သတင်းများ

မိုင်းတုံမြို့နယ် တရာရုံး အဆောက်အဦသစ်ဖွင့်

မိုင်းတုံ  ဇွန်  ၂၀

 1126

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၀ရက် နံနက် ၉ နာရီက အဆိုပါရုံးအဆောက်အဦသစ်၌ ကျင်းပသည်။

   ရှေးဦးစွာ ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် ခရိုင်တရားသူကြီးဦးကိုကိုနိုင်တို့က အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

   ထို့နောက် မြို့နယ်တရားသူကြီး ဦးကျော်သန်းစိန်က တရားရုံးအဆောက်အဦသစ်သည်အလျား ၅၅ ပေ၊အနံ ၃၅ပေ၊ အမြင့်၂၃ ပေရှိ အုတ်ညှပ်နှစ်ထပ်သွပ်မိုးနှင့် အလျား ၃ဝ ပေ၊ အနံ ၂ဝ ပေ၊ အမြင့် ၉ ပေရှိ အုတ်ညှပ်တစ်ထပ်သွပ်မိုးယာယီ အချုပ်ခန်း တစ်ခန်းတို့ပါဝင်ပြီး ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် နိုင်ငံတော်ခွင့်ပြုကျပ်( ၈၁၇ )သိန်းဖြင့် အိမ်မက်ရွာဆောက်လုပ်ရေး ကုမဏ္ဍီက တင်ဒါအောင်မြင်ပြီး မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းရှင်းလင်းတင်ပြပြီး အိမ်မက်ရွာဆောက်လုပ်ရေးကုမဏ္ဍီ မန်နေဂျင်းဒါရိုက်တာ ဦးနေမျိုးဦးက အဆောက်အဦနှင့်ပတ်သက်သောစာရွက်စာတမ်းများနှင့် အထိမ်းအမှတ်အလံတို့ကို မြို့နယ်တရားသူကြီးထံပေးအပ်ခဲ့ကြောင်းသိရသည်။ 

                                                                                                                                                                                 ခရိုင်ပြန်/ဆက်

 

သတင်းဓာတ်ပုံ- ( ၆ )ပုံ

သတင်းရေးသားသူ-ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

   ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

တောင်ကြီး ဇွန် - ၂၂

1125

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ တို့နှင့်အတူ ဇွန်(၂၂)ရက် နံနက် (၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ တောင်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံကြ ကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမောင်၊ ညောင်ရွှေ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှ၊ ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ ရပ်စောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းတို့က ဒေသဆိုင်ရာ အချက်အလက်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများကို (Projector)ဖြင့် ရှင်းလင်းတင်ပြကြသည်။

   ဆက်လက်၍ တောင်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းအောင်ဆာမှ တောင်ကြီးမြို့နယ် အတွင်းရှိ ရေ၊ မီး၊ လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များ ပြီးစီမှုများကို တင်ပြ၍ တောင်ကြီး၊ ကက္ကူ လမ်း၊ တံတားများကို သံကူကွန်ကရစ်တံတား တည်ဆောက်ပေးရန်၊ တောင်ကြီးမြို့ အတက်အဆင်းလမ်း သစ်တောဧရိယာထိန်းသိမ်းရန်၊ ဧည့်လမ်းညွှန်မှု သင်တန်းများ ဖွင့်လှစ်ပေးရန်၊ ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ မီးပုံးပျံမြို့ရှောင်လမ်းကို ကတ္တရာလမ်း အဖြစ်တိုးမြှင့် ဆောင်ရွက်ပေးရန်တင်ပြ၍လည်းကောင်း၊  မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစွန်ကြိုင်မှ တောင်ကြီးမြို့ရှိ ဂနိုင်ရေကန်(၁)(၂) ပြုပြင်ပေးနိုင်ရန်နှင့် ပါမိုးနဲရေကန်တူးဖော်ပေးနိုင်ရန် LEDမီးများအား အစားထိုး၍ လမ်းဘေးများတွင်းမြို့သာယာလှပရေးအတွက် လဲလှယ်တပ်ဆင်ပေးရန် LEDမီး အလုံး(၄၀၀) လိုအပ်ကြောင်း၊ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်းတွင် လမ်းမီးများလိုအပ်ကြောင်းနှင့် ကတ္တရာလမ်းများ ထပ်ပိုးပေးရန်၊ အေးသာယာမီးသင်္ဂြိုလ်စက် တည်ဆောက်ပေးရန်၊ တင်ပြ၍ မြို့နယ်စည်ပင်သာယာရေး အတွင်းရေးမှူး ဦးစိုးနိုင်ဦးမှ ဒေသဖွံ့ဖြိုးရေး အတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြ၍လည်းကောင်း၊ ကလောမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးမောင်မောင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေအဖြစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်း၍ ကလောမြို့နယ်အတွက်လိုအပ်ချက်များကို တင်ပြရာ လက်ပံပင် ကျေးရွာလျှပ်စစ်မီးလင်းရေး၊ ဘော်နင်းကျေးရွာအုပ်စု ရွာတော်ရွာတွင် လျှပ်စစ်မီးတိုင်ဓါတ်ကြိုးများ ရရှိရေး၊ အောင်မြို့အတွင်း နွေရာသီကာလတွင် ရေရရှိရန်၊ ဟဲဟိုး အင်းခေါင်းဆည်းမှ ရေးသွယ်တန်းခြင်း၊ မီးသင်္ဂြိုလ်စက် တည်ဆောက်ပေးရန် တင်ပြ၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမျိုးမြင့်အောင်မှ ကလောမြို့နယ် တွင်လုပ်ငန်းပြီးစီးမှုကို လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး၊ ကလောဘူတာရှိ တံတားပြုပြင်ပေးရန်နှင့် စက်မှုလက်မှုဇုန် တည်ထောင်ပေးရန်တို့ကို တင်ပြ၍လည်းကောင်း၊  ညောင်ရွှေမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးတင်အောင်ကျော်မှ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟိုတယ်ဇုန် အတွင်း သစ်ပင်များ စိုက်ပျိုးပေးရန်၊ အင်းလေးကန်အတွင်းအမှိုက်စွန့်ပစ်ကိစ္စရပ်များ ဖြေရှင်းပေးနိုင်ရန်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသမှ ဘော်လီဘောထူးချွန်အားကစားသမားများအား ဂုဏ်ပြုပွဲ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တက်ရောက်ချီးမြှင့်ပေးနိုင်ရန် တင်ပြ၍လည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးစံရွှေမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၁၅-၂၀၁၆ခုနှစ်တွင် ဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းကဏ္ဍရပ်များကို ရှင်းလင်းတင်ပြ၍လည်းကောင်း၊ ရပ်စောက်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးသန်းရွှေမှ အောင်မြင်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး၊ အင်းခေါင်းကန်ထိန်းသိမ်းရေးတို့ကို တင်ပြ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးချိုမှ ဆက်သွယ်ရေးကိစ္စများ၊ ရပ်စောက်မြို့ရှိ မြို့တော်ခန်းမ ပစ္စည်းလိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရန် တင်ပြ၍လည်းကောင်း၊ ဖယ်ခုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးမောင်ဌေးမှ ကုန်းဆုံကျေးရွာအုပ်စု ချမ်းမြေ့သာယာ လျှပ်စစ်ရေးအားမြှင့်တင်ခြင်းကိစ္စရပ်များနှင့် လမ်းတံတားကိစ္စရပ်များ တင်ပြပြီး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးမောင်ပါမှ မိုးဗြဲကျေးရွာ၌ နိုင်ငံတော်အကြီးအကဲခရီးစဉ်တွင် ခေတ္တနားနေနိုင်ရန် ခန်းမဆောင် တစ်ဆောင်ပြုလုပ်ပေးရန်၊ ဖယ်ခုံမြို့၊ မြို့နယ်ခန်းမဆောင်များကိုလည်း အမိုး၊ မျက်နှာကျက်၊ ဆေးသုတ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးနိုင်ရန်၊ အသီးသီးတင်ပြကြသည်။

