သတင်းများ

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ကျပ်(၁၅ဝဝ)တန်ဖုန်းများ စတင်ထုတ်ပေး

တောင်ကြီး   ဧပြီ   ၂၄

 

CDMA

 

  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျပ်(၁၅ဝဝ)တန်ဖုန်းကတ်များကို မဲပေါက်သူများကို ဧပြီ(၂၄)ရက် နံနက်(၉)နာရီမှစတင်၍ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ထုတ်ပေးလျှက်ရှိရာ လာရောက်ထုတ်ယူသူများနှင့် စည်ကားလျှက်ရှိသည်။


   ထိုသို့ ထုတ်ယူရာတွင် မှတ်ပုံတင်နှင့် ရောင်စုံဓာတ်ပုံ(၂)ပုံနှင့် အတူ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလွှတ်၍ဖြစ်စေ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် မဲပေါက်သူများ၏ စာရင်းများကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မြောက်ဘက်ရှိ မြို့တော်ခန်းမတွင် ကြော်ငြာသင်ပုန်းထောင်၍ မိမိပေါက်မဲနံပါတ်များကို ကြည့်ရှုစုံစမ်းနိုင်သည်။

တောင်ကြီးမြို့၌ CDMA – 800MHz တန်ဖိုးနည်း မိုဘိုင်းဖုန်းများ မဲစနစ်ဖြင့် ထုတ်ပေး

‌တောင်ကြီး ဧပြီ ၂၃

 

1

 

 

 

2

 

    အခြေခံလူတန်းစားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျပ်(၁၅ဝဝ)နှုန်းနှင့် CDMA – 800MHz တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား မဲစနစ်ဖြင့် ထုတ်ပေးခြင်းကို ဧပြီ (၂၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့  မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။


   ရှေးဦးစွာ တောင်ကြီးမြို့နယ် တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချရေးလုပ်ငန်းကော်မတီ ဥက္ကဌ ၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက တန်ဖိုးနည်းဖုန်းများ မဲစနစ်ဖြင့် ချထားပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဖုန်းလျှောက်ထားသည့် ပြည်သူများကိုယ်စား ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များက ဖုန်းပေါက်မဲများကို မဲနှိုက်ရွေးချယ်ပေးကြသည်။


   ထိုသို့ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ မဲစနစ်ဖြင့် ထုတ်ပေးရာတွင် လျှောက်ထားသူ ပြည်သူပေါင်း(၄၇ဝဝ)ဦးရှိသည့်အနက် (၂၅၅ဝ)ဦး မဲပေါက်မည်ဖြစ်ပြီး မဲမပေါက်သူများကိုလည်း နောင်လာမည့်အကြိမ်တွင် ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချရေးလုပ်ငန်းကော်မတီ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသွားသည်။

 

 

ပြည်နယ်  ပြန်/ဆက်

 

နိုင်ငံခြားသံတမန်အဖွဲ့များ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့သို့ အလည်အပတ်ရောက်ရှိ

တောင်ကြီး  ဧပြီ  ၁၆

 

20

 

21

 

22

 

23

 

24

 

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော နိုင်ငံ(၁၂)နိုင်ငံမှ နိုင်ငံခြားသံတမန်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ (UNRC)(UNHCR)(ICRC)မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ဧပြီ(၁၆)ရက် နံနက်(၁ဝ)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အထူးဒေသ(၄)၊ မိုင်းလားမြို့သို့ ရောက်ရှိရာ အထူးသေသ(၄)မှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။


  ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဆောင်သော ဧည့်သည်တော်သံတမန်အဖွဲ့များနှင့် အထူးဒေသ(၄)မှ တာဝန်ရှိသူများတို့က မိုင်းလားမြို့ရှိ မြန်မာ-တရုတ်နယ်ခြားမှတ်တိုင်၊ ဘိန်းပပျောက်သည့် အထိမ်းအမှတ်ပြတိုက်နှင့် မိုင်းလားမြို့အတွင်းသို့ လည့်လည်ကြည့်ရှုခဲ့ပြီးနောက် နေ့လည်စာသုံးဆောင်ခဲ့ရာ တိုင်းရင်းသားရိုးရာ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး၊ မိုင်းလားမှ ကျိုင်းတုံသို့ ပြန်လည်ထွက်ခွာခဲ့သည်။

