သတင်းများ

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

တောင်ကြီး   စက်တင်ဘာ   ၂

 627

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာလ(၂)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဥက္ကဌ နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ(၁၂၆)ဦး တက်ရောက်ကြသည်။

   ပထမဦးစွာ ကတိသစ္စာမပြုရသေးသော တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

   ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်းပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့်မေးခွန်း(၆)ခုအား သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားကာ မေးခွန်း(၁)ခုအား ပြန်လည် ရုပ်သိမ်းခဲ့သည်။

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ (၂၀၁၄-၂၀၁၄)ခု ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြု ငွေစာရင်းအား ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က လွှတ်တော်သို့တင်သွင်းပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်း ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ကွန်ဟိန်းမဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနုကလည်းကောင်း၊ ရှမ်းပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း)တို့နှင့် စပ်လျဉ်းပြီး ကလောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်စိုးကလည်းကောင်း လွှတ်တော်သို့ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းကြပါသည်။

   ထို့နောက် နမ္မတူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး တင်သွင်းသော အဆိုအား လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက စည်ပင်သာယာရေးကော်မတီ၏ ပုဂ္ဂလိကလုပ်ငန်းရှင်ပူးပေါင်းဆောင်ရွက်သည့် (Public Private Partnership)လုပ်ငန်းကို လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်ကို ညနေ(၁၄:၄၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

တောင်ကြီး ဩဂုတ် ၃၀

 626

   ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ (၄/၂၀၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၁၄ခုနှစ်၊ ဩဂုတ်လ(၃၀)ရက် နေ့လည်(၁)နာရီ အချိန်တွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့် တက်ရောက်ခဲ့ပြီး ပြည်နယ်သမဝါယမ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ၊ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ် ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်သမဝါယမ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် သမဝါယမအသင်းများ တိုးချဲ့ဖွဲ့စည်းရေး၊ အသေးစားအရင်းအနှီးချေးငွေများ ထုတ်ချေးပေးနိုင်ရေး၊ အရစ်ကျပစ္စည်းများ ရောင်းချပေးနိုင်ရေး၊ EXIM Bank စိုက်ပျိုးစရိတ် ချေးငွေများအား (၁)သိန်းမှ (၅)သိန်းအထိ အဆင့်ဆင့်ထုတ်ချေးပေးနိုင်ရေးအတွက် အခြေခံ အသင်းအဆင့် ၊ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် စသည်ဖြင့် ဖွဲ့စည်းပေးထားသော အဖွဲ့များဖြင့် စနစ်တကျ စိစစ်ရေး၊ ဦးစီးဌာနဝန်ထမ်းများနှင့် အသင်းအဆင့်ဆင့်မှ အမှုဆောင်များ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး၊ လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော  Third Wave ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ဝန်ထမ်းများ၊ အမှုဆောင်များ၊ အသင်းသားများ တက်တက်ကြွကြွဖြင့် လိုက်ပါ ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်တို့အား ဆွေးနွေးခဲ့ကြပါသည်။

 

တတိယအရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်းစဉ် စည်ပင်သာယာရေး လုပ်ငန်းများအဆင့် မြှင့်တင်ရေးနှင့် ယာဉ်စက်ယန္တရားများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