   ထို့နောက် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ တို့မှ တင်ပြချက်အပေါ် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ တို့က တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌနှင့် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌတို့မှ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးများမှ လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြကာ၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်တို့ကို တစ်မြို့နယ်လျှင် အလှူငွေကျပ် သိန်း(၁၀၀)စီနှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၆၀၀)စီတို့ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ  ပေးအပ်လှူဒါန်းပေးရာ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌနှင့် မြို့နယ်ပညာရေးမှူးတို့မှ အသီးသီးလက်ခံ ရယူကြကြောင်း သိရသည်။

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အင်းလေးကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အဆင့်မြင့်တင်ရေး ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ အင်းလေးကန်အတွက် (၂၂)ဘီလီယံသုံးစွဲပေးမည်ဖြစ်၍  မိမိတို့၏ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသအတွက် ကိုယ်တိုင်ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် မိမိတို့မြို့ရွာကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်ပြောကြားသွားပြီး၊ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ နားကွမ်းလုံ-ကုန်းဆာလမ်း၊ နမ့်ယော်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

လားရှိုး ဇွန် ၁၈

 1121

   ရှမ်းပြည်နယ်ရုံး(လားရှိုး) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လားရှိုးမြို့နယ် နားကွမ်းလုံ-ကုန်းဆာ လမ်း၊ နမ့်ယော်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၈)ရက်နေ့၊ နံနက် (၇)နာရီခွဲအချိန် အဆိုပါတံတား ထိပ်၌ ကျင်းပပြုလုပ်ရာ နားကွမ်းလုံ- ကုန်းဆာလမ်း၊ နမ့်ယော်ချောင်းကူးတံတားနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိ မှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းမော်က ရှင်းလင်း တင်ပြပြီး၊ နားကွမ်းလုံကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းလှအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ပြည်နယ်(ရုံးခွဲ)ဦးစီးမှူး ဦးဇော်ဝင်းနှင့် ခရိုင်ဦးစီးမှူး ဦးဝင်းမင်းလတ်တို့က တံတားဖွင့်ပွဲအထိမ်းအမှတ်အလံများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိ သူများကို ပေးအပ်ခဲ့ပါသည်။

   ယင်းနောက် နားကွမ်းလုံ-ကုန်းဆာလမ်း၊ နမ့်ယော်ချောင်းကူးတံတားကို ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူနှင့် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ် တို့က ဖဲကြိုးဖြတ်၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က တံတားဖွင့်ပွဲမုခ်ဦးအား စက်ခလုပ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်အတူ ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်း ဓါတ်ပုံများရိုက်ကူးပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တံတားပေါ်ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။

