သတင်းများ

Articles

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ကလောမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ   ၁၂

 

010

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဇန်နဝါရီ(၁၂)ရက်၊ နံနက်(၉)နာရီခွဲက ကလောမြို့၊ မြို့နယ်ခန်းမ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမိုးခိုင်ထွန်းမှ ကလောမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများမှ ဆွေးနွေး တင်ပြကြသည်။

 

   ထို့နောက် တက်ရောက်လာကြသော မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မတီဝင်များဖြစ်သည့် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ဘော်ဆိုင်းမြို့တို့မှ ကော်မတီဝင်များက ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေး၊ လမ်းတံတား ကောင်းမွန်ရေး၊ လယ်ယာမြေ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

 

   ယင်းနောက် တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများမှ ကော်မတီများ၊ ရပ်ကွက်/ကျေးရွာများ၊ မြို့မိမြို့ဖများ တင်ပြဆွေးနွေးချက်ကို သက်ဆိုင်သည့် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

   ၎င်းနောက် ကလောမြို့နယ် ရေပိုက်လိုင်းများ၊ လမ်းများတိုးချဲ့ ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ငွေကျပ်သိန်း (၃၀၀)အား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦစိုင်းလှဝင်းမှ ပေးအပ်ရာ ကလောမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးကျော်ဇင်မှ လက်ခံရယူ၍ လည်းကောင်း၊ ကလောမြို့နယ် ပညာရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ကွန်ပျူတာ (၂)စုံအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်ရာ ကလောမြို့နယ် ပညာရေးမှူးမှ လက်ခံ၍ လည်းကောင်း၊ ကလောမြို့နယ်ရှိ တောင်ရိုးတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့၊ ဓနုတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ငွေကျပ်(၁၀)သိန်းစီကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ စာပေယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများက အသီးသီး လက်ခံ၍ လည်းကောင်း၊ ကလောမြို့နယ် သိမ်တောင်ဘုရား အတက်လမ်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ကတ္တရာ (၁၁.၅၇)တန်ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ပေးအပ်ရာ တာဝန်ရှိသူ ဂေါပကတစ်ဦးမှ လက်ခံရယူပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ အုပ်ချုပ်ရေးမှူးများနှင့်  ဒေသခံတိုင်းရင်းသား မိဘပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ညောင်ရွှေ၊ ရပ်စောက်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးကော်မတီ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ   ၁၁

 

009

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီများ၊ ပြည်နယ်/ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ဇန်နဝါရီ(၁၁)ရက်၊ နံနက်(၈)နာရီက ညောင်ရွှေမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ညောင်ရွှေမြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှမှ ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးတင်အောင်ကျော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစံရွှေတို့က ဒေသတွင်း လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြသည်။

 

   ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ရေ၊ မီး၊ လမ်း၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်များကို အထွေထွေ ဆွေးနွေး တင်ပြကြသည်။

 

   ၎င်းနောက် ကော်မတီ အသီးသီး၏ တင်ပြချက်များ၊ မြို့မိမြို့ဖများ၏ လိုအပ်ချက်များကို ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်ဝန်ကြီးများက မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် လိုအပ်သည်များကို ပြန်လည်ဖြည့်စွက် ရှင်းလင်းကြသည်။

 

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တင်ပြတောင်းဆိုချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့မှ ထွက်ခွာလာရာ မွန်းလွှဲ(၂)နာရီတွင် ရပ်စောက်မြို့၊ ရတနာသီရိခန်းမ၌ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသက်နိုင်ဦးက ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးသန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးချိုဝင်းတို့က မိမိကျေးရွာဒေသ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ပြောကြားသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီချုပ် ဦးစဝ်အောင်မြတ်က ကော်မတီများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းမှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အေင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့သည် ရပ်စောက်မြို့ရှိ အင်းခေါင်းကန် ရေဆိုးထုတ်မြောင်းနှင့် နုန်းတားတမံ ပြုလုပ်မည့် နေရာများကို လှည့်လည်ကြည့်ရှုရာ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြားခဲ့သည်။

