သတင်းများ

နမ့်ခမ်း-မုံးဝီးသွားကားလမ်းမတွင် မူးယစ်‌ဆေးဝါးများ ဖမ်းဆီးရမိ

မူဆယ် ဇွန်(၁၁)

1110

   (၈-၆-၂၀၁၅)ရက်‌နေ့ (၅)နာရီခွဲအချိန်တွင် မူးယစ်‌ဆေးဝါးတားဆီးနှိမ်နင်း‌ရေး ‌ရွှေလီစစ်ဆင်‌ရေး (၂) စီမံချက်အရ၊ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှ ‌ခေတ္တတပ်ဖွဲ့စုအား ဒုရဲမှူး ဝင်းနိုင်၏ ကြီးကြပ်ကွပ်ကွဲ‌ရေးအဖွဲ့၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ ရဲအုပ် ဆန်းဝင်း‌အောင် ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (၁၀၂)မှ ရဲအုပ် သန်းထိုက် ဦးစီးအဖွဲ့၊ နမ့်ခမ်းမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်ကြီး ခင်‌ဇော်တို့ ပါဝင်‌သော ပူး‌ပေါင်းအဖွဲ့သည် နမ့်ခမ်း- မုံးဝီးသွားကားလမ်းမ နမ့်ခမ်းမြို့နယ်၊ နမ္မတီး‌ကျေးရွာအဝင် လမ်းမ‌ပေါ်တွင် မူးယစ်‌ဆေးဝါး တားဆီးနှိမ်နင်း‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်‌နေစဉ် နမ္မတီး‌ကျေးရွာဘက်မှ နမ့်ခမ်းမြို့ဘက်သို့ ‌ကျောင်ရှင်းချန်း(ကျား)( အသက်(၂၅/၂၀၁၅)နှစ်၊ (ဘ)ဦးကျော်ရုန့်ဖူ၊ မပတ(မမှတ်မိ) ခိုလုံ -လီ‌ရှော/ဗုဒ္ဓ၊ ‌ဈေး‌ရောင်း၊အမှတ်(၇၇/၇၀)၊ မဂင်္လာကွက်သစ်ရပ်ကွက်၊နမ့်ခမ်းမြို့) ‌မောင်းနှင်လာ‌သော တရုတ်နိုင်ငံလုပ်၊ KENBO-125 အမျိုးအစား ဆိုင်ကယ်(နံပါတ်မပါ)အား ရပ်တန်းစစ်‌ဆေးရှာ‌ဖွေရာ ဆိုင်ကယ်‌ရှေ့ဂွကြားတွင် တရုတ်စာတန်းပါ ဂျပ်စက္ကူဗူးခွံအတွင်းမှ ဆပ်ပြာခွက်များအတွင်း ထည့်လျှက် (၁)ခွက်လျှင် ဘိန်းဖြူမှုန့် အ‌လေးချိန် (၁၃)ဂရမ်ခန့်စီပါ ‌ရောင်စုံဆပ်ပြာခွက် (၂၂)ခွက်၊ စုစု‌ပေါင်း ဘိန်းဖြူမှုန့်အ‌လေးချိန် (၂၈၆)ဂရမ် ခန့် (‌ဒေသ‌ပေါက်‌ဈေး တန်ဖိုး‌ငွေကျပ် ၅၇.၂ သိန်း)၊ တရုတ်ဖုန်းကဒ်အမှတ် 15184976741နံပါတ် VIVO အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးတို့အား ရှာ‌ဖွေ‌တွေ့ရှိဖမ်းဆီးမိကာ အဆိုပါသူကို စစ်‌ဆေး‌မြေးမြန်းရာတွင် မြင့်လွင်(ခ)နစီးရိုးတင်း(ကျား)နှင့် လှိုင်မျိုးနိုင်(ခ) မော်တာ(ကျား)တို့ (၂)ဦးမှ သယ်‌ဆောင်ခိုင်း‌သော ပစ္စည်းများဖြစ်‌ကြောင်း ‌ပြောပြသိရှိရသဖြင့်  ထိုဖုန်းဖြင့် ဆက်သွယ်‌မေးမြန်းရာ နမ့်ခမ်းမြို့၊ စည်ပင်သာယာ‌ဈေးအနီး မီးပွိုင့်လမ်းဆုံတွင် ပစ္စည်းများလက်ခံယူရန် (၁၈းဝ၀) နာရီတွင် ချိန်းဆိုခဲ့ဟု သိရသည်။ 

