သတင်းများ

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနားကျင်းပရေး ညှိနိုင်းအစည်းအဝေး

တောင်ကြီး ဇန်နဝါရီ  ၂၉

 

022

 

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနားကျင်းပနိုင်ရေး အတွက်ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်မွန်းလွဲ (၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းမှ တက်ရောက်ဆွေး နွေး မှာကြားရာတွင် ” ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာလျှင် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်လာမှာဖြစ်ပါကြောင်း၊ အသေးစားချေးငွေလုပ်ငန်းနှင့် စက်မှု လက်မှုအသင်းတို့နှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိပြီး ၂၀၁၄ခုနှစ်တွင် ချေးငွေများ ခွဲဝေထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း ဒါမှသာလျှင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စသည့်လုပ်ငန်းရှင်များ ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း” ရှင်းလင်းဆွေးနွေး ပြောကြားသွားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် အခမ်းအနားကျင်းပမည့် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်မည့်အစီအစဉ် စီမံချက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီ အသီးသီးနှင့် ပြည်နယ်ဝန်ကြီးများက မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍအသီးသီးအလိုက် ဆွေးနွေးတင်ပြရှင်းလင်းကြသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ဆပ်ကော်မတီအသီးသီးနှင့် ပြည်နယ်ဝန်ကြီးများ၏ တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက် မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့သည် အခမ်းအနားကျင်းပမည့် အဝေရာမီးပုံးပျံကွင်းအတွင်း တည်ဆောက်ပြုပြင် နေမှုများကို လည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

 

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ သမဝါယမဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အရန်သားဖွားသင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး    ဇန်နဝါရီ  ၂၄

 

021

 

ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ တို့ ပူးပေါင်းဖွင့်လှစ်သော အရန်သားဖွားသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၄ ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာ စကားပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းဝင်းဇော်လှိုင်က သင်တန်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသောငွေကျပ်သိန်း(၅၀)စီကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းမှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်မှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့၏ လုပ်ငန်း များဆောင်ရွက်ရန်အတွက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ စီမံရေးရာဌာနမှူး ဒေါ်နန်းမိုခမ်းမှ လက်ခံရယူ ကြသည်။

 

ယင်းနောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်မှ သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင်နှင့် ထူးချွန် သင်တန်းသူများအား ဆုချီးမြှင့်ရာ သင်တန်းနည်းပြနှင့် သင်တန်းသူတစ်ဦးမှ လက်ခံရယူသည်။

 

၎င်းနောက် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ ဒုတိယပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းဝင်းဇော်လှိုင်ကပေးအပ်၍လည်းကောင်း၊ သင်တန်းသူများအားလုပ်ငန်းသုံးပစ္စည်း (Kit ပုံးများ)ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်ကြည်ဝင်းမှပေးအပ်ရာ သင်တန်းသူများ က လက်ခံရယူသည်။

 

ဆက်လက်၍ သင်တန်းသူများအားလုံးကိုယ်စား မအေးမိစံမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

အဆိုပါ အရန်သားဖွားသင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သင်တန်းဆင်းအရန်သားဖွားဆရာမများ တက်ရောက်ကြကြောင်းသိရှိရသည်။

 

၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ နှင့် အဌမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   ဇန်နဝါရီ   ၂၂

 

016

 

   ၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားနှင့် အဌမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ(၂၂)ရက်၊ ညနေ(၃)ရီက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နှင့် အဌမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားသည်။

 

   ဆက်လက်၍ တက်ရောက်လာကြသည့် လုပ်ငန်းဆပ်ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးများမှ မိမိတို့ တာဝန်ယူရသည့် လုပ်ငန်းများအလိုက် ဆွေးနွေးတင်ပြကြသည်။

 

   ထို့နောက် လုပ်ငန်းဆပ်ကော်မတီများအလိုက် ဆွေးနွေးတင်ပြကြပြီး၊ ၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နှင့် အဌမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ (၁၇-၁-၂၀၁၄)မှ (၂၀-၁-၂၀၁၄)ထိ ရှမ်းပြည်နယ်(ကျိုင်းတုံဒေသ) အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ခရီးစဉ်

တောင်ကြီး   ဇန်နဝါရီ   ၂၃

 

020

 

