သတင်းများ

ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ   −   ၂၁

36

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည့် ၂၀၂၀ပြည့်နှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင် သတ်မှတ်မြို့နယ်များတွင် ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ(၂၁)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော်က ၂၀၂၀ပြည့်နှစ် ဧပြီလဆန်းတွင် တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်အတွင်းရှိ သတ်မှတ်မြို့နယ်များတွင် အသက်(၁၅)နှစ်နှင့်အထက် အရွယ်ရှိသူများကို ဦးတည် အုပ်စုအဖြစ် ရည်ရွယ်ဆောင်ရွက်ပေးမည့် (မြန်မာစာမတတ်သူ) မည်သူမဆိုယနေ့နိုင်ငံတော်၏ လမ်းညွှန်ချက်အရ ပြည်သူလူထု အခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ် အသိပညာပေးခြင်းနှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် အခြေခံ မြန်မာစာနှင့် အခြေခံသင်္ချာသင်ကြားပေးနိုင်ရေးတို့ကို (၂)ခရိုင်အတွင်းမှာ လက်ရှိစာရင်းကောက်ယူ ရရှိသူပေါင်း(၂၈၁၇)ဦးရှိကြောင်း၊ စာရင်းကောက်ယူရန် ကျန်ရှိနေသည့်မြို့နယ်များနှင့် ကေက်ယူပြီးမြို့နယ်များတွင်ရရှိထားသည့် သင်ကြားမည့် ဦးရေစာရင်းမှာ ရှမ်းပြည်နယ်အတွင်း မြို့နယ်အလိုက် ၂၀၁၄ခုနှစ် နိုင်ငံတော်လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူစာရင်းနှင့်နှိုင်းယှဉ်လျှင် ကွာခြားချက်များနေသည်ကို တွေ့ရှိရသည့်အတွက် အမှန်တကယ်(၁)ရက် (၃)နာရီနှုန်းဖြင့် ရက်ပေါင်း(၄၀) နာရီပေါင်း(၁၂၀)ကြာ အသိပညာပေးခြင်းအစီအစဉ်များနှင့် အခြေခံစာတတ်မြောက်ရေးအတွက် အမှန်တကယ် သင်ယူလိုသူဦးရေများ ကျန်ရှိနိုင်သောကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းများနှင့် ရပ်မိရပ်ဖများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ရပ်ရွာနေဒေသခံ ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့်အသိပေး၍ ဆန္ဒရှိသူသင်ယူလိုသူများကို အချိန်ကာလတစ်ခု သတ်မှတ်၍ ထပ်မံစာရင်းကောက်ယူပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းက ရှမ်းပြည်နယ်အတွင်း ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်(အကျဉ်းချုပ်)အား Power Point ဖြင့်ရှင်းလင်းဆွေးနွေးကာ အစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ရှင်းလင်းဖြေကြားပြီး၊ ရှမ်းပြည်နယ် ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ် နှင့်အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင် သတ်မှတ်မြို့နယ်များတွင် ဆောင်ရွက်မည့် ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ် အကောင်အထည်ဖော်ခြင်းနှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်း စီမံချက်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က လျာထားသတ်မှတ်ပေးသည့် အကောင်အထည်ဖော်မည့် နေရာဒေသဖြစ်သော တောင်ကြီး ခရိုင်၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့နယ်၊ ကွန်ဟိန်း မြို့နယ်၊ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ခိုလမ်မြို့နယ်ခွဲ၊ မိုင်းနောင်မြို့နယ်ခွဲနှင့် ကာလိမြို့နယ်ခွဲ အကောင်အထည် ဖော်မည့်ကာလမှာ ရက်(၄၀)သင်ကြားချိန် (၁)ရက်ပျှမ်းမျှစာသင်ချိန် (၃)နာရီ၊ ရက်ပေါင်း(၄၀) နာရီပေါင်း(၁၂၀)၊ စာသင်သား သတ်မှတ်ချက်တွင် ရပ်ရွာနေအသက်(၁၅)နှစ်နှင့်အထက် မြန်မာစာ မတတ်သူ (မည်သူမဆို) လူငယ်များနှင့်သက်ကြီးရွယ်အိုများ၊ နည်းပြသင်တန်းဖွင့်လှစ်ပို့ချမှုကို ၂၀၂၀ပြည့်နှစ် ဧပြီလ ပထမပတ်နှင့် ဖွင့်ပွဲအခမ်းအနားကို ပင်လုံမြို့ မြို့တော်ခန်းမ၊ စည်ပင်ခန်းမ (သို့မဟုတ်) ပင်လုံတက္ကသိုလ်၌ကျင်းပမည်ဖြစ်ပြီး လုပ်ငန်းကာလမှာ ၂၀၂၀ပြည့်နှစ် မေလ(ဒုတိယပတ်)တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ရုံးအမိန့်အမှတ်၊ ၁/၂၀၂၀

