Articles

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် သုံးထပ်ဓမ္မာရုံတော်သစ် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားတက်ရောက်

တောင်ကြီး  မတ်  ၂၆

 

3

4

 

2

 

5

 

6

 

    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်သည် မတ်(၂၆)ရက် နံနက်(၉)နာရီခွဲက ရွှေဘုန်းပွင့်စေတီတော် ဓမ္မာရုံ၌ကျင်းပပြုလုပ်သော တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်ရင်ပြင်တွင် တည်ဆောက်ပြီးစီးသော သုံးထပ်ဓမ္မာရုံတော်သစ်ကြီး ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ဧည့်ပရိတ်သတ်များသည် နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး စွန်းလွန်းဂူကျောင်း ဆရာတော် မဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်အပ်သော ပရိတ်တရားတော်မြတ်ကို နာယူပန်ဆင်ကြသည်။
   ထိုနောက် ဆရာတော်သံဃာတော်များအား သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ဓမ္မာရုံဆောက်လုပ်ရာတွင် ပါဝင်လှူဒါန်းကြသော အလှူရှင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
    ဆက်လက်ပြီး ကမ္ဘောဇဘဏ်လီမိတက်မှ ရွှေဘုန်းပွင့်ဘုရားသို့ ကာလတန်ဖိုး ကျပ်(၁၁၈)သိန်းတန်ပရိုဘောက်မော်တော်ယာဉ်(၁)စီးကို လှူဒါန်းရာ ကမ္ဘောဇဘဏ်တာဝန်ရှိသူ တစ်ဦးမှ လှူဒါန်းပေးအပ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရွှေဘုန်းပွင့်ဘုရား အထွေထွေပြုပြင်မွမ်းမံမှု ငွေကျပ်(၁၅၆၆၃၈ဝဝိ/)လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
   ထိုနောက် လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်သည်။ အဆိုပါအခမ်းအနားသို့ စွန်းလွန်းဂူကျောင်းဆရာတော် ဘဒ္ဒအဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးမြင့်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဌ ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပိုးသတ်ဆေး ဥပဒေနှင့် မြေဩဇာ ဥပဒေ လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

တောင်ကြီး  မတ်  ၂၅

 

6

 

7 

  ပိုးသတ်ဆေးဥပဒေနှင့် မြေဩဇာဥပဒေ လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုက်နာရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို မတ်(၂၅)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်က တက်ရောက် အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင် ၊ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဦးကျော်ဝင်း နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ပြုံးပြုံးကြည်တို့မှ ပိုးသတ်ဆေးများ အန္တရာယ်ကင်းစွာ သုံးစွဲရေးနှင့် ပိုးသတ်ဆေးဥပဒေလိုက်နာ ကျင့်သုံးရေးတို့ကို ရှင်းလင်းဆွေးနွေးကြပြီး၊ တက်ရောက်လာသည့် ဒေသခံပြည်သူများက ပြန်လည်ဆွေးနွေးကြသည်။


    အခမ်းအနား ဒုတိယပိုင်းတွင် မြေအသုံးချရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်မှ မြေဩဇာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း၍ လည်းကောင်း၊ ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဦးထွန်းလှအောင်မှ မြေဩဇာဥပဒေဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။


    အဆိုပါ အခမ်းအနားသို့ တောင်ကြီးမြို့နယ်ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဆေးဆိုင်မှ ဆေးဆိုင်ရှင်များ တက်ရောက်ခဲ့ပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ဓနုဆုံဆည်းရာနေ့ အခမ်းအနားတက်ရောက်

တောင်ကြီး   မတ်   ၂၅

 

0011

 

0022

 

0033

 

0055

 

0044

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် သည် မတ်(၂၅) ရက် နံနက်(၈)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ ရွှေဥမင်ဘုရား ရင်ပြင်ရှေ့၌ ကျင်းပပြုလုပ်သည့် ဓနုဆုံဆည်းရာနေ့ အခမ်းအနား သို့တက်ရောက် အမှာစကား ပြောကြားသည်။


    ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှုမောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကို တို့က အမှာစကားပြောကြားပြီး ဓနုတိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာကျော်လွင်ထူးက ဆွေးနွေးတင်ပြသည်။

 

  ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းအတွက် အလှူငွေကျပ်(၁ဝ) သိန်း ၊ တောင်ရိုး စာပေနှင့်ယဉ်ကျေးမှုအသင်းအတွက် အလှူငွေကျပ်(၅)သိန်းကို လည်းကောင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ က ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းအတွက် အလှူငွေ ကျပ်(၁၂)သိန်းကိုလည်းကောင်း ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှုမောင်က ဓနုစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေး အသင်းအတွက် အလှူငွေကျပ်(၁)သိန်းကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

   ဆက်လက်ပြီး ဓနုဆုံဆည်းရာနေ့ သီချင်းနှင့် ရိုးရာမပျက် ဓနုခြေလက်၊ သိုင်းကကွက်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဆွမ်းတော်ကြီးဝင် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ဆက်လက်ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ၊ ဧည့်သည်တော်များမှ ဦးဆောင်၍ ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။


   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့် ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စာပေယဉ်ကျေးမှုအသင်း များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

၂ဝ၁၃ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

တောင်ကြီး  မတ်လ  ၂၄

 

1

 

2

 

3

 

   ၂ဝ၁၃ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌  ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာမျိုးထွန်း တက်ရောက်အမှာစကားပြောကြားသည်။
    ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ (၂ဝ၁၃)ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းအား ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးမှ ဖတ်ကြားပြီး ပြည်နယ်တီဘီရောဂါဝန်ကြီး ဒေါက်တာဇော်မြင့်က တီဘီရောဂါအကြောင်း သိကောင်းစရာနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
   ၎င်းနောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မှတ်တမ်းဓါတ်ပုံများ၊ စာအုပ်စာစောင်များနှင့် ဆေးဝါးပစ္စည်းများကို လိုက်လံကြည့်ရှုခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ သူနာပြု/သားဖွားသင်တန်းကျောင်းမှ သင်တန်းသူ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 116 guests and no members online