သတင်းများ

တီက်စ္တိုက္နယ္ေဆး႐ုံသို႔ စဝ္စံထြန္းေဆး႐ုံ၊ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံမွ အထူးကု ဆရာဝန္မ်ား၊ တိုင္းရင္းေဆးပညာဦးစီးဌာနတို႔မွ ပညာရွင္မ်ား ကြင္းဆင္းကုသ

ပင္ေလာင္း မတ္ - ၂၅

58

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္ေလာင္းၿမိဳ႕နယ္၊ တီက်စ္ေက်း႐ြာရွိ တီက်စ္တိုက္နယ္ေဆး႐ုံသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဥကၠဌ ဦးခြန္စံလြင္တို႔သည္ မတ္လ ၂၃ ရက္ေန႔က စဝ္စံထြန္းေဆး႐ုံ၊ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံမွ အထူးကုဆရာဝန္မ်ား၊ တိုင္းရင္းေဆးပညာဦးစီးဌာနတို႔မွ ပညာရွင္မ်ားသည္ အဆိုပါ တိုက္နယ္ေဆး႐ုံရွိ လူနာမ်ားအား အခမဲ့ကြင္းဆင္းကုသေပးေနမႈ ကိုသြားေရာက္ၾကည့္႐ႈ အားေပးစကားေျပာၾကားခဲ့ေၾကာင္းသိရသည္။

အဆိုပါ ပင္ေလာင္းၿမိဳ႕နယ္၊ တီက်စ္ေက်း႐ြာ၊ တီက်စ္တိုက္နယ္ေဆး႐ုံတြင္ လူနာ မ်ားအား အခမဲ့ကြင္းဆင္းကုသေပးမႈတြင္ လူနာေပါင္း (၆၀၀၀)ေက်ာ္ လာေရာက္ေဆးကုသ ခံယူလ်က္ရွိေၾကာင္းသိရွိရသည္။

အစရ(ရွမ္း)

Uni+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တီကျစ်တိုက်နယ်ဆေးရုံသို့ စဝ်စံထွန်းဆေးရုံ၊ အမျိုးသမီးနှင့် ကလေးဆေးရုံမှ အထူးကု ဆရာဝန်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ပညာရှင်များ ကွင်းဆင်းကုသ

ပင်လောင်း မတ် - ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာရှိ တီကျစ်တိုက်နယ်ဆေးရုံသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်တို့သည် မတ်လ ၂၃ ရက်နေ့က စဝ်စံထွန်းဆေးရုံ၊ အမျိုးသမီးနှင့် ကလေးဆေးရုံမှ အထူးကုဆရာဝန်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ပညာရှင်များသည် အဆိုပါ တိုက်နယ်ဆေးရုံရှိ လူနာများအား အခမဲ့ကွင်းဆင်းကုသပေးနေမှု ကိုသွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာ၊ တီကျစ်တိုက်နယ်ဆေးရုံတွင် လူနာ များအား အခမဲ့ကွင်းဆင်းကုသပေးမှုတွင် လူနာပေါင်း (၆၀၀၀)ကျော် လာရောက်ဆေးကုသ ခံယူလျက်ရှိကြောင်းသိရှိရသည်။

အစရ(ရှမ်း)

 

ဖယ္ခုံၿမိဳ႕နယ္၊ လအိတိုက္နယ္ေဆး႐ုံဖြင့္ပြဲ ႏွင့္ လႊဲေျပာင္းေပးအပ္ပြဲက်င္းပ

ဖယ္ခုံ မတ္ - ၂၅

57

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဖယ္ခုံၿမိဳ႕နယ္၊ ရီႏြဲ႕ေက်း႐ြာအုပ္စုတြင္ ၁၆ ကုတင္ဆံ့ လအိတိုက္နယ္ေဆး႐ုံသစ္ဖြင့္ပြဲ ႏွင့္ လႊဲေျပာင္းေပးအပ္ပြဲအခမ္းအနားကို မတ္ ၂၂ ရက္ နံနက္ပိုင္းက အဆိုပါေဆး႐ုံသစ္တြင္ က်င္းပခဲ့ေၾကာင္းသိရသည္။

