သတင်းများ

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလာရောက်လှူဒါန်း

တောင်ကြီး ဧပြီ - ၃

67

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ  ၃ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး ဧည့်ခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရိပ်သာ(၂)လမ်းနေ ဦးမျိုးမင်းစိုးနှင့် ဦးစိုးသိန်းအောင် မိသားစု ငွေဆင်ကုမ္ပဏီမှ အလှူငွေကျပ် သိန်း (၃၀)၊ ဦးမင်းဟန် (Royal Taunggyi Hotel)မှ အလှူငွေကျပ်(၁၅)သိန်းတို့ကို အသီးသီးပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

နမ့်ပန်ချောင်းနှင့် နမ့်စီးဟော်ချောင်းဆုံတွင် နမ့်စီးဟော် ၃၀ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုး

တောင်ကြီး ဧပြီ - ၃

66

ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် YS Golden Butterfly Co., Ltd တို့ အကြားချုပ်ဆိုသော နမ့်ပန်ချောင်းနှင့် နမ့်စီးဟော်ချောင်းဆုံတွင် နမ့်စီးဟော် ၃၀ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုးပွဲကို ဧပြီ ၃ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။ 

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်း ကျေးရွာပေါင်း (၁၃၇၈၂)ရွာ ရှိသည့်အနက် ၂၀၁၆ ခုနှစ်တွင် ဓါတ်အားပေးစနစ်ဖြင့် ကျေးရွာ(၁၁၃၉)ရွာ၊ ၂၀၁၇ ခုနှစ်တွင် ကျေးရွာ(၁၄၆၂)ရွာ၊ ၂၀၁၈ ခုနှစ်တွင်  ကျေးရွာ(၁၈၃၀)ရွာ လျှပ်စစ်ဓါတ်အားရယူသုံးစွဲလျက်ရှိပြီး (၃)နှစ်အတွင်း (၆၉၁)ရွာတိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်တွင် အိမ်ထောင်စု (၄၁၁၉၃၆)စု(၃၅.၂၁)ရာခိုင်နှုန်းခန့် လျှပ်စစ်ဓါတ်အား တိုးတက်သုံးစွဲလာနိုင်ပြီး နှစ်စဉ် (၃.၂)ရာခိုင်နှုန်း တိုးတက်သုံးစွဲလာနိုင်ခဲ့၍ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးရွာပေါင်း(၄၇၁)ရွာကိုလည်းကောင်း၊ ဂျာမနီချေးငွေ (KfW) စီမံကိန်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း (၄၁၆)ရွာခန့်အားလည်းကောင်း၊ စီမံကိန်းပြီးစီးသည့်အခါ လျှပ်စစ်ဓါတ်အား တိုးချဲ့ ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ယနေ့  (MoA)လက်မှတ်ရေးထိုးသည့် YS Golden Butterfly Co., Ltd မှ တည်ဆောက် ထုတ်လုပ်မည့် စီမံကိန်းမှ ခန့်မှန်း ၃၀ မဂ္ဂါဝပ်(၁၂၀)ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြုပ်နှံမှုများကို အစဉ်တစိုက်ဖိတ်ခေါ်လျက်ရှိရာ ယခုကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင် များ၏ ရင်းနှီးမြုပ်နှံမှုများကို လုပ်ထုံး၊ လုပ်နည်း ဥပဒေများနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရနှင့် ရေးထိုးမည့် (MoA) သဘောတူညီချက်ကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီအနေဖြင့် အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသွားသည်။

YS Golden Butterfly Co., Ltd စီအီးအို ဦးယောဆပ်မှ သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေဖြင့် ကျွန်တော်တို့မြို့ လျှပ်စစ်မီးရရှိစေလိုကြောင်း၊ လျှပ်စစ်မီး ရရှိပါက နိုင်ငံတော်၊ အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ပါ အကျိုးရှိမည်ဖြစ်ကြောင်း၊ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လက်မှတ်ရေးထိုးမှုကို ကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် YS Golden Butterfly Co., Ltd တို့ သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုးဂိတ်၌ဖွင့်လှစ်ထားသော(COVID-19) ရောဂါရှာဖွေစစ်ဆေးဂိတ်အားဝင်ရောက်ကြည့်ရှု