ရုံးအမိန့်အမှတ်၊ ၁/၂၀၂၀

ရှမ်းပြည်နယ်အတွင်းရှိ လက်ကိုင်စက်လွှ(Chain Saw) များတင်သွင်းမှုအသုံးပြုမှုဆိုင်ရာ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်း

A38A39A40A42

ရုံးအမိန့်အမှတ်၊ ၀၄၆/၂၀၂၀ သဘာဝမြေသြဇာစက်ရုံ လုပ်ကိုင်ခွင့်ခွင့်ပြုစာချုပ် ချုပ်ဆိုထားသည့်(၁၅)ဧကအား စာချုပ်ဖျက်သိမ်းပြီး မြေပြန်လည်သိမ်းဆည်းခြင်းကိစ္စ

ရုံးအမိန့်အမှတ်၊ ၀၄၆/၂၀၂၀

သဘာဝမြေသြဇာစက်ရုံ လုပ်ကိုင်ခွင့်ခွင့်ပြုစာချုပ် ချုပ်ဆိုထားသည့်(၁၅)ဧကအား စာချုပ်ဖျက်သိမ်းပြီး မြေပြန်လည်သိမ်းဆည်းခြင်းကိစ္စ

A2728 lnd thumbA28

ရုံးအမိန့်အမှတ်၊ ၀၈၆/၂၀၂၀

ရုံးအမိန့်အမှတ်၊ ၀၈၆/၂၀၂၀

နှစ်ရှည်စိုက်ခင်း လုပ်ကိုင်ခွင့်ခွင့်ပြုစာချုပ် ချုပ်ဆိုထားသည့် (၅၀၀)ဧကအား စာချုပ်ဖျက်သိမ်းပြီး မြေပြန်လည်သိမ်းဆည်းခြင်း

A36A37

ရှမ်းပြည်နယ်(COVID-19)အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီ Surveillance and Response Team – SRT ၏ ပထမအကြိမ် လုပ်ငန်းညိှနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၁၇

34

ရှမ်းပြည်နယ်အတွင်း (COVID – 19)အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ် (COVID – 19) အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှု ကော်မတီ Surveillance and Response Team – SRT ၏ ပထမအကြိမ် လုပ်ငန်းညိှနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ (၁၇) ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အတွင်း (COVID – 19) အဆုတ်ရောင်ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ် (COVID – 19) အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီ Surveillance and Response Team – SRT ၏ ကော်မတီ ဉက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာ စကားပြောကြားပြီး၊ (COVID – 19)   သံသယလူနာတွေ့ရှိရမှု အခြေအနေ၊ ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို တင်ပြဆွေးနွေးရာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(တောင်ကြီး) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန(လားရှိုး)ပြည်နယ်မှူး ဒေါက်တာတင်မောင်ညွန့်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)ပြည်နယ်မှူး ဒေါက်တာမြင့်ကျော်တို့က အသီးသီး တင်ပြဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှနိဂုံးချုပ်စကားပြော ကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

လေလံကြော်ငြာအမှတ်−၁/၂၀၁၉−၂၀၂၀(MSME)