အဆိုပါေဆး႐ုံသစ္အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ကယန္းတိုင္းရင္းသားရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးခြန္းေအးေမာင္၊ ဖယ္ခုံၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးေမာင္၊ ဖယ္ခုံၿမိဳ႕ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႕ က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာသူဇာခ်စ္တင္၊ ဖယ္ခုံၿမိဳ႕နယ္ အမွတ္(၁)မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေမရီႏြဲ႕၊ ေဆး႐ုံျဖစ္ေျမာက္ေရးေကာ္မတီ နာယကတို႔မွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့သည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ေဆး႐ုံအတြင္းလွည့္လည္ၾကည့္႐ႈစစ္ေဆးၾကသည္။ အဆိုပါ လအိတိုက္နယ္ေဆး႐ုံကို ျပည္ေထာင္စုအစိုးရခြင့္ျပဳရန္ပုံေငြက်ပ္သန္း (၆၇၀)ျဖင့္ တင္ဒါေအာင္ျမင္ေသာ ယူႏိုက္တက္ပါဝါဝင္း ကုမၸဏီက တာဝန္ယူေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး လအိေက်း႐ြာႏွင့္ ပတ္ဝန္းက်င္ရွိ ေက်း႐ြာမ်ားမွ ျပည္သူမ်ား၏ က်န္းမာေရး အတြက္ မွီခိုအားထားႏိုင္မည္ျဖစ္ေၾကာင္းသိရွိရသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ဆီဘူးတိုက္နယ္ေဆး႐ုံ ၄ ခန္းတြဲ ၁ ထပ္ ဝန္ထမ္းအိမ္ရာ ေဆာက္လုပ္ျခင္းလုပ္ငန္းမ်ားအား ကြင္းဆင္းၾကည့္႐ႈစစ္ေဆးၿပီး လိုအပ္သည္မ်ား မွာၾကားခဲ့ေၾကာင္းသိရသည္။ 

အစရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်ဆေးရုံဖွင့်ပွဲ နှင့် လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ဖယ်ခုံ မတ် - ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စုတွင် ၁၆ ကုတင်ဆံ့ လအိတိုက်နယ်ဆေးရုံသစ်ဖွင့်ပွဲ နှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ် ၂၂ ရက် နံနက်ပိုင်းက အဆိုပါဆေးရုံသစ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဆေးရုံသစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ကယန်းတိုင်းရင်းသားရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်၊ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်၊ ဖယ်ခုံမြို့ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ ဖယ်ခုံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနွဲ့၊ ဆေးရုံဖြစ်မြောက်ရေးကော်မတီ နာယကတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ လအိတိုက်နယ်ဆေးရုံကို ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်း (၆၇၀)ဖြင့် တင်ဒါအောင်မြင်သော ယူနိုက်တက်ပါဝါဝင်း ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လအိကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ၏ ကျန်းမာရေး အတွက် မှီခိုအားထားနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆီဘူးတိုက်နယ်ဆေးရုံ ၄ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။ 

 

အစရ(ရှမ်း)

ရွမ္းျပည္နယ္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးက်င္းပ

ေတာင္ႀကီး       မတ္-၁၉

52

ရွမ္းျပည္နယ္လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖြဲ႕(၁/၂၀၁၉)အစည္းအေဝးကို မတ္(၁၉)ရက္ နံနက္(၉) နာရီခြဲက ေတာင္ႀကီးၿမိဳ႕ရွမ္းျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌က်င္းပေၾကာင္းသိရသည္။

  ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ကမၻာတစ္ဝွမ္းတြင္ ႏွစ္စဥ္ ၂၀.၉ သန္းေသာ လူသားမ်ား အဓမၼခိုင္းေစခံေနရေၾကာင္း အျပည္ျပည္ဆိုင္ရာအလုပ္သမားအဖြဲ႕က ခန္႔မွန္းထားၿပီး ကုလသမဂၢမူးယစ္ေဆးဝါးႏွင့္ ျပစ္မႈဆိုင္ရာ႐ုံး (UNODC)၏ ထုတ္ျပန္ခ်က္အရ ကမၻာ့အႏွံအျပားျဖစ္ပြားေသာ လူကုန္ကူးမႈမ်ားမွ ႏွစ္စဥ္အေမရိကန္ေဒၚလာ ၁၅၀ ဘီလီယံအျမတ္အစြန္းရရွိေနေၾကာင္း၊ လူကုန္ကူးမႈပုံစံမ်ားကို လိင္ပိုင္းဆိုင္ရာေခါင္းပုံျဖတ္မႈ ၅၄  ၊ အဓမၼခိုင္းေစမႈ ၃၈ ၊ အျခားပုံစံ ၈  ပါဝင္ေၾကာင္း ေဖာ္ျပထားၿပီး လူကုန္ကူးခံရသူမ်ားကို ခြဲျခားစိစစ္ခဲ့ရာ အမ်ိဳးသမီးပါဝင္မႈ ၈၂.၂၇ ၊ ကေလးသူငယ္အမ်ိဳးသမီးပါဝင္မႈ ၉.၄၅ ၊ ကေလးသူငယ္အမ်ိဳးသားပါဝင္မႈ ၃.၄၅ ၊ အမ်ိဳးသား ၁၇.၂၇  လူကုန္ကူးခံေနရသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ လူကုန္ကူးခံရမႈျဖစ္စဥ္မ်ားကို ေလ့လာရာ၌ ပုံစံ (၅)မ်ိဳးေတြ႕ရွိရၿပီး အဓမၼအလုပ္ခိုင္းေစျခင္း၊ အဓမၼ ထိမ္းျမားလက္ထက္ျခင္း၊ လိင္ပိုင္းဆိုင္ရာေခါင္းပုံျဖတ္ျခင္း၊ အဓမၼေမြးစားျခင္းႏွင့္ ေႂကြးၿမီျဖင့္ ေႏွာင္ဖြဲ႕ခိုင္းေစျခင္း တို႔ျဖစ္ပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္ ကိန္းဂဏန္းမ်ားအရ တ႐ုတ္ႏိုင္ငံသို႔ ၁၄.၃၄ ၊ ထိုင္းႏိုင္ငံသို႔ ၄.၃၇ ၊ မေလးရွား ႏိုင္ငံသို႔ ၀.၂၉  ဦးတည္ျဖစ္ပြားမႈမ်ားေတြ႕ရွိရၿပီး ျပည္တြင္းလူကုန္ကူးမႈ ၂၁.၂၈  ျဖစ္ပြားလ်က္ရွိေၾကာင္း ေတြ႕ရွိ ရပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏ လူကုန္ကူးမႈေဖာ္ထုတ္အေရးယူမႈအေနျဖင့္ ၂၀၁၈ ခုႏွစ္မွ ယေန႔အထိ လူကုန္ကူးမႈ ၂၅၄ မႈ၊ လူကုန္ကူးခံရသူ ၃၈၃ ဦး၊ လူကုန္ကူးသူတရားခံ ၇၅၇ ဦးတို႔ကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း၊ ရွမ္းျပည္နယ္အတြင္း တြင္ ၂၀၁၈ ခုႏွစ္မွ ယေန႔အထိ လူကုန္ကူးမႈ ၆၉ မႈ၊ လူကုန္ကူးခံရသူ ၁၀၁ ဦးတို႔ကို ကယ္တင္ႏိုင္ခဲ့ကာ လူကုန္ကူးသူတရားခံ ၂၁၈ ဦးတို႔ကို ေဖာ္ထုတ္အေရးယူႏိုင္ခဲ့ေၾကာင္း၊ လူကုန္းကူးခံရသူမ်ား ေထာက္ပံ့ႏိုင္ရန္ အတြက္ သယ္ယူပို႔ေဆာင္စရိတ္၊ အစားအစာႏွင့္ရိကၡာ၊ ေဆးဝါးကုသစရိတ္၊ ကယ္ဆယ္ေရး၊ ေစာင့္ေရွာက္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးစရိတ္မ်ားအား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏ ရန္ပုံေငြမွ က်ခံသုံးစြဲလ်က္ ရွိရာ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွ ၂၀၁၉ ခုႏွစ္ မတ္လ ၁၅ ရက္ေန႔အထိ ရွမ္းျပည္နယ္အတြင္း လူကုန္ကူးခံ ရသူ ၁၆ ဦးအတြက္ စုစုေပါင္းေငြက်ပ္ ၁၂၂ သိန္းအား ေထာက္ပံ့ေပးႏိုင္ခဲ့ေၾကာင္း၊ ယေန႔အစည္းအေဝးကို တက္ေရာက္လာၾကသည့္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ဝင္မ်ားအားလုံးအေနျဖင့္ လူကုန္ကူးမႈတိုက္ဖ်က္ ေရး တတိယ (၅)ႏွစ္စီမံကိန္း (၂၀၁၇-၂၀၂၁)ပါ ေဆာင္႐ြက္ရမည့္ က႑အလိုက္လုပ္ငန္းစဥ္မ်ားအေပၚ ေအာင္ျမင္ ေအာင္ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားရန္ႏွင့္ ႏွစ္စဥ္ စက္တင္ဘာလ ၁၃ ရက္ေန႔တြင္ က်ေရာက္ မည့္ ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အခမ္းအနားကို ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ အားလုံး ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္ ေျပာၾကားသြားသည္။

    ဆက္လက္၍ ရွမ္းျပည္နယ္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ ဥကၠ႒ ရွမ္းျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး လွဦးမွ ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး အတြင္းေရးမႉး ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ ယာယီရဲမႉးခ်ဳပ္ေဇာ္ခင္ေအာင္မွ ေဆြးေႏြးတင္ျပကာ တက္ေရာက္လာသည့္ ျပည္နယ္အဆင့္လူကုန္ကူးမႈ တားဆီး ကာကြယ္ေရးအဖြဲ႕ဝင္မ်ားမွမိမိတို႔လုပ္ငန္းမ်ားအေပၚေဆာင္႐ြက္ခ်က္မ်ားအားေဆြးေႏြးတင္ျပၾကသည္။

