သတင်းများ

ပြည်နယ်လူမှုရေး ဝန်ကြီး၊ ဆေးတက္ကသိုလ်တည်ဆောက်မည့် မြေနေရာကွင်းဆင်းကြည့်ရှု

တောင်ကြီး  သြဂုတ်  ၁၃

 

1

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်မှူး ဦးအောင်ကြည်ဦး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာ၊ ပြည်နယ်မှူး ဒေါက်တာ သန်းထွဋ်ဦး၊ တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်၊ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းတို့ လိုက်ပါလျက် သြဂုတ်(၁၃)ရက်၊ နံနက်(၁၀)နာရီ(၁၅)မိနစ်က တောင်ကြီးမြို့၊ သစ်တောဂိတ်အနီးရှိ  ဆေးတက္ကသိုလ်တည်ဆောက်မည့် မြေနေရာများကို  ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် အဖွဲ့သည် တောင်ကြီးဂေါက်ကလပ်၌ ၂၀၁၃-ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့်  ကမ္ဘောဇ ဂေါက်ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် တောင်ကြီးဂေါက်ကလပ် ဥက္ကဌ ဦးစီလှိုင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို တွေ့ဆုံပြီး၊ ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲတွင် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြ၍ တောင်ကြီးဂေါက်ကလပ်မှ အတွင်းရေးမှူး ဦးကျော်ကျော်လှိုင်မှ ပြိုင်ပွဲအတွင်း တွေ့ကြုံရသည့် အချက်အလက်များ၊ ပြိုင်ပွဲဝင်အသင်းများ၏ကဒ်စနစ်ထားရှိမှုတို့ကို တင်ပြဆွေးနွေးကြရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်း ပြောကြားသွားကြောင်း သတင်းရရှိသည်။

 

၂၀၁၃-ခုနှစ်၊ ရှမ်းပြည်နယ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ

တောင်ကြီး  သြဂုတ်  ၁၂

 

3

 

   ၂၀၁၃-ခုနှစ်၊ ရှမ်းပြည်နယ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲကို သြဂုတ်(၁၂)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ (၅)နှစ်အောက် ကလေးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ သန်းထွဋ်ဦးမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကိုယ်ဝန်ဆောင်မိခင်များအား သံဓါတ်အားဆေး၊ B1 အားဆေး၊ အိုင်အိုဒင်းဆားများ ဖြန့်ဝေပေးပြီး၊ (၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေး တိုက်ကျွေး၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၀၇

 

2

 

   ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို သြဂုတ်(၇)ရက်၊ နံနက်(၉)နာရီက ပြည်နယ်သာသနာရေးဦးစီးဌာနရုံး၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လျှပ်စစ်နှင့် စစ်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း/မြောက်ပိုင်း သာသနာရေးမှူးများ၊ ခရိုင်သာသနာရေးမှူးများနှင့် မြို့နယ်သာသနာရေးမှူးများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက အမှာစကား ပြောကြားပြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးက အမှာစကား ပြောကြားသည်။

 

   ၎င်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်/ခရိုင်/မြို့နယ် သာသနာရေးမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

 

ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး တို့၏၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၀၉

 

2

 

 

   ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး တို့၏၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်(၉)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ တက်ရောက် အမှာစကား ပြောကြားသည်။

 

   ဆက်လက်ပြီး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးအောင်ကြည်ဦးက လည်းကောင်း၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးဆန်းအောင်က လည်းကောင်း၊ ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က လည်းကောင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်း တင်ပြကြသည်။

 

   အဆိုပါ အစည်းအဝေးသို့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းတို့မှ ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။

 

စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၀၇

 

1

 

   ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့၏ ၂၀၁၃-၂၀၁၄ ခုနှစ်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ(၇)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

 

  ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဦးဝင်းမြင့်၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြပြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

 

  အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်/ခရိုင်/မြို့နယ် မန်နေဂျာများ၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဂျာမနီနိုင်ငံ KFW အဖွဲ့ တွေ့ဆုံဆွေးနွေး

တောင်ကြီး  သြဂုတ်  ၀၈

 

1

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဂျာမနီနိုင်ငံ KFW အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်(၈)ရက်၊ နေ့လည်(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂျာမနီနိုင်ငံ KFW အဖွဲ့မှ Mr. Michael Wenzel ဦးဆောင်သော အဖွဲ့ဝင်(၂)ဦးတို့ တက်ရောက်ခဲ့ကြသည်။

 

   ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် KFW အဖွဲ့မှ ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန်အတွက် ဒေသ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၀၅

 

2

 

   ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်(၅)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ တက်ရောက် အမှာစကား ပြောကြားသည်။

 

   ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

 

