သတင်းများ

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ ကျင်းပ

တောင်ကြီး   ဇွန်  ၂၆

 

1

 

2

 

3

 

    ရှမ်းပြည်နယ်၏ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန်(၂၆)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူလေးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အမှာစကား ပြောကြားပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ဖတ်ကြားသည်။


    ထို့နောက် ဆုရရှိသူများနှင့် ဆုရကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။


    ဆက်လက်ပြီး မြို့တော်ခန်းမဝန်းအတွင်း ဖွင့်လှစ်ပြသထားသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း အသီးသီး၏ ပြခန်းများအား တာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။


    ၎င်းနောက် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲကို နံနက်(၁၀)နာရီတွင် အဝေရာမီးပုံးပျံကွင်း၌ ဆက်လက်ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အမှာစကားပြောကြားပြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်းက မီးရှို့ဖျက်ဆီးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။


    ထို့နောက် ဓာတုဆေးရည်များကို မြေကျင်းအတွင်း ပစ်ချဖျက်ဆီးပြီး၊ မူးယစ်ဆေးဝါးများကို စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၆၄)သန်း တန်ဖိုးရှိကြောင်း သိရှိရသည်။

ပြည်နယ်ဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ အာဆီယံသွေးလွန်တုပ်ကွေးနေ့ အခမ်းအနားတက်ရောက်

တောင်ကြီး   ဇွန်   ၂၇

 

1

 

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အာဆီယံသွေးလွန်တုပ်ကွေးနေ့ အခမ်းအနားကို ဇွန် (၂၇)ရက်၊ နံနက်(၉)နာရီက မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း တက်ရောက်ခဲ့သည်။


    ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ ဖေသက်ခင် ပေးပို့သော သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖတ်ကြားပေးပြီး၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ရှင်းလင်းဟောပြော တင်ပြခဲ့သည်။


    အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုဆရာမများ၊ ကြက်ခြေနီ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


    ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းကြီးစုရပ်ကွက်၊ အမှတ်(၁၅) မူလတန်းကျောင်းတွင် ဖုံးသွန်လဲစစ်(အပတ်စဉ် သောကြာနေ့တိုင်း ရေအိုးရေခွက်များ ရေသွန်မှောက်ထားခဲ့ပါရန်)ဆောင်ရွက်ခြင်း၊ Abate ဆေးခပ်ခြင်းနှင့် လောက်လန်းစား ငါးထည့်ခြင်းတို့ ဆောင်ရွက်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့ တွေ့ဆုံ

တောင်ကြီး   ဇွန်   ၁၈

 

5

 

6

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ နှင့် ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့တို့ ဇွန်(၁၈)ရက်၊ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ တွေ့ဆုံသည်။


   တွေ့ဆုံမှုတွင် ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့၊ တာဝန်ရှိသူမှ ရှမ်းပြည်နယ် အတွင်းရှိဒေသများတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့် ရရှိရေး၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ ခြေတု၊ လက်တုများ တပ်ဆင်ပေးရေး၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် သင်တန်းများပို့ချနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်အဖွဲ့ တွေ့ဆုံ

တောင်ကြီး  ဇွန်  ၂၀

 

 5

 

6

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်အဖွဲ့ တွေ့ဆုံပွဲကို ဇွန်(၂၀)ရက်၊ နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


   အခမ်းအနားတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ဆွေးနွေးပြောကြားသည်။


   ဆက်လက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်နှင့် ဦးဘောင်ခေး၊ ဦးစိုင်းလူးတို့က ဒေသခံဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။

 

7


   ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မှုအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  ဇွန်  ၁၈

 

1

 

2

 

3

 

   (၂၆-၆-၂၀၁၃)ရက်နေ့တွင် ကျရောက်မည့် (၂၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရေး၊ ပြခန်းများခင်းကျင်းပြသရေးနှင့် ဖမ်းဆီး/သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ဆေးရည်များ မီးရှို့ဖျက်ဆီးပွဲအခမ်းအနား ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇွန်(၁၈)ရက်၊ နေ့လည်(၁)နာရီက ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ တက်ရောက်အမှာစကားပြောကြားသည်။


   ထို့နောက် ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင်က ဆွေးနွေးပြောကြားပြီး ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဌ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်းက အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


   ဆက်လက်ပြီး သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီများက ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြပြီးနောက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

ပြည်နယ်၀န်ကြီး ဦးအောင်ကျော်ညွှန့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး ရက်တိုသင်တန်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တောင်ကြီး  ဇွန်  ၂၀

 

3

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ရှမ်းပြည်နယ်သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်သည် ၂၀၁၃ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခမ်းမ၌ ပြုလုပ်သည့် ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၁၃)သို့ တက်ရောက်ခဲ့သည်။