တောင်ကြီး ဧပြီ - ၁ 

61

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဧပြီ(၁)ရက် နံနက်(၇)နာရီခွဲက တောင်ကြီးမြို့မှအထွက်ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့အဝင်တိုးဂိတ်တွင် ဖွင့်လှစ်ထားသော(COVID-19) ရောဂါကာကွယ်ရေးဆေးစစ်ဆေးရေးဂိတ်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တာဝန်ကျဆရာမများအားလိုအပ်သည်များရှိပါက ပွင့်ပွင့်လင်းလင်းပြောရန်နှင့်ရှိပါက Coronavirus disease -2019(COVID-19)ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံ တင်ပြရန်၊ တာဝန်ကျ ဝန်ထမ်းများအားဝင်ရောက်လာသည့် ပြည်သူများနှင့်နီးကပ်စွာ မရှိစေရန်မှာကြားခဲ့ကြောင်းနှင့် ဝင်ရောက်လာသည့်ကား မော်တော်ဆိုင်ကယ်များအား ပိုးသတ်ဆေးပက်ဖြန်းနေမှု့ကိုကြည့်ရှုခဲ့ကြောင်းသိရှိရသည် ။ 

 

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလာရောက်လှူဒါန်း

တောင်ကြီး ဧပြီ - ၃

65

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ  ၂ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး ဧည့်ခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ကလောမြို့နယ်၊ ရွှေမင်းဘုန်းဒေသ အာရှကမ္ဘာမြေ စက်မှုလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းကုမ္ပဏီမှ အလှူငွေကျပ် သိန်း (၅၀)၊ ဦးလှအောင်+ ဒေါ်မီမီသန့်(Inle Resort Hotel)၊ အမှတ်(၃၂/၁၂)၊ ကမ္ဘောဇလမ်း၊ ရေအေးကွင်းရပ်၊ တောင်ကြီးမြို့မှ အလှူငွေကျပ် သိန်း (၅၀)၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုနှင့် အသင်းများမှ အလှူငွေကျပ် သိန်း (၂၀) တို့ကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင်များမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး မတ် - ၃၁

60

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများလှူဒါန်းခြင်းကို မတ် ၃၁ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကုမ္ပဏီ (၂)ခုမှ လာရောက်လှူဒါန်းကြောင်းသိရသည်။

အဆိုပါ ကုမ္ပဏီ(၂)ခုမှ KINCAID Group နှင့် တောင်ကြီးကျောက်မျက်ကုမ္ပဏီလီမိတက်တို့ဖြစ်ပြီး၊ KINCAID Group မှ ငွေကျပ်သိန်း(၁၀၀၀)တန်ဖိုးရှိ ဆေးနှင့် PPE ဝတ်စုံများ၊ တောင်ကြီးကျောက်မျက်ကုမ္ပဏီလီမိတက်မှ ဦးစိုးလှိုင်(ခ)အကွေနှင့် ဇနီး ဒေါ်သန်းသန်းမေ၊ ဦးချစ်လှိုင် ဇနီး ဒေါ်စပယ်ဦးမိသားစုမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ Mask (၁၈၀၀၀)ခု၊ စဝ်စံထွန်းဆေးရုံကြီး အတွက် Mask (၅၄၀၀)ခု၊ အမျိုးသမီးနှင့် ကလေးဆေးရုံအတွက် Mask (၁၈၀၀)ခု၊ စုစုပေါင်း Mask(၂၅၂၀၀)ခု တန်ဖိုးငွေကျပ် (၁၂၆)သိန်း ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

(COVID-19)ကြိုတင်ကာကွယ်ရေးအတွက် စောင့်ကြည့်လူနာများထားရှိသော ကျောက်တလုံးမြို့ အထက ကျောင်းသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ကျောက်တလုံး ဧပြီ - ၃