တန်းဖိုးနည်း မိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချရေးဆောင်ရွက်

တောင်ကြီး   ဧပြီ   ၂၀

 

ရှမ်းပြည်နယ်တွင် တန်းဖိုးနည်း မိုဘိုင်းဖုန်းဆင်းကတ်များကို အများပြည်သူများသို့ ရောင်းချနိုင်ရေးအတွက် ဧပြီ (၁၉)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

CDMA 1

 

CDMA 2

 

CDMA 3

 

CDMA 4

 

CDMA 5

CDMA-6

နိုင်ငံခြားသံတမန်အဖွဲ့များ ကျိုင်းတုံမြို့သို့ အလည်အပတ်ရောက်ရှိ

တောင်ကြီး  ဧပြီ  ၁၅

 

12

 

13

 

14

 

15

 

16

 

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော နိုင်ငံ(၁၂)နိုင်ငံမှ နိုင်ငံခြားသံတမန်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ (UNRC)(UNHCR)(ICRC)မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ဧပြီ(၁၅)ရက် နံနက်(၀၉၅၀)နာရီတွင် ကျိုင်းတုံလေဆိပ်သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။


  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဆောင်သော ဧည့်သည်တော် သံတမန်အဖွဲ့များသည် ကျိုင်းတုံမြို့မဈေး၊ သစ်တစ်ပင်တောင်နှင့် အာခါတိုင်းရင်းသားရိုးရာ ရက်ကန်းလုပ်ငန်းနှင့် ရေပူစမ်းတို့အား သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

 

17

 

18

 

19

 

    ထို့နောက် ည(၇)နာရီတွင် ကျိုင်းတုံဟိုတယ်သစ်ခန်းမ၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်သည်တော် သံတမန်အဖွဲ့များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများတို့ တက်ရောက်ခဲ့ပြီး ဒေသခံတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ညစာစားပွဲအပြီးတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ နိုင်ငံခြားရေးဝန်ကြီးနှင့် သံတမန်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အောင်ပန်းမြို့တည် နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် ရာပြည့်နာရီစင်ဖွင့်ပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၁၇

 

06

 

07

 

   အောင်ပန်းမြို့တည် နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် ရာပြည့်နာရီစင်ဖွင့်ပွဲအခမ်းအနားကို ဧပြီ(၁၇)ရက် နံနက်(၉)နာရီက အောင်ပန်းမြို့လည်ရှိ အဆိုပါနာရီစင်ရှေ့၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


  အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အောင်ပန်းမြို့ နှစ်(၁ဝဝ)ပြည့်ပွဲတော်ဖြစ်မြောက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဦးသိန်းဝင်းနှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဌ ဦးအောင်သိန်းဝင်းတို့က ရာပြည့်နာရီစင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဒေသခံတိုင်းရင်းသားများနှင့် အတူ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

 

ပြည်နယ်ပြန်/ဆက်

တောင်ကြီးမြို့တွင် အလည်အပတ်ရောက်ရှိနေသော နိုင်ငံခြားသံတမန်အဖွဲ့ဝင်များ ပင်းတယမြို့ ရွှေဥမှင်သဘာဝလိုဏ်ဂူဘုရားသို့ ရောက်ရှိလေ့လာ

တောင်ကြီး  ဧပြီ  ၁၈

 

7

 

8

 

9

 

10

 

6

 

   တောင်ကြီးမြို့တွင် အလည်အပတ်ခရီးရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သည့် မြန်မာနိုင်ငံဆိုင်ရာသံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ၎င်းတို့၏ မိသားစုဝင်များသည် ဧပြီ(၁၈)ရက် နံနက်(၇)နာရီခွဲက ခေတ္တတည်းခိုသည့် အေးသာယာဂေါက်ကွင်းဟိုတယ်မှ ထွက်ခွာပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၏ အထင်ကရဖြစ်သော ရွှေဥမှင်သဘာဝလိုဏ်ဂူဘုရားသို့ ရောက်ရှိလာရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။


