လားရှိုး စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန ၊တွဲဘက်ပြည်နယ် လူမှုဝန်ထမ်းရုံး ကွပ်ကဲမှုလက်အောက်ရှိစံပယ်လမ်း မူကြို(၁)နှင့် ရန်အောင်မြင်ဘုရားလမ်း မူကြို(၂) တို့တွင် ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်တစ်ရပ်အဖြင့် အဆိုပါမူကြိုကျောင်း တို့တွင် မူကြိုအရွယ် ကလေးငယ်များအား ဘက်စုံအာဟာရဖွံ့ဖြိုးမှုအတွက် ဖြည့်စွက်စွာတိုက်ကျွေးခြင်း အခမ်းအနားကို စက်တင်ဘာလ (၉)ရက်က လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီဌာန လားရှိုး တွဲဘက်ပြည်နယ်ရုံး ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်နှင့် ကျန်းမာရေးဌာနတို့က ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊အာဟာရ ဓာတ်စာ နွားနို့နှင့် ပေါင်မုန့်များတိုက်ကျွေးခြင်း အခမ်းအနားကို ကျင်းပပါသည်။
အဆိုပါမူကြိုကျောင်းအမှတ်(၁)နှင့်အမှတ် (၂) တို့ရှိ ကလေးငယ်(၂၀၀)ဦးအား အာဟာရနို့တိုက်ကျွေးမှု ကို အာဟာရရကသတ္တပတ် လှုပ်ရှားမှုအစီအစဉ်အရတစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။
ဟန်ဌေး(iprd)
ခရိုင်ပြန်/ဆက်
လားရှိုး စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် မိုင်းရယ်မြို့နယ်တွင် စက်တင်ဘာ (၈) ရက် နံနက် (၉)နာရီ အချိန်က အရန် မီးသတ်မွမ်းမံသင်တန်းကို မိုင်းရယ် မြို့ ပြည်ထောင်စုခန်းမတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပကြောင်း သိရှိရ သည်။
သင်တန်းကို မြို့နယ်ရဲတပ်ဖွဲ့မှ နည်းပြအဖြစ်ဆောင်ရွက်ပြီး နားဖျိုင်း၊ ဟိုယ၊ လွယ်ငင်း ကျေးရွာများမှ သင်တန်းသားများစုစုပေါင်း (၁၀၉)ဦးတက်ရောက်ကြသည်။ သင်တန်းသားများအား အခြေခံစစ်ရေးပြ၊ မီးသတ်ပညာ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရှာဖွေရေးပညာနှင့် ဥပဒေဘာသာရပ် များကို အဓိကပို့ချသွားမည်ဖြစ်ကြောင်း နှင့် သင်တန်းကာလမှာ (၈-၉-၂၀၁၄) မှ (၃-၁၀-၂၀၁၄)ထိ ဖြစ်ကြောင်း သိရှိရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ဟန်ဌေး(iprd)
ခရိုင်ပြန်/ဆက်
လားရှိုး စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ စက်တင်ဘာ(၇)ရက် နံနက်(၁၁)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ငွေကျပ်(၁၂၈၇၀၀၀)ကျပ် တန်ဖိုးရှိ ဆန်အိတ်ပေါင်း(၆၆)အိတ်ကို သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း သင်တန်းတက်ရောက်နေသော သင်တန်းသား/ သင်တန်းသူများ၏ စားသောက်မှု ပိုမို အဆင်ပြေနိုင်ရေးအတွက် ရည်ရွယ်လျက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ရာ လားရှိုးသူနာပြုနှင့်သားဖွားသင်တန်း ကျောင်း ကျောင်းအုပ်ကြီး ဒေါ်နန်းအွမ်ခမ်းမှ လက်ခံရယူကြောင်း သိရှိရသည်။
ဟန်ဌေး(iPrd)ဟန်ဌေးအောင်
ခရိုင် (ပြန်/ဆက်) ၊ လားရှိုး
တောင်ကြီး စက်တင်ဘာ - ၁၀
ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် သစ်သီးအလှပုံဖော်နှင့် ပန်းအလှထိုးနည်းသင်တန်းကို စက်တင်ဘာ(၁၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံး၌ ကျင်းပကြောင်းသိရသည်။
သစ်သီးအလှပုံဖော်နှင့် ပန်းအလှထိုးနည်းသင်တန်းကို ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အမျိုးသမီး ဝန်ထမ်း(၃၅)ဦးတက်ရောက်ပြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ယဉ်ကျေးမှုလုပ်ငန်းအဖွဲ့ခွဲ ခေါင်းဆောင် ဒေါ်နန်းခမ်းလွင်နှင့် အဖွဲ့များက အနီးကပ်ကြီးကြပ်၍ အခြေခံရက်တို သင်တန်းသင်ကြားပို့ချလျှက်ရှိပြီး၊ သင်တန်းတွင် ပြိုင်ပွဲများပြုလုပ်ပေး၍ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို စက်တင်ဘာ(၁၀)ရက်မှ (၁၂)ရက်ထိ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းသိရသည်။
