သတင်းများ

ကမ္ဘာ့တီဘီတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

တောင်ကြီး    မတ်    ၂၄

963

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် "တီဘီ ရောဂါကင်းဝေးဖို့ စုပေါင်းရှာဖွေကုသစို့" အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ နံနက်(၈းဝ၀)နာရီအချိန်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည်။

   ၂၀၁၅ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၏ ၂၀၁၅ ခုနှစ်၊ ကမ္ဘာ့တီဘိရောဂါတိုက်ဖျက်ရေးရေးနေ့အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲမိန့်ခွန်းအား ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာမိုးဆွေက ဖတ်ကြားပေးခဲ့သည်။ ပြည်နယ်တီဘီဆရာဝန်ကြီး ဒေါက်တာ ဦးဇော်မြင့်က တီဘီရောဂါအကြောင်းသိကောင်းစရာနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် ရှမ်းပြည်နယ်အစိုုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများက ပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံမှတ်တမ်းများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ကျင်းပသော ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေ၊ ပြည်နယ်တီဘီဆရာဝန်ကြီး ဒေါက်တာဦးဇော်မြင့်၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်နယ်အမျိုးသမီး ရေးရာ၊ သားဖွားသူနာပြုဆရာမများနှင့် ဆရာဝန်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်ရှိ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင်များနှင့် အရပ်ဘက်ဆိုင်ရာအသင်းအဖွဲ့များ၊ စုစုပေါင်း(၂၀၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                                                                                         စိုင်းသန်းကျော် (တောင်ကြီး)

 

ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

တောင်ကြီး မတ် ၂၄

962

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မတ်လ (၂၄)ရက် နံနက် (၁ဝ)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ  တက်ရောက် ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောက်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉) ဦးရှိသည့်အနက် ( ၁၀၉ )ဦး တက်ရောက်၍ ( ၇၈.၄၂ )% ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ဒုတိယနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ဝ ဦး တို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာ ပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက မေးခွန်း ၁၀ ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။

   ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပထမနေ့က တင်သွင်းခဲ့သော ရှမ်းပြည်နယ် လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းမှု ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ရေးအဆိုကို ကိုယ်စားလှယ် ၄ ဦးက ထောက်ခံဆွေးနွေး၍ လွှတ်တော်မှ အတည်ပြု ကြောင်း ကြေညာပါသည်။   

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း)အားလည်းကောင်း၊ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအားလည်းကောင်း၊ စိုက်ပျိုးရေး/ မွေးမြူရေး/ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ရှမ်းပြည်နယ်ဘတ်ဂျက် စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအားလည်းကောင်း လွှတ်တော်သို့အသီးသီး ရှင်းလင်းတင်ပြကြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့အား  နေ့လည် ( ၁၄ း ၅၀ )နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။       

 

                                                                                                                                                                        ပြည်နယ်ပြန်/ ဆက်

 

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိမ့်စမ်းရေသွယ်လုပ်ငန်းများဖွင့်ပွဲကျင်းပ

တောင်ကြီး မတ် - ၂၂

 957

   နှစ်(၇၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရှမ်းပြည်နယ်''ဓနု''ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ အတွင်းရှိ လက်ပံပင်ကျေးရွာအပါအဝင် ကျေးရွာ(၄)ရွာတွဲ စိမ့်စမ်းရေသွယ် ရေပေးရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားနှင့် တောင်ခေါင်းပွာကျေးရွာအပါအဝင် ကျေးရွာ(၆)ရွာတွဲ စိမ့်စမ်းရေသွယ်ရေပေးရေလုပ်ငန်း ဖွင့်ပွဲအခမ်းအနားများကို မတ်လ (၂၂)ရက် နံနက်(၉)နာရီနှင့် (၁၀)ခွဲအချိန်တွင် သက်ဆိုင်ရာကျေးရွာ ရေဝေကန်အနီး မုဒ်ဦးများ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာကျေးရွာပြည်သူများ၊ အင်အား(၄၀၀)ကျော်တက်ရောက်ခဲ့ကြပါသည်။

   ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမျူးမှ စိမ့်စမ်းရေသွယ် လုပ်ငန်း ဆောင်ရွက်ပေးခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ကျေးရွာပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်လှဝင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် ဦးကိုကို၊ KZEN Co,Ltdမှ မန်းနေးဂျင်းဒါရိုက်တာ ဦးကံလှတို့မှ ရေပေးရေးလုပ်ငန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ဂါလံ(၅၀၀)ဆံ့ ရေဝေကန်မှ ရေပေးဝေမှုကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

