သတင်းများ

Articles

တောင်ကြီးမြို့၌ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်ကျင်းပ

တောင်ကြီး   မေ   ၃၁

1068

   ၂၀၁၅ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မေ (၃၁)ရက်၊ နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်အတွင်းရှိ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရွှေဥမင်လှိုဏ်ဂူအနီးတစ်ဝိုက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးကင်းစင်သည့်နေရာအဖြင့် သတ်မှတ်ရန် ကျန်းမားရေးဝန်ကြီးဌာနနှင့် South Eastern Asia Tobacco Control Alliance(SEATCA)တို့ သဘောတူရရှိခဲ့ပြီး၊ (၂၁.၅.၂၀၁၅)ရက်နေ့မှ (၂၂.၅.၂၀၁၅)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော 3rd Regional Meeting on Tobacco Control in ASEAN Countriesမှ ကြေငြာခဲ့ပြီးဖြစ်ကြောင်း မကြာမီတွင် အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်သည့်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ အစွမ်းကုန်ကူညီပေးကြရန် ပြောကြား သွားကြောင်းသိရသည်။

   ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်၏ သဝဏ်လွှာအား ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေမှ  ဖတ်ကြားပြီး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ပတ်သက်သည့် ဥပဒေများ အကြောင်းကို ဒုတိယပြည်နယ်ဥပဒေအရာရှိ ဦးကြည်ခင်မှ ဟောပြော၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးများနှင့်  ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ကျန်းမာရေးပညာပေးပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

                                                                             မောင်မောင်သန်း(တောင်ကြီး)

 

သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေးစာရင်း ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလုပ်ရုံဆွေးနွေး

တောင်ကြီး မေ  -  ၃၀

1066

   သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေးစာရင်း ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ နှင့် ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် လူငယ်၊ လူရွယ်များကို လူမှုရေး၊ နိုင်ငံရေးအသိအမြင်များ မြှင့်တက်လာစေရန်နှင့် လိုအပ်ချက်များ လျော့နည်းလာစေရန် မြှင့်တင်ပေးခြင်းဖြင့် တိုင်းပြည်အတွက် ရှု့ထောင့်စုံအတွင်းအကျိုးပြုလာနိုင်ကြပြီး၊ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော လူအတိုင်းအဝိုင်းတစ်ခုဖြစ်ပေါ်လာစေရန် မေ(၃၀)ရက် နံနက်(၉)နာရီက တောင်ကြီး ဟိုတယ်ခန်းမ၌ ဒါနရှေ့ဆောင်မြန်မာ အစီအစဉ်ဒါရိုက်တာ ဒေါ်နွေးနွေးထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကား၌ ပြောကြားသွား ကြောင်းသိရသည်။

   ဆက်လက်၍ သန်းခေါင်စာရင်း အကြောင်းမိတ်ဆက်ခြင်းနှင့် ၂၀၁၄သန်းခေါင်စာရင်း အကြောင်းအရာအား အကြီးတန်းသင်တန်းရေးရာ၊ အရာရှိဦးမြတ်မင်းဦးမှ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေးစာရင်း ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွက်ချက်များ၊ သန်းခေါင်စာရင်း အဓိပ္ပယ်များ၊ ဘာကြောင့်သန်းခေါင်စာရင်းကောက်ရသလဲ မြန်မာနိုင်ငံ သန်းခေါင်စာရင်း သမိုင်းကြောင်းများ၊ စာရင်းကောက်မေးမြန်းသည့် မေးခွန်းများ စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းသွားပြီး၊ မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းအချက်အလက်များ တိကျမှန်ကန်စေရန် အဆင့်ဆင့်ဆောင်ရွက်ချက်များ ကို Video ဖိုင်ဖြင့် ပြသကြောင်းသိရသည်။

   ထို့နောက် အချက်အလက်ကောက်ယူခဲ့သည့် ကဏ္ဍများနှင့် သန်းခေါင်စာရင်းရလဒ်များ၏ အသုံးဝင်ပုံကို တက်ရောက် လာသူများမှ အဖွဲ့လိုက်ဆွေးနွေးခြင်းနှင့် ပြန်လည်ရှင်းလင်းတင်ပြကြ၍ အမေးအဖြေကဏ္ဍများကို ပြုလုပ်ကြသည်။ အဆိုပါခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ခရိုင်၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး

တောင်ကြီး မေ - ၃၀

1065

   ၂၀၁၅ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို မေ(၃၀)ရက် နံနက်(၇)နာရီခွဲက တောင်ကြီးမြို့ သစ်တောရပ်ကွက် အိမ်တော်တက်လမ်း၊ လမ်းဘေးဝဲယာနှစ်ဘက်တွင်း စိုက်ပျိုးကြကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မြို့သာယာလှပရေးအတွက် သစ်တော၊ သစ်ပင်များ စိမ်းလန်းဝေဆာနိုင်ရန် အတွက် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန နှင့် လူမှုရေးအသင်းအဖွဲ့ ဖြစ်သည့် ချယ်ရီချစ်သူတို့နှင့် ပူးပေါင်း၍ ချယ်ရီအပင်(၁၀၀)၊ စိန်ပန်းနီ(၆၅)ပင်၊ စိန်ပန်းပြာ(၆၅)ပင် စုစုပေါင်း အပင်(၂၃၀)ပင်ကို စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။

                                                            မောင်မောင်သန်း(တောင်ကြီး)

 

၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်

တောင်ကြီး မေ - ၂၉

1064

   တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ ၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို မေ(၂၉)ရက် မွန်းလွှဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တောင်ကြီးမြို့နယ်  စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက အဖွင့်အမှာစကားပြောကြားရာ ပညာသင်စရိတ် ထောက်ပံ့ငွေများကို ပေးအပ်ရာတွင် မိဘများအနေဖြင့် မိမိ၏သား၊ သမီးများကို ပညာသင်ကြားရေးတွင် ဦးစာပေး ဆောင်ရွက်သွားကြရန်နှင့် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာရန် မိဘများက ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်ပေးကြရန် ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ ၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေ ပေးအပ်ရာ စီမံဌာနစိတ်နှင့် ငွေစာရင်းဌာနစိတ်၊ အခွန်ဌာနစိတ်တို့ကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဒေါ်သီတာသောင်းစိန်မှ ပေးအပ်ရာ ဌာနစိတ်၏ ကိုယ်စားဒုတိယဦးစီးမှူးနှင့် ကျောင်းသားတစ်ဦးတို့က လက်ခံရယူ၍ လည်းကောင်း၊ သန့်ရှင်းရေး ဌာနစိတ်၊ စည်းကမ်းထိန်းဌာနနှင့် ကျန်းမာရေးဌာနစိတ်၊ စျေးနှင့်သားသတ်ဌာန၊ အင်ဂျင်နီယာ ဌာနခွဲ၊ နေ့စားဝန်ထမ်းနှင့် ပုတ်ပြတ်လုပ်သားတို့ကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးမှ ပေးအပ်ရာ ဌာနစိတ်ကိုယ်စားဒုတိယဦးစီးမှူးနှင့် ကျောင်းသားတစ်ဦးတို့က လက်ခံရယူကြသည်။

   ထို့နောက် ၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင် ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဝန်ထမ်းများ၏ ကိုယ်စား ကျောင်းသားမိဘတစ်ဦးဖြစ်သည့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အခွန်ဌာနစိတ်မှ ဒုတိယဦးစီးမှူး ဒေါ်မာမာရက ကျေးဇူးတင်စကားပြောကြားကြောင်းသိရသည်။ အဆိုပါ ၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲတွင် အထက်တန်းအဆင့် (၃၄)ဦး တစ်ဦးလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်(၁၇၀၀၀၀)၊ အလယ်တန်းအဆင့် (၃၉)ဦး၊ တစ်ဦးလျှင် (၄၅၀၀)နှုန်းဖြင့် ငွေကျပ်(၁၇၅၅၀၀)၊ မူလတန်းအဆင့် (၄၈)ဦး၊ တစ်ဦးလျှင်(၄၀၀၀)ကျပ်နှုန်းဖြင့် (၁၉၂၀၀၀)၊ မူကြိုအဆင့် (၂၁)ဦး၊ တစ်ဦးလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် (၆၃၀၀၀)၊ တက္ကသိုလ်အဆင့် (၁၇)ဦး၊ တစ်ဦးလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် (၉၃၅၀၀)၊ စုစုပေါင်း ပညာသင်စရိတ်ငွေကျပ် (၈၅၃၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 72 guests and no members online

Latest Updates