သစ်သီးအလှပုံဖော်နှင့် ပန်းအလှထိုးနည်းသင်တန်းကို (၂၀၀၅)ခုနှစ်မှ စတင်၍ ဝါတွင်းကာလနှင့် ဝါကျွတ်ကာလများ တွင် သင်တန်းများကို ရက်တို၊ ရက်ရှည် သင်ကြားပို့ချလျှက်ရှိပြီး၊ တောင်ကြီးခရိုင်ရှိမြို့နယ်များကိုလည်း ဆင့်ပွား သင်တန်းများ၊ ရပ်ကွက်ကျေးရွာနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများတွင်လည်း သင်ကြားပို့ချပေးလျှက်ရှိကြောင်း၊ သင်တန်းမှ အတတ်ပညာရရှိသူများသည် မင်္ဂလာပွဲ၊ အလှူပွဲများ၊ သာရေး၊ နာရေးတို့တွင် ပန်းအလှထိုးခြင်း၊ သစ်သီးအလှ ပုံဖော်ခြင်းဖြင့် ကုသိုလ်ပါဝင်ယူဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ယဉ်ကျေးမှုလုပ်ငန်း အဖွဲ့ခွဲ ခေါင်းဆောင်ဒေါ်နန်းခမ်းလွင်က ပြောကြားသွားကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
တောင်ကြီး စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ကို စက်တင်ဘာ(၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ကျင်းပရာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "လူတိုင်းအတွက် ပညာရေးသီချင်း" သီဆို၍ ဖွင့်လှစ် ပေးကြောင်း သိရသည်။
အမျိုးသားရေး ပညာရည်မြှင့်မားရေးအတွက် အခြေခံအကျဆုံး လုပ်ငန်းစဉ်ဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေစေရေး စီမံချက်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စည်းရုံးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် (၂၀၁၄-၂၀၁၅) ပညာသင်နှစ်တွင် ရှမ်းပြည်နယ်၌ (၅)နှစ်အရွယ်ကလေးများ ကျောင်းတက်နှုန်းသည်(၉၃.၅၂%)တိုးတက်လာကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း မူလတန်းပညာသင်ကြားနိုင်ပြီး၊ အလယ်တန်း/အထက်တန်း ပညာများကို ဆက်လက်သင်ယူနိုင်ရေးအတွက် ရှမ်းပြည်နယ်တွင် မူလတန်းဆင့်သင်ကျောင်း (၄၂၉၉)ကျောင်း၊ အလယ်တန်းဆင့်သင်ကျောင်း(၉၉၈)ကျောင်း၊ အထက်တန်းဆင့်သင်ကျောင်း (၃၁၃)ကျောင်း၊ စုစုပေါင်း(၅၆၁၀)ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ် အစိုးရလက်ထက်တွင် (၂၀၁၄-၂၀၁၅) ပညာသင်နှစ်၌ မူလတန်းဆင့်သင်ကျောင်း(၃၀၇)ကျောင်း၊ အလယ်တန်းဆင့်သင်ကျောင်း(၂၁၇)ကျောင်း၊ အထက်တန်းဆင့်သင်ကျောင်း(၄၀)ကျောင်း၊ စုစုပေါင်း(၅၆၄)ကျောင်းတိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသ များပါမကျန် အခြေခံစာတက်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး၊ (၂၀၁၄)ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ ကျောက်မဲမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ဖယ်ခုံမြို့နယ်တို့၌ "အသုံးလုံး"သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ လူတိုင်းအတွက် ပညာရေး ရည်မှန်းချက်များနှင့်အညီ လူတိုင်းစာတက်မြောက်စေရေး အတွက် လူတိုင်းက အမျိုးသားရေးအသိ၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေး ဆန္ဒ၊ အမျိုးသားရေးအားမာန်တို့ဖြင့် မြင့်မြတ်သော အမျိုးသားရေးသမိုင်းပေးလုပ်ငန်းတာဝန်ကို အလေးအနက်ခံယူကြပြီး၊ မဆုတ်မနစ်သော ဇွဲလုံးလ၊ ဝီရိယကြီးစွာနှင့် ကြိုးစားပူးပေါင်း အားထုတ်ဆောင်ရွက်သွားကြရန် နိုင်ငံတကာစာတက်မြောက်ရေးနေ့အခမ်းအနား၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားတွင် ပြောကြားသွား ကြောင်း သိရသည်။
ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာ စာတက်မြောက်ရေးနေ့ သဝဏ်လွှာကို ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေက ဖတ်ကြားပြီး၊ (၂၀၁၄)ခုနှစ် နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပိုစတာ ပန်းချီပြိုင်ပွဲ ဆုရရှိသူများအား ဆုများချီးမြှင့်ရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိတို့အား ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးခွန်သိန်းမောင်နှင့် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေ တို့က ဆုများကို ချီးမြှင့်ပေးကြသည်။