   အစည်းအဝေးတွင် ဝန်ကြီးမှ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနအပါအဝင် အခြားအစိုးရဌာနများ၊ ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်း အဆင့်ဆင့်တို့ ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွင် ပါဝင်သည့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမသဘောတရား၊ သမဝါယမလုပ်ငန်းများ ပြန့်ပွားရေးအတွက် ပညာပေးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးရရှိသည့် ချေးငွေများအား အကျိုးရှိစွာ အသုံးပြုရေးတို့အား ဆွေးနွေးမှာကြားခဲ့သည်။


   ၎င်းနောက် ပြည်နယ်သမဝါယမဦးစီးဌာနတွင် (၁၇.၆.၂၀၁၃ မှ ၁၉.၆.၂၀၁၃ )ထိ ဖွင့်လှစ်လျက်ရှိသည့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး ရက်တိုသင်တန်းတွင် တက်ရောက်လျက်ရှိသည့် ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်း အဆင့်ဆင့်မှ အသင်းအမှုဆောင် (၅၃)ဦးအား လိုအပ်သည်များ မှာကြား၍ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့သည်။

ဖယ်ခုံမြို့နယ်၊ အမက(၇) "နဝရတ်"ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် တောင်စလုံး-လတိန် (သဲအိတ်နည်းပညာ)လမ်းသစ်ဖွင့်ပွဲ ကျင်းပ

တောင်ကြီး မေ  ၁၈

 

1

 

2

 

တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ နန်းဟူးရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာမူလတန်း ကျောင်း "နဝရတ်"ကျောင်းဆောင်သစ်ဖွင့်ပွဲကို မေ(၁၈)ရက်၊ နံနက်(၉)နာရီခွဲက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီး၊ ကယန်း(ပဒေါင်)တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ကျောင်းဆောင်သစ်အား ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ကယန်း(ပဒေါင်)တိုင်းရင်းသားရေးရာဝန်ကြီး ဦးလောရင်နှင့် တာဝန်ရှိသူတစ်ဦးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။

 

3

 

 

4

 

5


ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ်နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တာဝန်ရှိသူတစ်ဦးက ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ဧည့်သည်တော်များထံသို့ အထမ်းအမှတ်အလံများကို နေရာအရောက် ပေးအပ်ခဲ့သည်။

 

7


၎င်းနောက် ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် အဖွဲ့သည် ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာ အုပ်စု၊ လတိန်ကျေးရွာနှင့် ပင်လောင်းမြို့နယ်၊ တောင်စလုံးကျေးရွာသို့ ဆက်သွယ် ဖောက်လုပ်ထား(သဲအိတ်နည်းပညာ)ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

8

  

9


အခမ်းအနားတွင် ပြည်နယ်လွှတ်တော် ဥက္ကဌက အမှာစကားပြောကြားပြီး ပြည်နယ် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးက အမှာစကားပြောကြားသည်။

 

10

 

11


ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချိုစိန်က ကျေးဇူးတင်စကား ပြောကြားပြီး လမ်းကော်မတီ တာဝန်ရှိသူတစ်ဦးက ဧည့်သည်တော်များထံသို့ နေရာအရောက် အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် အဖွဲ့သည် လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကလေးသူငယ်အား လူမဆန်စွာညှင်းပန်းနှိပ်စက်သူကို ဥပဒေနှင့် အညီ အရေးယူ

တောင်ကြီး   ဇွန်  ၂၀

 

1

 

   (၁၉.၆.၂၀၁၃)ရက်နေ့တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အမှတ်(၁၅) မူလွန်ကျောင်း၌ ဒေါက်တာဝင်းဝင်းခိုင် ခေါင်းဆောင်သော ကျောင်းကျန်းမာရေး အဖွဲ့က ကျောင်းသား/သူများ ကျန်းမာရေးစစ်ဆေးပေးရာ ယင်းကျောင်း၌ ပညာသင်ကြားနေသော ပထမတန်း ကျောင်းသူ မသက်ထားခင်၊ (ဘ) ဦးဝင်းနိုင်၊ (၇)နှစ်၊ ကျောင်းကြီးစုရပ်ကွက်သည် မျက်နှာတွင် ညိုမဲဒဏ်ရာကို တွေ့ရှိရ၍ မေးမြန်းရာ ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း ဒဏ်ရာများတွေ့ရှိရသဖြင့် လူမှုဝန်ထမ်း ရုံးသို့ အကြောင်းကြားခဲ့ပါသည်။


   ထိုသို့ အကြောင်းကြားချက်အရ ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီ/အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း/အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ရီ နှင့် ဦးစီးမှူး ဒေါ်ချယ်ရီ တို့မှ မသက်ထားခင်၏ မိဘအုပ်ထိန်းသူများကို ခေါ်ယူ စစ်ဆေးရာ အုပ်ထိန်းသူ ဒေါ်ပြုံးညို၊ (ဘ)ဦးကြည်၊ (၄၉)နှစ်၊ ကျောင်းကြီးစုရပ်ကွက် နှင့် သမီးဖြစ်သူ မဝေဝေဖြိုး၊ (ဘ)ဦးမျိုးသစ်၊ (၁၇)နှစ် တို့က ရိုက်နှက်ထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်ချယ်ရီ(ကလေးသူငယ်ကြီးကြပ်သူ)၊ မြို့နယ်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အတွင်းရေးမှူး က တောင်ကြီးမြို့အမှတ်(၁) ရဲစခန်းသို့ အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ရာ၊ ၎င်းတို့ နှစ်ဦးအား အမှတ်(၁) ရဲစခန်းမှ ဥပဒေနှင့် အညီ အမှုဖွင့် အရေးယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တောင်ကြီး  ဇွန်  ၀၈