64

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့သည် ဧပြီ  ၃ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့ နောင်ယာဆိုင်းဂိတ်တွင် ဖွင့်လှစ်ထားသော (COVID-19) ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးနေမှုအား ဝင်ရောက်ကြည့်ရှုပြီး တာဝန်ကျဝန်ထမ်းများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများတို့သည် ကျောက်တလုံးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် နောင်ကားကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း (လုံကား)တို့၌ဖွင့်လှစ်ထားသော (COVID-19)ကြိုတင်ကာကွယ်ရေးအတွက် ပြည်တော်ပြန် (၁၄)ရက် စောင့်ကြည့်အဖွဲ့ များအား သွားရောက်ကြည့်ရှုပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကာကွယ်ရေးလုပ်ငန်း၌ အသုံးပြုနိုင်ရန်အတွက် Mask၊ လက်အိတ်၊ လည်ရှည်ဖိနပ်များနှင့် တာဝန်ကျဝန်ထမ်းများလိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၅)သိန်းစီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ (COVID-19)ကြိုတင်ကာကွယ်ရေးအတွက် ကျောက်တလုံးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယိုးဒယားပြန် ကျား(၁၆)ဦး၊ မ(၁၁)ဦး တို့ကို မတ်လ ၂၄ ရက်မှစတင်စောင့်ကြည့်ထားရှိပြီး၊ လုံကားအခြေခံပညာအထက်တန်း ကျောင်းတွင် ယိုးဒယားပြန် ကျား(၁၂)ဦး၊ မ(၁၂)ဦး တို့ကို မတ်လ ၂၅ ရက်မှစတင်စောင့်ကြည့်ထားရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

CovID-19 ရောဂါကာကြိုတင်ကွယ်ရေးအတွက်တောင်ကြီးမြို့ မြို့မစျေး၌ပိုးသတ်ဆေးရည်များပက်ဖြန်း

တောင်ကြီး မတ် -၃၀

59

ကမ္ဘာနှင့်တစ်ဝှမ်း၌Corona virus Disease -2019(CoviD-19)ကြောင့် ဖြစ်ပွားသောအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါများဖြစ်ပွားလျက်ရှိသဖြင့် (COViD-19)ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် မတ်(၃၀)ရက်ညနေ(၅)နာရီက တောင်ကြီးမြို့ မြို့မစျေးကြီးရှေ့နှင့်စျေးအတွင်း ပိုးသတ်ဆေးရည်များပက်ဖြန်းလျက်ရှိကြောင်းသိရသည်။ တောင်ကြီးမြို့ မြို့မစျေးနှင့်စျေးအတွင်း ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ ပိုးသတ်ဆေးရည်ပက်ဖြန်းနေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် စည်ပင်သာယာရေးအဖွဲ့များခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာ များကွင်းဆင်း ကြည့်ရှုကြကြောင်းသိရှိရသည်။ 

အဆိုပါပိုးသတ်ဆေးပက်ဖြန်းမှုကို ညပိုင်းတွင် ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျောက် ဆောင်ရွက်ပြီး၊ လူစည်ကားရာနေရာများအား လူမှုရေးအသင်းအဖွဲ့များမှလည်း ပိုးသတ်ဆေးပက်ဖြန်းမှုကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

COVID – 19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ အလှူငွေပေးအပ်လှူဒါန်း