ထို့နောက် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေး များက "ဒို့အင်ဒို့အား" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "ဇာတိမာန်" သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပညာရေးဌာနမှ ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက် ကြကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)
မူဆယ် စက်တင်ဘာ - ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီးဒေါ်နန်းရွှေမှုံ၊ တာဝန်ရှိသူတို့သည် စက်တင်ဘာ(၈)ရက် နံနက်(၁၀)နာရီက မူဆယ်မြို့ ရဟပ်ယာဉ်ကွင်းသို့ရောက်ရှိလာရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများမှ မူဆယ်မြို့ရှိရဟပ်ယာဉ်ကွင်း၌ ကြိုဆိုကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီးဒေါ်နန်းရွှေမှုံ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်၊ တာဝန်ရှိသူတို့သည် နံနက်(၁၀:၅၀)က နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသော မူဆယ်မြို့ ဗဟိုစီးပွားရေးဇုန် စီမံကိန်းရှိ (Information Centre) သို့ရောက်ရှိလာရာ ခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ဇုန်(၆)ဇုန်လုပ်ငန်းပုံစံငယ် အား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး၊ အစည်းအဝေးခန်းမတွင် နယူးစတားလိုက်စီမံကိန်း ဒါရိုက်တာ ဦးငွေစိုးမှ စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီးဒေါ်နန်းရွှေမှုံ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်၊ တာဝန်ရှိသူတို့သည် နှစ်နိုင်ငံဝင်ထွက်ပေါက် အသစ်ဖွင့်လှစ်ရန် လျာထားသည့်နေရာနှင့် နယူးစတားလိုက်စီမံကိန်း ဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ကြပြီး၊ မွန်းလွဲ(၁)နာရီတွင် မိဂဒါမဟာစေတီတော်တည်ထားကိုးကွယ်မည့်နေရာသို့ရောက်ရှိလာရာ ရှင်းလင်းဆောင် တွင် မိဂဒါမဟာစေတီတော်တည်ထားကိုးကွယ်ရေးနှင့် ပတ်သက်၍ဂေါပကဥက္ကဌ ဦးစိုင်းကျော်နိုင်မှ ရှင်းလင်း တင်ပြသည်။
၎င်းနောက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီးဒေါ်နန်းရွှေမှုံ မိသားစုက အလှူတော်ငွေကျပ် သိန်း(၁၀၀)၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့် မိသားစုက အလှူတော်ငွေကျပ်သိန်း(၅၀)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အရာရှိ/ အရာခံ အကြပ်တပ်သားတို့မှ အလှူတော်ငွေကျပ်သိန်း(၅၀)၊ နယူးစတားလိုက်ကုမ္ပဏီမှ အလှူတော်ငွေကျပ်သိန်း(၁၀၀)တို့ကို ပေးအပ်လှူဒါန်းရာ မိဂဒါမဟာစေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူများမှ လက်ခံရယူကြပြီး၊ လှူဒါန်းမှုအစုစုကို ရေစက်သွန်းချအမျှပေးဝေကြကာ၊ မိဂဒါမဟာစေတီတော်တည်ထား ကိုးကွယ်မည့် လွယ်တိန်ခမ်းတောင်ကုန်းပေါ်ရင်ပြင်သို့ သွားရောက်ကြည်ညိုကြကြောင်း သိရှိရသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တာဝန်ရှိသူတို့သူ မွန်းလွဲ(၂:၁၅)အချိန်တွင် မူဆယ်မြို့မှ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ ဆက်လက်ထွက်ခွာလာရာ ကုန်သွယ်ရေးဇုန်ရှိ အစည်းအဝေးခန်းမတွင် (၁၀၅)မိုင် ကုန်သွယ်ရေးညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းမှ တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေများနှင့် ကုန်စည်စီးဆင်းမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး၊ ကုန်သွယ်ရေးဇုန်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ လားရှိုးမြို့သို့ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရှိရသည်။
တောင်ကြီး စက်တင်ဘာ ၅
ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို စက်တင်ဘာ (၅)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။
ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၁၄၀)ဦးရှိသည့်အနက် (၁၂၂)ဦး တက်ရောက်သည့်အတွက် (၈၇.၁၄%) တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။
ထို့နောက် အစည်းဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး၊ ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်း နှင့် အစည်းအဝေး အထမြောက်ကြောင်း ကြေငြာပါသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၁၁)ခုမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့သည်။
၎င်းနောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပထမနေ့)တွင် အဆိုတင်သွင်းခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ရန်ပုံငွေစာရင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်မရှိသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က အတည်ပြုပေးနိုင်ရန် အဆိုတင်သွင်းရာ လွှတ်တော်မှ သဘောတူသဖြင့် အတည်ပြုကြောင်း ကြေငြာသည်။
ဆက်လက်၍ ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ဒသမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်ကို နေ့လည်(၁၂)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရှိရသည်။
ပြည်နယ်( ပြန် / ဆက် )
တောင်ကြီး စက်တင်ဘာ - ၇
သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်းဆင်းပွဲ ခမ်းအနားကို စက်တင်ဘာလ (၇)ရက်နေ့၊ နေ့လည် (၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း(တောင်ကြီး)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးအပ်၍ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ သမဝါယမအသင်း အဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်းကို ၂၀၁၄ခုနှစ်၊ ဩဂုတ်လ (၂၅)ရက်နေ့မှ စက်တင်ဘာလ (၇)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ သမဝါယမ ဦးစီးဌာန အဆင့်ဆင့်မှ ဌာနခွဲစာရေးဝန်ထမ်း သင်တန်းသား(၄၀)ဦး တက်ရောက်ခဲ့ပါသည်။
တောင်ကြီး စက်တင်ဘာ ၄
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ရှေးဦးအရွယ် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန် ရည်ရွယ်၍ ဌာနများ၏ အစီအစဉ်ဖြင့် မူလတန်းကြိုကျောင်းများတွင် ကလေးများအား အာဟာရပြည့်နွားနို့၊ ပေါင်မှုန့်များ ကို တစ်ပတ်လျှင်(၂)ကြိမ် တိုက်ကျွေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မူလတန်းကြိုကျောင်းတွင် စက်တင်ဘာ(၄)ရက် မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးသန်းဌေးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွီခိဏ်ဟမ်နှင့် တာဝန်ရှိသူများက မူလတန်းကြို ကျောင်းသား/ကျောင်းသူ (၂၅၀)ဦးတို့ကို နွားနို့၊ ပေါင်မှုန့်နှင့် အာဟာရပြည့် အစားအစာများကျွေးမွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရပ်စောက်မြို့နယ်၊ မူလတန်းကြိုကျောင်းသား/ကျောင်းသူများကိုလည်း အပတ်စဉ် ပုံမှန် တစ်ပတ်လျှင် (၂)ကြိမ် နွားနို့၊ အာဟာရပြည့် အစားအစာများ ကျွေးမွေးကြကြောင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း(၇၀)ကျော်တို့တွင် အပတ်စဉ် တစ်ပတ်လျှင် (၂)ကြိမ်၊ တစ်လလျှင်(၈)ကြိမ် နွားနို့၊ ပေါင်မှုန့်၊ အာဟာရပြည့် အစားအစာများ ကျွေးမွေးလျက်ရှိကြောင်း သိရှိရပါသည်။
ထွန်းလွင်(တောင်ကြီး)
တောင်ကြီး စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့တွင် (၂၈)ကြိမ်မြောက် သပိတ်ဆွမ်းလောင်လှူပွဲကို စက်တင်ဘာ(၈)ရက် နံနက်(၅)နာရီခွဲက မင်္ဂလာအောင်မြေရပ်ကွက် ဒက္ခိဏာရာမပရိယတ္တိစာသင် ကျောင်းတိုက်တွင် ကျင်းပကြောင်း သိရသည်။