(၁၈-၁-၂၀၁၄)ရက်နေ့ နံနက်(၇:၃၀)အချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်လျက် ဒေါ်တင်မေထွန်း- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာချီလိတ်မြို့၊ ဒေါက်တာသန်းထွဋ်ဦး- ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းကျော်- တွဲဖက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဦးသောင်းတင်ထွေး- တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒေါက်တာမျိုးမင်း- တာချီလိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ပူးပေါင်းပါဝင်ပြီး မိုင်းဖုန်း(က)ပိန်းညှောင် (အ-မ-က)ကျောင်းတွင် အာခါကျေးရွာများဖြစ်ကြသော ပိန်းညှောင်(၁)၊ ပိန်းညှောင်(၂)၊ ပိန်းညှောင်(၃) ကျေးရွာများနှင့် ပလောင်ကျေးရွာများ ဖြစ်ကြသော နန့်လွဲ၊ ဝမ်မိုင်၊ နမ့်ဝှေယောင်ကျေးရွာများနှင့် လားဟူရွာ ဖြစ်သော  နောင်ကျန့်ကျေးရွာများမှ လူနာစုစုပေါင်း (၄၈၆)ဦးတို့အား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်၍ ဆေးကုသပေးခဲ့ကြပါသည်။

 

(၁၉-၁-၂၀၁၄)ရက်နေ့ နံနက်(၇:၃၀)အချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်လျက် ဒေါ်တင်မေထွန်း- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာချီလိတ်မြို့၊ ဦးညွှန့်ဝင်း- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုင်းဖြတ်မြို့၊ ဦးတင်မောင်ဆွေ- ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး၊ ဒေါက်တာသန်းထွဋ်ဦး- ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းကျော်- တွဲဖက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဦးသောင်းတင်ထွေး- တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒေါက်တာကြည်လွင်- ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့တို့ ပူးပေါင်းပါဝင်ပြီး တာချီလိတ်မြို့(အောက်) မိုင်းဟဲမှတဆင့် မိုင်းဖြတ်ခရိုင်၊ ဟွေခန့်ရွာသို့ သွားရောက်၍ ဒေသခံကျေးရွာပြည်သူ လူနာစုစုပေါင်း (၅၂၁)ဦးတို့အား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်၍ ဆေးကုသပေးခဲ့ ကြပါသည်။

 

ဆက်လက်၍ နေ့လည်ပိုင်းတွင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ လူမှုကူညီရေးအသင်းတို့မှ မိုင်းဖြတ်ခရိုင်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝုန်းထောင်ရွာရှိ မီးဘေးဒုက္ခသည် (လားဟူရွာ) အိမ်ခြေ (၃၈)အနက် မီးသင့်အိမ်ခြေ (၂၃)အိမ်သို့သွားရောက်၍ အားပေးစကားများပြောကြားပြီး ပြည်နယ်လူမှုရေးဝန်ကြီးမှ တန်ဖိုး(၂၅၅၀၀၀)ကျပ်ရှိ ဆန်(၁၀)အိတ်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန်မှ တန်ဖိုး (၄၅၅၄၀၀)ကျပ်ရှိ စားဆီ(၂၃)ပုံး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ တန်ဖိုး (၁၀၂၀၀၀)ကျပ်ရှိ စောင်(၃၈)ထည်၊ ရှမ်းရှေ့ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ တန်ဖိုး(၁၂၈၈၀၀၀)ကျပ်ရှိ သွပ်မိုး(၄၆၀)ချပ်၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်ကော်မတီဝင်များမှ တန်ဖိုး(၁၈၀၀၀၀)ကျပ်ရှိ စားစရာ(၄၀)ထုပ်၊ ဥက္ကဌ ဦးစိုင်းကျော်စံ ဦးဆောင်သည့် ရွှေတာချီလူမှုကူညီရေးအသင်းမှ တန်ဖိုး(၈၀၂၃၀၀)ကျပ်ရှိ သွပ်(၃၂၀)ချပ် စုစုပေါင်း ငွေ(၃၆၄၉၈၀၀)ကျပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