 

   အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများနှင့်  ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီများနှင့် တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ   ၁၀

 

008

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီများသည် တောင်ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာထောက်အကူပြုကော်မတီများနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီ(၁၀)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် "ရှမ်းပြည်နယ်တွင် အဓိကကျသည့် ရပ်ကွက်/ကျေးရွာအထောက်အကူပြုကော်မတီများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအမှူးများအားလုံးကို ကော်မတီစနစ်နှင့် နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြောင်းလဲမှုအခြေအနေအရ လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ တွေ့ရှိရသည့် အခက်အခဲများနှင့် ဖြေရှင်းရန်ကျန်ရှိသည့် ကိစ္စရပ်များကို ယနေ့တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ အထောက်အကူပြုကော်မတီ အသီးသီးမှ တင်ပြဆွေးနွေးချက်များကို အခြားစီမံခန့်ခွဲရေးကော်မတီများကလည်း ပြန်လည်ဖြေရှင်းရန်အတွက် ကိစ္စရပ်များကို ချက်ချင်းဆောင်ရွက်ရန် မှတ်တမ်းတင်ထားရှိပြီး၊ စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို သိရှိနိုင်ရန်အတွက် ဆောင်ရွက်ရသော အခမ်းအနားဖြစ်ကြောင်း"ပြောကြားသွားသည်။

 

   ဆက်လက်၍ တောင်ကြီးမြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ အတွင်းရေးမှူး ဦးမောင်မောင်မြင့်၊ ဥက္ကဌ ဦးစိုင်းအောင်ဆာ၊ အဖွဲ့ဝင် ဦးစိုင်းအုန်းခေါင်တို့က ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြ၍ လည်းကောင်း၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစွန်ကြိုင်မှ စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းမှုနှင့် စျေး၊ ရေ၊ မီး၊ လမ်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး၍ လည်းကောင်း၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်ဦး၊ တောင်ကြီးမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိမှ စည်ပင်သာယာရေး ဆောင်ရွက်ချက်များကို ရှင်းလင်း၍ လည်းကောင်း၊ တောင်ကြီးမြို့နယ် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ရဲမှူး ဦးမောင်မောင်ဝင်းတို့မှ အသီးသီး ရှင်းလင်းတင်ပြကြသည်။

 

   ထို့နောက် တောင်ကြီးမြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့က လယ်ယာမြေ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး၊ တောင်ကြီးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက ဆွေးနွေးတင်ပြကြသည်။

၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီများက ရေရရှိရေး၊ လမ်းကောင်းမွန်ရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကိစ္စရပ်များကို အထွေထွေ ဆွေးနွေး တင်ပြကြသည်။

 

   ယင်းနောက် ကော်မတီ အသီးသီးမှ ဆွေးနွေးတင်ပြချက်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများက မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများအလိုက် ပြန်လည်ဖြည့်ဆည်း ရှင်းလင်းပြပြီး၊ တောင်ကြီးမြို့ပေါ် ကတ္တရာလမ်း  (၁၇)လမ်း ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော (၂၀၄.၃၇)တန် ခန့်မှန်းတန်ဖိုး (၁၅၁၂.၃၃၈)သိန်းအား ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်က ပေးအပ်ရာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစွန်ကြိုင်မှ လက်ခံရယူသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကော်မတီ အသီးသီး၏ ဆွေးနွေးတင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကော်မတီများ၊ ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

"ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ" အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၄) နှင့် "ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့" အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၄) ကျင်းပ

တောင်ကြီး   ဇန်နဝါရီ   ၀၉

 

007

 

   ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၄) နှင့် ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၄) အခမ်းအနားကို ဇန်နဝါရီ(၉)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ဆွေးနွေးတင်ပြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၄) တင်ပြချက်များနှင့် ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၄) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကြသည်။

 

   ၎င်းနောက် အခမ်းအနား တက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ၊ ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 67 guests and no members online