တောင်ကြီး           သြဂုတ် - ၁၉

622

   ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ တတိယအရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်းစဉ် စည်ပင်သာယာရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ယာဉ်စက် ယန္တရားများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ်(၁၉)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့သည် ဆက်လက်ဆောင်ရွက်မည့် လက်ရှိကာလလုပ်ငန်းစဉ်များကို ကျန်ရှိနေသည့် ကာလအတွင်းမှာ တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု(Third Wave)အဖြစ် ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်နိုင်ရန် ရေရှည်အတွက် အခြေခံအုပ်မြစ် ခိုင်မာအောင် ချမှတ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်နှင့် ပြည်သူတို့၏ လူမူစီးပွားဦးစားပေးလိုအပ်ချက်ကို ချက်ချင်းဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားရေးတိုးတက်ရေးလုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ ပြည်နယ်/ ပြည်နယ်ဌာနခွဲ၊ မြို့နယ်/ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဌာနဆိုင်ရာအဖွဲ့အစည်းအဖြင့်ရပ်တည်၍၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ စီမံကိန်းဦးစီးဌာနများ၏ မူဘောင်များနှင့်အညီ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း အခွန်အခ အကောက်များ ဥပဒေနှင့်အညီ ပြည့်ဝစွာကောက်ခံနိုင်ရေး၊ စည်ပင်သာယာရေး လုပ်ငန်းများသည် သက်ဆိုင်ရာမြို့နယ်များမှ ဥပဒေနှင့်အညီကောက်ခံရရှိသည့် ဌာနရန်ပုံငွေများဖြင့် ကျခံသုံးစွဲမှုကို အားလုံးအသိဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် စည်ပင်သာယာလုပ်ငန်းများသည် ပြည်သူ့ဗဟိုပြု၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ တိုက်ရိုက် ကွပ်ကဲမှုအောက်ရှိ အဖွဲ့အစည်းဖြစ်သည့်အတွက် ကော်မတီ၏ လုပ်ငန်း တာဝန်နှင့် ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား သွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး၊ ဦးစိုင်းထွန်းထွန်းမှ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို (Power Point)ဖြင့် ရှင်းလင်းတင်ပြပြီး၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီများတို့ အမှိုက်သိမ်းယာဉ်၊ လမ်းကြိတ်စက်၊ ကျောက်ခွဲစက်များနှင့် အမှိုက်ပုံများကို ပြည်နယ်ဝန်ကြီးများက ရှမ်းပြည်နယ်(တောင်ပိုင်း)(မြောက်ပိုင်း)(အရှေ့ပိုင်း)တို့ကို လွဲပြောင်းပေးအပ်ရာ မြို့နယ်စည်ပင်သာရေးကော်မတီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့က လက်ခံရယူကြသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနမှ မြို့နယ် စည်ပင်သာယာကော်မတီများတို့ ထောက်ပံ့ပေးအပ်ခဲ့သော ယာဉ်စက်ယန္တရား (၃၈)စီး၊ (၆၆၀)လီတာ အမှိုက်ပုံးကြီး (၁၅၆)ပုံး၊ (၂၄၀)လီတာအမှိုက်ပုံးအသေး (၄၅၇)ပုံးတို့ကို လှည့်လည် ကြည့်ရှု့စစ်ဆေးကြကြောင်း သိရှိရသည်။

   အဆိုအခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသာ ရေးရာဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)(မြောက်ပိုင်း)(အရှေ့ပိုင်း) မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မြို့နယ်အခြေပြု မူလတန်းပြဆရာ အတတ်ပညာ အထူးသင်တန်းအောင်မြင်ပြီးသည့် နေ့စားလပေး မူလတန်းပြများအား အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ထားခြင်း

တောင်ကြီး    သြဂုတ်   ၂၉

   ရှမ်းပြည်နယ်တွင် (၂၀၁၃-၂၀၁၄)ပညာသင်နှစ်အတွင်း နေ့စားလပေးခန့်ထားခဲ့သည့် မူလတန်းပြ ဆရာ/ဆရာမများအား မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်းသို့ တက်ရောက်အောင်မြင်ပြီး သတ်မှတ်အချက်အလက်များနှင့် ကိုက်ညီသူများကို နေ့စားလပေး ဆရာ/ဆရာမများကို ရှမ်းပြည်နယ်(တောင်ကြီးဒေသ)၌ (၁၅၁၅)ဦး၊ ရှမ်းပြည်နယ်(လားရှိုးဒေသ)၌ (၁၄၅၆)ဦး၊ ရှမ်းပြည်နယ်(ကျိုင်းတုံဒေသ)၌ (၃၅၄)ဦး၊ စုစုပေါင်း(၃၃၂၅)ဦးအား မူလတန်းပြ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ထားခဲ့ပြီး ဖြစ်ပါသည်။