သပိတ်ဆွမ်းလောင်းလှူပွဲတွင် တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟဲဟို၊ ရပ်စောက်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်၊ သံဃာတော်အပါး (၁၅၅၀)ကျော်ကြွရောက်တော်မှုကြပြီး၊ ဒက္ခိဏာရာမပရိယတ္တိစာသင်ကျောင်းတိုက်တွင် ဆရာတော်၊ သံဃာတော်များကို ဒေသခံပြည်သူနှင့် အလှူရှင်များက အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ သပိတ်ဆွမ်းလောင်းလှူပွဲ၌ ဆရာတော်၊သံဃာတော်များက ဘုရား၊ ရှင်သီဝလီ၊ ရှင်ဥပကုတ္တမထေရ်၊ ပေါက်မဲများကို မဲနှိုက်ပေးကြပြီး၊ မဲပေါက်သည့်အလှူရှင်များက သပိတ်ဆွမ်း၊ စတီး(လ်)ချိုင့်(၃)ဆင့်ဖြင့်၊ ဆရာတော်သံဃာတော်များကို ပထမဦးစွာ ဆက်ကပ်လှူဒါန်းခွင့်ရ သည်။ ဘုရားမဲပေါက်သည့် အလှူရှင်များက လှည့်လည်အပူဇော်ခံ၍ သပိတ်ဆွမ်း(၁၅၅၀)လုံးကို စုံ/မ ခွဲကာ သပိတ်အမှတ်စဉ်အလိုက် ဆရာတော်၊ သံဃာတော်များက ဆက်ကပ်အလှူခံကြကြောင်း သိရသည်။
သပိတ်ဆွမ်းလောင်းလှူပွဲသို့ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များကို ဆရာတော်တစ်ပါးလျှင် သပိတ်တစ်လုံး စတီး(လ်)ချိုင့်(၃)ဆင့်ချိုင့် (၁)လုံး၊ ဆွမ်း၊ ဟင်းလျား အပြည့်နှင့် ဆေးပစ္စည်းမျိုးစုံ၊ စောင်၊ သေတ္တာ၊ မျက်နှာသုတ်ပါဝါ၊ ခင်းဖျာ၊ ဝတ္ထုငွေ စသည့် ပစ္စည်း မျိုးစုံများဖြင့်၊ ငွေကျပ်တန်ဖိုး(၁၀၀၀၀)ကျော်၊ စုပေါင်းလှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
(၂၈)ကြိမ်မြောက် သပိတ်ဆွမ်းလောင်းလှူပွဲကို စာသင်တိုက်အသီးသီးရှိ ဆရာတော်၊ သံဃာတော်များ ပစ္စည်းလေးပါးခက်ခဲမှုမရှိစေရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပခဲ့ကြောင်းနှင့် ယခုနှစ် တွင် သံဃာတော်အပါး (၁၅၅၀)ကို ငွေကျပ်သိန်း(၄၀၀)ခန့် ဒေသခံပြည်သူများနှင့် အလှူရှင်များက စုပေါင်း လှူဒါန်းနိုင်ခဲ့ကြောင်း၊ ရပ်မိရပ်ဖကျောင်းအကျိုးတော်ဆောင် ဥက္ကဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဦးမှ ပြောကြားသွားကြောင်း သိရှိရသည်။
အဆိုပါ သပိတ်ဆွမ်း(၁၅၅၀)လောင်းလှူပွဲသို့ ရပ်မိရပ်ဖကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ရွှေညောင်မြို့ပေါ်ရှိ(၁၁)ရပ်ကွက်မှ ဒေသခံပြည်သူနှင့် အလှူရှင်များ (၄၅၀၀)ဦး တက်ရောက် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။ မောင်မောင်သန်း(တောင်ကြီး)
တောင်ကြီး စက်တင်ဘာ ၄
ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ကို စက်တင်ဘာ(၄)ရက် နံနက်(၁၀)နာရီက ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် လွှတ်တော်ရုံးအကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြင့်ဆောင်ရွက်သည်။
ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦးရှိသည့်အနက် (၁၂၅)ဦး တက်ရောက်သည့်အတွက် (၉၈.၂၉%) တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့်တတိယနေ့အစည်းအဝေး စတင်ကျင်းပ ကြောင်း ကြေငြာသည်။
ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး၊ ပြည်နယ်လွှတ်တော်မှ သဘောတူညီကြောင်းနှင့် အစည်းအဝေးအထမြောက်ကြောင်း ကြေငြာပါသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့သည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေ (မူကြမ်း) တစ်ရပ်လုံးကို အတည်ပြုပေးနိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဆိုတင်သွင်းပြီး ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်းကြေငြာသည်။
ဆက်လက်၍ ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင် တင်သွင်းခဲ့သော မိုင်းတုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦး၏ အဆိုကို လွှတ်တော်ဒုတိယဥက္ကဌ ဦးစိုင်းခမ်းမှတ်က ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်မှသဘောတူသဖြင့် မှတ်တမ်းတင်ကြောင်း ကြေညာ ပါသည်။
ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ်ကို နံနက်(၁၁:၁၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။
We have 50 guests and no members online