   ထိုသတင်းအရ ပူး‌ပေါင်းအဖွဲ့သည် ‌ကျောင်ရှင်းချန်း၏ လိုက်လံပြသချက်အရ အစိုပါ သတ်မှတ် ချိန်းဆို‌နေရာတွင် မြင့်လွင်နှင့် လှိုင်မျိုးနိုင် (၂)ဦး စီးနင်းလာသည့် ၁၈ယ/၁၄၇၄၂ နံပါတ်တပ်ဆင်ထား‌သော ဆိုင်ကယ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီးစစ်‌ဆေးရှာ‌ဖွေရာ မူးယစ်‌ဆေးဝါး တစ်စုံတစ်ရာ မ‌တွေ့ရှိခဲ့ ‌သော်လည်း လှိုင်မျိုးနိုင် ဝတ်ဆင်ထား‌သော ဂျင်း‌ဘောင်းဘီ အိတ်ကပ်အတွင်းမှ ဓာတ်ပုံပါ တရုတ်နိုင်ငံ၊ ‌ရွှေလီရဲတပ်ဖွဲ့မှ ထုတ်‌ပေးထား‌သောစာအုပ်အစိမ်း(၁)အုပ်နှင့် ြမင့်လွင် လွယ်ထားသည့် လွယ်အိတ်အတွင်းမှ မူးယစ်‌ဆေးဝါးများသယ်‌ဆောင်‌ရောင်းဝယ်ရာတွင် အသုံးပြုသည်ဟု ယူဆရ‌သော မြန်မာ‌ငွေကျပ်သိန်း(၃၀)၊ တရုတ်ဖုန်းကက်အမှတ် ၁၅၁၈၄၉၆၉၉၉ဝ နံပါတ်တပ်ဆင် ထားသည့် SUMSOUNG အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ မြင့်လွင်(ခ)နစီးရိုးတင်း(ကျား) အမည်နှင့် ဓာတ်ပုံပါ ၇/တငန(နိုင်)၁၀၅၆၄၇ နံပါတ်ပါရှိ‌သော နိုင်ငံသားစိစစ်‌ရေးကဒ်(မူရင်း)(၁)ခု၊  မြင့်လွင် အမည်နှင့်ဓာတ်ပုံပါ ၇/တငစ(နိုင်)၁၀၅၆၄၇ နံပါတ်ပါရှိ‌သော တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်(၁)အုပ်၊ အမည်၊ ဓာတ်ပုံနှင့် passport NO –M 237733 နံပါတ်ပါ နိုင်ငံ ကူးလက်မှတ် နီ/ညို‌ရောင်စာအုပ်(၁)အုပ် စသည့်ပစ္စည်များ ‌တွေ့ရှိရပါသည်။

   သိုဖြစ်ပါ၍ မြင့်လွင်(အသက်(၃၅/၂၀၁၅)နှစ်၊ (ဘ)ဦးအာမင်း၊ ၇/တငန(နိုင်) ၁၀၅၆၄၇၊ ဘင်္ဂါလီ-‌မော/အစ္စလာမ်၊ ‌ရောင်းဝယ်လုပ်၊ အမှတ်(၆၄/၄၃)၊ အမှတ်(၁၄) ‌အောင်‌မေတ္တာရပ်ကွက်၊ နမ့်ခမ်းမြို့ )နှင့် လှိုင်မျိုးနိုင် (အသက်(၃၁/၂၀၁၅)နှစ်၊ (ဘ)ဦး‌ကျော်မြင့်၊ မပတ(မရှိ)၊ မြန် မာ/အစ္စလာမ်၊ ‌ရောင်းဝယ်လုပ်၊ အမှတ်(၁၀)၊ နတ်စင်(၆)လမ်း၊ သဃင်္န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) တို့နှစ်ဦးမှ ‌ကျောင်ရှင်ချန်း(ကျား)ထံမှ ဖမ်းစီးရမိ မူးယစ်‌ဆေးဝါးများအား တရုတ်နိုင်ငံ၊ ‌ရွှေလီမြို့၊ ရှင်းလီမူကြို ‌ကျောင်း‌ရှေ့(၄) ထပ်တိုက်တွင် အခန်းငှားရမ်း‌နေထိုင်သူ ချစ်စိန်(ကျား)( အသက်(၂၅)နှစ်ခန့်-မဖမ်းမိ‌သေး)မှ ကွက်ခိုင်မြို့နယ်၊ ‌ရှောက်‌ဟော်‌ကျေးရွာတွင် ‌နေထိုင်သည်ဟုသိရှိရသူ အား‌ဟောင်(ကျား) (အသက်(၃၀)နှစ်ခန့် -မဖမ်းမိ‌သေး) ဆိုသူထံမှဝယ်ယူသယ်‌ဆောင်ခိုင်း‌သော ပစ္စည်းများဖြစ်‌ကြောင်း ‌ပြောပြသိရှိခဲ့ရသဖြင့် မူးယစ်‌ဆေးဝါး သယ်‌ဆောင် ‌ရောင်းဝယ်သူများဖြစ်ကြသည့် အဆိုပါ(၅)ဦးအ‌ပေါ် ရဲအုပ် ဆန်းဝင်း‌အောင် မှတရားလိုပြုလုပ်၍ နမ့်ခမ်းမြို့မရဲစခန်း၊ မယ(ပ)၆၀/၂၀၁၅၊ မူး/စိတ်ပုဒ်မ၁၅/၁၉ (က)/၂၀(က)/၂၁ အရ ၉-၆-၂၀၁၅ ရက်‌နေ့ ဝ၁၀၁ အချိန်အမှုဖွင့်အ‌ရေးယူထားလျှက် ရှိ‌ကြောင်း သတင်းရရှိပါသည်။

                                                                                                                                                  အောင်‌ကျော် (Iprd)

                                                                                                                                                           02851589

                                                                                                                                                 မူဆယ်ခရိုင်ပြန်ဆက်

 

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၆/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၁၅)ကျင်းပ