   ၎င်းအပြင် ရှမ်းပြည်နယ်တွင် (၂၀၁၄-၂၀၁၅)ပညာသင်နှစ်အတွက် နေ့စားလပေး ဆရာ/ဆရာမများကို ရှမ်းပြည်နယ်(တောင်ကြီးဒေသ)၌ (၂၃၁၄)ဦး၊ ရှမ်းပြည်နယ်(လားရှိုးဒေသ)၌ (၂၅၃၀)ဦး၊ ရှမ်းပြည်နယ်(ကျိုင်းတုံဒေသ)၌ (၄၅၃)ဦး၊ စုစုပေါင်း(၅၂၉၇)ဦးတို့ကို သြဂုတ်လ(၁)ရက်နေ့မှစ၍ အစမ်းခန့် ဝန်ထမ်းများအဖြစ်ခန့်ထားပေးခဲ့ပြီး၊ မြို့နယ်အခြေပြု မူလတန်းပြဆရာအတတ်ပညာ အထူးသင်တန်းသို့ တက်ရောက်အောင်မြင်ပြီး သတ်မှတ်အချက်အလက်များနှင့် ကိုက်ညီခဲ့ပါက အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

ကျောင်းကျန်းမာရေးနေ့အခမ်းအနားနှင့် ရှမ်းပြည်နယ် ပညာရေး(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး     သြဂုတ် - ၁၆

623

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် သြဂုတ်(၁၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းကျောင်းဆောင်၌ ကျင်းပပြုလုပ်သော ကျောင်းကျန်းမာရေးနေ့ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်လူမူရေးဝန်ကြီးသည် ကျောင်းကျန်းမာရေးစံပြဆုရကျောင်းများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းကျန်းမာရေးနှင့် ပတ်သက်သော ပြခန်းများနှင့် ကျောင်းဝန်းအတွင်း ခြင်၊ ယင်များမပေါက်ပွားစေရန်အတွက် ဆေးမီးခိုးငွေ့မှုတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

   ထို့နောက် ပြည်နယ်လူမူရေးဝန်ကြီးသည် တောင်ကြီးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော အခြေခံပညာရေး (၆)လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ပညာရေးနှင့် ပတ်သက်သောလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။

   အဆိုပါ အခမ်းအနားသို့ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး(တောင်ကြီး)၊ ပြည်နယ် ပညာရေး ဒုတိယညွှန်ကြားရေးမှူး (လားရှိုး)၊ ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူး (ကျိုင်းတုံ)နှင့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ တက်ရောက်ကြကြောင်းသိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

ကယ်ဆယ်ရေးနှင့်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသို့ အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

တောင်ကြီး      သြဂုတ် - ၂၈

627.1

   အမျိုးသားလွှတ်တော်ဥက္ကဌ ဦးဆောင်မှုဖြင့် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲကို သြဂုတ် (၂၈)ရက် မွန်းလွှဲ (၁)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဒေသဦးစီးရုံး အစည်းဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဦးခင်အောင်မြင့်မှ အဖွင့်အမှာစကားပြောကြားပြီး၊ အမျိုးသား လွှတ်တော်ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာခင်ရွှေမှ လှူဒါန်းထောက်ပံ့မှု နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားကြောင်းသိရသည်။

628.2

   ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ဦးခင်အောင်မြင့်မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အလှူငွေကျပ် (၂၀၅)သိန်း၊ ရွာငံမြို့နယ် အတွက် အလှူငွေကျပ်(၂၄၀)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ပင်းတယမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကြည်နှင့် ရွာငံမြို့နယ်မှ ဒေါ်စုစုအောင်တို့က လက်ခံရယူကြသည်။

   ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်တို့မှ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သာသနာနုဂ္ဂဟအသင်းအတွက် အလှူငွေကျပ် (၁၅)သိန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ လှူဒါန်းငွေကျပ်(၁၀)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရှုမောင်မှ လက်ခံရယူသည်။

   ၎င်းနောက် အမျိုးသားလွှတ်တော်ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာ ခင်ရွှေမှ သင်ထောက်ကူစာအုပ်စာတမ်းအတွက် ဗလာစာအုပ် ဒါဇင်(၂၅၀)ကို ပေးအပ်လှူဒါန်းရာ ဒေသဦးစီးအဖွဲ့ဝင် ဦးခင်မောင်ဇော်မှ လက်ခံရယူပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရှုမောင်မှ ကျေးဇူတင်စကားပြန်လည်ပြောကြား ကြောင်း သိရှိရသည်။

   ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့သည် ပင်းတယပြည်သူ့ဆေးရုံးသို့ရောက်ရှိပြီး၊ ဆေးရုံးတွင် လူနာများကို အခမဲ့ဆေးကုသနေမှုကို လှည့်လည် ကြည့်ရှု့အားပေးကြပြီး၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာခင်ရွှေမှ ပင်းတယပြည်သူ့ဆေးရုံးအတွက် အလှူငွေကျပ် သိန်း(၅၀)ပေးအပ်လှူဒါန်းရာ ပင်းတယဆေးရုံးအုပ်ကြီးမှ လက်ခံရယူသည်။ ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဆိုင်းဘုတ် တင်ပွဲသို့ တက်ရောက်ပြီး၊ အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်း ဒေသ သာသနာနုဂ္ဂဟအသင်း ဥက္ကဌအဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးထူးကိုကို၊ သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သာသနာနုဂ္ဂဟ အသင်းဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှုမောင်တို့က ဖဲကြိုးဖြတ်၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အသင်းဆိုင်ဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

   ထို့နောက် ပင်းတယမြို့၊ မြို့နယ်ဓမ္မရုံး၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သာသနာနုဂ္ဂဟအသင်း အခြေခံယဉ်ကျေးလိမ္မာဆရာအဖြစ် မွန်းမံသင်တန်းတို့ကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု့အားပေးကြပြီး၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေမှ အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

 

                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၌ ပြည်နယ်ဦးစီးမှူးရုံးဖွင့်ပွဲ ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၈

620

   အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးဖွင့်ပွဲကို သြဂုတ်(၁၈)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၁၃၉) ဒုတိယအထပ် စဝ်စံထွန်းလမ်း စျေးပိုင်းရပ်ကွက်၌ ကျင်းပကြောင်း သိရသည်။

   ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးဖွင့်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ဆက်လက်၍ ပြည်နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ရုံးခန်းမများကို လှည့်လည်ကြည့်ရှုကြရာ ရုံးဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေအား ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ရှင်းလင်းတင်ပြကာ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်အား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

621

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

   ပထမဦးစွာ ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊ ကျောင်းအကျိုးတော်ဆောင် အတွင်းရေးမှူး ဦးသန့်ဇင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ကျောင်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးလိုက်သည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်ခန်းမအတွင်း လှည့်လည်ကြည့်ရှုကြပြီး၊ အခမ်းအနား ဒုတိယပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားကြောင်းသိရသည်။ ဆက်လက်၍ ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးက ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို အမှတ်(၁၀) အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ထံလွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

  ၎င်းနောက် ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးမော်တင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ၊ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ်အလံနှင့် အမှတ်တရ လက်ဆောင်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ကို နေရာအရောက်ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်း ဖွင့်ပွဲကျင်းပ

တောင်ကြီး      ဩဂုတ်   ၂၅

625

   သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ (၂၅)ရက်နေ့၊ နံနက် (၀၈၃၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း(တောင်ကြီး)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက်လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။ 

   အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်နယ်၊ မြို့နယ်သမဝါယမဦးစီးဌာနများမှ အရာထမ်းများ၊ သမဝါယမအသင်း အဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

   သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်းသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ သမဝါယမ ဦးစီးဌာန အဆင့်ဆင့်မှ ဌာနခွဲစာရေးဝန်ထမ်း သင်တန်းသား(၄၀)ဦး တက်ရောက််လျက်ရှိပြီး သင်တန်းတွင် စဉ်းစားတွေးခေါ်ပြောင်းလဲခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း ဆောင်ရွက်မှုအစီအစဉ်၊ စာရင်းရေးစာရင်းကိုင်ပညာ၊ သမဝါယမ စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း ဘာသာရပ်များကို သင်ကြားပို့ချ ပေးသွားမည် ဖြစ်ပြီး၊ သင်တန်းအား စက်တင်ဘာလ(၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရာထမ်းနှင့် အမှုထမ်း ဝန်ထမ်းအိမ်ယာတည်ဆောက်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး   သြဂုတ်   ၁၆