   ယနေ့ဖွင့်လှစ်သည့် (လက်ပံပင်၊ ရေချမ်း၊ တပ်ကုန်း၊ ငါးဆူ)ကျေးရွာ(၄)ရွာတွဲ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်မှ (၉၃.၃၄၄)ကျပ်သန်း ကျခံဆောင်ရွက်ပေးခဲ့ပြီး၊ (၁၂/၃)မိုင်အကွာ ရေထွက်မှရေကို သွယ်ယူဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။ (တောင်ခေါင်းပွာ၊ ကျောက်ဌက်၊ အုတ်တွင်း၊ ကဇတ်၊ ကပြင်၊ ကျောက်မြောင်း)ကျေးရွာ(၆)ရွာတွဲ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်မှ(၁၁၇.၄၅)ကျပ်သန်း ကျခံဆောင်ရွက်ပေးခဲ့ပြီး၊ (၁၃/၁.၃)မိုင်အကွာ ရေထွက်မှရေကို သွယ်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများအားလုံး (၂၀၁၄ခု၊ သြဂုတ်လ)မှ စတင်ဆောင်ရွက်ခဲ့ရာ (၂၀၁၅ခု၊ မတ်လ) တွင် ပြီးစီးခဲ့၍ ဒေသခံအိမ်ထောင်စု(၂၂၁၁)၊ လူဦးရေ(၁၀၁၉၆)ဦးမှ သန့်ရှင်းသောသောက်သုံးရေရရှိနေပြီ ဖြစ်ကြောင်းသတင်း ရရှိပါသည်။

                                                                             ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

 

ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူပေးပို့ခြင်း သင်တန်းဖွင့်လှစ်

တောင်ကြီး   မတ်   ၂၃

961

   မြန်မာသတင်းသိပ္ပံ Myanmar Joumalism Institute (MJI)က ကြီးမှူး၍ (၂၀၁၅)ခုနှစ် မကြာမီကျင်းပတော့မည် ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူပေးပို့ခြင်းသင်တန်းကို မတ်(၂၃)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပကြောင်း သိရသည်။

   သင်တန်းတွင် သင်တန်းနည်းပြ Mr. Francois Gerles နှင့် မြန်မာ့သတင်းသိပ္ပံ (MJI) ဘာသာပြန် ဒေါ်မေသက်ဇော်၊ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးဇင်၊ ဒေါ်လဲ့လဲ့သင်းတို့က ရွေးကောက်ပွဲအကြိုကာလ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များကို ရယူရေးသားတတ် စေရန်၊ ရွေးကောက်ပွဲတွင် သတင်းများခြုံငုံဖော်ပြပေးနိုင်ရန်၊ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ သတင်းအချက်အလက်မှန်ကန်စွာရေးတတ်ရန်၊ မဲဆန္ဒရှင် များ မဲဆန္ဒနယ်မြေအခြေအနေသတင်းများ၊ အင်တာဗျူးမေးခွန်းများ မေးမြန်းရေးသားတတ်စေ ရန်၊  မြန်မာနိုင်ငံတွင် ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲများတို့ကို ရှင်းလင်းဆွေးနွေးသင်ကြားပို့ချခဲ့ ကြောင်း သိရသည်။

   သင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)မှ သတင်းမီဒီယာ(၁၂)ဦး နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ သင်တန်းကာလကို မတ်(၂၃) ရက်မှ (၂၇)ရက်ထိ (၅)ရက်ကြာ၍ သင်တန်းကို နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရာစုသစ် New Century သွေးလှူရှင်လူမှုစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာများသို့သွားရောက် အခမဲ့ကုသခြင်းနှင့် အလှူငွေပေးအပ်ခြင်းရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရာစုသစ်(New Century)သွေးလှူရှင်နှင့်လူမှုစောင့်ရှောက်ရေးအဖွဲ့တိ

တောင်ကြီး      မတ်      ၁၈

956

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ စဝ်စံထွန်းဆေးရုံတွင် ပအိုဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ကျောက်တလုံးကြီးမြို့နယ်ရှိ ဝေဒါနာရှင်များကိုဆေးကုသခြင်းနှင့် အလှူငွေများပေးအပ်ခြင်းကို မတ်လ ၁၈ ရက်နေ့ပိုင်း ညနေ(၆း၃၀)နာရီက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင်ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင် နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တို့ တက်ရောက်ကြည့်ရှုအားပေးစကားပြောခဲ့သည်။

  ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆောင်းဖိုးရွာ၊ ကျောက်တလုံးကြီးမြို့နယ်ခွဲမှ ဝေဒါနာရှင် ပြည်သူများဖြစ်သော  နန်းစိန်ကြည်၊  အသက်(၈)နှစ်အား အူကျရောဂါကိုခွဲစိတ်၍လည်းကောင်း၊ ဒေါ်သန်းကြည်၊ ၇၄ နှစ်အား ခြေထောက်ကျိုးဒဏ်ရာကိုခွဲစိတ်၍လည်းကောင်း၊ ကျန်ရှိဝေဒနာရှင်(၃)ဦးအား ဆီးကျောက်တည်ရောဂါ များကိုခွဲစိတ်ကုသပေးခဲ့ကြောင်း သိရှိရသည်။

   အဆိုပါဝေဒနာရှင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင် နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က စဝ်စံထွန်းဆေးရုံသို့ လိုက်လံကြည့်ရှုအားပေးစကားပြောပြီး အလှူငွေများကို တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

   ထိုနောက် ခွဲစိတ်ကုသခံ ဝေဒါနာရှင်(၇)ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေး ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာပေါ်ထွန်း၊ ရာစုသစ်(New Century) သွေးလှူရှင်နှင့်လူမှုစောင့်ရှောက်ရေးအဖွဲ့နှင့် ပြည်သူများပါဝင် တက်ရောက်ခဲ့ကြပြီး လူနာများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                                                                                                 စိုင်းသန်းကျော် (တောင်ကြီး)

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင်အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲ

တောင်ကြီး    မတ်   ၂၃

960

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးအစီအစဉ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင်အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၃ ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့တော်ခန်းမ၊ သစ်တောရပ်ကွက်တွင်ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်ခဲ့သည်။

   အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့်အကြောင်းနှင့် နိုင်ငံတော်၏ဆင်းရဲမှု လျော့ချရေးအစီအစဉ်တွင် RDSF က ဘယ်လိုအထောက်အကူပြုကြောင်းနှင့် လူထုဗဟိုပြုဖွံ့ဖြိုးရေးနည်းလမ်းနှင့် ရေရှည်စဉ်ဆက်မပြတ် အသက်မွေးမှုဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများအကြောင်းကို အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့သည်။

   အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး များ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် အခြားဖိတ်ကြား ထားသူများ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                                                                                          စိုင်းသန်းကျော်(တောင်ကြီး)

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ပညာဗောဓိလမ်း၊ ဗောဓိတောင်ကုန်း၊ ဗုဒ္ဓတက္ကသိုလ်သံဃာတော်များနားနေဆောင်ကျောင်း ပန္နက်တင်မင်္ဂလာအခမ်းအနား

တောင်ကြီး   မတ်   ၁၇

954

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ရှမ်းပြည် ဗုဒ္ဓတက္ကသိုလ် ဆရာတော်သံဃာတော်များ နားနေဆောင်အဆောက်အဦးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ဗောဓိတောင်ကုန်း၊ ပညာဗောဓိလမ်း ဆရာတော်သံဃာတော်များနားနေဆောင် ဆောက်လုပ်ခြင်းနှင့် ဗုဒ္ဓတက္ကသိုလ် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို မတ်လ ၁၇ ရက်နေ့ နံနက်(၀၇းဝ၀)နာရီတွင် ဗုဒ္ဓတက္ကသိုလ်ကျောင်း တည်ဆောက်ရာကွင်း၊ ဆရာတော်သံဃာတော်များ နားနေဆောင်အဆောက်အဦး တည်ဆောက်ရာနေရာတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်ခဲ့သည်။

   အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ဗုဒ္ဓတက္ကသိုလ် ဆရာတော် သံဃာတော်များနားနေဆောင် ပန္နက်တင်ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ မဟာဓမ္မိကာရာမကျောင်း ဆရာတော်ထံမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့်အဖွဲ့များသည် ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့် ပြည်နယ်ဝန်ကြီးများက ရတနာပန္နက်တော်များ၊ ရတနာပန္နက်တူများကို ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်ခဲ့ကြပြီး၊ ပင့်သံဃာတော်များ၊ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပရိသတ်များက ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အောက်စဖို့(စ်)ဆရာတော် ဒေါက်တာအရှင် ဘဒ္ဒန္တဓမ္မသာမိထံမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ရေစက်ညွှန်းချီးမြှင့်ခြင်းအား နာယူကြည်ညိုကြပြီး ပရိသတ်များနှင့်အတူ အမျှပေးဝေသာဓုခေါ်ခဲ့ကြသည်။

   ထိုနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပန္နက်တင်မည့် ကျောင်းမြေနေရာအမှတ်(၁)၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက ပန္နက်တင်မည့် ကျောင်းမြေနေရာအမှတ်(၂)၊ ရှမ်းပြည်နယ်ဝန်ကြီးများက ပန္နက်တင်မည့်ကျောင်းမြေနေရာအသီးသီးတွင် နေရာယူ ပြီး၊ မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက် ရတနာပန္နက်တော်များ၊ ရတနာပန္နက်တူများဖြင့် ကိုးချက် ရိုက်၍ ပန္နက်တင်မင်္ဂလာပြုလုပ်ပေးပြီး၊ ရတနာပန္နက်တော်များအား အမွှေးနံ့သာများဖြင့် ပက်ဖြန်းပူဇော်ခဲ့ကြသည်။

   ဗုဒ္ဓတက္ကသိုလ်ပန္နက်တင်မည့် ကျောင်းမြေနေရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်း၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ အလှူရှင် ပြည်သူလူထုများနှင့် ဖိတ်ကြားထားသောပရိသတ်များ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ပန္နက်တင် မင်္ဂလာအခမ်းအနား အောင်မြင်စွာပန္နက်တင်ခဲ့ကြကြောင်း သတင်းရရှိသည်။

                                                                                                                                                                                စိုင်းသန်းကျော် (တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခန့်ထားသောသစ်လွင်ဆရာဝန်များအား တာဝန်အပ်နှင်းပွဲ

တောင်ကြီး မတ်        ၂၃

 959

   ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း မြန်မာနိုင်ငံဆရာဝန်များအသင်း တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ခန့်ထားသော သစ်လွင်ဆရာဝန်များအား တာဝန်အပ်နှင်းပွဲကို မတ်လ ၂၃ ရက်နေ့ နံနက် (၈)နာရီက တောင်ကြီးမြို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

   ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကျန်းမာရေးဟာ လူသားတိုင်းရဲ့ အခြေခံလိုအပ်ချက်များ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း ပြည်သူများရဲ့ ကျန်းမာရေးဟာ အရေးကြီးတဲ့ အခြေခံအချက်တစ်ခုဖြစ်ကြောင်း ဒီနေ့ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ မဖြစ်မနေ ဆောင်ရွက်နေကြတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များမှာလည်း ကျန်းမာရေးကဏ္ဍဟာ အရေးကြီးဆုံးအခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်သန္တာလွင်က ရှမ်းပြည်နယ်အတွင်းတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် သစ်လွင်ဆရာဝန်များအား လုပ်ငန်းပိုင်းဆိုင်ရာများအကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်အတွင်းတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် သစ်လွင်ဆရာဝန်များကိုယ်စား သစ်လွင်ဆရာဝန်တစ်ဦးအား တာဝန်ပေးအပ် သော စာလွှာများကို ပေးခဲ့ကြကြောင်းသိရှိရသည်။

   သစ်လွင်ဆရာဝန်များအား တာဝန်အပ်နှင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ဆရာဝန်ကြီး၊ သစ်လွင်ဆရာဝန်များ၊ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                                                                                                                       စိုင်းသန်းကျော် ( တောင်ကြီး )

 

ပြည်တွင်းနေရပ်စွန့်ခွာရွေ့ပြောင်းမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု အလုပ်ရုံဆွေးနွေးပွဲ

‌တောင်ကြီး   မတ်   ၁၇

 955

   ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ‌တောင်ကြီးမြို့တွင် ပြည်တွင်း‌နေရပ်စွန့်ခွာ‌ရွှေ့‌ပြောင်းမှုဆိုင်ရာ ကာကွယ်‌စောင့်‌ရှောက်မှုအလုပ်ရုံ‌ဆွေး‌နွေးပွဲကို မတ်လ ၁၇ ရက်‌နေ့ နံနက်(၉းဝ၀)နာရီက ချယ်ရီကွင်းဟိုတယ်၊ ‌ညောင်ဖြူစခန်းရပ်ကွက်တွင် ကျင်းပသည်။