တောင်ကြီး မတ် - ၂

63

COVID – 19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ ကမ္ဘောဇဘဏ်လီမိတက်မှ ကနဦးမတည်ငွေကျပ် သိန်း(၂၀၀၀)လှူဒါန်းပွဲကို ဧပြီ ၂ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး COVID – 19 ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရှိမှုများကို ကမ္ဘောဇဘဏ်မှ ကမ္ဘောဇအုပ်စု ဥက္ကဋ္ဌရုံး(တောင်ကြီး) ညွှန်ကြားရေးမှူး ဦးခင်အောင်မှ ရှင်းလင်းတင်ပြ၍ ကော်မတီဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များကို ဦးသူရစောသိန်းမှ ရှင်းလင်းကာ အလှူငွေရရှိမှုနှင့် ပစ္စည်းဝယ်ယူမှုအခြေအနေများကို ဦးစိုင်းမြင့်ဌေးမှ ရှင်းလင်းတင်ပြပြီး အလှူငွေများကို ကမ္ဘောဇဘဏ်လီမိတက် တာဝန်ခံ ဒေါ်စန္ဒာဝင်းမှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှ လက်ခံရယူခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှ ဆန်၊ ဆီ၊ ကုလားပဲ ထုတ်ပိုးနေမှုတို့အား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးမြို့နေမွတ်စလင် ဘာသာဝင်များ မှ ကျန်းမာရေးကာကွယ်မှုဝတ်စုံ (၅၀၀)လှူဒါန်း

တောင်ကြီး မတ် - ၃၀

58

ကမ္ဘာနှင့်အဝှမ်း Corona Virus Disease -2019 (COVID-19) ကြောင့်ဖြစ်ပွားသော အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများဖြစ်ပွားလျက်ရှိပြီး (COVID-19) ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့  မတ်လ (၃၀)ရက် ညနေ(၄)နာရီတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ် ဝန်ကြီးချုပ်ဧည့်ခန်းမတွင် တောင်ကြီးမြို့နေမွတ်စလင်ဘာသာဝင်များမှ ကျန်းမာရေးကာကွယ်မှုဝတ်စုံ (၅၀၀)နှင့် နှာခေါင်းစည်း (၅၀၀)အား လာရောက်လှူဒါန်းကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျန်းမာရေးကာကွယ်ရေးဝတ်စုံ (၅၀၀)နှင့် နှာခေါင်းစည်း(၅၀၀)တို့အား လာရောက်လှူဒါန်းသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကျန်းမာရေးစောင့်ကြည့်စခန်းများသို့ ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မွတ်စလင် ဘာသာအဖွဲ့ဝင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးအေးဝင်း၊ ဦးကျော်မင်းထွန်း၊ ဦးလှဝင်း၊ ဦးအောင်မြင့်သိန်းတို့မှ ကျန်းမာရေးကာကွယ်ရေး ဝတ်စုံ(၅၀၀)နှင့် နှာခေါင်းစည်း(၅၀၀) ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လက်ခံရယူ၍ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါတောင်ကြီးမြို့နေ မွတ်စလင်ဘာသာဝင်များမှ တောင်ကြီးမြို့ပေါ်ရှိ စဝ်စံထွန်းဆေးရုံ၊ ရွှေညောင် ဆေးရုံ၊ ညောင်ရွှေဆေးရုံတို့ကို ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့လွိုင်လင်ခရိုင်နမ့်စန်ပြည်သူ့ဆေးရုံး၌(COVID-19)ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးပစ္စည်းများပေးအပ်

နမ့်စန် ဧပြီ-၁

62

Conoravirus disease -2019(COVID-19)ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ဧပြီ(၁)ရက် နံနက် (၁၀)နာရီက လွိုင်လင်ခရိုင်၊ နမ့်စန်ပြည်သူ့ဆေးရုံးတွင် ကျန်းမာရေးထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လာရောက်ပေးအပ်လှူဒါန်းကြောင်းသိရသည်။ 

လှူဒါန်းခြင်းအခမ်းအနားတွင် Conoravirus disease-2019(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် တို့မှ(COVID-19) ရောဂါကာကွယ်ရေးတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ Mask နှင့်လယ်ရှည်ဖိနပ်များ ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်နိုင်ဦးကလက်ခံရယူသည်။