   အဆိုပါချောင်းကူးတံတားသည် လားရှိုးမြို့နှင့် (၇) မိုင်ခန့်အကွာ နားကွမ်းလုံကျေးရွာနှင့် ကုန်းဆာကျေးရွာ တို့အား ဆက်သွယ်ပေးသည့် တံတားဖြစ်ပြီး၊ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ခင်းလမ်း(၁)မိုင်၊ တံတား အရှည်ပေ (၁၆၀)၊ တံတားအမျိုးအစား သံကူကွန်ကရစ်တိုင်၊ သံဘောင်ယက်မ၊ သစ်သားကြမ်းခင်းဖြစ်ပြီး၊ စုစုပေါင်း ကုန်ကျငွေကျပ် (၂၁၆.၉၄) သန်းဖြင့်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါချောင်းကူးတံတားဖွင့်လှစ်ပေးသည့်အတွက် နားကွမ်းလုံကျေးရွာသာမက အီနိုင်းကျေးရွာအုပ်စုနှင့် ဆုံကွယ်ကျေးရွာအုပ်စုတို့မှ ကျေးရွာပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသည့်အတွက် ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနများဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော အကျိုးရလဒ်များကို ရရှိ ခံစားရတော့မည်ဖြစ်ကြောင်းသိရှိရသည်။

 

                                                                                                                                                                                      ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉၄၀၃၇၁၁၈၉၆

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ အဖွဲ့ဝင်များ၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ပင်လောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

တောင်ကြီး ဇွန် - ၁၆

1115

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ တို့နှင့်အတူ ဇွန်(၁၆)ရက် နံနက် (၉)နာရီက တပ်မတော်မှစွန့်လွှတ်မြေ(၅၂၆)ဧကသွားရောက်ကြည့်ရှုရာ၊ ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်က မြေပုံကားချပ်ဖြင့်ရှင်းလင်းပြီး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးခန်းမ၌ ဟိုပုံးမြို့နယ်၊ ဆီဆိုင် မြို့နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံကြ ကြောင်း သိရသည်။

1116

  အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဟိုပုံးမြို့နယ် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇင်မင်းကို၊ ဆီဆိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် ပင်လောင်းမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးတို့က ဒေသဆိုင်ရာ အချက်အလက်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများကို (Projector)ဖြင့် ရှင်းလင်းတင်ပြကြသည်။

