တောင်ကြီး သြဂုတ် ၀၉
ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး တို့၏၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်(၉)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ တက်ရောက် အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးအောင်ကြည်ဦးက လည်းကောင်း၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးဆန်းအောင်က လည်းကောင်း၊ ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က လည်းကောင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်း တင်ပြကြသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းတို့မှ ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။
တောင်ကြီး သြဂုတ် ၀၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဂျာမနီနိုင်ငံ KFW အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်(၈)ရက်၊ နေ့လည်(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂျာမနီနိုင်ငံ KFW အဖွဲ့မှ Mr. Michael Wenzel ဦးဆောင်သော အဖွဲ့ဝင်(၂)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် KFW အဖွဲ့မှ ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန်အတွက် ဒေသ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တောင်ကြီး သြဂုတ် ၀၅
ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်(၅)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ တက်ရောက် အမှာစကား ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး၊ တွဲဘက်ပြည်နယ်ရုံး (လားရှိုး/ကျိုင်းတုံ)တို့မှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးအရာရှိများနှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။
တောင်ကြီး သြဂုတ် ၀၉
ရှမ်းပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅)ပါအခွန်ဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို သြဂုတ်(၉)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နန်းမိုခမ်းမှ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်များနှင့် ၂၀၀၈- ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၅၄)၊ ဇယား(၅)အား ရှင်းလင်း၍လည်းကောင်း၊ ရှမ်းပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်လှိုင်မှ စီမံကိန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ အသီးသီး ဆွေးနွေး တင်ပြကြသည်။
၎င်းနောက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
တောင်ကြီး သြဂုတ် ၀၄
ရှမ်းပြည်နယ် ပညာရေးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်(၄)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ပညာရေး၊ ညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ရုံးခွဲ(လားရှိုး/ကျိုင်းတုံ)တို့မှ ဒုတိယညွှန်ကြားရေးမှူးများ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်ပညာရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက အမှာစကားပြောကြားပြီး၊ ပြည်နယ်ပညာရေး၊ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ရုံးခွဲ(လားရှိုး/ကျိုင်းတုံ)တို့မှ ဒုတိယညွှန်ကြားရေးမှူးများက ပညာရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး၊ ခရိုင်ပညာရေးမှူးများက ပညာရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် ပအိုဝ်းကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသနှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ပညားရေးမှူးများက အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လူမှုရေးဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
တောင်ကြီး သြဂုတ် ၀၇
ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ၂၀၁၃ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၇)ရက်၊ နေ့လည်(၁)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလှိုင်၊ တွဲဘက်ပြည်နယ်(လားရှိုး/ကျိုင်းတုံ) ဦးစီးမှူးများနှင့် ခရိုင်/မြို့နယ် ဦးစီးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အမှာစကား ပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် ရှမ်းပြည်နယ်(မြောက်ပိုင်း/အရှေ့ပိုင်း) တွဲဘက်ပြည်နယ် ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
တောင်ကြီး သြဂုတ် ၀၃
ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည်၊ ဇူလိုင် (၃၀)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ရောက်ရှိပြီး နယူးစတားလိုက်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် မူဆယ်မြို့ မြို့ပတ်လမ်းကမ်းနားလမ်းနှင့် မြို့ပြစနစ်အကောင်အထည်ဖော်ရေး စီမံကိန်း၊ မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမပေါ်ရှိ ပန်ခမ်းတံတားတည်ဆောက်ပြီးစီးမှုနှင့် သိန်းသန်းချီကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်း တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် သည် ဇူလိုင် (၃၁)ရက်နေ့တွင် မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများ အသင်းရုံး အစည်းအဝေးခန်းမ၌ မူဆယ်၊ နမ့်ခမ်းနှင့် ကွက်ခိုင်မြို့နယ်တို့မှ ဌာနဆိုင်ရာများ၊ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကုန်သည်လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် သည် သြဂုတ် (၂)ရက်နေ့တွင် လားရှိုးမြို့၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပသည့် ပထမ(၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားခဲ့ပြီး၊ လားရှိုးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးအတွင်း တပ်ဆင်ထားသည့် CT Scan အား ကြည့်ရှုစစ်ဆေးပြီး၊ လားရှိုးမြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံး အဆောက်အအုံ တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တောင်ကြီး သြဂုတ် ၀၇
ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို သြဂုတ်(၇)ရက်၊ နံနက်(၉)နာရီက ပြည်နယ်သာသနာရေးဦးစီးဌာနရုံး၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လျှပ်စစ်နှင့် စစ်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း/မြောက်ပိုင်း သာသနာရေးမှူးများ၊ ခရိုင်သာသနာရေးမှူးများနှင့် မြို့နယ်သာသနာရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက အမှာစကား ပြောကြားပြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးက အမှာစကား ပြောကြားသည်။
၎င်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်/ခရိုင်/မြို့နယ် သာသနာရေးမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
တောင်ကြီး သြဂုတ် ၀၃
ရှမ်းပြည်နယ် အင်းလေးဒေသ ဟိုတယ်(၁၄)လုံးမှ မီးသတ်ယာဉ်(၂)စီးနှင့် Trust Fund (၉၄ ၆၁၈ ၆၀၀)ကျပ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်(၃)ရက် နေ့လည်(၁၂)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထိုနောက် မီးသတ်ယာဉ်(၂)စီးနှင့် ပတ်သက်သည့် စာရွက်စာတမ်များကို ဟိုတယ်လုပ်ငန်းရှင်များ ကိုယ်စား ဦးဇော်မိုးဝင်းနှင့် ဦးမင်းလတ်တို့က ပေးအပ်လှူဒါန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး အင်းလေးကန်စိမ်းလန်းစိုပြေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် Trust Fund (၉၄ ၆၁၈ ၆၀၀)ကျပ်ကို ဟိုတယ်လုပ်ငန်းရှင်များကိုယ်စား ဒေါ်တင်တင်ရီနှင့် ဦးဝင်းအောင်တို့က ပေးအပ်လှူဒါန်းရာ ပြည်နယ် သစ်တောနှင့်သတ္တု၀န်ကြီးဦးစိုင်းအိုက်ပေါင်းမှလက်ခံရယူခဲ့သည်။
၎င်းနောက် မီးသတ်ယာဉ်(၂)စီးနှင့် Trust Fund ပေးအပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ဟိုတယ်လုပ်ငန်းရှင် ဒေါ်စုစုတင်က ရှင်းလင်းပြောကြားခဲ့သည်။
တောင်ကြီး သြဂုတ် ၀၇
ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့၏ ၂၀၁၃-၂၀၁၄ ခုနှစ်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ(၇)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဦးဝင်းမြင့်၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြပြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်/ခရိုင်/မြို့နယ် မန်နေဂျာများ၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။
တောင်ကြီး သြဂုတ် ၀၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူများသည် ဗီယက်နမ်နိုင်ငံ၊ ကွန်ထရိုင်ဒေသ၊ ဒေါင်ဟတ်မြို့၌ သြဂုတ်လ(၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံများ၏ တိုင်းရင်းသားရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့အား သြဂုတ်(၂)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ အမျိုးသမီးရေးရာအဖွဲ့ရုံး၊ ခန်းမ၌ တွေ့ဆုံမှာကြားခဲ့သည်။
ထိုသို့တွေ့ဆုံမှာကြားရာတွင် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက အဖွဲ့ဝင် တစ်ဦးချင်းအား မိတ်ဆက်ပေးပြီး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ယဉ်ကျေးမှုအဖွဲ့ဝင်များက ယှဉ်ပြိုင်ကပြမည့် အတီး၊ အကများကို ကပြခဲ့ကြပြီး၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း(၃၀)ကို ပေးအပ်ခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယဉ်ကျေးမှုအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။
We have 231 guests and no members online