လေလံကြော်ငြာအမှတ်−၁/၂၀၁၉−၂၀၂၀(MSME)

သာမန်/(သတ−ဖ) ကျွန်း/သစ်မာ (သစ်လုံး/တိုင်/သစ်ခွဲသား) များအား အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) သို့ ရောင်းချခြင်း

A31A32A33A34A35

သဒ္ဓမ္မရံသီ မဟာဆန္ဒပြည့်စေတီတော်မြတ် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ထီးတင်ပွဲကျင်းပ

ဟဲဟိုး ဖေဖော်ဝါရီ   −   ၁၀

33

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဟဲဟိုးမြို့တွင် ဖေဖော်ဝါရီ(၁၀)ရက် နံနက်(၇)နာရီခွဲက သဒ္ဓမ္မရံသီ မဟာဆန္ဒပြည့်စေတီတော်မြတ် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ထီးတင်ပွဲကို အဆိုပါစေတီ၌ကျင်းပသည်။

အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီးဒေါ်နန်းရွှေမြင့်တို့မှ အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ် ဘုရားရွတ်ဆိုကန်တော့ပေးပြီး ရန်ကုန်မြို့ ဇေယျဝတီစာသင်တိုက် မဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဦးဥတ္တရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီးဒေါ်နန်းရွှေမြင့်တို့က စိန်ဖူးတော်ကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးတို့မှ ငှက်မြတ်နားတော်ကိုလည်းကောင်း၊ အရံစေတီ (၈)ဆူ စိန်ဖူးတော်များတို့ကို စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့်ဇနီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှလည်းကောင်း၊ ဌာပနာသွင်းမည့် လက်ဝတ်ရတနာပစ္စည်းများတို့ကို အမျိုးသားလွှတ်တော်၊ ပြည်နယ်ကိုယ်စားလှယ်များမှလည်းကောင်း အသီးသီးဆရာတော်၊ သံဃာတော်များအား ဆက်ကပ် လှူဒါန်းကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီးဒေါ်နန်းရွှေမြင့် တို့အမှူးပြုသော တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်တို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကိုပင့်ဆောင်၍ ဘုရားရင်ပြင်စေတီတော်အား (၁)ပတ်လှည့်လည်ကာ “မြလေယာဉ်” မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်၍ ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်ဘုံဆင့်များကို ပရိတ်နံ့သာရေ၊ တရော်ကင်ပွန်း၊ ရေစင်ရေသန့်များ ပက်ဖျန်းပူဇော်ပေးကြပြီး ဆရာတော်အရှင်သူမြတ်က ဗုဒ္ဓါဘိသေက အနေကဇာတင် ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

အမိန့်ကြော်ငြာစာ(၁၉/၂၀၂၀)

အမိန့်ကြော်ငြာစာ(၁၉/၂၀၂၀)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ စွန့်လွှတ်အပ်နှံလာသည့် မြေဧရိယာ ၂၂.၃၈ ဧကကို နိုင်ငံတော်ပိုင်မြေ(State Land)အဖြစ် သတ်မှတ်ခြင်း

A29A30

 

အမိန့်ကြောငြာစာအမှတ်၊ ၂၁/၂၀၂၀ မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ချမှတ်ခြင်း

အမိန့်ကြောငြာစာအမှတ်၊ ၂၁/၂၀၂၀

မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ချမှတ်ခြင်း

A23A24A25A26

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNDP အဖွဲ့လက်ခံတွေ့ဆုံ

တောင်ကြီး     ဖေဖော်ဝါရီ - ၁၉

35

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့နှင့်အတူ ဖေဖော်ဝါရီ (၁၈)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ် Call ခန်းမ၌ UNDP အဖွဲ့မှ Mr. Biploue ဦးဆောင်သောအဖွဲ့နှင့် အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လက်ခံတွေ့ဆုံကြောင်းသိရသည်။