   ဆက်လက်၍ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဌ ဦးခွန်မောင်ငွေမှ ဟိုပုံး မြို့နယ် အတွင်း (National Grid Line)မှ (၂)မိုင်အတွင်းရှိ ဂနိုင်ထုံ၊ နောင်ခါး၊ စအွန်ကျေးရွာများနှင့် ဟိုပုံးမြို့နှင့် ဆက်စပ် လျက်ရှိသော ကုန်းသာ-ချေးပေး-ဒုံမေးခိုး ကျေးရွာများအား လျှပ်စစ်ဓါတ်အားရရှိနိုင်ရေး၊ (၂၀၁၅-၂၀၁၆) ပညာသင်နှစ် တွင် စငေါကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ)မှ အ.ထ.က အဆင့်သို့၊ စငေါကျေးရွာအုပ်စု၊ အ.မ.က ခိုချဲမှ မူလွန်အဆင့်သို့၊ မိုင်းလင်းကျေးရွာအုပ်စု၊ အ.မ.က လန်းလုံမှ မူလွန်အဆင့်သို့၊ နမ့်ပါချီးကျေးရွာအုပ်စု၊ ကိုယ့်အား ကိုယ်ကိုး(နမ့်ဆင်ရွာ)မှ အ.မ.က(ခွဲ)အဆင့်သို့၊ နမ့်ပါချီးကျေးရွာအုပ်စု၊ ကိုယ့်အားကိုယ်ကိုး(ခိုတောင်းရွာ)မှ အ.မ.က(ခွဲ)အဆင့်သို့၊ မဲနယ်တောင် သွားလမ်း(၁၉)မိုင် (၂)ဖာလုံအား နတလမှ မြေသားလမ်းဆောင်ရွက်ပြီး ဖြစ်ပါသဖြင့် (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်းအဖြစ်သို့ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် လမ်းပေါ်ရှိ တံတား(၅၁)စင်းအား ဆောင်ရွက်ပေးနိုင်ရန်၊ ပုံးအယ်-နမ့်ပေါ်ချော-နားလော့ ကျေးရွာချင်းဆက်မြေသားလမ်း (၁၀)မိုင်အား ဖောက်လုပ်ပေးနိုင်ရေး   ဆောင်ရွက် ပေးရန် တင်ပြ၍လည်းကောင်း၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးချစ်သိန်းမှ ဟိုပုံးမြို့တွင်း ကတ္တရာလမ်း များနှင့်မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန် ပလက်ဖောင်းနှင့် ရေနုတ်မြောင်း၊ ဟိုပုံးမြို့နယ်တောင်ရပ်ကွက် (11/0.4KV, 315KVA) ထရန်စဖော်မာသည် (400V) ဓါတ်အားလိုင်းရှည်သဖြင့် (11/0.4KV, 200KVA) ထရန်စဖော်မာဖြင့် (System Improvement) တည်ဆောက်လိုသည့်လုပ်ငန်း ဆောင်ရွက်ပေးရန်၊ ဟိုပုံးမြို့အတွင်း ဓါတ်အားဖြန့်ဖြူးပေး သည့် (400V) ဓါတ်အားလိုင်းမှ ဆွေးမြေ့သစ်သားတိုင်(၁၆၀)တိုင်အား ကွန်ကရစ်တိုင်အဖြစ် လဲလှယ်နိုင်ပေးရန်၊ ရန်ကင်းကျေးရွာနှင့် မြို့ဆက်သွယ်သည့် မြေသားလမ်း(၁)မိုင်အား ကတ္တရာလမ်းအဖြစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (၂၀၁၅-၂၀၁၆) (RE)တွင် ထည့်သွင်းဆောင်ရွက်ခွင့်ပြုနိုင်ရေး တင်ပြ၍လည်းကောင်း၊ ဆီဆိုင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးခွန်သန်းထူးမှဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ဖြီဟန်းခါး-ဝါးခရာ-ကုန်းဆွတ်-နောင်ယွေး မြေသားလမ်း(၁၂)မိုင်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူ-ကောင်ထို-စလောင်းထောင် မြေသားလမ်း(၆) မိုင်၊ တဘက်ကျေးရွာအုပ်စု၊ ပန်ကန်းလေး-ပန်ကန်းကြီးမြေသားလမ်း(၁၇)မိုင်အား ခွင့်ပြုရံပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန်၊ ဆီဆိုင်မြို့နယ်၊ ပုံးအင်းကျေးရွာအုပ်စု၊ နောင်မွန်-ဝမ့်ပုံးမြေသားလမ်း(၂)မိုင်ခွဲ အား ကျောက်ချောလမ်းအဆင့် တိုးမြှင့်ပေးခြင်း၊ တောင်ရှေ့ကျေးရွာအုပ်စု၊ ဆီဆိုင်-လွယ်ထွဲလမ်း(၃)မိုင် ကျောက်ချော လမ်းအဆင့် တိုးမြှင့်ပေးရန်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ နောင်တဘန်-ဆော့ဆား-ထီတယမ်း(၆)မိုင် ကျောက်ချောလမ်းအဆင့် တိုးမြှင့်ခြင်းအား ခွင့်ပြုရံပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန်၊ နားခိုက်ကျေးရွာအုပ်စု၊ လပ်ကိုင်-နားခိုက် (၅)မိုင် (၄)ဖာလုံ ကတ္တရာလမ်း၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်-ဘန်းကန်(၄)မိုင်အား ကတ္တရာလမ်းအဆင့်တိုးမြှင့် ဆောင်ရွက် ပေးနိုင်ရန်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ လွယ်ထွဲ-ထီရီးလမ်းပေါ်ရှိ(၁၀)ပေးတံတား(၃)စင်း၊ (၅)ပေတံတား (၅)စင်း၊ နားသံ ကျေးရွာအုပ်စု၊ နားယိမ်း-နားပုံး-ဘန်းယဉ်လမ်းပေါ်ရှိ (၁၀)ပေတံတား(၁)စင်း၊ ပုံးအင်းကျေးရွာအုပ်စု၊ နောင်မွန်-ဝမ့်ပုံးလမ်းပေါ်ရှိ (၂၀ ပေ ၁၅ပေ) တံတား(၂)စင်း၊ နားခိုက်ကျေးရွာအုပ်စု၊ ပန်အွန်း-ထီတလီးလမ်းပေါ်ရှိ ပေ(၂၀) တံတား(၁၁)စင်း၊ (၁၀)ပေတံတား(၁၉)စင်းအား ဆောင်ရွက်ပေးနိုင်ရန်၊ဘန်းယဉ်-ပုံးအင်း-နောင်မွန်ကျေးရွာအုပ်စု အတွင်းရှိ ဖိုင်ကွမ်း-နမ့်ကွတ် လက်ရိုက်ဆည်(၂)ခုအား သံကူကွန်ကရစ်ဆည်အဖြစ် တည်ဆောက်ပေးရန်နှင့် ကျောင်းဆရာ/ဆရာမများ မူလအတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် လိုအပ်ချက်များကို တင်ပြ၍ လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးလှမြင့်မှ ဆီဆိုင်မြို့ပေါ်(၆)ရပ်ကွက် ကတ္တရာလမ်း(၃)မိုင် အား ခွင့်ပြုရံပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန်နှင့် တောင်ရှေ့ကျေးရွာအုပ်စု နောင်ထော်ကျေးရွာ ရေအားလျှပ်စစ်စက်ရုံအား နတလရံပုံငွေဖြင့် တည်ဆောက်ပြီးဖြစ်၍ အဆိုပါစက်ရုံမှ ကျေးရွာအတွင်းသို့ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးနိုင်ရေးအတွက် ကုန်ကျမည့်ရံပုံငွေကို (၂၀၁၅-၂၀၁၆)ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုချထားပေးနိုင်ရန် တင်ပြ၍လည်းကောင်း၊ ပင်လောင်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးခွန်သိန်းမြင့် မှ မြို့နယ်ခန်းမ(၁)ခုတည်ဆောက်ပေးရန်၊ ထိန်ပင်ကျေးရွာအုပ်စု၊ တလိုင်းမကျောင်းအား အဆင့်တိုးမြှင့်ပေးရန်၊  လုံးကိုး-လွယ်ကယ် မြေသားလမ်း(၁၀)မိုင်အား ကျောက်ချောလမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းအုန်းကျော်မှ ပင်လောင်းမြို့ အရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက် အကြား စီးဆင်းနေသော ရေချောင်းအား အုတ်နံရံများစီပြီး မြို့တွင်း သောက်သုံးရေအတွက် အထောက်အကူ ဖြစ်စေ ရန်၊ နောင်တရားမြို့တွင်း (၃)ရပ်ကွက်တွင် ကတ္တရာလမ်း(၃)မိုင်အား အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် အသီးသီးတင်ပြကြသည်။

   ထို့နောက် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ တို့မှ တင်ပြချက်အပေါ် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်က  ဒေသဆိုင်ရာအခြေအနေများအား ဆွေးနွေးပြောကြားကြောင်း  သိရသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများမှ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌနှင့် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌတို့မှ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးများမှ လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြ ပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေး၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ကို တစ်မြို့နယ်လျှင် အလှူငွေကျပ် သိန်း(၁၀၀)စီနှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၂၀၀)စီတို့ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်တို့မှ ပေးအပ်လှူဒါန်းပေးရာ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌနှင့် မြို့နယ်ပညာရေးမှူးတို့မှ အသီးသီးလက်ခံ ရယူကြပြီး၊ (၂၀၁၄)ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းဆိုင်ရာ အကြောင်းအရာစာအုပ်များ ကို ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်က လက်ခံရယူကြောင်း သိရသည်။