တောင်ကြီး  ဇွန်  -  ၁၁

1109

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၆/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၁၅)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၁၅) အခမ်းအနားကို  ဇွန်လ(၁၁)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ များ အနေဖြင့် အစီရင်ခံစာပါ မြေမှုကိစ္စများကို မြန်မြန်ဆန်ဆန် ပြီးပြတ်စေရန်နှင့် စွန့်လွှတ်အပ်နှံမြေများ တောင်သူလက်ထဲ စိုက်ပျိုးချိန်အမှီ အမြန်ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ရန် စွန့်လွှတ်ပေးအပ်မှုများကိုလည်း ခရိုင်မြို့နယ်အလိုက် ပေးအပ်ပြီး ပြည်နယ်မှသတင်းထုတ်ပြန်ပေးရန် ကွင်းဆင်းပြန်စိစစ်ပြီး၊ မြေအသုံးချမှု စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ ပြန်တင်ပြပေးရန် တောင်းခံလာမှုအားလည်း ဆောင်ရွက်မှု တင်ပြရန်လိုအပ်မှာဖြစ်ကြောင်း၊ အဓိကဖြေရှင်းရာတွင် အကြောင်းအရင်းခိုင်မာ မစွန့်လွှတ်သာများကို ခိုင်ခိုင်မာမာစိစစ်ထားရန် ဥပဒေအကြောင်းအရာမှာလည်း အမှန်တကယ် ပုဂ္ဂလိကချင်းဖြစ်ပွား အငြင်းပွားသည့် မြေကိစ္စများကို မှားယွင်းတိုင်းကြားရင်လည်း မြေနေရာရှာမတွေ့မှု၊ လူမတွေ့သည့်ကိစ္စ နေရာမှားယွင်းသည့် ကိစ္စများကို စိစစ်ဖော်ပြပေးရန်၊ စွန့်လွှတ်သည့် ကိစ္စများကိုလည်း တောင်သူလက်ထဲအမှန်ရောက်ရန်၊ အမှန်တကယ်ပိုင်ဆိုင် ခဲ့သူရှိရန်လိုအပ်ကြောင်း၊ မသက်ဆိုင်သူရရှိသာမျိုးမဖြစ်စေရန်၊ စွန့်လွှတ်မြေကိစ္စများကို တောင်သူလက်ထဲ မရောက်ရှိသေး သည့် ကိစ္စများကိုလည်း ရှင်းလင်းမှုပြုပေးရန်၊ အငြင်းပွားနေမှု စွန့်လွှတ်လိုက်သည့် အပိုင်းကရပြီး၊ မစွန့်လွှတ်သေးသည့် အပိုင်းကမရရှိသည့်အတွက် ဖြစ်ပေါ်နေမှုများကို ရှင်းပြဖို့လိုကြောင်း၊ ခရိုင်၊ မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနအထောက်အကူပြုအဖွဲ့၊ မြို့မိမြို့ဖ၊ တောင်သူကိုယ်စားလှယ်များနှင့် ပူးပေါင်းဖြေရှင်းရာတွင် မြေအသုံးချမှု စီမံခန့်ခွဲရေးအဖွဲ့ဝင်တွေမစုံ၊ တောင်သူမစုံပဲ ဖြေရှင်းမှုမျိုး သက်ဆိုင်ရာခေါ်မတွေ့ ကွင်းမဆင်းပဲ ဆောင်ရွက်နေတာမျိုး မှတ်တမ်းအားနည်းခြင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းမှုအားနည်းခြင်း၊ ပြီးစလွယ်လုပ်နေမှုတွေကို မဖြစ်စေရန် ခရိုင်များက ကြပ်မတ်ပေးရန်မှာကြားလိုကြောင်း၊ မြေအသုံးချမှုခွင့်ပြုသည့် ကိစ္စများကိုလည်း စနစ်တကျဖြစ်ရန် ကြပ်မှတ်ပေး ဖို့လိုအပ်ကြောင်း၊ ပြောကြားသွားသည်။

   ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးမှု စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၅)၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၅)တင်ပြချက်များ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၅)တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကြပြီး၊ တက်ရောက်လာကြသည်များမှ အထွေထွေဆွေးနွေးတင်ပြ ကြကြောင်းသိရသည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊ ပအိုဝ်း/ ဓနုကိုယ်ပိုင်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ ဦးစီးအရာရှိကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြေစာရင်းဦးစီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။                    

                                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းဆတ်၌ သိမ်းဆည်းမြေများပြန်လည်စွန့်လွှတ်ပေးအပ်

မိုင်းဆတ် ဇွန် ၈

1104

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ရှိ တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးအပ် သည့် သိမ်းဆည်းလယ်ယာမြေများအား မူလပိုင်ရှင်များထံသို့ စတုတ္ထအကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကို ဇွန် ၈ ရက် နေ့လည် (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်သည်။

   အခမ်းအနားတွင် ခရိုင်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးနိုးဝေက တပ်သိမ်းလယ်ယာမြေများ ပြန်လည်စွန့်လွှတ်ပေးအပ်သည့် မြေယာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်မြေယာအသုံးချမှု စီမံခန့် ခွဲရေးကော်မတီဥက္ကဌ ဦးအေးနိုင်က မြေယာအငြင်းပွားမှုဆိ်ုင်ရာကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ 