(၂၀-၁-၂၀၁၄)ရက်နေ့ နံနက်(၇:၃၀)အချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်လျက် ဒေါ်တင်မေထွန်း- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာချီလိတ်မြို့၊ ဦးတင်မောင်ဆွေ- ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး၊ ဒေါက်တာသန်းထွဋ်ဦး- ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာဝင်းကျော်- တွဲဖက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဦးသောင်းတင်ထွေး- တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒေါက်တာမျိုးမင်း- တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှူးနှင့် အထူးကုဆရာဝန်ကြီးများ အဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့များသည် တာချီလိတ်မြို့ မိုင်းကိုးအုပ်စု မောတွီကျေးရွာ မူကြိုကျောင်းတွင် အာခါရွာများဖြစ်သော ပါကွေ့၊ ဟိုနား၊ ဟားကျား၊ ပါခုနမ်၊ အားရဲ့၊ ရှမ်းရွာရှိ စီလီပွန်း၊ လားဟူရွာရှိ မောတွီအစရှိသည့် ကျေးရွာများမှ ဒေသခံကျေးရွာပြည်သူ လူနာစုစုပေါင်း (၄၁၂)ဦးတို့အား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်၍  ဆေးကုသပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

ရှမ်းပြည်နယ်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အစုအဖွဲ့များ ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး   ဇန်နဝါရီ  ၂၀

 

 015

 

   ရှမ်းပြည်နယ်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အစုအဖွဲ့များ ဖွဲ့စည်းရေး တွေ့ဆုံပွဲကို ဇန်နဝါရီ (၂၀) ရက်နေ့ နေ့လည် (၁၂) နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာ စက်မှုဇုန်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် “စက်မှုဇုန်အတွင်းမှာရှိတဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် စက်မှုလုပ်ငန်းရှင်များ၏ဆောင်ရွက်နေတဲ့အခြေအနေကို သိရှိနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ အခက်အခဲများကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားအကောင်ထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများမှာ ယခုစက်မှုဇုန်မှာရှိသည့် စက်မှုကုန်ထုတ် လုပ်ငန်းများအပါအဝင်၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ လုပ်အားအခြေပြု ထုတ်လုပ်မှုလုပ်ငန်းများ၊လက်လီလက်ကားရောင်းဝယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အစရှိသည့်စီးပွားရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အတွင်း စီးပွားရေးလုပ်ငန်းများ၏ ၉၅%ကျော်သည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ၉၅%ကျော် ရှိပါကြောင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို စွမ်းရည် မြှင့်တင်ပေးနိုင်သည့်အပြင် ဖွံ့ဖြိုးမှု၏အဓိကမောင်းနှင်အား ဖြစ်ကြောင်း၊ ကျေးလက်ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သည့်အလုပ်အကိုင် အခွင့်အလမ်း များကိုပေးစွမ်းနိုင်သည့်အတွက် အသက် သွေးကြောသဖွယ် အရေးပါလျက်ရှိပါကြောင်း၊ ယခုစက်မှုဇုန်အတွင်းရှိ ထုတ်လုပ်မှုလုပ်ငန်းများအပါအဝင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ SME လုပ်ငန်းများကို မိမိတို့ဒေသအခြေအနေ၊အချိန်ကာလနှင့် ကိုက်ညီသည့်လုပ်ငန်းများ အပေါ် မူဝါဒချမှတ်ပြီး၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးပြီးနိုင်ငံများသို့ သွားရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်း၊ မိမိတို့နိုင်ငံသို့ဖိတ်ခေါ်ဆွေးနွေးခြင်း၊ ပညာတော်သင်များစေလွှတ်ခြင်းတို့ဖြင့် တွေ့ရှိချက်များအပေါ် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများအပါအဝင် အခြား SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့်အလျင်အမြန်ဆောင်ရွက်နိုင်ရန် အတွက် SME ဥပဒေမူကြမ်းအားရေးဆွဲထားရှိပြီး အတည်ပြုနိုင်ရေးဆောင်ရွက်နေသလို စက်မှုဇုန်များနှင့် ပက်သက်သည့်ဥပဒေကိုလည်း နေရာဒေသ၊ အခြေအနေ၊ အချိန်အခါတို့နှင့် ကိုက်ညီအောင်ရေးဆွဲလျက် ရှိပါကြောင်း၊ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် အခြေခံဖြစ်သည့် SME များ၏ အခြေအနေ စာရင်းဇယား၊ SMEများ အချင်းချင်းအစုအဖွဲ့များဆောင်ရွက်ထားမှု၊ အဲဒီအပေါ်တွင် ပြည်တွင်းတွင်သာမက ပြည်ပဈေးကွက်ကို ယဉ်ပြိုင်ထိုးဖောက်နိုင်စေရေးအတွက် အစုအဖွဲ့များ၏လိုအပ်ချက်များကို အလျင်အမြန် သိရှိတင်ပြဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစုအဖွဲ့ (Cluster) များနှင့်ပက်သက်သည့်အချက်အလက် များ၊ လိုအပ်ချက်များကို အလျင်အမြန်သိရှိမှသာ ဖွံ့ဖြိုးတိုးတက်စေမည့် SME အစုအဖွဲ့များဖော်ထုတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေရန်လိုအပ်ချက်များသိရှိပြီး ဒေသအတွင်းကိုက်ညီမည့် SME တွေကို အလျင်အမြန်ဖြည့်ဆည်း ဆောင်ရွက်နိုင်မည်သကဲ့သို့ ကျန်ရှိသည့် SME များကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် အစုအဖွဲ့များအလျင်အမြန်ဖွဲ့စည်းရေးသည်လည်း အလွန် အရေးကြီးသည့်အချက်ဖြစ်သည်ကိုအလေးထား မှတ်သားဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ယခုတွေ့ဆုံ ဆွေးနွေးပွဲတွင် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်အတွင်းတွင်ရှိသည့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နေသည့် အခြေအနေနှင့် အခက်အခဲ များအားအပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ SME ဖွံ့ဖြိုးတိုးတက်ရေး အတွက် Cluster Development အဖွဲ့၏ လုပ်ငန်းများ လျင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ရေး တို့ကို ဆွေးနွေးအကြံပြုပေးကြပါရန် ” တိုက်တွန်းပြောကြားသွားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ မှ အေးသာယာစက်မှုဇုန်၏ အခြေအနေ၊ SME ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် SME Cluster များဖွဲ့စည်းရေးအခြေအနေအား ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် တက်ရောက်လာကြသည့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ မော်တော်ယဉ်ထုတ်လုပ်ရေး လုပ်ငန်းကော်မတီ၊ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းကော်မတီ၊ သံပန်းသံတံခါးလုပ်ငန်းအဖွဲ့၊ သစ်စက်လုပ်ငန်းအဖွဲ့၊ ဝပ်ရှော့လုပ်ငန်းအဖွဲ့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်း၊ ဆန်စပါးအသင်းလုပ်ငန်းရှင်များအသင်းတို့မှ အသီးသီး စက်မှုဇုန်လုပ်ငန်းများနှင့် ပက်သက်၍ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