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်သူ့ဗဟိုပြုအုပ်ချုပ်ရေး ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် စီမံကိန်းဆောင်ရွက်ရာတွင် ဘက်ဂျက်ရှိရန် လိုအပ်ကြောင်း ဆွေးနွေးမှုအားလုံး စီမံကိန်းတွင် လျှာထားပေးရန်နှင့် စီမံကိန်းစနစ်ဖြင့် မဆောင်ရွက်နိုင်သော လုပ်ငန်းများ လွှတ်တော်ရန်ပုံငွေမှ ဆောင်ရွက်ရန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက်အရေးကြီး လိုအပ်မှု ဆောင်ရွက်နိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေပေးအပ်ခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာ တွင် ဘဏ္ဍာရေးရည်မှန်းချက်စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းပြောကြားသွားပြီး၊ အခမ်းအနား ကို အောင်မြင်စွာရုပ်သိမ်းလိုက်ကာ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီဥက္ကဌနှင့် တာဝန်ရှိသူတို့သည် ဟိုပုံးရေထွက်သို့သွားရောက်၍ ရေထွက်သန့်ရှင်းသာယာလှပရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်၊ စျေးဆိုင်ခန်းများ ယာဉ်ရပ်နားစခန်းများထားရှိဆောက်လုပ်မည့်နေရာများကိုသွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။

                                                                            မောင်မောင်သန်း(တောင်ကြီး)

 

မူဆယ်-ရွှေလီ နန်းတော်ဂိတ်အဆောက်အဦးသစ်ဖွင့်

မူဆယ်     ဇွန် ၁၉ ရက်

 1123

   မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ရေးလမ်းကြောင်း၊ ကုန်းလမ်းဖြစ်သော မြန်မာအရှေ့မြောက်ဒေသ မူဆယ်-ရွှေလီ နန်းတော်ဂိတ်အဆောက်အဦးသစ်ဖွင့်ပွဲအား ယနေ့ ၁၉-၆-၂၀၁၅ ရက်နေ့၊ နံနက် (၈)နာရီခွဲ အချိန်တွင် ရှမ်းပြည် နယ်အစိုးရဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးကြီးအောင်သူ၊ ဒေါက်တာမျိုးထွန်း၊ ဦးစိုင်းနော်ခမ်း၊ ဦးစိုင်းထွန်းရင်၊ ဦးစိုင်းဆာလူ၊ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးလှိုင်၊ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းတို့ က ဖဲကြိုးဖြတ်၊ မိုးပျံပူးပေါင်းလွှင့်တင်ခြင်းဖြင့် ဖွင့်လှစ်ပေး ခဲ့ပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ် က ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်၍ အမွှေးနံသာရည်များ ပက်ဖျန်းကာဖွင့်ပေးပါသည်။

   မူဆယ်-ရွှေလီနန်းတော်ဂိတ်စခန်းသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့၏ စီးပွား ရေးဇုန်အတွင်းတည်ရှိပါသည်။ ရှမ်းပြည်နယ်နှင့် ယူနန်ပြည်နယ်တို့၏ အဓိကစီးပွားရေး ဝင်/ထွက်ပေါက်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အဓိကကုန်သွယ်ရေးလမ်းကြောင်း ဝင်/ထွက်ပေါက်ဖြစ်ခဲ့ပါသည်။ နှစ်နိုင်ငံ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် မူဆယ်- ရွှေလီနန်းတော်ဂိတ်ကင်းစခန်း အဆောက်အဦးသစ် တည်ဆောက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်အတွင်း ကျပ် (၃၂၇၆၀၀၀၀ဝိ) ကျပ် သိန်းပေါင်း(သုံးထောင့်နှစ်ရာခုနှစ်ဆယ့်ခြောက်)တိတိ ကိုခွင့်ပြုပေးခဲ့ ပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ (၂)ရက်နေ့တွင် မဂင်္လာအုတ်မြစ်ချ၍ ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္မဏီမှ တာဝန်ယူ ဆောက်လုပ်ပေးခဲ့ပါသည်။

   မူဆယ်-ရွှေလီနန်းတော်ဂိတ်အဆောက်အဦးသစ်သည် မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာဖြင့် ဆောက်လုပ် ခဲ့ပြီး နိုင်ငံပုံရိပ်သရုပ်ဖော် ဆန်းပြားစွာဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ မူဆယ်-ရွှေလီနန်းတော်ဂိတ် ပြီးစီးပြီဖြစ် သဖြင့် (၂)နိုင်ငံပြည်သူများလွယ်ကူစွာ ကူးသန်းရောင်းဝယ်ရာ တွင်များစွာ အထောက်အကူပြုကြောင်းသိရှိရပါသည်။

   အဆိုပါဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီး များဖြစ်သော ဗိုလ်မှူးကြီးအောင်သူ၊ ဒေါက်တာမျိုးထွန်း၊ ဦးစိုင်းထွန်းရင်၊ ဦးစိုင်းဆာလူ၊ ဦးစိုင်းနော်ခမ်းနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော် နှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများဖြင့် စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြကြောင်းသိရှိရပါသည်။

                                                                                                                                                                                     အယ်လ်စိုး(မူဆယ်)

 