ထို႔ေနာက္ရွမ္းျပည္နယ္အတြင္းရွိ တက္ေရာက္လာၾကသည့္ ခ႐ိုင္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ ဥကၠ႒မ်ားမွ ခ႐ိုင္အလိုက္ ရွင္းလင္းတင္ျပၿပီး လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွရဲမႉး ေအာင္လြင္က ရွမ္းျပည္နယ္အတြင္း လူကုန္ကူးမႈတိုက္ဖ်က္ေရးေဆာက္႐ြက္ခ်က္မ်ား လူကုန္ကူးမႈတားဆီးကာကြယ္ေရးဗဟိုအဖြဲ႕ မွ ဖြဲ႕စည္းတာဝန္ေပးအပ္ထားသည့္ ျပည္နယ္/ ခ႐ိုင္/ ၿမိဳ႕နယ္အဆင့္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕မ်ား ဖြဲ႕စည္းထားရွိမႈႏွင့္ရပ္ကြက္/ေက်း႐ြာလူကုန္ကူးမႈေစာင့္ၾကည့္အဖြဲ႕မ်ား ဖြဲ႕စည္းတာဝန္ေပးအပ္ထားရွိမႈမ်ား ရွင္းလင္း ၿပီး အေထြေထြေဆြးေႏြးကာ ရွမ္းျပည္နယ္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ ဥကၠ႒ ရွမ္းျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဗိုလ္မႉးႀကီး လွဦး ကနိဂုံးခ်ဳပ္စကားေျပာၾကားေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09 250132943

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး       မတ်-၁၉

ရှမ်းပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့(၁/၂၀၁၉)အစည်းအဝေးကို မတ်(၁၉)ရက် နံနက်(၉) နာရီခွဲက တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ၂၀.၉ သန်းသော လူသားများ အဓမ္မခိုင်းစေခံနေရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့က ခန့်မှန်းထားပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့အနှံအပြားဖြစ်ပွားသော လူကုန်ကူးမှုများမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံအမြတ်အစွန်းရရှိနေကြောင်း၊ လူကုန်ကူးမှုပုံစံများကို လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု ၅၄  ၊ အဓမ္မခိုင်းစေမှု ၃၈ ၊ အခြားပုံစံ ၈  ပါဝင်ကြောင်း ဖော်ပြထားပြီး လူကုန်ကူးခံရသူများကို ခွဲခြားစိစစ်ခဲ့ရာ အမျိုးသမီးပါဝင်မှု ၈၂.၂၇ ၊ ကလေးသူငယ်အမျိုးသမီးပါဝင်မှု ၉.၄၅ ၊ ကလေးသူငယ်အမျိုးသားပါဝင်မှု ၃.၄၅ ၊ အမျိုးသား ၁၇.၂၇  လူကုန်ကူးခံနေရသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် လူကုန်ကူးခံရမှုဖြစ်စဉ်များကို လေ့လာရာ၌ ပုံစံ (၅)မျိုးတွေ့ရှိရပြီး အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မ ထိမ်းမြားလက်ထက်ခြင်း၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း တို့ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံသို့ ၁၄.၃၄ ၊ ထိုင်းနိုင်ငံသို့ ၄.၃၇ ၊ မလေးရှား နိုင်ငံသို့ ၀.၂၉  ဦးတည်ဖြစ်ပွားမှုများတွေ့ရှိရပြီး ပြည်တွင်းလူကုန်ကူးမှု ၂၁.၂၈  ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိ ရပါကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုဖော်ထုတ်အရေးယူမှုအနေဖြင့် ၂၀၁၈ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးမှု ၂၅၄ မှု၊ လူကုန်ကူးခံရသူ ၃၈၃ ဦး၊ လူကုန်ကူးသူတရားခံ ၇၅၇ ဦးတို့ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်း တွင် ၂၀၁၈ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးမှု ၆၉ မှု၊ လူကုန်ကူးခံရသူ ၁၀၁ ဦးတို့ကို ကယ်တင်နိုင်ခဲ့ကာ လူကုန်ကူးသူတရားခံ ၂၁၈ ဦးတို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း၊ လူကုန်းကူးခံရသူများ ထောက်ပံ့နိုင်ရန် အတွက် သယ်ယူပို့ဆောင်စရိတ်၊ အစားအစာနှင့်ရိက္ခာ၊ ဆေးဝါးကုသစရိတ်၊ ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေးနှင့် ပြန်လည်နေရာချထားရေးစရိတ်များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ရန်ပုံငွေမှ ကျခံသုံးစွဲလျက် ရှိရာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိ ရှမ်းပြည်နယ်အတွင်း လူကုန်ကူးခံ ရသူ ၁၆ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၂၂ သိန်းအား ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များအားလုံးအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက် ရေး တတိယ (၅)နှစ်စီမံကိန်း (၂၀၁၇-၂၀၂၁)ပါ ဆောင်ရွက်ရမည့် ကဏ္ဍအလိုက်လုပ်ငန်းစဉ်များအပေါ် အောင်မြင် အောင် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် နှစ်စဉ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက် မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသွားသည်။