618

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် သြဂုတ်(၁၆)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ၊ ဝါးပြားသုဿာန်ဟောင်းသို့ ရောက်ရှိလာရာ အရာထမ်းနှင့်အမှုထမ်းဝန်ထမ်းအိမ်ယာ တည်ဆောက်မည့်မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တောင်ကြီးခရိုင် မြေစာရင်းဦးစီးဌာနနှင့် တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးတို့က အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းအိမ်ယာ တည်ဆောက်မည့်မြေနေရာနှင့် ပတ်သက်၍ ရှင်းလင်းရာ၊ ပြည်နယ် ဝန်ကြီးချုပ်မှ လက်ရှိမြေတွင်နေထိုင်ကြသည့်ပြည်သူများကို ပြန်လည်နေရာချပေးရန်နှင့် ဦးစားပေးဆောင်ရွက်ရန်၊ လက်ရှိနေထိုင်သည့် ပြည်သူများအတွက် တိုက်ခန်းများတည်ဆောက်ပြီးစီးပါက ခက်ခဲမှုမရှိအောင် ဦးစားပေးဆောင်ရွက်ပေးရန် လူဦးရေ တိကျစွာ စာရင်းကောက်ယူ၍ ထပ်မံတိုးပွားမှုမရှိအောင် ဂရုစိုက်ရန်၊ ပြည်သူများ နားလည်မှုရရှိအောင် ရှင်းပြရန်နှင့် ဝန်ထမ်းများနေထိုင်မည် ဖြစ်သည့်အတွက် အဆောက်အဦများ ကို ပြည်စုံစွာဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားသွားသည်။

ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ အရာထမ်းနှင့် အမှုထမ်း ဝန်ထမ်း အိမ်ယာများကို (၂၀၁၅-၂၀၁၆)အထိ ဆက်လက်ရာထားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့မှ ထွက်ခွာလာရာ အေးသာယာပြည်သူ့အိမ်ယာစီမံကိန်းသို့ရောက်ရှိလာပြီး၊ အိမ်ယာစီမံကိန်း တည်ဆောက်မည့်မြေနေရာကို ကြည့်ရှု၍ ရှင်းလင်းဆောင်၌ ဦးနန္ဒလှမြင့်မှ အိမ်ယာစီမံကိန်း တည်ဆောက်မည့် အိမ်ယာပုံစံများကို Power Point ဖြင့်ရှင်းလင်းတင်ပြသည်။

619

ပြည်နယ်ဝန်ကြီးချုပ်မှ ပြန်လည်ဆွေးနွေးမှာကြားရာ မြေသားလမ်းများ၊ အမှိုက်ပုံ ကိစ္စရပ်များ၊ အမှိုက်ပုံနှင့် သုဿာန်နီးစပ်မှုများမရှိစေရန် စိုက်ပျိုးမြေနှင့် ယာမြေခွဲခြားရန်၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးစီး၍ စာရင်းများ ကောက်ယူပြီး အမြန်ဆုံး စာရင်းများပြုစုပေးရန်၊ ဘဏ်နှင့်ချိတ်ဆက်ပြီး ကုမ္ပဏီအဖွဲ့များနှင့် ဆွေးနွေးမှုပြုလုပ်ရန်၊ ဝန်ထမ်းများ ပြည်သူများအတွက် တိုက်ခန်းများ ဝယ်ယူမှုတွင် သက်သာမှုရှိစေရန်နှင့် မြန်ဆန်မှုပြီးစီးနိုင်ရန်၊ ဌာနဆိုင်ရာများက လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖြည့်ဆည်းပြောကြားသွားသည်။

၎င်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အေးသာယာ ပြည်သူ့အိမ်ယာ တည်ဆောက်မည့်မြေနေရာများ၊ လမ်းဖောက်လုပ်မည့်နေရာများသို့ လှည့်လည်ကြည့်ရှုကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသို့ ရောက်ရှိလာရာ အားကစားရုံသစ်၌ မြို့နယ် လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက အေးသာယာမြို့ရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းရှေ့ရှိ မြို့ကွက်သစ်၊ မြေကွက်သစ်နေရာတွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ထားရှိမှုနှင့် ပြီးစီးမှုတို့ကို ရှင်းလင်း၍ လည်းကောင်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများကလည်း ကျောက်လမ်း၊ တံတားများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း၍ လည်းကောင်း၊ ကုမ္ပဏီတာဝန်ရှိသူမှ ဆောက်လုပ် ပြီးစီးလျက်ရှိသော အားကစားရုံများ၊ အိပ်ဆောင်များကို ရှင်းလင်းကြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများ၏ အိပ်ဆောင်ခန်းမများ၊ ရေချိုးခန်း၊ သန့်စင်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရသည်။