   ထို့နောက် ခရိုင်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးနိုးဝေနှင့် မြို့နယ်မြေအသုံးချမှု  စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးအေးနိုင် တို့က မယ်ဆွမ်တောင်၊ မယ်ဆွမ်မြောက်၊ ကောင်းမှုတန်နှင့် မယ်နင်ကျေးရွာ အုပ်စု အတွင်းရှိ တောင်သူ(၁၀၁)ဦးသို့ တပ်မတော်မှ ပြန်လည်စွန့်လွှတ်သည့် သိမ်းဆည်း လယ်ယာမြေ ၉၆ ဒဿမ ၂၈ ဧကကို ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

                                                                                                                                                                                                 သန်းဇော်(iprd)

သတင်းဓာတ်ပုံ - ( ၈ ) ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတတ်‌ရေးကွင်းဆင်း‌ဆောင်ရွက်

မူဆယ် ဇွန်လ(၅)ရက်

 1103

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ‌မော်‌တောင်း‌ကျေးရွာတွင် ‌သောက်သုံး‌ရေရှိ‌ရေးနှင့်ရွာချင်းဆက် ကျောက်‌ချောလမ်းခင်းနိုင်ရရှိ‌ရေးအတွက် (၆-၆-၂၀၁၅)ရက်၊ နံနက်(၉)နာရီ အချိန်တွင်တာဝန်ရှိသူများနှင့်‌ကျေးရွာ ပြည်သူများ‌တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

   အဆိုပါ‌တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်လွတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်း‌ငွေ‌ငွေ၊ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်‌ကျော်ထွန်း၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကိုကို‌ဇော်၊ ‌ကျေးလက်ဦးစီးဌာနမှ ဒုတိယညွန်ကြား‌ရေးမှူး ဦးစိုင်း‌လောင်ခမ်း နှင့် ရုံးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်‌ရေးမှူးများ၊ ရပ်မိရပ်ဖများ နှင့် အ‌ထောက်အကူပြု‌ကော်မတီအဖွဲ့ဝင်များအားလုံး သည် “‌မော်‌တောင်း‌ကျေးရွာ”တွင် ဂါလံ(၂၀၀၀) ဆံ့ ‌ရေကန်‌ဆောက်လုပ်မည့်‌နေရာကို ကြည့်ရှုစစ်‌ဆေးသည့်အပြင် “‌မော်‌တောင်း‌ကျေးရွာ နှင့် ခိုတိန်ရွာ မှဆက်သွယ်‌သောလမ်းကို ‌ကျောက်‌ချောလမ်း (၁)မိုင်ခွဲ လမ်းခင်းနိုင်ရန်အ တွက်မြို့နယ်ဖွံ့ဖြိုးတိုးတတ်‌ရေးရံပုံ‌ငွေဖြင့်ခွင့်ပြု‌ပေးသွားမည်ဖြစ်ပါသည်။ ဆက်လက်၍‌ဒေသခံ‌ကျေးရွာများဖြစ်‌သော ဦးအိုက်ထွန်းက‌ဒေသခံများ၏ အဓိက လိုအပ်‌သော ‌ရေကန် နှင့် ‌ကျောက်‌ချောလမ်းအတွက်နိုင်ငံ‌တော်နှင့်တာဝန်ရှိသူ အဆင့်ဆင့်အားအထူး‌ကျေးဇူးတင်ရှိ‌ကြောင်း” သိရှိရပါသည်။

                                                                                                                                                        အယ်လ်စိုး(iprd)

မှ-

အယ်လ်စိုးထန်တူး

0936146337

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၂၀၁၅ခုနှစ် မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ အထူးသင်တန်းအမှတ်စဉ်(၂/၂၀၁၅) ဆင်းပွဲကျင်းပ

လားရှိုး    ဇွန် ၈

1107

   ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ကမ္ဘောဇခန်းမ တွင် ဇွန်လ (၈)ရက် နံနက်(၉)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ၂၀၁၅ခုနှစ် မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ အထူးသင်တန်းအမှတ်စဉ် (၂/၂၀၁၅) ဆင်းပွဲကိုကျင်းပရာ ရှမ်းပြည်နယ်၊ ပညာရေးညွှန်ကြားရေးမှူးရုံး(ရုံးခွဲ)၊ဒုတိယညွှန်ကြားရေးမှူး ဦးရဲညွန့် ကသင်တန်းဆင်း အမှာစကားပြောကြားသည်။ ၂၀၁၅ခုနှစ်မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ အထူးသင်တန်းအား လားရှိုးခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပ၍ လားရှိုးခရိုင်မှ  သိန်းနီ၊လားရှိုး၊မိုင်းရယ် မှ သင်တန်းသား၊သင်တန်းသူ(၂၅၉)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကိုမေ (၄)ရက်မှဇွန်(၈)ရက်အထိကျင်းပပြုလုပ်ခဲ့သည်။

   သင်တန်းတွင် စာပေနှင်ဖွံ့ဖြိုးရေးဘာသာရပ် ထူးချွန်ဆုများရရှိသူ တို့အား ရှမ်းပြည်နယ်၊ပညာရေးညွှန်ကြားရေးမှူးရုံး(ရုံးခွဲ)၊ဒုတိယညွှန်ကြားရေးမှူး ဦးရဲညွန့် က ပေးအပ်ပြီး သင်တန်းဆင်းလက်မှတ်များကို လားရှိုးခရိုင် ပညာရေးမှူး ဒေါ်ခင်ဝင်းဆွေက ပေးအပ်ခဲ့သည်။