လယ်ယာသုံးစက်ကိရိယာများနှင့် ပတ်သက်၍ နည်းပညာသင်တန်းဖွင့်လှစ်ပို့ချ

ဇွန် ၁၇

1118

   ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားများအား Daedong လယ်ယာသုံး စက်ကိရိယာများနှင့် ပတ်သက်၍ နည်းပညာသင်တန်းကို တောင်ကြီးမြို့နယ် ရွှေညောင်(တာယော) စိုက်ပျိုးရေးသုတေသနခြံတွင် (၁၇.၆.၂၀၁၅)နေ့ နံနက်(၀၈:၀၀)ချိန်မှစတင်ပြုလုပ်ရာ တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ရပ်စောက်၊ လွိုင်လင်၊ နမ့်စန်(တ)၊ လင်းခေး၊ မိုင်းဖြတ်၊ မိုင်းရှူး၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်များမှ သမဝါယမအသင်းသား (၂၁၇)ဦး တက်ရောက်ခဲ့ပြီး စက်ကိရိယာအသုံးပြုပုံများကို ကိုရီးယားနိုင်ငံ ¬Daedong ကုမ္ပဏီမှ သင်တန်းဆရာ(၂)ဦးနှင့် ပြည်နယ် စက်မှုလယ်ယာမှ စက်မောင်းကျွမ်းကျင် အင်ဂျင်နီယာ (၆)ဦးတို့မှ သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သမဝါယမအသင်းအဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

ရှမ်းပြည်နယ် ဝန်ကြီးချုပ် အထောက်အကူပြုအဖွဲ့နှင့်တွေ့ဆုံ

မူဆယ်    ဇွန် (၁၈) ရက်

 1122

   ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ရှမ်းပြည်နယ်၊ ပြည်နယ်ဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးကြီးအောင်သူ၊ ဒေါက်တာမျိုးထွန်း၊ ဦးစိုင်းထွန်းရင်၊ ဦးစိုင်းဆာလူ၊ ဦးစိုင်းနော်ခမ်း တို့လိုက် ပါလာလျက် (၁၈-၆-၂၀၁၅)ရက်၊ မွန်းလွဲ (၂)နာရီအချိန်က မူဆယ်မြို့ ရွှေလီရတနာရိပ်သာခန်းမတွင် မူဆယ် ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်များမှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နှုတ်ခွန်းဆက် အမှာစကားပြော ကြားရာတွင် မိမိတို့လာရောက်ရခြင်းမှာ မူဆယ်ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှုများ၊ ထပ်မံဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ ဖြည့်ဆည်းဆောင်ရွက်ပံ့ပိုးပေးရမည့် ရံပုံငွေများကို သိရှိလိုသဖြင့် လာရောက်ရခြင်းဖြစ်ကြောင်း၊ (၂၀၁၄-၂၀၁၅)ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုနှင့် ရံပုံငွေပံ့ပိုးပေးမှုများကြောင့် ကျေးလက်နေပြည်သူများအတွက် မည်မျှအကျိုးပြု ဆောင်ရွက်ခဲ့သည်ကို ပွင့်လင်း မြင်သာအောင် တင်ပြစေလိုကြောင်း၊ ကျေးလက်ဒေသ ပညာရေး၊ ကျန်းမာရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ပံ့ပိုးမှုရံပုံငွေနှင့် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မှုများမည်မျှအောင်မြင်ထိရောက်မှုရှိကြောင်း ကို တက်ရောက်လာသော မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုကော်မတီများက ရှင်းလင်းတင်ပြကြစေ လိုကြောင်း၊ (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်အတွက် ဒေသဖွံ့ဖြိုးရေးရံပုံငွေ လျာထားမှုများ၊ ယခုထိလုပ်ငန်းလျာထား ဆောင်ရွက်ပြီးစီးမှုများကို စာရင်းစစ်အစစ်ခံနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ဦးစွာ ပြောကြားသွားပါသည်။

   ဆက်လက်၍ မူဆယ်မြို့နယ်၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော် က ရှင်းလင်းတင်ပြရာတွင် စယ်လန့်ကျေးရွာ ဆေးပေးခန်းအား ကျေးလက်ကျန်းမာရေးဆေးခန်းအဆင့်နှင့် နမ့်အွမ်ကျေးလက်ကျန်းမာရေးဆေးပေးခန်းအား တိုက်နယ်ဆေးရုံ အဆင့်သို့ တိုးမြှင့်ပေးနိုင်ရေးနှင့် နမ့်အွမ်ကျေးရွာနှင့် တိမကျေးရွာကျေးရွာချင်းဆက်ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ်ခင်းပေးနိုင်ရေး၊ ကျေးလက်လမ်းမှ ပြည်ထောင်စုလမ်းမ ဆက်လမ်းအားအဆင့်မြှင့်တိုးမြှင့် ရေးဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပါသည်။

   အလားတူ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ များ ဖြစ်ကြသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်တို့ကလည်း ဒေသ တွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သောက်သုံးရေ၊ မီးရရှိရေးဆောင်ရွက်မှုများ၊ ကျေးလက်ပြည်သူ့ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကို Projector ဖြင့်အသီးသီးရှင်းလင်း တင်ပြကြ ပါသည်။

   ဆက်လက်၍ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌများကလည်း မိမိ မြို့နယ်တွင် လမ်း၊ တံတား၊ မြို့မြေအသုံးချမှု၊ သောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြကြပါသည်။

