သတင်းများ

Articles

မြေယာစီမံခန့်ခွဲမှုဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး  ဇူလိုင်  ၃၁

 

1

 

   မြေယာစီမံခန့်ခွဲမှုဆိုင်ရာ တွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင်(၃၁)ရက်၊ နေ့လည်(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက မြေလွတ်မြေရိုင်းနှင့် မြေယာဥပဒေကိစ္စရပ်များကို ရှင်းလင်းအမှာစကား ပြောကြားပြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက သစ်တောကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကား ပြောကြားသည်။

 

   ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက မြေယာအသုံးချမှု ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ရှင်းလင်းမှာကြားသည်။

 

   ဆက်လက်ပြီး ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက လည်းကောင်း၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြည်ဦးက လည်းကောင်း၊ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးနေထက်ရှိန်က အဆောက်အဦများ ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 

 

   ၎င်းနောက် အခမ်းအနားတက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြပြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ဆည်မြောင်းဦးစီးဌာန၊ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တောင်ကြီး    ဇူလိုင်    ၃၀

 

1

 

   ရှမ်းပြည်နယ်၊ ဆည်မြောင်းဦးစီးဌာန၏ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၃၀)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်ဆည်မြောင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးရီ၊ ရှမ်းပြည်နယ် ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက အမှာစကားပြောကြားပြီး၊ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်လျှက်ရှိသော ဆည်မြောင်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် တွဲဘက်ပြည်နယ်ဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး တောင်ကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်းလေး) ညောင်ရွှေ၊ ခရိုင်/မြို့နယ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ပြန်နယ်ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

အင်းလေးကန် စိမ်းလန်းစိုပြည်ရေး အထောက်အကူအပြု၊ ၂၀၁၃-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

တောင်ကြီး   ဇူလိုင်  ၃၀

 

5

 

   ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းကြိုးဝိုင်းရှိ မြနန္ဒာရေထွက်(အနီး)၊ အင်းလေးကန် စိမ်းလန်းစိုပြည်ရေး အထောက်အကူအပြု၊ ၂၀၁၃-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်(၃၀)ရက်၊ နံနက်(၉)နာရီခွဲတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးသောင်းရွှေနှင့် ဦးမြတ်စိုး၊ တောင်ကြီးခရိုင် သစ်တောဦးစီးမှူး၊ ကလောမြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အား(၉၅၀)ဦးခန့် တက်ရောက်ကြသည်။

 

   ထို့နောက် ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးက လမ်းညွှန်အမှာစကား ပြောကြားပြီး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံသို့ ပျိုးပင် အမျိုးပေါင်း(၁၁)မျိုးကို ပေးအပ်ခဲ့သည်။  ၎င်းသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်အရေအတွက် (၆၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

6

 

   ဆက်လက်ပြီး ပြည်နယ်သစ်တော/သတ္တု ၀န်ကြီးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်ရှိ ကျောင်းထိုင်ဆရာတော်အား ဝတ္ထုငွေ ကျပ်(၁)သိန်းနှင့် (၁၅၀၀၀၀)ကျပ် တန်ဖိုးရှိ လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်/မြို့နယ်/မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး    ဇူလိုင်    ၃၀

 

3

 

4

 

   ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်/မြို့နယ်/မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၃၀)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးရဲနိုင်အောင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ မြို့နယ်နှင့် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် က ဆွေးနွေးမှာကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က အသီးသီး ဆွေးနွေးမှာကြားသည်။

 

   ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာန ပြည်နယ်စီမံကိန်းမှူး၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က အသီးသီးဆွေးနွေးမှာကြားကြသည်။

 

   ၎င်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးများကလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယညွှန်ကြားရေးမှူးများကလည်းကောင်း၊ မြို့နယ်နှင့် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများကလည်းကောင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 78 guests and no members online