   သင်တန်းဆင်းပွဲ အခမ်အနားသို့ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကြူ၊သင်တန်းနည်းပြများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ကြသည်။

                                                                                                                                                                                              ဟန်ဌေး (လားရှိုး)

ခရိုင်ပြန်/ဆက်

လားရှိုး

၀၉၄၀၃၇၁၁၈၉၆

 

 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး‌နေ့သစ်ပင်စိုက်မျိုးပွဲ‌တော် ကျင်းပ

မူဆယ် ဇွန်လ(၅)ရက်

1102

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့  ဇွန်လ(၅)ရက်‌နေ့တွင် ကျ‌ရောက်လာမည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး‌နေ့ကို ဂုဏ်ပြုဆိုကြိုဆို‌သောအားဖြင့် ‌ရွှေသမင်‌ဂေါက်ကလပ် သစ်‌တောဝန်း၌  ဌာနဆိုင်‌ပေါင်းစုံနှင့် ‌ကျောင်းသူ/‌ကျောင်းသာများ သစ်ပင်စိုက်ပျိုးပွဲ‌တော်ကို (၅) ရက်‌နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။

   အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ရှမ်းပြည်နယ်လွတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်း‌ငွေ‌ငွေ၊ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်‌ကျော်ထွန်း၊ ခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီးမင်းမင်းဦး၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကိုကို‌ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးသန်း၊ သစ်‌တောဦးစီးဌာနမှ လက်‌ထောက်ညွန်ကြား‌ရေးမှူး ဦးသန့်‌ဇော်ဦး၊ သစ်‌တောဦးစီးအရာရှိ ဦးဟန်မင်း‌အောင် နှင့် ရုံးအဖွဲ့များ၊ ခရိုင်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဌ ‌ဒေါ်ထားထားဝင်းနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်က‌လေးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ယဉ်‌ကျေးမှုအဖွဲ့များ၊ ဆရာ/မ များနှင့် ‌ကျောင်းသား/သူများ၊ ရပ်မိရပ်ဖများ အင်အား(၃၀၀)‌ကျော်တို့မှ တက်‌ရောက်ခဲ့သည်။ 

   “လူသားသန်း ၇၀၀ဝ ရဲ့ ‌မျှော်မှန်းချက်‌တွေပြည့်ဖို့ တို့ကမ္ဘာကြီးကို ထိန်းသိမ်း‌စောင့်‌ရှောက်စို့” ဟူ‌သော ‌ဆောင်ပုဒ်ဖြင့် ကမ္ဘာကြီးပူ‌နွေးလာမှု အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ ထို့‌ကြောင်း ဒီ‌ရေ‌တောများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ‌နေရာအနှံ့ ပတ်ဝန်းကျင်သာယာဆို‌ပြေ‌ရေးအတွက် သစ်ပင်များ စိုက်ပျိုးကြသည်။ ယင်းသစ်ပင်စိုက်ပျိုးပွဲ‌တော်သို့ စိုက်ပျိုုးထား‌သောသစ်ပင်များမှာ မ‌ဟော်ဂနီအပင်(၅၀)၊ ပိ‌တောက်(၅၀)၊ ချယ်ရီ(၃၀၀)၊ ပင်လယ်ကဖီး(၂၀၀)၊ ထင်ရှူး(၂၀၀)၊ စိမ်းဝါ‌မြေ(၂၀၀) စုစု‌ပေါင်းအပင်အမျိုး‌ပေါင်း(၁၀၀၀)ကို စိုက်ပျိုးခဲ့ကြ‌ကြောင်း သိရှိရပါသည်။

 

 

                                                                                                                                                                                           အယ်လ်စိုး(iprd)

မှ-

အယ်လ်စိုးထန်တူး

09-403763372

 

မိုင်းဆတ်၌ ဘိန်းအစားထိုးသီးနှံ ပုလဲသွယ်စပ်မျိုးစပါးနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲ ကျင်းပ

မိုင်းဆတ် ဇွန် ၈

1106

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ဘူးဒေါ့ကျေးရွာ ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဘိန်းအစားထိုးသီးနှံ ပုလဲသွယ်စပ်မျိုးစပါးနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၈ ရက် နံနက် ၉ နာရီက ကျင်းပရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။

   အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်းက ဘိန်းအစားထိုးသီးနှံ ပုလဲသွယ်စပ်မျိုးစပါးနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆက်လက်ထောက်ပံ့ပေးအပ်မည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး အမှတ်(၂၉)၊ မူးယစ်(အထူး)အဖွဲမှ ဒုတိယရဲမှူး မြင့်နိုင်ဦးက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်း လဲစေသော ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကို ရှင်းလင်း ဟောပြောသည်။

   ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်း၊ အမှတ်(၂၉)၊မူးယစ်(အထူး)အဖွဲ့မှ ဒုတိယရဲမှူး မြင့်နိုင်ဦး၊ မြို့နယ်ရဲစခန်းမှူး၊ ဒုတိယရဲမှူး သန့်ဇော်ဦးနှင့် မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမင်းထွန်း တို့က ဘူးဒေါ့ကျေးရွာရှိ တောင်သူ(၂၀)ဦးသို့ ပုလဲသွယ်စပ်မျိုးစပါး  ၁ဝ ဧကအတွက်( ၈၀ )ကီလိုနှင့် ဓာတ်မြေဩဇာ ကီလို ၅ဝ အိတ် (၁၅)အိတ် ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြော ကြားခဲ့ကြောင်း သိရသည်။