  တက်ရောက်လာသူများ၏ ပြန်လည်တင်ပြချက်၊ မေးမြန်းချက်များကို ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် အဆင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခြင်း ၊ ဖြည့်ဆည်းပေးခြင်းများကို ဆောင်ရွက် ပေးကြပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရက ကွတ်ခိုင်မြို့လယ် ဓမ္မရုံအတွက် ကျပ်သိန်း(၁၀၀)ကို ကွတ်ခိုင်မြို့ နယ် အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးထွန်းအောင် သို့လည်းကောင်း၊ မူဆယ်မြို့နယ် ဖွံ့ဖြိုးတိုး တက်ရေးပံ့ပိုးငွေ ကျပ်သိန်း (၂၀၀)ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော်သို့လည်းကောင်း၊ နမ့်ခမ်းမြို့နယ် နှင့် ကွတ်ခိုင်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးငွေကျပ်သိန်း (၁၀၀) ကျပ်စီကိုလည်းကောင်း၊ ပညာရေး ကျောင်း- ကျောင်းသူ၊ ကျောင်းသားများအတွက် တစ်မြို့နယ်လျှင် ဗလာစာအုပ်(၆၀၀)ဒါဇင်စီကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြောင်းသိရပါသည်။

                                                                                                                                                                     အယ်လ်စိုး(မူဆယ်)

 

ရွှေညောင်မြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ခွဲ)ရုံး ဖွင့်လှစ်

တောင်ကြီး   ဇွန်   ၁၆

1117

   ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ခွဲ)ရုံး ဖွင့်လှစ်ပွဲကို ဇွန်(၁၆)ရက်နံနက်(၉)နာရီက အဆိုပါ အဆောက်အဦ၌ကျင်းပရာ ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ရွှေညောင်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ခွဲ)ဥက္ကဌ ဒေါ်ကြင်ကြင်လှမှ အဆောက်အဦဖြစ်ပေါ် လာပုံနှင့်ပတ်သက်၍ရှင်းလင်းကာ အသင်း(ခွဲ)ရုံး ဖွင့်ပွဲအထိမ်း အမှတ်အလံများကို ရွှေညောင်မြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ခွဲ)ဥက္ကဌ ဒေါ်ယမင်းထက်မှ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်းနှင့် တာဝန်ရှိသူများကို အထိမ်းအမှတ်အလံများပေးအပြီး၊ ရွှေညောင် မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ခွဲ)ရုံးအား ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ် ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်း၊ တောင်ကြီးမြို့နယ် ဥက္ကဌ ဒေါ်သန်းသန်း၊ ရွှေညောင်မြို့အသင်း(ခွဲ) ဥက္ကဌ ဒေါ်ယမင်းထက်တို့မှ အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။

   အဆိုပါအဆောက်အဦကို ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အလှူငွေ ကျပ် သိန်း(၃၀)ထောက်ပံ့၍ ရွှေညောင်မြို့ စေတနာရှင် အလှူရှင်များမှ အလှူငွေကျပ် (၆၂)သိန်း (၃)သောင်း (၇)ထောင်တစ်ရာရှစ်ဆယ့်လေးကျပ် ပါဝင်လှူဒါန်းပြီး၊ သွပ်မိုး၊ အုတ်စီ (၁)ထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။

   ဆက်လက်၍ ရွှေညောင်မြို့၊ ရွှေညီလာခန်းမ၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပရာ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သိကောင်းစရာအကြောင်းများကိုဟောပြော ၍လည်းကောင်း၊ တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံမှ ဒေါက်တာ ဦးဇော်ဇော်လွင်က စိတ်ကျန်းမာရေးအကြောင်း နှင့် အမျိုးသမီးမျိုးပွားအင်္ဂါများဆိုင်ရာ၊ ကင်ဆာရောဂါအကြောင်းအား ရွှေညောင်တိုက်နယ်ဆရာဝန် ဒေါက်တာလှိုင်းအိအိဖြူမှ ဟောပြော၍လည်းကောင်း၊ ရင်သားကင်ဆာရောဂါအကြောင်းအား ဒေါက်တာ ဒေါ်တင်ကြူနှင့် တီဘီ၊ ငှက်ဖျား၊ အနားကြီးရောဂါအကြောင်းအား ဆရာမဒေါ်နော်ဆဲဆဲတို့မှ အသိပညာပေး ဟောပြောကြပြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေး လုပ်ငန်းအဖွဲ့ တာဝန်ခံ ဒေါ်မေသန်းနွှဲ့မှ လူမှောင်ခို၊ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများတို့ကို အသိပညာပေး ဟောပြောကြကြောင်း သိရသည်။

   ထို့နောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်စန်းစန်းဝင်းနှင့် တာဝန်ရှိသူတို့သည် ရွှေညောင်မြို့၊ အမှတ်(၉)အခြေခံပညာ အထက်တန်း ကျောင်းတို့သွားရောက်၍ မူးယစ် ကင်းစင်နယ်မြေ၊ ဆေးလိပ်ကင်းစင်နယ်မြေ၊ အမှိုက်ကင်းစင် နယ်မြေ၊ ပိုစတာများကို ကျောင်းဝန်းအတွင်း၌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များနှင့်အတူ ချိတ်ဆွဲပေးကြကြောင်း သိရှိရသည်။

                                                                            မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် လားရှိုးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

လားရှိုး ဇွန် ၁၈

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဇွန်လ (၁၇)ရက်နေ့၊ နေ့လည် (၁)နာရီခွဲအချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ပြည်နယ်ဒုတိယအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ လားရှိုးမြို့နယ်၊ သိန်းနီမြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်နှင့် ကွမ်းလုံမြို့နယ် တို့မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ နှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကေ်ာမတီဝင်များ နှင့် တွေ့ဆုံပြီး ရှမ်းပြည်နယ်၊ပြည်နယ်ဝန်ကြီးချုပ်က “ ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရန် ရေရှည်အတွက် အခြေခံအုတ်မြစ်ခိုင်မာအောင်ဆောင်ရွက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် ကျေးလက်ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစဉ်များဖြစ်သော ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျှက်ရှိ ကြောင်း၊ လုပ်ငန်းများကိုဦးစားပေးအလိုက် သတ်မှတ်ဆောင်ရွက်ရန်နှင့် ရန်ပုံငွေများကို စနစ်တကျ သုံးစွဲကြရန် လိုအပ်ကြောင်း ” ရှင်းလင်းပြောကြားသည်။