  ဧည့်သည်တော် သံတမန်အဖွဲ့ဝင်များသည် ရွှေဥမှင်လိုဏ်ဂူဘုရားအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီးနောက် ပင်းတယမြို့အတွင်းရှိ ရိုးရာထီးလုပ်ငန်းနှင့် ရှမ်းစက္ကူလုပ်ငန်းအား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။


   ထို့နောက် ဧည့်သည်တော် သံတမန်အဖွဲ့သည် ပင်းတယမြို့ရှိ CONQUEROR HOTEL ၌ ခေတ္တရပ်နားပြီး နေ့လည်စာသုံးဆောင်ခဲ့ကြသည်။ ထိုမှတဆင့် ဧည့်သည်တော်သံတမန်အဖွဲ့သည် ပင်းတယမြို့မှ ဆက်လက်ထွက်ခွာလာရာ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိပြီး ညနေ(၃)နာရီခွဲတွင် ဟဲဟိုးလေဆိပ်မှ မြန်မာ့လေကြောင်းလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားကြသည်။

အောင်ပန်းမြို့တည် နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ် မြို့တည်ခေါင်းလောင်းဖွင့်ပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၁၇

 

01

 

02

 

03

 

04

 

   အောင်ပန်းမြို့တည် နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် မြို့တည်ခေါင်းလောင်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ(၁၇)ရက် နံနက်(၈)နာရီခွဲက အောင်ပန်းမြို့ မြို့မပြင်သာကျောင်းတိုက်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အောင်းပန်းမြို့ မြို့မပြင်သာကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကြည်ညိုကြပြီး လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


  ဆက်လက်ပြီး အဆိုပါကျောင်းတိုက်အတွင်းရှိ အောင်ပန်းမြို့တည် နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် ခေါင်းလောင်းစင်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အောင်ပန်းနှစ်(၁ဝဝ)ပြည့်ပွဲတော် ဖြစ်မြောက်ရေး ဗဟိုကော်မတီဝင်(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခေါင်းလောင်းစင်အတွင်း လှည့်လည်ကြည့်ရှု၍ ခေါင်းလောင်းကို(၃)ချက်တီးခတ်ပူဇော်ခဲ့သည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အောင်ပန်းမြို့တည်ထောင်ခဲ့သူများ၏ ဆွေမျိုးများနှင့် အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

 


ပြည်နယ်ပြန်/ဆက်

နိုင်ငံခြားသံတမန်အဖွဲ့ဝင်များ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ အလည်အပတ်ရောက်ရှိ

‌တောင်ကြီး ဧပြီ ၁၇

 

1

 

 

2

 

11

 

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်သော နိုင်ငံ(၁၂)နိုင်ငံမှ နိုင်ငံခြားသံတမန် အဖွဲ့ဝင်များနှင့် မိသားစုများ (UNRC)(UNHCER)(ICRC)မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ဧပြီ(၁၇)ရက် နေ့လည်(၁၂)နာရီက မြန်မာ့လေကြောင်းလေယာဉ်ဖြင့် ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ပန်းစည်းဆက်၍လည်းကောင်း၊ ရိုးရာ အဆို၊ အတီး၊ အကများဖြင့်လည်းကောင်း လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့သည်။

 

  ထို့နောက် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော သံတမန်အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် အေးသာယာဂေါက်ကွင်း ဟိုတယ်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့နယ်၏ အထင်ကရဖြစ်သော ထန်စန်းသဘာဝလိုဏ်ဂူသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။

 

3

 

4

 

5

 

   ၎င်းနောက် ည(၇)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ဧည့်သည်တော် သံတမန်အဖွဲ့များအား အေးသာယာဂေါက်ကွင်းဟိုတယ်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံရာ ဒေသခံ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအဆို၊ အတီး၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ညစာစားပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးက ယဉ်ကျေးမှုအကအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် သံတမန်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