                                                                                                                                                                                            သန်းဇော်(iprd)

သတင်းဓာတ်ပုံ - ( ၉ )ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

 

၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် လူမှုစောင့်ရှောက်ရေး၊ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်း အမှတ်စဉ်(၈/၂၀၁၅)ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇွန် - ၇

1087

   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ထပ်မံပေးပို့သော အသက်(၁၀၀)နှစ်နှင့် အထက်သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေများ ပေအပ်းခြင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် လူမှုစောင့်ရှောက်ရေး၊ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်း အမှတ်စဉ်(၈/၂၀၁၅)ဖွင့်ပွဲကို  ဇွန်(၇)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်အနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အမှာစကြားပြောကြားသည်။

1088

   ဆက်လက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အကြောင်းရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အထက် သက်ကြီးဝါကြီး၊ အဘိုး၊ အဘွား (၃)ဦးအား ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေပေးအပ်ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်မှ တာချီလိတ်မြို့နယ် မှ အဘိုးဦးအိုက်ခမ်း(၁၁၈)နှစ်၊ တာချီလိတ်မြို့နယ်မှ အဘွားဒေါ်အီဆု(၁၁၆)နှစ်၊ မိုင်းပျဉ်းမြို့နယ်မှ အဘွား ဒေါ်အီနွယ်(၁၀၂)နှစ်တို့ကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေပေးအပ်ရာ ၎င်းတို့၏ ကိုယ်စားရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက လက်ခံရယူပေးသည်။

