Articles

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ပထမေန႔က်င္းပ

ေတာင္ႀကီး ဇြန္ - ၁၀

127

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ပထမေန႔ကို ဇြန္ ၁၀ ရက္ နံနက္ ၁၀ နာရီက ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးခန္းမ၌က်င္းပေၾကာင္းသိရသည္။

အစည္းအေဝးတြင္ ျပည္နယ္လႊတ္ေတာ္႐ုံး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚနန္းမိုခမ္းက အခမ္းအနားမႉးအျဖစ္ ေဆာင္႐ြက္ၿပီး၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစိုင္းလုံးဆိုင္က အစည္းအေဝးတြင္ တက္ေရာက္ခြင့္ရွိသူ လႊတ္ေတာ္ ကိုယ္စားလွယ္ (၁၄၀)ဦး ရွိသည့္အနက္ ခြင့္ပန္ၾကားသူ (၁၄)ဦး ရွိၿပီး အစည္းအေဝးသို႔ (၁၂၆)ဦး တက္ေရာက္သျဖင့္(၉၀) ရာခိုင္ႏႈန္းရွိေသာေၾကာင့္ အစည္းအေဝးအထေျမာက္ေၾကာင္းႏွင့္ ပထမေန႔ အစည္းအေဝး စတင္ေၾကာင္း ေၾကျငာသည္။

ဆက္လက္၍ အစည္းအေဝးမတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၁၄)ဦး တို႔အတြက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား စိစစ္ေရးေကာ္မတီဥကၠ႒ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြက ခြင့္ပန္ၾကားၿပီး ျပည္နယ္လႊတ္ေတာ္ မွသေဘာတူေၾကာင္းႏွင့္ အစည္းအေဝး အထေျမာက္မႈကိုလႊတ္ေတာ္က အတည္ျပဳေၾကာင္း ေၾကညာသည္။

ထို႔ေနာက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၁၀) ဦးမွ ၾကယ္ပြင့္ျပေမးခြန္း(၁၅)ခု ေမျမန္းေၾကာင္းႏွင့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွ ၂၀၁၈-၂၀၁၉ ခု ဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္၏ ေနာက္ထပ္ဘ႑ာေငြခြဲေဝသုံးစြဲေရး ဥပေဒၾကမ္းအား ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးကိုယ္စား ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ရွမ္းျပည္နယ္လႊတ္ေတာ္သို႔ တင္သြင္းရာ အဆိုပါဥပေဒၾကမ္းအား ၂၀၁၉ ဇြန္လ ၁၂ ရက္ေန႔တြင္  ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္းႏွင့္ ဥပေဒၾကမ္းႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးလိုေသာကိုယ္စားလွယ္မ်ားရွိပါက ဇြန္ ၁၀ ရက္ ေနာက္ဆုံးထား၍ လႊတ္ေတာ္႐ုံး ဒုတိယၫႊန္ၾကားေရးမႉးထံ အမည္စာရင္းေပးသြင္းႏိုင္ေၾကာင္း ျပည္နယ္လႊတ္ေတာ္ဥကၠ႒က ေၾကျငာၿပီး၊  အဆိုပါ အစည္းအေဝးသို႔ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္တရား လႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားႏွင့္ ေလ့လာသူ မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

တောင်ကြီး ဇွန် - ၁၀

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန် ၁၀ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၄)ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၆)ဦး တက်ရောက်သဖြင့်(၉၀) ရာခိုင်နှုန်းရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေး စတင်ကြောင်း ကြေငြာသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦး တို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် မှသဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကိုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၅)ခု မေမြန်းကြောင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကိုယ်စား ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းရာ အဆိုပါဥပဒေကြမ်းအား ၂၀၁၉ ဇွန်လ ၁၂ ရက်နေ့တွင်  ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသောကိုယ်စားလှယ်များရှိပါက ဇွန် ၁၀ ရက် နောက်ဆုံးထား၍ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေငြာပြီး၊  အဆိုပါ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် လေ့လာသူ များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