 ‌  ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှု‌ရေးဝန်ကြီး ‌ဒေါက်တာမျိုးထွန်းက ဒီ‌နေ့ ကျင်းပ ‌သော အလုပ်ရုံ‌ဆွေး‌နွေးပွဲသည် ရှမ်းပြည်နယ်အတွင်းဖြစ်ပွား‌နေသည့်တိုက်ပွဲများ‌ကြောင့် တိုက်ပွဲ‌ရှောင်ပြည်သူများ အတွက် ‌ထောက်ပံ့‌ရေး၊ ပြန်လည်ထူ‌ထောင်‌ရေးနှင့် ပြန်လည်တည်‌ဆောက်‌ရေးဆိုင်ရာလိုအပ်ချက်များကို သုံးသပ် ‌ဖော်ထုတ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပ‌သော‌ဆွေး‌နွေးပွဲဖြစ်‌ကြောင်း အဖွင့်အမှာစကား‌ပြောကြားခဲ့သည်။

   Ms.Maja Lazic (Senior Protection Officer)က ပြည်တွင်း‌နေရပ်စွန့်ခွာ‌ရွှေ့‌ပြောင်းခြင်းဆိုင်ရာ ကာကွယ်‌စောင့်‌ရှောက်မှု အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပရသည့်အ‌ကြောင်းနှင့် ကုလသမဂ္ဂ၏ ပြည်တွင်းစွန့်ခွာ ‌ရွှေ့‌ပြောင်းမှုဆိုင်ရာများကို ရှင်းလင်း‌ပြောကြားခဲ့သည်။ အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်လာသူများက တစ်ဦးစီ မိတ်ဆက်ခဲ့ကြသည်။

   အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှု‌ရေးဝန်ကြီး ‌ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဥပ‌ဒေချုပ် ဦး‌မောင်‌မောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဗမာတိုင်းရင်းသားဝန်ကြီး၊ အရပ်ဖက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားသူများ စုစု‌ပေါင်း(၇၅)ဦးတက်‌ရောက်ခဲ့ကြ‌ကြောင်း သတင်းရရှိသည်။

 

 

                                                                                                                                                                                                           စိုင်းသန်း‌ကျော် (‌တောင်ကြီး)

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပ

တောင်ကြီး မတ် - ၂၃

 958

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ(၂၃)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံးအကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦးရှိ သည်ု့အနက် (၁၀၉)ဦး တက်ရောက်၍ (၇၈.၄၂) ဖြစ်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၀)ဦးတို့အတွက် ခွင့်ပန်ကြား ကြောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းအား လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက မေးခွန်း ၇ ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။

   ၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အရေးကြီးအဆိုတစ်ရပ် တင်သွင်းပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းပြည်နယ် တိုင်းရင်းဆေးဆရာများနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ များဆိုင်ရာ ဥပဒေ(မူကြမ်း)အားလည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ၏ ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများအားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအားလည်းကောင်း လွှတ်တော်သို့ အသီးသီးရှင်းလင်းတင်ပြကြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့အား နေ့လည်(၁၄:၃၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                            ပြည်နယ်ပြန်/ ဆက်

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးသိန်းအောင် တို့၏ဦးဆောင်မှုဖြင့် Mother Trading Co.,Ltd မှ ဦးအောင်မြတ် နှ

တောင်ကြီး     မတ်      ၁၅

951

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ ဝန်ကြီး ဦးသိန်းအောင် တို့၏ဦးဆောင်မှုဖြင့် Mother Trading Co.,Ltd မှ ဦးအောင်မြတ် နှင့်အလှူရှင်များကောင်းမှု ဖြင့်ဆောင်ရွက်သော မျက်စိဝေဒနာရှင်များအခမဲ့စမ်းသပ်ခြင်းနှင့် ခွဲစိတ်ကုသခြင်းဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို မတ်လ ၁၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အတွင်း၊ သံဃာဆေးကုဆောင်ရှေ့တွင်ကျင်းပသည်။