 

   ၎င်းနောက် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ လုပ်ငန်းဆိုင်ရာများနှင့် ပက်သက်သည့် ဥပဒေဆိုင်ရာ တို့ကို ရှင်းလင်းဆွေးနွေးကြသည်။

 

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာ SME လုပ်ငန်းများအားလုံး ရပ်တန့်ပြိုလဲမှုမရှိအောင်၊ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ရည်ရွယ်ချက်ထားရှိပြီး၊ ကြုံတွေ့ နေရသော အခက်အခဲများကို ပေါင်းစပ်ညှိနိုင်းရင်ဆိုင်ကျော်လွှားဖြေရှင်းဆောင်ရွက်ကြမှသာ လက်ရှိကာလ အတွက် အကျိုးရှိမှာဖြစ်သလို SME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်အောင်မြင်သည့် အခါ ပိုမိုအကျိုးဖြစ်ထွန်းနိုင်မှာ ဖြစ်သည့်အတွက် စည်းလုံးညီညွတ်စွာဖြင့် အလေးထားကြိုးစားပြီး ဆောင်ရွက် ကြရန် ပြောကြားသွားပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

 

   ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် အေးသာယာစက်မှုဇုန်ထွက် ကုန်ပစ္စည်းများ၊ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

 

   အဆိုပါ ရှမ်းပြည်နယ်အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အစု အဖွဲ့များ ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်း/ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊  ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင် ကော်မတီဝင်များ နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ကြကြောင်းသတင်းရရှိသည်။

 

၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   ဇန်နဝါရီ   ၂၃

 

019

 

   ၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ(၂၃)ရက်၊ မွန်းလွဲ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။  အခမ်းအနားတွင် ၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိန်အုပ်မှ ပထမအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

 

   ဆက်လက်၍ တက်ရောက်လာကြသော လုပ်ငန်းကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးများမှ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

 

   ထို့နောက် ကော်မတီ အသီးသီးမှ ပြန်လည် ဆွေးနွေးကြပြီး၊ ၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူမှ ကော်မတီများ၏ ဆွေးနွေး တင်ပြချက်များကို လိုအပ်သည်များ မှာကြားကာ နိဂုံးချုပ် အမှာစကား ပြောကြား၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းဆပ်ကော်မတီများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ် မြို့မိမြို့ဖ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများနှင့် တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ  ၁၈

 

013

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီ(၁၈)ရက်၊ နေ့လည်(၁၂)နာရီက လင်းခေးမြို့၊ နွယ်၀တီခန်းမ၌ လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ် တို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းမှ ဒေသဆိုင်ရာလုပ်ငန်း အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

 

 

   ဆက်လက်၍ လင်းခေးမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဦးဝေမောင်မှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း၍ လည်းကောင်း၊ လင်းခေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဦးကျော်သန်းမှ စည်ပင်သာယာရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း၍ လည်းကောင်း၊ မြို့နယ်အထောက်အကူပြုကော်မတီ ဦးအောင်သန်းမှ ဒေသဖွံ့ဖြိုးရေးအတွက် သောက်သုံးရေရရှိရေး၊ လမ်းကောင်းမွန်ရေး၊ မြို့သာယာလှပရေးတို့ကို တင်ပြ၍ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလွင်မှ နမ့်ဖာလုံ ရေလှောင်တမံနှင့် ပက်သက်၍ လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးသန်းကျော်မှ စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြကြသည်။

 

   ထို့နောက် မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ မိုင်းပန်မြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်း၍ လည်းကောင်း၊ မိုင်းပန်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဦးဟန်ဌေးမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း၍ လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးစိုင်းအောင်ထွန်းမှ စည်ပင်သာယာရေးကော်မတီနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်း တင်ပြကြသည်။ ထို့နောက် တက်ရောက်လာကြသည့် လင်းခေးမြို့နယ်အထောက်အကူပြု ကော်မတီများမှ အထွေထွေ ဆွေးနွေးတင်ပြကြရာ ဒေသဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်ပေးရေး၊ လမ်းကောင်းမွန်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ဆွေးနွေး တင်ပြကြသည်။

 

   ယင်းနောက် မြို့နယ်အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဆွေးနွေး တင်ပြမှုကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးများက မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ဖြည့်စွက် ရှင်းလင်းကြသည်။

 

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးအတွက် ရံပုံငွေ ပေးအပ်လှူဒါန်းရာ လင်းခေးမြို့နယ် စည်ပင်သာယာရေးကော်မတီအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ငွေကျပ်သိန်း (၂၀၀)၊ လင်းခေးမြို့နယ် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ငွေကျပ်သိန်း (၁၀၀)၊ ဟိုမိန်းမြို့နယ်ခွဲ စည်ပင်သာယာရေးကော်မတီအတွက် ငွေကျပ်သိန်း (၁၀၀)၊ မိုင်းပန်မြို့နယ် စည်ပင်သာယာရေးကော်မတီအတွက် ငွေကျပ်သိန်း (၂၀၀)၊ မိုင်းပန်မြို့နယ် လျှပ်စစ်မီးလင်းရေးအတွက် ငွေကျပ်သိန်း (၂၀၀) အသီးသီးတို့အား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ပေးအပ်ရာ လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထေက်အကူပြုကော်မတီတို့မှ လက်ခံရယူ၍ လည်းကောင်း၊ ဆက်လက်၍ လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ် ပညာရေးကဏ္ဍအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ကွန်ပျူတာ (၂)စုံစီကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ ပေးအပ်ရာ မြို့နယ်ပညာရေးမှူးများမှ အသီးသီး လက်ခံရယူကြသည်။

   

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ကော်မတီ အသီးသီးနှင့် မြို့မိမြို့ဖများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ တင်ပြဆွေးနွေးမှု အပေါ် ပြန်လည်ဖြည့်စွက် မှာကြား၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပြီး အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လင်းခေး၊ မိုင်းပန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တောင်ကြီး   ဇန်နဝါရီ   ၂၃ 