 

1

 

2

 

3

 

4

 

5

 

6

 

7

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂၀၁၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်(၈)ရက်၊ နံနက်(၈)နာရီက တောင်ကြီး(မြောက်)ကြိုးဝိုင်း၊ ကိုးနဝင်းစေတီတော်အနီး၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုနှင့် သားဖွားသင်တန်းသူများ၊ သစ်ပင်ချစ်သူများအဖွဲ့နှင့် တောင်ကြီးမြို့ပေါ် ရပ်ကွက်များမှ ပြည်သူလူထုများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးနောက် ပျိုးပင်များ ဖြန့်ဝေပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သစ်တောနှင့် သတ္တု ဝန်ကြီး၊ ပြည်နယ်သစ်တောနှင့်သတ္တု ဝန်ကြီး၏ ဇနီးတို့က ပျိုးပင်များ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်များ အသီးသီး စိုက်ပျိုးပေးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခါတော်မှီ(၅၀၀)ပင်၊ ရေသင်းဝင်(၈၀၀)ပင်၊ ထင်းရှူး(၂၀၀)ပင်၊ အော်ရီရှား(၃၀၀)ပင် စုစုပေါင်း ပျိုးပင်(၁၈၀၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Prime Energy Partners Co.Ltd အဖွဲ့ တွေ့ဆုံ

တောင်ကြီး   ဇွန်  ၁၈

 

8

 

9

 

10

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် Prime Energy Partners Co.Ltd အဖွဲ့တို့ ဇွန်(၁၈)ရက်၊ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမ၌ တွေ့ဆုံခဲ့ရာ Mr.Kemeth Shein (Managing Partner & CEO Prime) (USA) မှ ရှမ်းပြည်နယ်ဒေသတွင် ကြံများ စိုက်ပျိုးပြီး သကြားစက်ရုံ တည်ဆောက်၍ ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် ဆွေးနွေးပြောကြားသည်။


   တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး(ညွှန်ကြားရေးမှူး) ဦးမြတ်ကျော်ကျော်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Prime Energy Partners Co.Ltd အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရပ်စောက်မြို့နယ်အတွင်း လှည့်လည်ကြည့်ရှု

တောင်ကြီး  ဇွန်  ၀၆

 

1

 

2

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပြည်နယ်ဝန်ကြီး များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်(၆)ရက်၊ ညနေ(၄)နာရီတွင် ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းကိစ္စရပ်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရပ်စောက်မြို့အတွင်း မော်တော်ယာဉ်များ နှင့် လှည့်လည်ကြည့်ရှု၍ ရပ်စောက်-ညောင်ရွှေ လမ်းပိုင်းပေါ်ရှိ စိုးလွင်အောင် ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိလာရာ ကုမ္ပဏီတာဝန်ရှိသူ နှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

 

More Articles...

  1. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပင်းတယမြို့နယ်အတွင်း လှည့်လည်ကြည့်ရှု
  2. မြန်မာနိုင်ငံ REDD+ လမ်းပြမြေပုံရေးဆွဲရေးဆိုင်ရာ ဒေသအဆင့်ညှိနှိုင်းမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
  3. တောင်ကြီးတက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုံးထပ်စာသင်ဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး
  4. ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အဆင့် ဆောင်ရွက်မည့်အစီအမံများချမှတ်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
  5. ဟိုပုံးမြို့နယ်ဆေးရုံသို့ ဆေးငွေပဒေသာပင်၊ အရေးပေါ်လူနာတင်ယာဉ်နှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
  6. ဂရုဏာရိပ်ငြိမ် ကုသိုလ်ဖြစ်ဆေးခန်းကြီးအတွက် စေတနာမေတ္တာဖြင့် လှူဒါန်းကူညီပံ့ပိုးပေးကြသော ကုသိုလ်ရှင်များအတွက် မှတ်တမ်းတင်ဂုဏ်ပြုပွဲ ကျင်းပ
  7. ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာသင်စရိတ်နှင့် စာရေးကိရိယာထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
  8. ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ပင်းတယမြို့နယ်၊ တမဲကျေးရွာ ရိုးရာတာတက်ပွဲ တက်ရောက်ချီးမြှင့်
  10. ဘာသာပေါင်းစုံ စည်းလုံးညီညွှတ်ရေးနှင့် အဓိကရုဏ်းကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်း(ရန်ကုန်)နှင့် Norwegian People's Aid တို့ဆောင်ရွက် ချက် အားရှမ်းပြည်နယ်အစိုးရအဖွဲ့က ကန့်ကွက်

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 494 guests and no members online

Latest Updates