ၌ ညောင်ရွှေမြို့နယ်၊ မိုင်းသောက် ကျေးရွာအနီးရှိ Aureum Palace ဟိုတယ်တွင်ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ဦးဆောင်ဆွေးနွေးပြီး အခမ်းအနားသို့တက်ရောက်လာသည့် သတင်းမီဒီယာများနှင့် အသင်းအဖွဲ့များက မေးမြန်းသည့် မေးခွန်းများကို ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ ပြန်လည်ရှင်းလင်းဖြေကြားသည်။


   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ညောင်ရွှေမြို့နယ်မှ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာများ၊ ညောင်ရွှေမြို့နယ်ရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ လူထုများ အင်အား(၁၅၀)ခန့်တက်ရောက်သည်။


      အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် အခမ်းအနား တက်ရောက်လာသူများအား ရင်းနှီးခင်မင်စွာလိုက်လံနှုတ်ဆက်သည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

တောင်ကြီး  မေ  ၀၅

 

A

 

  မေ (၀၄)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်မှ ကလောမြို့နယ်အတွင်းရှိ အောင်ပန်းမြို့၊ သီခေါင်ကျေးရွာအုပ်စုနှင့် ဘော်နင်းကျေးရွာအုပ်စုများသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ခဲ့ရာ ကလော မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့ဟောင်းရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။


  ထို့နောက် (၀၉၄၅)အချိန်တွင် အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်ရှိ အိမ်ထောင်စု(၂၅၀)ကို စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသယ်ယာဉ်ဖြင့် ရေဂါလန်(၃၂၀၀)အား ရေပေးဝေနေမှုကို ကွင်းဆင်းစစ်ဆေးပါသည်။

 

B

 

C

 

D

 

     ဆက်လက်ပြီး (၁၂၀၀)အချိန်တွင် သီခေါင်ကျေးရွာအုပ်စုအတွင်း အင်းခေါင်းရေထွက်သို့ သွားရောက်ကြည့်ရှုပြီး ပတ်ဝန်းကျင်ရှိ သစ်တောများအား ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး၊ (၁၂၃၀)အချိန်တွင် ဟဲဟိုး−ဘော်နင်းလမ်းတံတား အမှတ်(၂/၂) တည်ဆောက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများ တင်ပြချက်အပေါ် တံတားတည်ဆောက်ရေး အထူးအဖွဲ့(၄)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းထွဋ်နှင့် အငယ်တန်းအင်ဂျင်နီယာ ဦးဝေဖြိုးတို့နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။

 

ကလောမြို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွား

တောင်ကြီး  မေ  ၀၅

 

   မေ (၀၂)ရက်နေ့(၀၁၃၀)တွင် ကလောမြို့ အနောက်ဘက်(၁၈)မိုင်ခန့်အကွာရှိ ရွှေမင်းဖုန်းအုပ်စု၊ ရွှေတော(ကေစီ−၄၀၉၈၈၃၂၁)ရှိ အာရှကမ္ဘာမြေစက်မှုနှင့် သတ္တုတူးဖော်ရေး ရွှေလုပ်ကွက် ပတ်ဝန်းကျင်အနီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် နေအိမ်များ သစ်ပင်ပိရာမှ ဝန်ထမ်းအလုပ်သမား၊ အရပ်သား စုစုပေါင်း(၈)ဦး သေဆုံးပြီး၊ (၃)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


    အဆိုပါ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်ကြောင့် သစ်ပင်ပိသေဆုံးသူ(၁)ဦး၊ အင်းအတွင်းပိတ်မိသေဆုံးသူ(၅)ဦးတို့၏ အလောင်းများကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပြီး အင်းအတွင်း ပိတ်မိပျောက်ဆုံးနေသူ (၂)ဦးရှိနေကြောင်း သိရှိရပါသည်။ လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာရှကမ္ဘာမြေစက်မှုနှင့် သတ္တုတူးဖော်ရေး ရွှေလုပ်ကွက်ပတ်ဝန်းကျင်၌ သေဆုံးသူစုစုပေါင်း(၁၄)ဦးနှင့် အင်းအတွင်း ပိတ်မိပျောက်ဆုံးနေသူ (၂)ဦးရှိကြောင်း သတင်းရရှိသည်။

 

လားရှိုးမြို့မဈေး တစ်ဝိုက်လမ်းပိတ်ဆို့မှု ရှင်းလင်းဆောင်ရွက်

တောင်ကြီး   မေ  ၀၅

 

a

 

   ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ၊ အင်ဂျင်နီယာမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် မြို့မဈေး အကျိုးတော်ဆောင်အဖွဲ့တို့ ပါဝင်သောအဖွဲ့သည် (၂၉-၄-၂၀၁၃)ရက်နေ့တွင် လားရှိုးမြို့မဈေးသို့ ကွင်းဆင်း၍ မြို့မဈေးပတ်လည်ရှိ သိန်းနီလမ်းနှင့် ဗိုလ်ချုပ်လမ်း တို့တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ နှစ်ထပ်ရပ်တန့်မှု မရှိစေရေး၊ မြို့မဈေး ပတ်လည်ရှိ လမ်းဘေး၊ ပလက်ဖောင်းများပေါ်တွင်ကျူးကျော်မှုဈေးသည်များ ရောင်းချမှု မရှိစေရေး အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-


    (က)    မြို့မဈေး သိန်းနီလမ်းရှိ ဆိုင်ကယ်ရပ်နားစခန်းတွင် ရပ်နားလျက်ရှိသော မော်တော်ယဉ်များအား ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် လမ်းဘေး တွင် ရောင်းချလျက်ရှိသော ခေါင်းရွက်ဗျက်ထိုးဈေးသည်များအား ရှင်းလင်းခြင်း၊


    ( ခ)    မြို့မဈေး သိန်းနီလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ သစ်သီးအရောင်းဆိုင်  (၄)ဆိုင်မှ မူလလမ်းပေါ်သို့ ကျူးကျော်ခင်းကျင်း ရောင်းချခြင်းအား ရှင်းလင်းခြင်း၊


    ( ဂ)    မြို့မဈေး ဗိုလ်ချုပ်လမ်းရှိ မြို့မဈေးဘယ်ဘက်ခြမ်းတွင် ဆိုင်ကယ်(၂)ထပ် ရပ်နားသည့် နေရာအား (၁)ထပ်သာရပ်တန့်ရေးရှင်းလင်းခြင်း၊


    ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားရာ မြို့မဈေးပတ်လည်ရှိ လမ်းများဖြစ်သည့် သိန်းနီလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဟံသာဝတီလမ်း၊ လမ်းမတော်လမ်းတို့အား ရေစီး ရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် (၁-၅-၂၀၁၃)ရက်နေ့ တွင် ရေမြောင်းများ ဆယ်ယူခြင်း၊ သန့်ရှင်းရေးများ ပြုလုပ်ခြင်းများ ဆောင်ရွက်ပါသည်။


     အဆိုပါ လမ်းများပေါ်တွင် ကျူးကျော်ရောင်းချနေသော သစ်သီးသည်များအား မြို့မဈေး ရွှေကံ့ကော်ရုံအပေါ်ထပ်သို့ ပြောင်းရွှေ့ရောင်းချရန် လားရှိုးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်ပိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးဝင်းမင်းလတ်တို့မှ ဈေးမိ/ဈေးဖများ၊ ဈေးကော်မတီ၊ ဈေးသူ/ဈေးသားများနှင့် ညှိနှိုင်းထားရှိပြီး စည်းကမ်းတကျ ရှင်းလင်းဆောင်ရွက်ကြပါသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 86 guests and no members online