ရွမ္းျပည္နယ္စားသုံးသူကာကြယ္ေရးဆိုင္ရာလုပ္ငန္းၫွိႏႈိင္းစည္းေဝး

ေတာင္ႀကီး ဇြန္   −   ၇

126

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံးအစည္းအေဝးခန္းမ၌ ဇြန္(၇)ရက္ မြန္းလြဲ(၁)နာရီ ကရွမ္းျပည္နယ္စားသုံးသူကာကြယ္ေရးဆိုင္ရာလုပ္ငန္းၫွိႏႈိင္းအစည္းအေဝးက်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လၽွပ္စစ္စြမ္းအင္ႏွင့္စက္မႈဝန္ႀကီးဦးစိုင္းရွဲန္တစ္လုံက အဖြင့္အမွာစကားေျပာၾကား ၿပီးရွမ္းျပည္နယ္စားသုံးသူေရးရာဦးစီးဌာနလက္ေထာက္ၫႊန္ၾကားေရးမႉးဦးမင္းေအာင္မွ အမွာစာမ်ားအား ဖတ္ၾကားရွင္းလင္း တင္ျပကာ ၂၀၁၉ခုႏွစ္ မတ္လ၊ ဧၿပီလႏွင့္ ေမလအတြင္းစားသုံးသူကာကြယ္ေရးလႈပ္ရွားမႈမ်ားအား မွတ္တမ္းတင္ျခင္း၊ ရွမ္း ျပည္နယ္အတြင္း စားသုံးသူတိုင္ၾကားမႈမ်ားႏွင့္ပတ္သက္၍ ၫွိႏႈိင္းေျဖရွင္းေဆာင္႐ြက္ေပးမႈတင္ျပျခင္း၊ ပင္းတယၿမိဳ႕နယ္ အေနာက္ရပ္ကြက္ေနဦးေဌးဝင္း၏ စားသုံးဆီမ်ားကို ဖ်က္ဆီးေဆာင္႐ြက္မႈၿပီးစီးေၾကာင္း တင္ျပျခင္း၊ လၽွပ္စစ္ဝန္ေဆာင္မႈ (မီတာေႂကြးက်န္ေပၚေပါက္မႈ)ႏွင့္ပတ္သက္၍ ေက်နပ္မႈမရွိသျဖင့္ တိုင္ၾကားလာသည့္ကိစၥအား တင္ျပျခင္း၊ တည္ဆဲဥပေဒ ၫႊန္ၾကားခ်က္မ်ားႏွင့္ လိုက္နာျခင္းမရွိေသာ ဓာတ္ေျမၾသဇာ၊ ပိုးသတ္ေဆးမ်ားအား အေရးယူႏိုင္ေရးကိစၥတင္ျပျခင္း၊ ပိုးသတ္ေဆးမ်ား လႊဲေျပာင္းေပးအပ္ျခင္းကိစၥတင္ျပျခင္း၊ ဥပေဒျပ႒ာန္းခ်က္ႏွင့္ ကိုက္ညီမႈမရွိ၍ သိမ္းဆည္းခံေသာ ဓာတ္ေျမၾသဇာမ်ားကိုလႊဲေျပာင္းေပးေရးကိစၥႏွင့္ပတ္သက္၍ တင္ျပရွင္းလင္းေၾကာင္းသိရသည္။

ဆက္လက္၍ အစည္းအေဝးတက္ေရာက္လာသူမ်ားမွ အေထြေထြေဆြးေႏြးၾကၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ လၽွပ္စစ္စြမ္းအင္ႏွင့္စက္မႈဝန္ႀကီးဦးစိုင္းရွဲန္တစ္လုံမွ နိဂုံးခ်ဳပ္စကားေျပာၾကားေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းစည်းဝေး

တောင်ကြီး ဇွန်   −   ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဇွန်(၇)ရက် မွန်းလွဲ(၁)နာရီ ကရှမ်းပြည်နယ်စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးဦးစိုင်းရှဲန်တစ်လုံက အဖွင့်အမှာစကားပြောကြား ပြီးရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးမင်းအောင်မှ အမှာစာများအား ဖတ်ကြားရှင်းလင်း တင်ပြကာ ၂၀၁၉ခုနှစ် မတ်လ၊ ဧပြီလနှင့် မေလအတွင်းစားသုံးသူကာကွယ်ရေးလှုပ်ရှားမှုများအား မှတ်တမ်းတင်ခြင်း၊ ရှမ်း ပြည်နယ်အတွင်း စားသုံးသူတိုင်ကြားမှုများနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမှုတင်ပြခြင်း၊ ပင်းတယမြို့နယ် အနောက်ရပ်ကွက်နေဦးဌေးဝင်း၏ စားသုံးဆီများကို ဖျက်ဆီးဆောင်ရွက်မှုပြီးစီးကြောင်း တင်ပြခြင်း၊ လျှပ်စစ်ဝန်ဆောင်မှု (မီတာကြွေးကျန်ပေါ်ပေါက်မှု)နှင့်ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် တိုင်ကြားလာသည့်ကိစ္စအား တင်ပြခြင်း၊ တည်ဆဲဥပဒေ ညွှန်ကြားချက်များနှင့် လိုက်နာခြင်းမရှိသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများအား အရေးယူနိုင်ရေးကိစ္စတင်ပြခြင်း၊ ပိုးသတ်ဆေးများ လွှဲပြောင်းပေးအပ်ခြင်းကိစ္စတင်ပြခြင်း၊ ဥပဒေပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိ၍ သိမ်းဆည်းခံသော ဓာတ်မြေသြဇာများကိုလွှဲပြောင်းပေးရေးကိစ္စနှင့်ပတ်သက်၍ တင်ပြရှင်းလင်းကြောင်းသိရသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးဦးစိုင်းရှဲန်တစ်လုံမှ နိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာၿပိဳင္ပြဲက်င္းပ

ေတာင္ႀကီး ဇြန္   −   ၆

125

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္းေဒၚခင္သိန္းခန္းမေဆာင္၌ ဇြန္(၆)ရက္ နံနက္(၉)နာရီက အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ (၂၂)ႀကိမ္ေျမာက္ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာၿပိဳင္ပြဲက်င္းပေၾကာင္းသိရသည္။

အဆိုပါၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ဗမာ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္နယ္အဆင့္ဌာန ဆိုင္ရာမ်ားႏွင့္ တာဝန္ရွိသူတို႔ကသြားေရာက္ၾကည့္႐ႈအားေပးၾကၿပီး၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာၿပိဳင္ပြဲတြင္ အေျခခံပညာ အထက္တန္းအဆင့္၊ အလယ္တန္းအဆင့္၊ မူလတန္းအဆင့္ႏွင့္ မသန္စြမ္းေက်ာင္း၊ စုစုေပါင္း(၁၅၃)ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

တောင်ကြီး ဇွန်   −   ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဒေါ်ခင်သိန်းခန်းမဆောင်၌ ဇွန်(၆)ရက် နံနက်(၉)နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၂)ကြိမ်မြောက်ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူတို့ကသွားရောက်ကြည့်ရှုအားပေးကြပြီး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်နှင့် မသန်စွမ်းကျောင်း၊ စုစုပေါင်း(၁၅၃)ဦး ဝင်ရောက်ယှဉ်ပြိုင် ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 68 guests and no members online