 018

 

   ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ(၂၃)ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ  ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ အဖွင့်အမှာစကား ပြောကြားသည်။

 

   ဆက်လက်၍ ပြည်နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး ကော်မတီ ဖွဲ့စည်းထားရှိမှုကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် တက်ရောက်လာကြသည့် ကော်မတီများမှ လုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးကြပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ ကော်မတီများ၏ တင်ပြချက်အပေါ် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြား၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီအဖွဲ့များ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် မိုးနဲ၊ မောက်မယ်မြို့နယ် မြို့မိမြို့ဖ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများနှင့် တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ  ၁၉

 

014

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီ(၁၉)ရက် နံနက်(၉)နာရီခွဲက မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ မိုးနဲမြို့နယ်၊ မောက်မယ်မြို့နယ်တို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မိုးနဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးမြတ်ကျော် မှ ဒေသဆိုင်ရာလုပ်ငန်း အချက်အလက်များအား ရှင်းလင်း တင်ပြသည်။

 

   ဆက်လက်၍ မိုးနဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းမျိုးသန့်မှ  ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း၍ လည်းကောင်း၊ မိုးနဲမြို့နယ် စည်ပင်သာယာရေးကော်မတီ ဦးသိန်းဝေမှ စည်ပင်သာယာရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း၍ လည်းကောင်း၊ မောက်မယ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးတင်မောင်စိုး၊ မောက်မယ်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးမှ ဒေသဖွံ့ဖြိုးရေးအတွက် သောက်သုံးရေရရှိရေး၊ လမ်းကောင်းမွန်ရေး၊ မြို့သာယာလှပရေးတို့ကို တင်ပြ၍ လည်းကောင်း၊ မောက်မယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်နန်းညှိမြမှ စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြ၍ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်ကြီးမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပက်သက်၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့် မိုးနဲ၊ မောက်မယ် မြို့နယ်အထောက်အကူပြုကော်မတီများမှ အထွေထွေ ဆွေးနွေးတင်ပြကြရာ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းကောင်းမွန်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ဆွေးနွေးတင်ပြကြသည်။

 

   ယင်းနောက် မြို့နယ်အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဆွေးနွေးတင်ပြမှုကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးများက မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ဖြည့်စွက် ရှင်းလင်းကြသည်။

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးနဲမြို့နယ်နှင့် မောက်မယ်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးအတွက် ရံပုံငွေ ပေးအပ်လှူဒါန်းရာ မိုးနဲ၊ မောက်မယ် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ငွေကျပ်သိန်း (၄၀၀)စီကို လည်းကောင်း၊ ကျိုင်းတောင်းမြို့နယ်ခွဲ  စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျိုင်းတောင်းမြို့နယ်ခွဲစည်ပင်သာယာရေးကော်မတီသို့ငွေကျပ်သိန်း(၁၀၀) အသီးသီးတို့ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ပေးအပ်ရာ သက်ဆိုင်ရာကော်မတီများမှ လက်ခံရယူကြပြီး၊ မိုးနဲ၊ မောက်မယ် မြို့နယ်ပညာရေးကဏ္ဍအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ကွန်ပျူတာ (၂)စုံစီကို ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ ပေးအပ်လှူဒါန်းရာ မြို့နယ်လက်ထောက်ပညာရေးမှူး တို့က အသီးသီး လက်ခံရယူကြသည်။

 

   ၎င်းနောက် လင်းခေးခရိုင်အတွင်းရှိ လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ်၊ မိုင်းပန်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၊ မောက်မယ်မြို့နယ် ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့နှင့် ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေကျပ် တစ်ဖွဲ့လျှင် (၁၀)သိန်းစီဖြင့် ငွေကျပ်သိန်း(၅၀)အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှပေးအပ်ရာ စာပေယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူတို့က အသီးသီး လက်ခံရယူကြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ကော်မတီ အသီးသီးနှင့် မြို့မိမြို့ဖများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ တင်ပြဆွေးနွေးမှုအပေါ် ပြန်လည်ဖြည့်စွက်မှာကြား၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံအား ကြည့်ရှုစစ်ဆေးပြီး လှူနာများကို ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး၊ မိုးနဲမြို့နယ်မီးသတ်ဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦ ဆောက်လုပ်နေမှုအား လည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