    ဆက်လက်၍ ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးချုပ်ဇော်ခင်အောင်မှ ဆွေးနွေးတင်ပြကာ တက်ရောက်လာသည့် ပြည်နယ်အဆင့်လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ဝင်များမှမိမိတို့လုပ်ငန်းများအပေါ်ဆောင်ရွက်ချက်များအားဆွေးနွေးတင်ပြကြသည်။

ထို့နောက်ရှမ်းပြည်နယ်အတွင်းရှိ တက်ရောက်လာကြသည့် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ ခရိုင်အလိုက် ရှင်းလင်းတင်ပြပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှရဲမှူး အောင်လွင်က ရှမ်းပြည်နယ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆောက်ရွက်ချက်များ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့်ရပ်ကွက်/ကျေးရွာလူကုန်ကူးမှုစောင့်ကြည့်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုများ ရှင်းလင်း ပြီး အထွေထွေဆွေးနွေးကာ ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး လှဦး ကနိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

 

ကေမၻာဇအုပ္စု ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္မ်ားအား ခြဲစိတ္ကုသေပး

ေတာင္ႀကီး မတ္ - ၂၄

56

အားကစားႏွင့္ က်န္းမာေရးဝန္ႀကီးဌာန၏ လမ္းၫႊန္မႈျဖင့္ ကေမၻာဇအုပ္စု ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာ ေဖာင္ေဒးရွင္း ႏွင့္ Smile Asia Medical Mission တို႔ပူးေပါင္း၍ မတ္ ၂၄ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံႀကီးတြင္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္မ်ားအားခြဲစိတ္ကုသမႈျပဳလုပ္ေပးေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ကမၻာေပၚတြင္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးသူငယ္ (၁၇၀၀၀၀)ေက်ာ္ ေမြးဖြားလ်က္ရွိၿပီး၊ ေမြးဖြားမႈ ၇၀၀ တြင္ ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလး(၁) ေယာက္ပါဝင္ေမြးဖြားလ်က္ရွိေၾကာင္းႏွင့္ အဆိုပါကေလးငယ္မ်ားသည္ အစာစားျခင္း၊ အသက္႐ႈျခင္း၊ စကားေျပာျခင္းတို႔တြင္ အခက္အခဲျဖစ္လ်က္ရွိပါေၾကာင္း၊ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္တစ္ဦး ေမြးဖြားျခင္းတြင္ ကိုယ္ဝန္ေဆာင္သက္ႏုစဥ္ ကာလအတြင္းအစျပဳ၍ ေမြးဖြားလာျခင္းမွာ အေၾကာင္းမ်ိဳးစုံရွိၿပီး၊ မ်ိဳး႐ိုးဗီဇႏွင့္ အျခားအခ်က္မ်ားတြင္ ေပါင္းစုမိသြားပါက ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္တစ္ဦးေမြးဖြားလာႏိုင္ပါေၾကာင္း၊ မိခင္တြင္ ဆီးခ်ိဳေရာဂါ၊ အာဟာရခ်ိဳ႕တဲ့ေရာဂါ၊ ေဆးလိပ္/ အရက္ေသာက္သုံးသူ၊ အတက္ေရာဂါရွင္ျဖစ္ပါက ေသာက္သုံးသည့္ေဆးဝါးသည္ ကိုယ္ဝန္သက္ႏုစဥ္ကာလမွာ ကေလးငယ္၏ဖြံ႕ၿဖိဳးမႈကို အဟန္႔အတားျဖစ္ေစေသာေၾကာင့္ ေမြးဖြားလာသည့္အခ်ိန္တြင္  ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္ တစ္ဦးေမြးဖြားရန္ အခြင့္အလမ္းပိုမ်ားေစေၾကာင္း၊ ကေလးငယ္မ်ားအတြက္ ပို၍ ေကာင္းမြန္ေသာ အနာဂတ္ကို ဖန္တီးေပး ႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ စင္ကာပူႏိုင္ငံအေျခစိုက္ Smile Asia Medical အဖြဲ႕က အေရွ႕ေတာင္အာရွႏိုင္ငံတြင္ ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္မ်ားကို ခြဲစိတ္ကုသေပးေနသည့္အတြက္ ေလးစားဂုဏ္ယူေက်းဇူးတင္ရွိပါေၾကာင္း၊ လမ္းၫႊန္မႈျဖင့္ ကေမၻာဇအုပ္စု ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာ ေဖာင္ေဒးရွင္းက ရွမ္းျပည္နယ္တြင္လူမႈစီးပြားဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈတို႔ကို အားသြန္ခြန္စိုက္လုပ္ေဆာင္ေနသည္ကို ေတြ႕ရွိရၿပီး၊ က်န္းမာေရးအေထာက္ အကူအျဖစ္ ေတာင္ႀကီးၿမိဳ႕တြင္ သံဃာေဆး႐ုံ၊ ခိုလမ္ၿမိဳ႕တြင္ ကုတင္ (၁၀၀)ေဆး႐ုံ၊ ေဘာ္ဆိုင္းတိုက္နယ္ေဆး႐ုံတို႔အတြက္ ေဆး႐ုံအသုံးအေဆာင္ပစၥည္းအျပည့္အစုံႏွင့္ ဆရာဝန္၊ သူနာျပဳမ်ားအတြက္ အသုံးအေဆာင္ပစၥည္းမ်ားကိုပါ လႉဒါန္းေပးသည့္ အတြက္ မ်ားစြာဝမ္းေျမာက္ဂုဏ္ယူမိပါေၾကာင္း၊ ရွမ္းျပည္နယ္သာမက ျမန္မာႏိုင္ငံတြင္းရွိ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္ မ်ား၏ ဘဝလွပေခ်ာေမြ႕ေအာင္ေဆာင္႐ြက္ေပးႏိုင္ၾကရန္ အမွာစကား၌ေျပာၾကားသြားသည္။