ဆက်လက်၍နမ့်စန်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဦးအောင်နိုင်ဦးမှ(COVID-19) ရောဂါကာကွယ်ထိန်းချုပ် ကုသရေး နှင့် ပတ်သက်၍ရှင်းလင်းရာ O2 Concentrater လက်ကျန်မရှိလိုအပ်မှု (၄)၊ puls e Oxymeter လက်ကျန်မရှိ လိုအပ်အရေအတွက်(၉)၊ Noncontect Thermometerလက်ကျန်မရှိ လိုအပ်အရေအတွက်(၁၆)၊ PPE လက်ကျန်(၃၅)၊ လိုအပ်(၅၀၀)၊N95 maskလက်ကျန်(၄၈)၊လိုအပ် (၂၀၀)၊Surgical maskလက်ကျန်(၁၅၀)၊ လိုအပ် (၁၀၀၀၀)၊ Surgical gloveလက်ကျန်(၃၀၀)၊ လိုအပ်(၁၀၀၀)၊ Exam gloveလက်ကျန်(၁၀၀)၊ လိုအပ် (၁၀၀၀၀)၊ Apromလက်ကျန်(၆၅)၊ လိုအပ်(၂၀၀၀) တင်ပြရာပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ လိုအပ်သည်များမှာကြားပြီး (COVID-19) ရောဂါ ကန့်သတ်သံဃဆေးရုံးနှင့် ကြိုတင်ပြင်ဆင်ထားသောဆေးရုံ(၄)ထပ်ဆောင် တို့အားသွားရောက်ကြည့်ရှုခဲ့သည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် လွိုင်လင်ခရိုင် ပန်ခေါက်ဝိုး ဘုန်းတော်ကြီးကျောင်းတွင် ခရီးသွားပြည်သူ့များအား (COVID-19) ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဆေးစစ်နေမှုကို ဝင်ရောက်ကြည့်ပြီး၊ လွိုင်လင်တက္ကသိုလ်တွင် ယိုးဒယားပြန်ကျား(၁၅)ဦး၊ မ(၁၁)ဦး၊ ပင်လုံတက္ကသိုလ်တွင် မြဝတီမှဝင်ရောက်သူ(၁၅)ယောက် ထားရှိရန် ဖွင့်လှစ်ထားသောပြည်ပပြန် (COVID-19) ကာကွယ်ရန်အတွက် (Facility Quarantine) ထားရှိမှုအား ဝင်ရောက်ကြည့်ရှုပြီး၊ လွိုင်လင်တက္ကသိုလ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းကာ လွိုင်လင်အထကကျောင်း၌ ကိုရိုနာဗိုင်းရပ်(စ်)ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးဆေးစစ်ပြင်ဆင်ထားရှိမှုတို့ကို ဝင်ရောက်ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး မတ်-၂၄

57

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော Coronavirus Disease 2019 (COVID-19)  ကြောင့် ဖြစ်ပွားသော အသက်ရှှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အမျိုးသားအဆင့်ဗဟိုကော်မတီ၏ တိုးမြှင့်ဖွဲ့စည်းဆောင်ရွက် ခဲ့ပြီး အမျိုးသားအဆင့်ဗဟိုကော်မတီကို အထောက်အကူပြုလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရန် အမျိုးသားအဆင့်ဗဟိုကော်မတီ၏ မတ်လ ၁၈ ရက်နေ့တွင် ညွှန်ကြား လာပါသဖြင့် ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ရှမ်းပြည်နယ်ဒေသတွင် နယ်စပ်ဒေသများကို ရောဂါကာကွယ်ရေး အတွက် ကြိုတင်အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဌာနနှင့် ပူပေါင်း၍ ပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ကြိုတင်ကာကွယ်မှုအနေဖြင့် တိရစ္ဆာန်မှတဆင့် ကူးစက်နိုင်ကြောင်း ကြိုတင်အသိပေးစာများလည်း ထုတ်ဝေထားပြီးဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ဌာနများအလိုက် ကော်မတီများဖွဲ့စည်းထားပြီး ဖြစ်၍ ဌာနများက ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ Coronavirus Disease 2019 (COVID-19)  ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်မှ တင်ပြဆွေးနွေးပြီး တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြသည်။ 