   ဆက်လက်၍ လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်နှင့် ကွမ်းလုံမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့က ဒေသဆိုင်ရာအချက်အလက်များနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှုအခြေအနေများနှင့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကို ရှင်းလင်းတင်ပြကြပြီး၊ လားရှိုးခရိုင် မြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ဦးမြတ်မိုးက လားရှိုးခရိုင်အတွင်း အစီရင်ခံစာအပိုင်း(၁)မှ(၁၀)တွင်ပါဝင်သော မြေယာအမှုတွဲများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ သီးခြားစွန့်လွှတ် သောမြေများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပါသည်။

   ယင်းနောက် လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်နှင့် ကွမ်းလုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌတို့က လိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်ဒုတိယအဆင့်ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပါသည်။

   ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လားရှိုး၊ သိန်းနီ၊ တန့်ယန်းနှင့်ကွမ်းလုံမြို့နယ်တို့ကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အတွက် တစ်မြို့နယ်လျှင် အလှူငွေကျပ်သိန်း(၁၀၀)စီနှင့် ကျောင်းသုံးဗလာစာအုပ်ဒါဇင် (၆၀၀)စီ တို့ကို ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

                                                                                                                                                                                           ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉၄၀၃၇၁၁၈၉၆

 

(၂၀၁၅)ခုနှစ်ပြည်‌ထောင်စု၏အ‌ကောက်ခွန်ဥပ‌ဒေနှင့်အခွန်ဆိုင်ရာပညာ‌ပေးရှင်းလင်းပွဲ

မူဆယ် ဇွန်(၁၆)ရက်

1120

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့‌တော်ခန်းမတွင် ပြည်တွင်းအခွန်ဦးစီးဌာန၊ မူဆယ်မြို့နယ် ပြည်တွင်း အခွန်ဦးစီးဌာနမှူးရုံး၏ (၂၀၁၅)ခုနှစ် ပြည်‌ထောင်စု၏ အခွန်‌ကောက်ဥပ‌ဒေနှင့် အခွန်ဆိုင်ရာပညာ‌ပေးရှင်းလင်းပွဲ ကို      (၁၆-၆-၂၀၁၅)ရက်၊ နံနက်(၉)နာရီခွဲတွင်ပြုလုပ်သည်။

   အခမ်းအနားတွင် မူဆယ်ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်‌ကျော်ထွန်းမှ အမှာစကား‌ပြောကြားခြင်း၊ အဆိုပါရှင်း လင်းပွဲတွင်ရှမ်းပြည်နယ် အခွန် ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီမှ (၂၀၁၅)ခနှစ်ပြည်‌ထောင်စု၏အကောက်ခွန်ဥပ‌ဒေ များကို (projeter)ဖြင့်ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦး‌မောင်သန်းမှ အခွန်‌ပြေစာ အ မှတ် တံ ဆိပ်ကပ်နှိပ်ခြင်းနှင့်သိသင့်သိထိုက်သည့်အချက် လက်များကို(projeter) ဖြင့်အ‌သေးစိတ် ရှင်းလင်းတင်ပြခြင်းတင်ပြခြင်း ကိုတက်‌ရောက်လာသူပြည်သူများနားလည်သည်အထိ‌ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ရှမ်းပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်း‌ငွေ‌ငွေ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊တက်‌ရောက်ပြည်သူများက‌မေးမြန်း ‌ဆွေး‌နွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦး‌မောင်သန်း မှတက်‌ရောက်လာသူများကို ‌ကျေးဇူးတင်စကား ပြန်လည်‌ပြောကြားခြင်းနှင့် အင်အား(၂၀၀)ဦးခန့်တကသိရသည်။

 

                                                                                                                                                                          မူဆယ်ခရိုင်ပြန်ဆက်

သတင်း‌ပေးပို့သူ။ ဦးမိုင်းဉာဏ်စိုး

သတင်းဖိုင်      ။ (၁) ဖိုင်

ဓာတ်ပုံ (၄) ပုံ

 

More Articles...

  1. (၂၈) ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးအလွဲသုံးစားမှုနှင့်တရားမဝင်တိုက်ဖျက်‌ရေး ‌နေ့အထိမ်းအအမှတ်‌ဟော‌ပြောပွဲ
  2. ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကျင်းပပြုလုပ်
  3. မိုင်းဆတ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
  4. မိုင်းဆတ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
  5. မိုင်းခုတ်၌ မူယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြော
  6. ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ အဖွဲ့ဝင်များ၊ ရွာငံမြို့၊ ပင်းတယမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေး
  7. နမ့်ခမ်း-မုံးဝီးသွားကားလမ်းမတွင် မူးယစ်‌ဆေးဝါးများ ဖမ်းဆီးရမိ
  8. ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၆/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၁၅)ကျင်းပ
  9. မူးယစ်ဆေဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဓါတ်ပုံပြပွဲကျင်းပ
  10. ရှမ်းပြည်နယ်(မြောက်ပိုင်း) ၂၀၁၅ခုနှစ် မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ အထူးသင်တန်းအမှတ်စဉ်(၂/၂၀၁၅) ဆင်းပွဲကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 67 guests and no members online

Latest Updates