ဆက္လက္၍ ျမန္မာႏိုင္ငံဆိုင္ရာစင္ကာပူသံ႐ုံးမွ Deputy Chief of Mission ျဖစ္သူMr. David Liang မွ အမွတ္တရ စကားေျပာၾကားၿပီး၊ အမ်ိဳးသမီးႏွင့္ ကေလးအထူးကုေဆး႐ုံမွေဆး႐ုံအုပ္ႀကီး ေဒါက္တာျမတ္ခိုင္၊ Smile Asia Programme Manager ျဖစ္သူ Ms. Phoebe Low ၊ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာ ေမာင္ရဲမာန္ေအာင္၏ ဖခင္ျဖစ္သူ ဦးေအာင္ၫႊန္႔တို႔က ေက်းဇူးတင္စကားေျပာၾကားၾကၿပီး၊ The Smile Mission Ltd Executive Director Mr. Aphimanyu Talukdar က ကေမၻာဇဘဏ္၏ ဒုတိယအမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ ေဒၚနန္းလိုင္းခမ္းအား Certificate of Appreciation ေပးအပ္၍ လည္းေကာင္း၊ ေဆး႐ုံမ်က္ႏွာစာသုံးထပ္ေဆာင္ေရွ႕ ကြန္ကရစ္လမ္းခင္းရန္ ေငြက်ပ္(၇၁၇၀၅၈၃)သိန္း လႉဒါန္းမႈအတြက္ အမ်ိဳးသမီးႏွင့္ ကေလးအထူးကုေဆး႐ုံအုပ္ႀကီး ေဒါက္တာျမတ္ခိုင္က ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာ ေဖာင္ေဒးရွင္းသို႔ ဂုဏ္ျပဳလႊာေပးအပ္ၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ား၊ တာဝန္ရွိသူတို႔သည္ ခြဲစိတ္ကုသမည့္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာမ်ားအား ၾကည့္႐ႈအားေပးစကားေျပာၾကားခဲ့ေၾကာင္းသိရသည္။

အဆိုပါ ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာ ေဖာင္ေဒးရွင္း ႏွင့္ Smile Asia Medical Mission တို႔ပူးေပါင္း၍ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္မ်ားအားခြဲစိတ္ကုသမႈျပဳလုပ္ေပးမည့္ ဆရာဝန္မ်ားမွာ အေမရိကန္၊ ဂ်ာမနီ၊ တ႐ုတ္၊ စင္ကာပူ၊  ဒိန္းမတ္၊ ျပင္သစ္၊ ၾသစေတးလ်၊ ဂ်ပန္၊ ေဟာင္ေကာင္၊ ျမန္မာ၊ ဖိလစ္ပိုင္ ႏိုင္ငံတို႔မွ ဆရာဝန္မ်ားႏွင့္ ေစတနာ႔ဝန္ထမ္း စုစုေပါင္း(၃၅)ဦးပါဝင္ၿပီး ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ တတိယအႀကိမ္ခြဲစိတ္ကုသေပးျခင္းႏွင့္ မတ္ ၂၄ ရက္မွ မတ္၃၀ ရက္ေန႔အထိ အခမဲ့ခြဲစိတ္ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘောဇအုပ်စု ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား ခွဲစိတ်ကုသပေး