950

   ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကျွန်တော်တို့ မြန်မာ ဆိုရိုးစကားရှိ 'မျက်စိအဆုံး နားအရှုံး'ဟူသောစကားသည် မျက်စိမမြင်သောသူသည် အသက်ရှင်လျက် ဘဝဆုံး သည်နှင့် ဘာမှမခြားနားဟုအဖွင့်အမှာစကားပြောကြားသည်။ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးသိန်းအောင်က မျက်စိဝေဒနာရှင်များ စုစုပေါင်း(၃၀၀၀)ဦးရှိသည်ဟု မျက်စိဝေဒနာရှင်များအတွက် အခမဲ့စမ်းသပ် ခြင်းနှင့် ခွဲစိတ်ကျသခြင်းအတွက် လိုအပ်သည့်အလှူငွေများကို အလှူခံ၍ ကုသပေးခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော အလှူငွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၅၀)ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကိုကိုကလက်ခံရယူ၍လည်းကောင်း၊ Mother Trading Co.,Ltd မှ ဦးအောင်မြတ်၏ကိုယ်စားတစ်ဦးက အလှူငွေကျပ်သိန်း(၃၀၀)ကို ပေးအပ်လှူဒါန်းရာ  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုက လက်ခံရယူ၍လည်းကောင်း၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တည်ဆောက်ရေးစီမံကိန်းမှ ဆရာဝန်ကြီးများ အသွား/အပြန်လေယာဉ်စရိတ်နှင့် အဲယားကွန်း(၃)လုံးအပါအဝင် အခြားလှူဒါန်းမှုအစုစုတန်ဖိုးငွေကျပ်သိန်း(၃၀) အား စက်ရုံမှူး ဦးတင့်ဆွေမှပေးအပ်လှူဒါန်းရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုက လက်ခံရယူ၍လည်းကောင်း၊ ဦးဖုန်းကြွယ်+ဒေါ်ခင်ခင်စိန် မိသားစု၊ ညောင်ရွှေမြို့မှလှူဒါန်းငွေကျပ်(၃)သိန်းအား အလှူရှင်ကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုမှ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ တစ်ဦးကလက်ခံရယူခဲ့ကြကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပြီး၊ ယနေ့စုစုပေါင်းလှူဒါန်းငွေ မှာ ကျပ်(၃၈၃)သိန်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

   ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုက ရန်ကုန်မြို့မှ မျက်စိ အထူးကုဆရာဝန်ကြီးများ၊ တောင်ကြီးမြို့ပေါ်မှ မျက်စိအထူးကုဆရာဝန်များနှင့် ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

   အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးဝ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဖက်ရှိလူမှုရေးအသင်းအဖွဲ့များနှင့် မျက်စိဝေဒနာရှင်များ၊ ပြည်သူလူထုများ၊ မြို့နယ်အထောက်အကူပြုကော်မတီဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပြီး မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခြင်းနှင့် ခွဲစိတ်ကုသခြင်းများကို (၁၅.၃.၂၀၁၅)ရက်နေ့မှ (၁၉.၃.၂၀၁၅) ရက်နေ့ထိ (၅)ရက်အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

                                                                                                                                          စိုင်းသန်းကျော်(တောင်ကြီး)

 

More Articles...

  1. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
  2. တောင်ကြီးမြို့၊ ဓမ္မဝိဒူလူငယ်ဖွံ့ဖြိုးရေးပရဟိတ စာသင်ဆောင် ဆောက်လုပ်မှုအား ပြည်နယ်ဝန်ကြီးမှ ကြည့်ရှုစစ်ဆေး
  3. လားရှိုးမြို့ရှောင်လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ငွေကျပ်(၂၀၆)သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀၀)ပြား အလေးချိန်(၁.၀၃)ကီလို အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိ
  4. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တောင်ကြီးမြို့၊ ၂၀၁၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများတွင်စာမေးပွဲဖြေဆိုနေသူများအား ကြည့်ရှုအားပေး
  5. လောက်ကိုင်ဒေသစစ်ဘေးရှောင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား အားပေးကြည့်ရှုခြင်းနှင့် ဒဏ်ရာရ အရာရှိစစ်သည်များအား အားပေးကြည့်ရှုခြင်း
  6. လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည (အဘိဓဇမဟာရဋ္ဌဂုရု)၊ (ရှမ်းပြည်နယ်သံဃာနာယက ဒုတိယဥက္ကဌ)၏ စျာပနအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများမှ အလှူငွေပေးအပ်လှူဒါန်း
  7. လောက်ကိုင်ဒေသ စစ်ဘေးရှောင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော ဆန်အိတ်များအား ကြည့်ရှု့စစ်ဆေး လှူဒါန်းခြင်း
  8. အားကစားပြိုင်ပွဲများနှင့် အားကစားကွင်းများ ထိန်းသိမ်းရေး ဆွေးနွေး
  9. မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ
  10. လားရှိုးမြို့ရှောင်လမ်း အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ငွေကျပ် ၆၇၁၇၀၀ဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 72 guests and no members online

Latest Updates