သတင်းများ

Articles

၁၃၇၄ခု တောင်ကြီးမဟာသင်္ကြန် ဖွင့်ပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၁၃

 

01

 

02

 

03

 

04

 

08

 

07

 

05

 

06

 

09

 

   ၁၃၇၄ ခု တောင်ကြီးမြို့ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဧပြီ(၁၃)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့သည်။


  ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


   ထို့နောက် တေးသံရှင်များက တေးသံသာများဖြင့် သီဆိုတင်ဆက်ကြပြီး၊ ယိမ်းအကအဖွဲ့များက ညီညာစွာကပြဧည့်ခံဖျော်ဖြေခဲ့ကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား အတာရေပက်ဖျန်းပေးကြသည်။


   ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုမဏ္ဍပ်အား ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်းကို ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူ တစ်ဦးမှ လက်ခံရယူခဲ့သည်။

 

  ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရွှေနေကြာမဏ္ဍပ်၊ ရိုးရာသင်္ကြန်ပွဲတော်မဏ္ဍပ်၊ တိုင်းရင်းသားငြိမ်းချမ်းရေးမဏ္ဍပ်၊ ချယ်ရီသင်္ကြန်မဏ္ဍပ်၊ အိပ်မက် သင်္ကြန်မဏ္ဍပ်တို့အား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး မဏ္ဍပ်အသီးသီးတွင် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီး ဦးတူးမောင် အား မြို့ရေထွက်၊ ရေကန်များ ကွင်းဆင်းစစ်ဆေး

တောင်ကြီး ဧပြီ ဝ၉

 

001

 

002

03

 

003

 

04

 

06

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်သည် ဧပြီ(၉)ရက်နေ့က မြို့ရေပေးရေးအတွက် အသုံးပြုလျက်ရှိသော ရေထွက်၊ ရေကန်များ သွားရောက်ကွင်းဆင်းစစ်ဆေး ခဲ့သည်။


    ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင် သည် မြို့ရေပေးရေးအတွက် အသုံးပြုလျက်ရှိသော ရေထွက်၊ ရေကန်များ၏ ရေစုဆောင်းထားရှိမှု အခြေအနေနှင့် ရေထွက်နှုန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသိန်းနှင့် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးသီဟန်လင်းတို့က လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အင်းလေးဒေသ ဟိုတယ်ဇုန်မြေနေရာချထားခြင်း အခမ်းအနားတက်ရောက်

တောင်ကြီး  ဧပြီ  ဝ၈

 

01

 

02

 

    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် သည် ဧပြီ(၈)ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော အင်းလေးဒေသ ဟိုတယ်ဇုန်မြေနေရာချထားခြင်း အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

  ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အောင်က အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က မြေနေရာချထားရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့သည်။

  ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးဦးစီးကော်မတီမှ  တာဝန်ရှိသူများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍာအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

 

03

 

04

 

05

 

   ၎င်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင် က ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

  အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် လာရောက်လေ့လာသူများ တက်ရောက်ခဲ့ကြသည်။

ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပ

တောင်ကြီး  ဧပြီ  ဝ၃

 

HT04

 

HT06

 

HT01

 

HT02

 

HT07

 

HT03

 

HT05

 

  ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီ(၃)ရက် နံနက်(၁ဝ)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၁၂၃)ဦး တက်ရောက်ကြသည်။
    အစည်းအဝေးတွင် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း(၇)ခုကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြေကြားခြင်း၊၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းနှင့်၂ဝ၁၃-ခုနှစ် ရှမ်းပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းအားဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ(မူကြမ်း)အား လာမည့်အနီးစပ်ဆုံး လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခြင်း၊ ယမန်နေ့က တင်သွင်းခဲ့သော အဆို(၂)ရပ်အား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကိစ္စ၊ပြည်ထောင်စုလွှတ်တော် ဥပဒေများစာရင်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးကဏ္ဍ ဆောင်ရွက်ချက် အစီရင်ခံစာ၊ အင်းလေးဒေသ ဟိုတယ်ဇုန်ဖော်ထုတ်ရေးစီမံကိန်းနှင့်စပ်လျဉ်းသည့်ကိစ္စ၊ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်များနှင့်ပတ်သက်၍ ပကတိဖြစ်ပေါ် နေမှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
    ထိုနောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ကို ညနေ(၃:၂၅)နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 88 guests and no members online

Latest Updates