   အဆိုပါ အစည်းအဝေးသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး၊ တွဲဘက်ပြည်နယ်ရုံး (လားရှိုး/ကျိုင်းတုံ)တို့မှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးအရာရှိများနှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။

 

ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅)ပါအခွန်ဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး  သြဂုတ်  ၀၉

 

1

 

   ရှမ်းပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅)ပါအခွန်ဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို သြဂုတ်(၉)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နန်းမိုခမ်းမှ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်များနှင့် ၂၀၀၈- ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၅၄)၊ ဇယား(၅)အား ရှင်းလင်း၍လည်းကောင်း၊ ရှမ်းပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်လှိုင်မှ စီမံကိန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။

 

   ထို့နောက် အခမ်းအနားတက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ အသီးသီး ဆွေးနွေး တင်ပြကြသည်။

 

   ၎င်းနောက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

ပညာရေးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၀၄

 

1

 

   ရှမ်းပြည်နယ် ပညာရေးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်(၄)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ပညာရေး၊ ညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊  ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ရုံးခွဲ(လားရှိုး/ကျိုင်းတုံ)တို့မှ ဒုတိယညွှန်ကြားရေးမှူးများ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်ပညာရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက အမှာစကားပြောကြားပြီး၊ ပြည်နယ်ပညာရေး၊ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်ပြီး ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ရုံးခွဲ(လားရှိုး/ကျိုင်းတုံ)တို့မှ ဒုတိယညွှန်ကြားရေးမှူးများက ပညာရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး၊ ခရိုင်ပညာရေးမှူးများက ပညာရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

 

   ၎င်းနောက် ပအိုဝ်းကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသနှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ပညားရေးမှူးများက အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လူမှုရေးဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

 

ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ၂၀၁၃ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၀၇

 

3

 

   ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ၂၀၁၃ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၇)ရက်၊ နေ့လည်(၁)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလှိုင်၊ တွဲဘက်ပြည်နယ်(လားရှိုး/ကျိုင်းတုံ) ဦးစီးမှူးများနှင့် ခရိုင်/မြို့နယ် ဦးစီးမှူးများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အမှာစကား ပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်(မြောက်ပိုင်း/အရှေ့ပိုင်း) တွဲဘက်ပြည်နယ် ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်ကြီး   သြဂုတ်   ၀၃

 

6

 

   ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည်၊ ဇူလိုင် (၃၀)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ရောက်ရှိပြီး နယူးစတားလိုက်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် မူဆယ်မြို့ မြို့ပတ်လမ်းကမ်းနားလမ်းနှင့် မြို့ပြစနစ်အကောင်အထည်ဖော်ရေး စီမံကိန်း၊ မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမပေါ်ရှိ ပန်ခမ်းတံတားတည်ဆောက်ပြီးစီးမှုနှင့် သိန်းသန်းချီကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်း တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် သည် ဇူလိုင် (၃၁)ရက်နေ့တွင် မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများ အသင်းရုံး အစည်းအဝေးခန်းမ၌ မူဆယ်၊ နမ့်ခမ်းနှင့် ကွက်ခိုင်မြို့နယ်တို့မှ ဌာနဆိုင်ရာများ၊ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကုန်သည်လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

7

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် သည် သြဂုတ် (၂)ရက်နေ့တွင် လားရှိုးမြို့၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပသည့် ပထမ(၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားခဲ့ပြီး၊ လားရှိုးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးအတွင်း တပ်ဆင်ထားသည့် CT Scan အား ကြည့်ရှုစစ်ဆေးပြီး၊ လားရှိုးမြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံး အဆောက်အအုံ တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

More Articles...

  1. ရှမ်းပြည်နယ် အင်းလေးဒေသ ဟိုတယ်(၁၄)လုံးမှ မီးသတ်ယာဉ်(၂)စီး နှင့်Trust Fund ပေးအပ်လှူဒါန်းပွဲကျင်းပ
  2. ဗီယက်နမ်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်မည့် ရိုးရာယဉ်ကျေးမှုအဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံမှာကြား
  3. မြေယာစီမံခန့်ခွဲမှုဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ
  4. ဆည်မြောင်းဦးစီးဌာန၊ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
  5. အင်းလေးကန် စိမ်းလန်းစိုပြည်ရေး အထောက်အကူအပြု၊ ၂၀၁၃-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
  6. ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်/မြို့နယ်/မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  7. လားရှိုးမြို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား ရုပ်သိမ်းခြင်း
  8. ရှမ်းပြည်နယ် စီမံကိန်းဦးစီးဌာန ၂၀၁၃ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
  10. ရှမ်းပြည်နယ်အတွင်းရှိ လမ်းလုပ်ငန်းများတွင် အသုံးပြုရန် ကတ္တရာ အိတ်ဖွင့်တင်ဒါ ရွေးချယ်ပွဲ ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 67 guests and no members online