   ထိုနောက် ထောက်ပံ့ငွေများပေးအပ်ရာ တောင်ကြီးမြို့နယ် ဓမ္မဝိဒူလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့ ထောက်ပံ့ ငွေကျပ်(၁၀၇၄၀၀၀ဝိ/-)နှင့် ငြိမ်းချမ်းရေးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့ ထောက်ပံ့ငွေကျပ် (၇၈၁၁၀၀ဝိ/-)၊ တောင်ကြီးမြို့နယ်၊ အေးသာယာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့ ထောက်ပံ့ငွေကျပ် (၇၂၂၇၀၀ဝိ/-)နှင့် ဒေါ်ကြီးဒေါ်ငယ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့ ထောက်ပံ့ငွေကျပ်(၅၉၃၂၀၀ဝိ/-)၊ တောင်ကြီးမြို့နယ် သူငယ်တော်ယေဇူး မသန်စွမ်း စောင့်ရှောက်ရေးဂေဟာသို့ ထောက်ပံ့ငွေကျပ်(၅၇၃၀၀၀ဝိ/-)နှင့် အမျိုးသမီးရေးရာ ပရဟိတဂေဟာသို့ ထောက်ပံ့ငွေကျပ် (၃၅၀၈၀၀ဝိ/-)၊ တောင်ကြီးမြို့နယ် ဟမ်းဆီးလူငယ်ဖွံ့ဖြိုးရေးဂေဟာသို့ ထောက်ပံ့ငွေကျပ်(၃၄၈၀၀၀ဝိ/-)နှင့် ရှမ်းရိုးမဘိုးဘွား ရိပ်သာသို့ ထောက်ပံ့ငွေကျပ် (၆၉၀၀၀ဝိ/-)၊ ဖယ်ခုံမြို့နယ် လအိလူငယ်ဖွံ့ဖြိုးရေး လူငယ်ပရဟိတဂေဟာသို့ ထောက်ပံ့ငွေကျပ် (၈၈၇၀၀၀ဝိ/-)နှင့် လပင်နွဲ့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေကျပ်(၈၆၈၇၀၀ဝိ/-)၊ ဖယ်ခုံမြို့နယ် စလင်းလူငယ် ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၈၁၄၀၀၀ဝိ/)နှင့် ဆိုင်ခွန်တောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၄၈၁၈၀၀ဝိ/-)၊ ဖယ်ခုံမြို့နယ် နတ်တောကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၄၅၉၄၀၀ဝိ/-)နှင့် ဘီကင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၄၀၉၇၀၀ဝိ/-)၊ ဖယ်ခုံမြိုနယ် လကျီနွဲ့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၃၅၇၂၀၀ဝိ/-)နှင့် ဇီးဖြူတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၃၅၀၀၀ဝိ/-)၊ ညောင်ရွှေမြို့နယ် မိုင်းသောက် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၆၇၈၄၀၀ဝိ/-)နှင့် ဇေယျသုခ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၂၅၂၀၀၀ဝိ/-)၊ ပင်လောင်မြို့နယ် နန်းဟူး လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ထောက်ပံ့ငွေ(၄၆၅၀၀၀ဝိ/-)နှင့် ထီးနားကောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ထောက်ပံ့ငွေ(၂၄၆၅၀၀ဝိ/-)၊ ကလောမြို့နယ် ပစ္ဆိမာရုံ(အောင်ပန်း) လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ထောက်ပံ့ငွေ(၇၄၄၁၀၀ဝိ/-)နှင့် ရပ်စောက်မြို့နယ် သုခကာရီ ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ(၄၂၀၀၀ဝိ/-)၊ တောင်ကြီးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၅၀)ကျောင်းသို့ ထောက်ပံ့ငွေ(၃၀၀၀၀၀၀ဝိ/-)၊ လင်းခေးမြို့နယ် မတ်ကျိုင်းမွန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၃၅၂၁၀၀ဝိ/-)နှင့် လင်းခေးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း(၅)ကျောင်းသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀ဝိ/-)၊ လွယ်လင်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း(၁၃)ကျောင်းသို့ ထောက်ပံ့ငွေ (၇၈၀၀၀၀ဝိ/-)နှင့် လားရှိုးမြို့နယ် ကက်သလစ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၅၂၈၀၀၀ဝိ/-)၊ လားရှိုးမြို့နယ် မေတ္တာရင်ခွင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၃၉၀၀၀၀ဝိ/-)နှင့် ဆင်းရွှေလီ ဘိုးဘွားရိပ်သာ သို့ ထောက်ပံ့ငွေ(၁၈၂၅၀၀ဝိ/-)၊ လားရှိုးမြို့နယ် ရှမ်းမိဘမဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၅၀၀၀၀ဝိ/-)နှင့် ဧလိမ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၂၆၀၀၀ဝိ/-)တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်မှ ပေးအပ်ရာ ဂေဟာအသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူ၍ လည်းကောင်း၊ မိုင်းရယ်မြို့နယ် ဟိုရ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၆၁၃၂၀၀ဝိ/-)နှင့် ကွမ်းလုံမြို့နယ် တောင်တန်းသာသနာပြု လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၆၅၀၀၀ဝိ/-)၊ လားရှိုးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၆)ကျောင်းသို့ ထောက်ပံ့ငွေ(၉၆၀၀၀၀ဝိ/-)၊ နမ့်ခမ်းမြို့နယ် လွယ်ဟွမ်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၇၇၆၇၀၀ဝိ/-)နှင့် ပန်ရုပ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၃၆၅၀၀၀ဝိ/-)၊ မူဆယ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၃)ကျောင်းသို့ ထောက်ပံ့ငွေ(၁၈၀၀၀၀ဝိ/-)နှင့် နောင်ချိုမြို့နယ်၊ ဟော်တော် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၅၁၁၀၀၀ဝိ/-)၊ ကျောက်မဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း (၇)ကျောင်းသို့ ထောက်ပံ့ငွေ(၄၂၀၀၀၀ဝိ/-)နှင့် မိုးမိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂)ကျောင်းသို့ ထောက်ပံ့ငွေ(၁၂၀၀၀၀ဝိ/-)၊ တာချီလိတ်မြို့နယ် ရွှေတောင်တန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၇၃၇၃၀၀ဝိ/-)နှင့် အောင်မင်္ဂလာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၄၈၉၁၀၀ဝိ/-)၊ တာချီလိတ် မြို့နယ်၊ တာချီလိတ်ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ(၁၆၀၆၀၀ဝိ/-)နှင့် ပြည့်စုံသက်သာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၂၀၀၀၀ဝိ/-)၊ တာချီလိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၇)ကျောင်းသို့ ထောက်ပံ့ငွေ(၁၀၂၀၀၀၀ဝိ/-)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံဘိုးဘွားရိပ်သာ သို့ ထောက်ပံ့ငွေ(၅၄၀၀၀ဝိ/-)နှင့် စိန်မေရိ မသန်စွမ်း ဂေဟာသို့ ထောက်ပံ့ငွေ(၈၁၀၀၀ဝိ/-)၊ ကျိုင်းတုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း (၉)ကျောင်းသို့ ထောက်ပံ့ငွေ(၅၄၀၀၀ဝိ/-)နှင့် မိုင်းဆတ်မြို့နယ် မဟာမြတ်မုနိလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၂၅၅၀၀၀ဝိ/-) တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ရာ ဂေဟာအသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘုရားဖြူမသန်စွမ်းပရဟိတဂေဟာ အတွက် အလှူငွေကျပ်သိန်း(၅၀)ကို ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ မသန်စွမ်းပရဟိတဂေဟာ တစ်ဦးမှ လက်ခံရယူကြောင်း သိရသည်။

   ၎င်းနောက် တောင်ကြီးမြို့နယ် ဂေဟာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်မြင့်က ကျေးဇူးတင်စကားပြန်လည်း ပြောကြားပြီး၊ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဝါကြီး(၃)ဦးအတွက် ထောက်ပံ့ငွေ(၆၀၀၀၀ဝိ/-) ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၁၆၀၈၄၇၀၀ဝိ/-)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၅၄၈၇၄၀၀ဝိ/-)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၃၄၅၇၀၀၀ဝိ/-)၊ စုစုပေါင်းထောင်ပံ့ငွေကျပ်သိန်းပေါင်း(၂၄၇၈)သိန်း(၉)သောင်း (၁)ထောင်ဖြစ်ကြောင်း သိရှိရသည်။

                                                                      မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းဆတ်၌ မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်း(၂/၂၀၁၅)ဆင်းပွဲ ကျင်းပ

မိုင်းဆတ် ဇွန် ၈

1105

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမဆောင်၌ ဇွန် ၈ ရက် နံနက် ၈ နာရီခွဲက  မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်း(၂/၂၀၁၅)ဆင်းပွဲ အခမ်းအနား ကျင်းပရာ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက် သည်။

   အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် မိုင်းဆတ်မြို့နယ်ဒုတိယ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်ထွန်းတို့က သင်တန်းဆင်းအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရာ ပထမဆုရရှိသူ မိုင်းတုံမြို့နယ်မှ ဆရာမ ဒေါ်ချိုဇင်ဝင်း၊ ဒုတိယဆုရရှိသူ မိုင်းတုံမြို့နယ်မှ ဆရာမ ဒေါ်ခိုင်စိုးလင်း နှင့် တတိယဆုရရှိသူ မိုင်းဆတ်မြို့နယ်မှ ဆရာ ဦးဘွဲ့လွန်ဆန်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်သည်။ 

   ထို့နောက်  သင်တန်းဆင်းလက်မှတ်များကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်ဇော်ထွန်း က ပေးအပ်ချီးမြှင့် ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုဝင်း တို့က (၁၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း ပြိုင်ပွဲ ဆုရ ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ရာ သင်တန်း သား/သူများကိုယ်စား ဆရာဦးကျော်သက်ခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။  

ယင်းနောက် သင်တန်းသား/ သူများက   အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

 

                                                                                                                                                                                       သန်းဇော်(iprd)

သတင်းဓာတ်ပုံ - (   ၁၄   )ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ အရာထမ်းအမှုထမ်းအိမ်ရာ၊ ပြည်သူ့ဝန်ထမ်းအိမ်ရာ ကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် - ၆

1089

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင် များနှင့် အတူ ဇွန်(၆)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ 'ဝ'မင်းကုမ္ပဏီနှင့် ဖြူစင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် ဝေးပြေးယာဉ်ရပ်နားစခန်း ရှင်းလင်းဆောင်ခန်းမတို့ ရောက်ရှိလာရာ 'ဝ'မင်းကုမ္ပဏီနှင့် ဖြူစင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် လျှက်ရှိသော Taunggyi High Way Bus Terminal & Logistic Worehouse တည်ဆောက်မည့် ယာဉ်ရပ်နားစခန်း အဆောက်အဦပုံစံများ၊ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ယာဉ်ရပ်နားနိုင်မည့်နေရာများ၊ ယာဉ်အဝင်၊ အထွက်များတို့ကို 'ဝ'မင်းကုမ္ပဏီတာဝန်ခံဒါရိုက်တာ ဦးနောင်မြင့်ဝင်းမှ Projector ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးတို့မှ မိမိတို့နှင့် သက်ဆိုင်သောလုပ်ငန်းကိစ္စရပ်များရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီမှ တာဝန်ရှိသူတို့သည့် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်မည့် နေရာများနှင့် အဆောက်အဦတည်ဆောက်မည့် ပစ္စည်းများတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်းသိရသည်။

1099

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အရာထမ်းအမှုထမ်းလေးခန်းတွဲ အဆောက်အဦတည်ဆောက်နေမှုတို့ သွားရောက်ကြည့်ရှုရာ ပြည်နယ်မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်မှ လုပ်ငန်းနှင့် ပတ်သက်၍ အဆောက်အဦပထမထပ်ပြီးစီးမှုအချို့အခြေအနေနှင့် လျှပ်စစ်မီးကဏ္ဍ၊ ရေရရှိရေး ကဏ္ဍများကို ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး၊ အဆာက်အဦတည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် မင်းကျန်စစ်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျှက်ရှိသော အေးသာယာပြည်သူ့ဝန်ထမ်းအိမ်ရာ ရှင်းလင်းဆောင်ခန်းမတို့ ရောက်ရှိလာရာ ကုမ္ပဏီတာဝန်ရှိသူများမှ ပြည်သူ့ဝန်ထမ်းအိမ်ရာများ၊ အုပ်စုအလိုက် အဆောက်အဦ တည်ဆောက်နေမှုနှင့် ပြီးစီးမှုအခြေအနေများတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ အေးသာယာပြည်သူ့ဝန်ထမ်း အိမ်ယာပုံစံငယ်များနှင့် လုပ်ငန်းခွင်အတွင်း အဆောက်အဦတည်ဆောက် ပြီးစီးမှုအချို့တို့ကို သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရသည်။

                                                                                                                                                                             မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. မြို့နယ်အခြေပြုမူလတန်းဆရာအတတ်ပညာ၊ သင်တန်းဆင်းပွဲကျင်းပ
  2. MSI၏ နိုင်ငံတကာပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်းနှင့် ပညာရေးဆွေးနွေး
  3. ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တောင်ကြီးမြို့၌ ကျင်းပ
  4. အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  5. ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကြည့်ရှုအားပေး
  6. မူးယစ်‌ဆေးဝါးသုံးစွဲမှုနှင့် HIV ပိုးကူးစက်မှုအန္တရာယ် အသိပညာ‌ပေး ‌ဟော‌ပြောပွဲကျင်းပ
  7. မိုင်းဆတ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်
  8. မူဆယ်တွင်ထား‌သော စားသုံးရန်မသင့်‌သောကုန်စည်များကို မီးရှို့ဖျက်ဆီး
  9. မိုင်းဆတ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးပိုစတာများစိုက်ထူ
  10. မိုင်းဆတ်၌ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းအကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 94 guests and no members online