 

    အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မိုးနဲ၊ မောက်မယ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် Future Unodex Company Limited အဖွဲ့ တောင်ကြီးမြို့တွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန်အတွက် တွေ့ဆုံဆွေးနွေး

တောင်ကြီး   ဇန်နဝါရီ   ၂၃

 

017

 

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန်၊ ရေသန့်စင်ရေးစနစ်ပါရှိသော ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ(၂၃)ရက်၊ နေ့လည်(၁၁)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာ  Future Unodex Co.,Ltd ကုမ္ပဏီမှ တာဝန်ရှိသူများက ပရိုဂျက်တာဖြင့် တင်ပြရှင်းလင်းသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ သန့်ရှင်းသော သောက်သုံးရေ ရရှိရန်၊ ရေသန့်စင်ရေးစနစ်ပါရှိသော ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးကြသည်။

 

   ထို့နောက် Future Unodex Co.,Ltd သည် လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေတင်ယူ၍ ခေတ်မီရေသန့်စင်စက်ရုံ တည်ဆောက်ကာ သန့်စင်သော သောက်သုံးရေကို ထုတ်လုပ်ပြီး နိုင်ငံတကာအဆင့်မီ ရေတွန်းစက်ရုံ ရေသိုလှောင်ကန်များ တည်ဆောက်လျက် ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်သူလူထုအား ပိုက်လိုင်းများဖြင့် အိမ်အရောက် ရေဖြန့်ဝေမည့် လုပ်ငန်းစီမံကိန်းအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ Feasibility Study ကို အောင်မြင်စွာ ပြုလုပ်ပေးပြီး လုပ်ငန်း စတင် ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်ကြီးမြို့တော်နှင့် ရှမ်းပြည်နယ်အတွင်း ရေကောင်း/ရေသန့် ရရှိရေး လုပ်ငန်းစဉ်များ ပြုလုပ်နိုင်ရန်အတွက် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်အတွင်း အကြိုလေ့လာစမ်းသပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသွားသည်။

 

   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Future Unodex Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှု လျှော့ချရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၄) သို့ တက်ရောက်အမှာစကားပြောကြားခြင်း

တောင်ကြီး   ဇန်နဝါရီ   ၁၆

 

012

 

 ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်ညွန့် သည် ၂၀၁၄ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမ ဦးစီးဌာနတွင် ပြုလုပ်သည့် သမဝါယမလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၄)သို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ပို့ကုန် မြှင့်တင်ရေးနှင့် စက်မှုလက်မှု ကဏ္ဍ များတွင် သမဝါယမလုပ်ငန်းများမှ ပါဝင်ဆောင်ရွက်ရေး၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်း(SME)များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မကြာမီရရှိမည့် တရုတ်နိုင်ငံ EXIM Bank မှ ရရှိသော ချေးငွေများမှာ နိုင်ငံတော်အဆင့် ချေးငွေဖြစ်သည့်အတွက် အလေးအနက်ထား ဆောင်ရွက်သွားရေးတို့ကို မှာကြား ခဲ့ပါသည်။

 

   အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများအခြေအနေ၊ အသင်းသူ/အသင်းသားများ၏ ချေးငွေပေးအပ်မှု၊ ပြန်လည် ကောက်ခံရရှိမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြပါသည်။

 

More Articles...

  1. အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအဆင့်တိုးမြှင့်ပွဲ ကျင်းပ
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ကလောမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ
  3. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ညောင်ရွှေ၊ ရပ်စောက်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးကော်မတီ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ
  4. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီများနှင့် တွေ့ဆုံ
  5. "ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ" အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၄) နှင့် "ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့" အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၄) ကျင်းပ
  6. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရှမ်းပြည်နယ်အား/ကာသိပ္ပံကျောင်း တည်ဆောက်မည့်နေရာ ကြည့်ရှုစစ်ဆေး
  7. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ
  8. (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား နှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ
  9. ရှမ်းပြည်နယ် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီနှင့် ကုမ္ပဏီလီမိတက်များတို့နှင့် နားလည်မှုစာချွန်လွှာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနား
  10. ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲ ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 63 guests and no members online

Latest Updates