Articles

၁၃၇၅ ခု၊မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ

တောင်ကြီး   ဧပြီ  ၁၇

 

004

 

005

 

001

 

  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ၁၃၇၅ ခု၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ဧပြီ(၁၇)ရက် မွန်းလွှဲ(၃)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကန်တော့ခံအဘိုးအဘွားများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးရဲနိုင်အောင်က သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဦးဆောင်ပြီး ဧည့်ပရိတ်သတ်အပေါင်းမှ ဘိုးဘွားများအား ပူဇော်ကန်တော့၍ အလှူငွေနှင့် ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။


    ထို့နောက် အဘိုးအဘွားများကိုယ်စား အသက်(၈၈)နှစ်ရှိ ဦးကောင်စစ်(ဗိုလ်မှူးကြီးအငြိမ်းစား)က ဆုတောင်းမေတ္တာ ပို့သပေးသည်။ အဆိုပါ သက်ကြီးပူဇော်ပွဲသို့ တောင်ကြီးမြို့ပေါ်ရှိ အသက်(၅၈)နှစ်အထက် အဘိုးအဘွား(၂ဝ၈)ဦးရှိသည့်အနက် (၉ဝ)ဦးတက်ရောက်ခဲ့ပြီး မတက်ရောက်နိုင်သည့် အဘိုးအဘွားများအား အိမ်အရောက်အလှူငွေနှင့် ကန်တော့ပစ္စည်းများပေးအပ်ခဲ့ကြသည်။

 

002

 

003

 

   ၎င်းနောက် ညနေ(၄)နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ မြကန်သာပန်းခြံအတွင်းရှိ ရေကန်အတွင်းသို့ ဇီဝိတဒါနအဖြစ် ငါးကောင်ရေ(၁၅ဝဝဝဝ)လွှတ်ပေးခဲ့ကြသည်။

နိုင်ငံခြားသံတမန်အဖွဲ့များ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့သို့ အလည်အပတ်ရောက်ရှိ

တောင်ကြီး  ဧပြီ  ၁၆

 

20

 

21

 

22

 

23

 

24

 

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော နိုင်ငံ(၁၂)နိုင်ငံမှ နိုင်ငံခြားသံတမန်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ (UNRC)(UNHCR)(ICRC)မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ဧပြီ(၁၆)ရက် နံနက်(၁ဝ)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အထူးဒေသ(၄)၊ မိုင်းလားမြို့သို့ ရောက်ရှိရာ အထူးသေသ(၄)မှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။


  ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဆောင်သော ဧည့်သည်တော်သံတမန်အဖွဲ့များနှင့် အထူးဒေသ(၄)မှ တာဝန်ရှိသူများတို့က မိုင်းလားမြို့ရှိ မြန်မာ-တရုတ်နယ်ခြားမှတ်တိုင်၊ ဘိန်းပပျောက်သည့် အထိမ်းအမှတ်ပြတိုက်နှင့် မိုင်းလားမြို့အတွင်းသို့ လည့်လည်ကြည့်ရှုခဲ့ပြီးနောက် နေ့လည်စာသုံးဆောင်ခဲ့ရာ တိုင်းရင်းသားရိုးရာ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး၊ မိုင်းလားမှ ကျိုင်းတုံသို့ ပြန်လည်ထွက်ခွာခဲ့သည်။

နိုင်ငံခြားသံတမန်အဖွဲ့များ ကျိုင်းတုံမြို့သို့ အလည်အပတ်ရောက်ရှိ

တောင်ကြီး  ဧပြီ  ၁၅

 

12

 

13

 

14

 

15

 

16

 

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော နိုင်ငံ(၁၂)နိုင်ငံမှ နိုင်ငံခြားသံတမန်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ (UNRC)(UNHCR)(ICRC)မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ဧပြီ(၁၅)ရက် နံနက်(၀၉၅၀)နာရီတွင် ကျိုင်းတုံလေဆိပ်သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။


  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဆောင်သော ဧည့်သည်တော် သံတမန်အဖွဲ့များသည် ကျိုင်းတုံမြို့မဈေး၊ သစ်တစ်ပင်တောင်နှင့် အာခါတိုင်းရင်းသားရိုးရာ ရက်ကန်းလုပ်ငန်းနှင့် ရေပူစမ်းတို့အား သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

 

17

 

18

 

19

 

    ထို့နောက် ည(၇)နာရီတွင် ကျိုင်းတုံဟိုတယ်သစ်ခန်းမ၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်သည်တော် သံတမန်အဖွဲ့များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများတို့ တက်ရောက်ခဲ့ပြီး ဒေသခံတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ညစာစားပွဲအပြီးတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ နိုင်ငံခြားရေးဝန်ကြီးနှင့် သံတမန်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

တောင်ကြီးမြို့တွင် အလည်အပတ်ရောက်ရှိနေသော နိုင်ငံခြားသံတမန်အဖွဲ့ဝင်များ ပင်းတယမြို့ ရွှေဥမှင်သဘာဝလိုဏ်ဂူဘုရားသို့ ရောက်ရှိလေ့လာ

တောင်ကြီး  ဧပြီ  ၁၈

 

7

 

8

 

9

 

10

 

6

 

   တောင်ကြီးမြို့တွင် အလည်အပတ်ခရီးရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သည့် မြန်မာနိုင်ငံဆိုင်ရာသံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ၎င်းတို့၏ မိသားစုဝင်များသည် ဧပြီ(၁၈)ရက် နံနက်(၇)နာရီခွဲက ခေတ္တတည်းခိုသည့် အေးသာယာဂေါက်ကွင်းဟိုတယ်မှ ထွက်ခွာပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၏ အထင်ကရဖြစ်သော ရွှေဥမှင်သဘာဝလိုဏ်ဂူဘုရားသို့ ရောက်ရှိလာရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။


  ဧည့်သည်တော် သံတမန်အဖွဲ့ဝင်များသည် ရွှေဥမှင်လိုဏ်ဂူဘုရားအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီးနောက် ပင်းတယမြို့အတွင်းရှိ ရိုးရာထီးလုပ်ငန်းနှင့် ရှမ်းစက္ကူလုပ်ငန်းအား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။


   ထို့နောက် ဧည့်သည်တော် သံတမန်အဖွဲ့သည် ပင်းတယမြို့ရှိ CONQUEROR HOTEL ၌ ခေတ္တရပ်နားပြီး နေ့လည်စာသုံးဆောင်ခဲ့ကြသည်။ ထိုမှတဆင့် ဧည့်သည်တော်သံတမန်အဖွဲ့သည် ပင်းတယမြို့မှ ဆက်လက်ထွက်ခွာလာရာ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိပြီး ညနေ(၃)နာရီခွဲတွင် ဟဲဟိုးလေဆိပ်မှ မြန်မာ့လေကြောင်းလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားကြသည်။

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 103 guests and no members online