Articles

ရှမ်းပြည်နယ်ဝန်ကြီးချုပ် မျက်စိခွဲစိတ်ကုသမှုခံယူမည့် ဝေဒနာရှင်များအားတွေ့ဆုံအားပေး

တောင်ကြီး  ဧပြီ  ၂၉

 

29.04.2013

 

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်(ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာယက)၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်  တာဝန်ရှိသူများသည် ဧပြီ(၂၉)ရက် နံနက်(၁ဝ)နာရီက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခမဲ့ခွဲစိတ်ကုသပေးမည့် မျက်စိဝေဒနာရှင်များအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


    ထိုသို့ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားရာတွင် စဝ်စံထွန်းဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဌာန တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ အဆိုပါ မျက်စိအခမဲ့ခွဲစိတ်ကုသမှုခံယူမည့် တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ဆီဆိုင်၊ ဟိုပုန်း၊ ကလောတို့မှ ဝေဒနာရှင်ပေါင်း(၆၂)ဦး ကုသမှုခံယူနေလျက်ရှိကြောင်း သိရှိရသည်။

 

ပြည်နယ်ဝန်ကြီး ဦးတူးမောင်၊ မိုင်းယန်းမြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

တောင်ကြီး  ဧပြီ  ၂၆

 

29---1

 

     ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်သည် ဧပြီ(၂၆)ရက် နံနက်(၁ဝ)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်(၈)ရပ်နှင့် ပတ်သက်၍ ရှင်းလင်းလမ်းညွှန်မှာကြားခဲ့သည်။

 

 

29---2

 


   ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် နေ့လည်(၁)နာရီတွင် မိုင်းယန်းမြို့အတွင်းရှိ မြို့တွင်းလမ်းများ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

 

29---3

 


     ၎င်းနောက် ပြည်နယ်ဝန်ကြီးသည် ဧပြီ(၂၈)ရက် ညနေ(၃)နာရီခွဲတွင် မိုင်းဖြတ်မြို့နယ်အတွင်း Grate Five ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ဝမ်ပုံ - နမ့်ယွန်း - နမ့်ပန် လမ်းအရှည်(၆)မိုင် လမ်းခင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးမှ လမ်းရေရှည်ကြံ့ခိုင်မှုရှိရေး၊ အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

 

အတိဒုလ္လဘတရ ဥပသမ္ပဒ ပဗ္ဗဇ္ဇသာမဏေရမင်္ဂလာနှင့် ဗုဒ္ဓဘာသာအဆုံးအမခံယူပွဲ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းဝင်ကတ်များပေးအပ်လှူဒါန်း

တောင်ကြီး  ဧပြီ   ၂၉

 

1

 

2

 

     ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့ ပြည်သူ့အားကစားကွင်း၌ ကွမ်းလုံ၊ ချင်းရေွှဟော်၊ ဟိုပန်နှင့် သိန်းနီမြို့နယ်တို့မှ သာမဏေ (၁၀၈)ပါး၊ ရဟန်းအပါး (၃၀)တို့၏ အတိဒုလ္လဘတရ ဥပသမ္ပဒ ပဗ္ဗဇ္ဇသာမဏေရမင်္ဂလာနှင့် ဗုဒ္ဓဘာသာအဆုံးအမခံယူပွဲ၊ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းဝင်ကတ်များ    ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီ ၉ ရက် နံနက်ပိုင်းက ကျင်းပသည်။


     အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ရေဦး ဆရာတော် ဘဒ္ဒန္တဥတ္တမ ဉာဏာဘိဝံသ ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။


     ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ စာသင်တိုက် ဆရာတော်က ကိုးကန့်အထူးတိုက်ခိုက်ရေးခေါင်းဆောင် ဦးဟော်ရှောက်ချမ်း နှင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဌ ဦးခွန်ထွန်းလူတို့အား ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် ဇနီး ဒေါ်ခင်မလေးတို့က ဗုဒ္ဓ အဆုံးအမခံယူလာသူများကိုယ်စား ကိုးကန့်တိုင်းရင်းသား ဦးလင်ဟုန်ရှမ်ထံ ဗုဒ္ဓဆင်းတုတော်နှင့် အဝတ်အထည်များကို လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဗုဒ္ဓအဆုံးအမခံယူလာသူများကိုယ်စား "ဝ"တိုင်းရင်းသား ဦးအိုက်မောင်ထံ ဘုရားပုံတော်ပါ လည်ဆွဲ ရတနာများကို လည်းကောင်း ပေးအပ်လှူဒါန်းကြသည်။


     ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းဝင်ကတ်များအား ကွမ်းလုံ မြို့နယ် သာသနာနုဂ္ဂဟအသင်း ဥက္ကဌ ဦးကျော်သန်းထွန်းထံသို့ လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို) ကော်မတီဝင် သီရိသုဓမ္မမဏိ ဇောတဓရ ဦးအောင်သိန်းနှင့် ဇနီး ဒေါ်ခင်လှသိန်းတို့က ပုတီး (၅၆၂၂)ကုံးကို ဗုဒ္ဓအဆုံးအမခံယူလာသူများ (၅၇၇၃-ဦး)ကိုယ်စား ကိုးကန့်တိုင်းရင်းသား ဦးလောင်ဟယ်အား လည်းကောင်း ပေးအပ်လှူဒါန်းကြသည်။

 

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ကျပ်(၁၅ဝဝ)တန်ဖုန်းများ စတင်ထုတ်ပေး

တောင်ကြီး   ဧပြီ   ၂၄

 

CDMA

 

  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျပ်(၁၅ဝဝ)တန်ဖုန်းကတ်များကို မဲပေါက်သူများကို ဧပြီ(၂၄)ရက် နံနက်(၉)နာရီမှစတင်၍ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ထုတ်ပေးလျှက်ရှိရာ လာရောက်ထုတ်ယူသူများနှင့် စည်ကားလျှက်ရှိသည်။


   ထိုသို့ ထုတ်ယူရာတွင် မှတ်ပုံတင်နှင့် ရောင်စုံဓာတ်ပုံ(၂)ပုံနှင့် အတူ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလွှတ်၍ဖြစ်စေ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် မဲပေါက်သူများ၏ စာရင်းများကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မြောက်ဘက်ရှိ မြို့တော်ခန်းမတွင် ကြော်ငြာသင်ပုန်းထောင်၍ မိမိပေါက်မဲနံပါတ်များကို ကြည့်ရှုစုံစမ်းနိုင်သည်။

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 71 guests and no members online

Latest Updates