                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလက(ခွဲ)ဂနိုင်ရေးကျောင်းသို့ စာရေးခုံနှင့် ထိုင်ခုံများ ပေးအပ်လှူဒါန်းခြင်း

တောင်ကြီး        သြဂုတ် - ၂၀

624

ပြည်နယ်ဘဏ္ဍရေးဝန်ကြီး ဦးခွန်သိန်းမောင် ပြည်နယ်လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းတို့သည် သြဂုတ်လ (၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ အလက(ခွဲ) ဂနိုင်ရေးကျောင်းသို့ ရောက်ရှိခဲ့ကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စာရေးခုံနှင့် ထိုင်ခုံ အစုံ(၂၀)ကိုလည်းကောင်း၊ ပြည်နယ်ဘဏ္ဍရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ကွန်ပျူတာ(၁)စုံကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြရာ ကျောင်းအုပ် ဆရာမကြီးနှင့်  ကျောင်းအကျိုးတော်ဆောင်အဖွဲ့များမှ လက်ခံရယူပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း(၄)ခရိုင် Chaing Rai, Phrae, Phayao, Nan ဒေသမှ အုပ်ချုပ်ရေးအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင် ကုန်သည်များ ပူးပေါင်းကျင်းပသည့် ကုန်စည်ပြပွဲနှင့်

တောင်ကြီး   သြဂုတ်   ၁၅

617

   ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ညီနောင်အသင်းများနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း(၄)ခရိုင် Chaing Rai, Phrae, Phayao, Nan ဒေသမှ အုပ်ချုပ်ရေးအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင် ကုန်သည်များ ပူးပေါင်းကျင်းပသည့် ကုန်စည်ပြပွဲကို သြဂုတ်(၁၅)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရှိရသည်။

   ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်စည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးအောင်ဆန်းဝင်း၊ ဒုတိယ ဥက္ကဌ ဦးစိုင်းနောင့်၊ အတွင်းရေးမှူး ဦးသန်းမောင်၊ ဖယောင်း(ဝ်)ခရိုင်မှ လေတပ်ဗိုလ်ကြီး SUVICHA၊ ဖရဲ့ခရိုင်မှ ဒုတိယ ဝန်ကြီးချုပ် MR;THANARORN၊ ချိုင်းရိုင်း ခရိုင်မှ စည်ပင်သာယာရေးဌာန MR;CHALAEMPON တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်း(၄)ခရိုင် ကုန်သည် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဖယောင်း(ဝ်)ခရိုင်မှ လေတပ်ဗိုလ်ကြီး SUVICHA မှ မိတ်ဆက်နှုတ်ခွန်း ဆက်သ၍လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးအောင်ဆန်းဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

   ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်များမှ အချင်းချင်းအပြန်အလှန် မိတ်ဆက်ခြင်း၊ နှစ်နိုင်ငံကန်သည်များမှ  အထွေထွေဆွေးနွေးကြပြီး၊ နှစ်နိုင်ငံကုန်သည်များမှ နှစ်ဦးသဘောတူ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက် ကြောင်း သိရှိရသည်။

   အဆိုပါ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံမြောက်ပိုင်း(၄)ခရိုင်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. တောင်ကြီးတက္ကသိုလ်(၂၂)ကြိမ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ
  2. ပြည်နယ်ဝန်ကြီးချုပ် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာ သို့ လှည့်လည်ကြည့်ရှုစစ်ဆေး
  3. ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၁၄)ကျင်းပ
  4. ရှမ်းပြည်နယ် အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှု ရက်သတ္တပတ်များ ဖွင့်ပွဲကျင်းပ
  5. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါခေါင်လပြည့်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်း လှူပွဲ ကျင်းပ
  6. ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ၍ ဆရာတော်ကြီး(၉)ပါးအား နေ့ဆွမ်း ဆက်ကပ်
  7. (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါဖွင့်ပွဲ ကျင်းပ
  8. (၂၀၁၃-၂၀၁၄)ပညာသင်နှစ် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် သဘာဝဘေးရေကြီးနစ်မြှပ်ခြင်းအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်
  9. တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄)ခုနှစ် အောင်မြင်ပြီးမြောက်ခြင်း ကျင်းပ
  10. ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄) ဖွင့်ပွဲကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 55 guests and no members online