Articles

နိုင်ငံခြားသံတမန်အဖွဲ့ဝင်များ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ အလည်အပတ်ရောက်ရှိ

‌တောင်ကြီး ဧပြီ ၁၇

 

1

 

 

2

 

11

 

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်သော နိုင်ငံ(၁၂)နိုင်ငံမှ နိုင်ငံခြားသံတမန် အဖွဲ့ဝင်များနှင့် မိသားစုများ (UNRC)(UNHCER)(ICRC)မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ဧပြီ(၁၇)ရက် နေ့လည်(၁၂)နာရီက မြန်မာ့လေကြောင်းလေယာဉ်ဖြင့် ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ပန်းစည်းဆက်၍လည်းကောင်း၊ ရိုးရာ အဆို၊ အတီး၊ အကများဖြင့်လည်းကောင်း လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့သည်။

 

  ထို့နောက် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော သံတမန်အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် အေးသာယာဂေါက်ကွင်း ဟိုတယ်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့နယ်၏ အထင်ကရဖြစ်သော ထန်စန်းသဘာဝလိုဏ်ဂူသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။

 

3

 

4

 

5

 

   ၎င်းနောက် ည(၇)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ဧည့်သည်တော် သံတမန်အဖွဲ့များအား အေးသာယာဂေါက်ကွင်းဟိုတယ်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံရာ ဒေသခံ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအဆို၊ အတီး၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ညစာစားပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးက ယဉ်ကျေးမှုအကအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် သံတမန်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

၁၃၇၄-ခု တောင်ကြီးမြို့၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး  ဧပြီ  ၁၆

 

05

 

02

 

03

 

04

 

    ၁၃၇၄-ခု တောင်ကြီးမြို့၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ (၁၆)ရက်၊ ညနေ(၅)နာရီက တောင်ကြီးမြို့၊ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆုရရှိကြသည့် ယိမ်းအက အဖွဲ့များနှင့် ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

06

 

07

 

01

 

     ဆက်လက်ပြီး ဆုရရှိသည့် ယိမ်းအဖွဲ့များက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။


   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၁၃၇၄-ခု တောင်ကြီးမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းလိုက်ကြောင်းကြေငြာပြီး တေးသံရှင်များက ‘‘မန်းတောင်ရိပ်ခို’’တေးသီချင်းကို စုပေါင်းသီဆို၍ ယိမ်းအကအဖွဲ့များက တူညီကကွက်များဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံခြင်းလုပ်ငန်းလိုင်စင်ခွင့်ပြုခြင်း

တောင်ကြီး  ဧပြီ  ၀၅

    အင်းလေးဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းစီမံချက်များ ထိရောက် အောင်မြင် စွာအကောင်အထည်ဖော်နိုင်ရန်ရည်ရွယ်၍ အင်းလေးဒေသဇုန်ဝင်ခွင် ကောက်ခံခြင်း လုပ်ငန်းအား လေလံတင်ရောင်းချခြင်းကို ၂၀၁၃ ခုနှစ်၊ဧပြီလ(၅) ရက်နေ့၊ နံနက် (၁၁)နာရီအချိန်တွင် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
    လေလံတင်ရောင်းချပွဲသို့ ရှမ်းပြည်နယ်ဘဏ္ဍာရေးနှင်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်း ရှင်(၂၂)ဦးတက်ရောက်ခဲ့ကြပါသည်။
    အဆိုပါ လုပ်ငန်းလိုင်စင်လေလံတင်ရောင်းချရာတွင် ဦးမောင်မောင်ရွှေနှင့်အဖွဲ့၊ ဦးသန်းဝင်းနှင့်အဖွဲ့၊ ဦးအောင်ကျော်နိုင်နှင့်အဖွဲ့ (၃)ဖွဲ့တို့က အပြိုင်ဆွဲဝယ်ခဲ့ရာ လေလံစျေးအမြင့်ဆုံးပေးသည့် ဦးအောင်ကျော်နိုင်နှင့်အဖွဲ့အား ကျပ်(၆၃၀၀)သိန်း ဖြင့် ချထားပေးခဲ့ပါသည်။
    အင်းလေးဇုန်ဝင်ခွင့်မှာ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ(၅)ဒေါ် လာဖြစ်ပါသည်။

ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီး မိသားစု ရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ

တောင်ကြီး  ဧပြီ  ၁၄

 

1

 

2

 

3

 

    ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့် မိသားစု ရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာကို ဧပြီ လ (၁၄)ရက် နံနက်(၉)နာရီက ပင်းတယမြို့နယ်၊ ပွေးလှမြို့၊ ကျောက်တောကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။


  ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစု၊ ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ရှင်သာမဏေလောင်း(၅၇)ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ကြသည်။ ဆက်လက်၍ ရဟန်းလောင်း(၅၁)ပါး တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ကြပြီး၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူန်းဒါန်းခဲ့သည်။

 

4

 

5

 

6

 

7

 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် မိသားစုနှင့် ဧည့်သည်တော်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး၊ ဆရာတော်သံဃာတော်တို့ ချီးမြှင့်တော်မူသော ပရိတ်တရားတော်မြတ်ကို အတူတကွနာယူပန်ဆင်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။


   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဓမ္မပူဇာနှင့် အလှူတော်ငွေ ကျပ်သိန်း(၃ဝ)၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပေးခဲ့ကြသည်။

 

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 240 guests and no members online

Latest Updates