ထို့နောက် Coronavirus Disease 2019 (COVID-19)  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားရာ(COVID-19) ကာကွယ်ရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ပြည်သူများထံ ပန်ကြားချက်နှင့် အသိပညာပေးသည့်မှာကြားချက်များအား ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများထံ ပန်ကြားပေးရန် (တိုင်းရင်းသားဘာသာများဖြင့် ပြန်ကြားပေးရန်)၊ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူများအား သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ သတင်းပေးပို့ရေး၊ သတင်းရရှိရေးဆောင်ရွက်ရန်၊ Facility Quarantine နှင့်ပတ်သက်ပြီး တက္ကသိုလ်၊ ဟိုတယ်၊ ဘုန်းတော်ကြီးကျောင်းစာရင်းများကို မြို့နယ်အလိုက် စုစည်းတင်ပြရန်၊ Facility/ Home Quarantine များနှင့် ပတ်သက်ပြီး လိုက်နာရမည့်အချက်များ မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးမှူးတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ၂၄.၃.၂၀၂၀ ရက်မှစပြီး KTVများ၊ ကလပ်များ ပိတ်သိမ်းရေး ဆောင်ရွက်ရန်၊ သတင်းရရှိရေးနှင့် အရေးပေါ်လူနာပေးပို့ရေးအတွက် မြို့နယ်အလိုက် အဖွဲ့ဖွဲ့စည်းချိတ်ဆက်ဆောင်ရွက်ရန် (ပြည်နယ်ကော်မတီသို့ စာရင်းပြုစုပေးပို့ရန်)၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ညဈေး၊ ဆိုင်ထိုင်စားသောက်ခြင်း ရှောင်ရှားရန်အတွက် စည်ပင်သာယာရေးဌာနမှ ပြည်သူများအား ပန်ကြားရန်၊ (COVID-19) အသိပညာပေးလုပ်ငန်းများအား ဌာနအားလုံးပေါင်းစပ်ဆောင်ရွက်ရန်၊ လူအများစုဝေးများသည့် ဘုရားပုထိုးနေရာများအား အချိန်ကန့်သတ် ဆောင်ရွက်ရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းအား ရှောင်ရှားစေနိုင်ရေးအတွက် ဌာနဆိုင်ရာများအားလုံး ဌာနအတွင်း နှိုးဆော်ဆောင်ရွက်ရန်၊ ဌာနအလိုက် (COVID-19) စောင့်ကြပ်စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရန် (ရုံးအဝင်ဝတွင် လက်ဆေးကန်၊ ဆပ်ပြာရည်စီစဉ်ဆောင်ရွက်ပေးရန်)၊ မြို့အဝင်အထွက်ဂိတ်များ လုပ်ငန်းကော်မတီဖွဲ့စည်းပြီး (COVID-19) စောင့်ကြပ်စစ်ဆေးရန် (ကလော၊ ဟဲဟိုး၊ ဖယ်ခုံ၊ နမ့်စန်၊ ရွာငံ၊ နောင်ချို၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းပျဉ်း)တို့ကို နိဂုံးချုပ်အမှာစကား၌ ပြောကြားသွားကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

More Articles...

  1. ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ ဘာသာကြီး (၄)ခုတွင် ဝတ်ပြုဆုတောင်း
  2. ရှမ်းပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး
  3. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ကွင်းဆင်းကြည့်ရှု
  4. ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)ကျင်းပ
  5. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က UNRCအဖွဲ့နှင့် လက်ခံတွေ့ဆုံ
  6. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က UNDPအဖွဲ့နှင့် လက်ခံတွေ့ဆုံ
  7. ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားနှင့် အသေးစားလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်များ၊ ကတိကဝတ်များနှင့် EMP Format တို့အားရှင်းလင်းဆွေးနွေးခြင်း
  8. ရှမ်းပြည်နယ်အတွင်း (COVID-19) ကာကွယ် ကုသရေး လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ငွေရည်ပုလဲကုမ္ပဏီများအုပ်စုမှ လာရောက်လှူဒါန်း
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စျေးသူစျေးသားများအား အားပေးစကားပြောကြား
  10. ကွမ်းလုံမြို့၌ ၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီးကြည့်ရှုအားပေး

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 69 guests and no members online

Latest Updates