၁၃၇၅ ခု၊မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ

တောင်ကြီး   ဧပြီ  ၁၇

 

004

 

005

 

001

 

  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ၁၃၇၅ ခု၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ဧပြီ(၁၇)ရက် မွန်းလွှဲ(၃)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကန်တော့ခံအဘိုးအဘွားများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးရဲနိုင်အောင်က သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဦးဆောင်ပြီး ဧည့်ပရိတ်သတ်အပေါင်းမှ ဘိုးဘွားများအား ပူဇော်ကန်တော့၍ အလှူငွေနှင့် ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။


    ထို့နောက် အဘိုးအဘွားများကိုယ်စား အသက်(၈၈)နှစ်ရှိ ဦးကောင်စစ်(ဗိုလ်မှူးကြီးအငြိမ်းစား)က ဆုတောင်းမေတ္တာ ပို့သပေးသည်။ အဆိုပါ သက်ကြီးပူဇော်ပွဲသို့ တောင်ကြီးမြို့ပေါ်ရှိ အသက်(၅၈)နှစ်အထက် အဘိုးအဘွား(၂ဝ၈)ဦးရှိသည့်အနက် (၉ဝ)ဦးတက်ရောက်ခဲ့ပြီး မတက်ရောက်နိုင်သည့် အဘိုးအဘွားများအား အိမ်အရောက်အလှူငွေနှင့် ကန်တော့ပစ္စည်းများပေးအပ်ခဲ့ကြသည်။

 

002

 

003

 

   ၎င်းနောက် ညနေ(၄)နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ မြကန်သာပန်းခြံအတွင်းရှိ ရေကန်အတွင်းသို့ ဇီဝိတဒါနအဖြစ် ငါးကောင်ရေ(၁၅ဝဝဝဝ)လွှတ်ပေးခဲ့ကြသည်။

၁၃၇၄-ခု တောင်ကြီးမြို့၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး  ဧပြီ  ၁၆

 

05

 

02

 

03

 

04

 

    ၁၃၇၄-ခု တောင်ကြီးမြို့၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ (၁၆)ရက်၊ ညနေ(၅)နာရီက တောင်ကြီးမြို့၊ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆုရရှိကြသည့် ယိမ်းအက အဖွဲ့များနှင့် ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

06

 

07

 

01

 

     ဆက်လက်ပြီး ဆုရရှိသည့် ယိမ်းအဖွဲ့များက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။


   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၁၃၇၄-ခု တောင်ကြီးမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းလိုက်ကြောင်းကြေငြာပြီး တေးသံရှင်များက ‘‘မန်းတောင်ရိပ်ခို’’တေးသီချင်းကို စုပေါင်းသီဆို၍ ယိမ်းအကအဖွဲ့များက တူညီကကွက်များဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

More Articles...

  1. အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံခြင်းလုပ်ငန်းလိုင်စင်ခွင့်ပြုခြင်း
  2. ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီး မိသားစု ရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ
  3. အင်းလေးဒေသဟိုတယ်ဇုန် မြေနေရာချထားခြင်း
  4. ၁၃၇၄ခု တောင်ကြီးမဟာသင်္ကြန် ဖွင့်ပွဲကျင်းပ
  5. ပြည်နယ်ဝန်ကြီး ဦးတူးမောင် အား မြို့ရေထွက်၊ ရေကန်များ ကွင်းဆင်းစစ်ဆေး
  6. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အင်းလေးဒေသ ဟိုတယ်ဇုန်မြေနေရာချထားခြင်း အခမ်းအနားတက်ရောက်
  7. ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပ
  8. ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၊ ဆဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ
  9. ပထမအကြိမ်ရှမ်းပြည်နယ်လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ
  10. ၂ဝ၁၃ ခုနှစ် အင်းလေးဘက်စုံထူးချွန် အပန်းဖြေစခန်းဖွင့်ပွဲကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 70 guests and no members online

Latest Updates