တောင်ကြီး မတ် - ၂၄

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကမ္ဘောဇအုပ်စု ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း နှင့် Smile Asia Medical Mission တို့ပူးပေါင်း၍ မတ် ၂၄ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအားခွဲစိတ်ကုသမှုပြုလုပ်ပေးကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘာပေါ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးသူငယ် (၁၇၀၀၀၀)ကျော် မွေးဖွားလျက်ရှိပြီး၊ မွေးဖွားမှု ၇၀၀ တွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေး(၁) ယောက်ပါဝင်မွေးဖွားလျက်ရှိကြောင်းနှင့် အဆိုပါကလေးငယ်များသည် အစာစားခြင်း၊ အသက်ရှုခြင်း၊ စကားပြောခြင်းတို့တွင် အခက်အခဲဖြစ်လျက်ရှိပါကြောင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တစ်ဦး မွေးဖွားခြင်းတွင် ကိုယ်ဝန်ဆောင်သက်နုစဉ် ကာလအတွင်းအစပြု၍ မွေးဖွားလာခြင်းမှာ အကြောင်းမျိုးစုံရှိပြီး၊ မျိုးရိုးဗီဇနှင့် အခြားအချက်များတွင် ပေါင်းစုမိသွားပါက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တစ်ဦးမွေးဖွားလာနိုင်ပါကြောင်း၊ မိခင်တွင် ဆီးချိုရောဂါ၊ အာဟာရချို့တဲ့ရောဂါ၊ ဆေးလိပ်/ အရက်သောက်သုံးသူ၊ အတက်ရောဂါရှင်ဖြစ်ပါက သောက်သုံးသည့်ဆေးဝါးသည် ကိုယ်ဝန်သက်နုစဉ်ကာလမှာ ကလေးငယ်၏ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသောကြောင့် မွေးဖွားလာသည့်အချိန်တွင်  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် တစ်ဦးမွေးဖွားရန် အခွင့်အလမ်းပိုများစေကြောင်း၊ ကလေးငယ်များအတွက် ပို၍ ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေး နိုင်ရန် ရည်ရွယ်ချက်ဖြင့် စင်ကာပူနိုင်ငံအခြေစိုက် Smile Asia Medical အဖွဲ့က အရှေ့တောင်အာရှနိုင်ငံတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို ခွဲစိတ်ကုသပေးနေသည့်အတွက် လေးစားဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်း၊ လမ်းညွှန်မှုဖြင့် ကမ္ဘောဇအုပ်စု ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းက ရှမ်းပြည်နယ်တွင်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို အားသွန်ခွန်စိုက်လုပ်ဆောင်နေသည်ကို တွေ့ရှိရပြီး၊ ကျန်းမာရေးအထောက် အကူအဖြစ် တောင်ကြီးမြို့တွင် သံဃာဆေးရုံ၊ ခိုလမ်မြို့တွင် ကုတင် (၁၀၀)ဆေးရုံ၊ ဘော်ဆိုင်းတိုက်နယ်ဆေးရုံတို့အတွက် ဆေးရုံအသုံးအဆောင်ပစ္စည်းအပြည့်အစုံနှင့် ဆရာဝန်၊ သူနာပြုများအတွက် အသုံးအဆောင်ပစ္စည်းများကိုပါ လှူဒါန်းပေးသည့် အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ရှမ်းပြည်နယ်သာမက မြန်မာနိုင်ငံတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် များ၏ ဘဝလှပချောမွေ့အောင်ဆောင်ရွက်ပေးနိုင်ကြရန် အမှာစကား၌ပြောကြားသွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံရုံးမှ Deputy Chief of Mission ဖြစ်သူMr. David Liang မှ အမှတ်တရ စကားပြောကြားပြီး၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင်၊ Smile Asia Programme Manager ဖြစ်သူ Ms. Phoebe Low ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ မောင်ရဲမာန်အောင်၏ ဖခင်ဖြစ်သူ ဦးအောင်ညွှန့်တို့က ကျေးဇူးတင်စကားပြောကြားကြပြီး၊ The Smile Mission Ltd Executive Director Mr. Aphimanyu Talukdar က ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်းအား Certificate of Appreciation ပေးအပ်၍ လည်းကောင်း၊ ဆေးရုံမျက်နှာစာသုံးထပ်ဆောင်ရှေ့ ကွန်ကရစ်လမ်းခင်းရန် ငွေကျပ်(၇၁၇၀၅၈၃)သိန်း လှူဒါန်းမှုအတွက် အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင်က ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းသို့ ဂုဏ်ပြုလွှာပေးအပ်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ခွဲစိတ်ကုသမည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း နှင့် Smile Asia Medical Mission တို့ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအားခွဲစိတ်ကုသမှုပြုလုပ်ပေးမည့် ဆရာဝန်များမှာ အမေရိကန်၊ ဂျာမနီ၊ တရုတ်၊ စင်ကာပူ၊  ဒိန်းမတ်၊ ပြင်သစ်၊ သြစတေးလျ၊ ဂျပန်၊ ဟောင်ကောင်၊ မြန်မာ၊ ဖိလစ်ပိုင် နိုင်ငံတို့မှ ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်း စုစုပေါင်း(၃၅)ဦးပါဝင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တတိယအကြိမ်ခွဲစိတ်ကုသပေးခြင်းနှင့် မတ် ၂၄ ရက်မှ မတ်၃၀ ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

 

 

ရွမ္းျပည္နယ္ လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းအား ေအာင္ႏိုင္ေရးအလံေပးအပ္