ထို့သို့လက်ခံတွေ့ဆုံရာတွင် UNDP အဖွဲ့မှ Mr. Biploue က ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအားတွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို UNDP အနေဖြင့် အင်းလေးကန်ကို ဝိုင်းဝန်းကူညီထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ UNDP နှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းလေးကန်အတွက် ဉပဒေများ ထုတ်ပြန်ထားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အင်းလေးကန်ဒေသအပြင် သီးခြားနေရာများရှိသည့် နေရာများကိုလည်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ဘတ်ဂျက်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအပြင် သီးခြားအခြားအဖွဲ့များမှ ထောက်ပံ့မှုမျိုးရှိပါသလားသိချင်ပါကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေး အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းထားရှိမှုသိရှိရပြီး ၎င်းအဖွဲ့အစည်းများနှင့် မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက် နေသည်ကို သိရှိလိုပါကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ဆက်လက်ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က UNDP မှ အဆွေတော်တို့အနေဖြင့် အင်းလေးကန်နှင့် ပတ်သက်၍ လာရောက်ရှင်းလင်းပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ အင်းလေးကန်ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ဥပဒေများလည်းရှိပြီးဖြစ်ကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတခရီးစဉ်တွင် နိုင်ငံတော်သမ္မတကလမ်းညွှန်မှာကြားခဲ့ကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် အင်းလေးကန်တွင် အဖွဲ့အစည်းများလည်းဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ UNDP မှ ကူညီပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ငါးဖမ်းခြင်း၊ ရှော့တိုက်ခြင်းမရှိပါက အင်းလေးကန်ကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်ပါကြောင်း၊ ဒေသခံပြည်သူများအတွက် ယက်ကန်းရက်လုပ်ခြင်း၊  လက်မှုလုပ်ငန်းဖြစ်သည့်ဝါးလုပ်ငန်းသည် အဆင်ပြေပြီး အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်မှုကို အထောက်အကူဖြစ်ကြောင်း ဆွေးနွေးပြောကြား သွားပြီး အင်းလေးကန်နှင့်ပတ်သတ်သည့် တွေ့ရှိရသည့်အခက်အခဲများကို ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့မှ ဆက်လက် ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွား သည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

အမိန့်ကြော်ငြာစာအမှတ်(၇၆/၂၀၁၉)အရ ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန်ရည်ရွယ်ကြောင်းကြေညာခြင်း

အမိန့်ကြော်ငြာစာအမှတ်(၇၆/၂၀၁၉)အရ

ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန်ရည်ရွယ်ကြောင်းကြေညာခြင်း

A17A18A19A20A21A22

More Articles...

  1. အမိန့်ကြော်ငြာစာအမှတ်(၁၃၀/၂၀၁၉)အရ ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန်ရည်ရွယ်ကြောင်းကြေညာခြင်း
  2. အသိပညာပေးဆွေးနွေး 2019 nCoV ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း ပြည်နယ်အဆင့်
  3. မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲ တောင်ကြီးမြို့၌ကျင်းပ
  4. ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေးစတုတ္ထအကြိမ်ထည့်သွင်း ထိုးနှံခြင်းနှင့် 2019-nCoV အသိပညာပေးဆွေးနွေးပွဲကျင်းပ
  5. (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ နှင့် ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  6. ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန် ကြီးများလားရှိုး မြို့ဒေသခံပြည်သူ များနှင့်တွေ့ဆုံ
  7. ပထမအကြိမ်လားဟူတိုင်းရင်းသားများနှစ်သစ်ကူးပွဲတော်ကျင်းပ
  8. "ဝ"တိုင်းရင်းသားများစုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် သံလွင်မြစ်ကူးတံတား(ကွမ်းလုံ)တည်ဆောက်မည့်နေရာနှင့် ကွမ်းလုံဒေသခံပြည်သူများ တွေ့ဆုံ
  10. ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့ နယ်နမ့်လန်မြို့မစျေးသစ်ဖွင့်ပွဲကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 70 guests and no members online

Latest Updates