ေတာင္ႀကီး မတ္ - ၁၈

51

၂၀၁၉ ခုႏွစ္ မတ္လ ၂၁ ရက္ေန႔တြင္က်င္းပျပဳလုပ္မည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ အသက္(25) ႏွစ္ေအာက္အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ရွမ္းျပည္နယ္လက္ေ႐ြးစင္ အမ်ိဳးသမီး ေဘာလုံးအသင္းအား ေအာင္ႏိုင္ေရးအလံေပးအပ္ပြဲအခမ္းအနားကို မတ္လ ၁၇ ရက္ နံနက္ ၁၁ နာရီခြဲက ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္၊ ျပည္နယ္အားကစားႏွင့္ကာပညာဦးစီးဌာန႐ုံးဝန္းရွိ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ၊ ေလးထပ္ေဆာင္ခန္းမ၌က်င္းပခဲ့ေၾကာင္းသိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ၊ ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ၿပိဳင္ပြဲတိုင္းတြင္ အႏိုင္ရရွိၿပီး ရွမ္းျပည္နယ္ဂုဏ္ေဆာင္အားကစားသမား မ်ားျဖစ္ေအာင္ ႀကိဳးစားေဆာင္႐ြက္သြားႏွင့္ ၿပိဳင္ပြဲဝင္မ်ား စည္းလုံးညီၫြတ္စြာႏွင့္ အားကစားစိတ္ဓာတ္ အျပည့္ျဖင့္ ယွဥ္ၿပိဳင္သြားၾကရန္ မွာၾကားခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီ ဥကၠဌ၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေအာင္ႏိုင္ေရးအလံအား အသင္းအုပ္ခ်ဳပ္သူႏွင့္ အသင္းနည္းျပခ်ဳပ္ထံသို႔ ေပးအပ္ၿပီး ေဘာလုံးအသင္းသားမ်ားႏွင့္အတူ ဂုဏ္ျပဳေန႔လည္စာအား အတူ တကြသုံးေဆာင္ၾကသည္။

  အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီ ဥကၠဌ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္း၊ ဒုတိယၫႊန္ၾကားေရမႉး ဦးတင္ထြန္း၊ ရွမ္းျပည္နယ္ေဘာလုံးဆပ္ေကာ္မတီ ဥကၠဌ ဦးခင္ေမာင္လြင္ႀကီး၊ အမ်ိဳးသမီးလက္ေ႐ြးစင္ေဘာလုံးအသင္း အုပ္ခ်ဳပ္သူ၊ အသင္းနည္းျပခ်ဳပ္ႏွင့္ အသင္း သားမ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ၊ ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္း ႏွင့္အဖြဲ႕ဝင္မ်ားသည္ ျပည္နယ္အားကစားကြင္းႀကီး၌ ကြင္းမ်က္ႏွာျပင္ေျမၫွိျခင္း၊ ျမက္ကပ္ျခင္း၊ ေဆးဖ်န္း၊ ေရေလာင္းျခင္းမ်ား ျပဳျပင္ေဆာင္႐ြက္ေနမႈအား ၾကည့္႐ႈစစ္ေဆးရာ လိုအပ္သည္မ်ား မွာၾကား ခဲ့ေၾကာင္းသိရသည္။ အဆိုပါျပည္နယ္အားကစားကြင္းမွာ ၆၅  ရာခိုင္ႏႈန္းၿပီးစီးကာ မတ္လကုန္အတြင္း အၿပီး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

အစရ(ရွမ္း)

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ် လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

တောင်ကြီး မတ် - ၁၈

 

၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(25) နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက် နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်အားကစားနှင့်ကာပညာဦးစီးဌာနရုံးဝန်းရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၊ လေးထပ်ဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိပြီး ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမား များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားနှင့် ပြိုင်ပွဲဝင်များ စည်းလုံးညီညွတ်စွာနှင့် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အောင်နိုင်ရေးအလံအား အသင်းအုပ်ချုပ်သူနှင့် အသင်းနည်းပြချုပ်ထံသို့ ပေးအပ်ပြီး ဘောလုံးအသင်းသားများနှင့်အတူ ဂုဏ်ပြုနေ့လည်စာအား အတူ တကွသုံးဆောင်ကြသည်။

  အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေမှူး ဦးတင်ထွန်း၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီး၊ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ အသင်းနည်းပြချုပ်နှင့် အသင်း သားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့်အဖွဲ့ဝင်များသည် ပြည်နယ်အားကစားကွင်းကြီး၌ ကွင်းမျက်နှာပြင်မြေညှိခြင်း၊ မြက်ကပ်ခြင်း၊ ဆေးဖျန်း၊ ရေလောင်းခြင်းများ ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ မှာကြား ခဲ့ကြောင်းသိရသည်။ အဆိုပါပြည်နယ်အားကစားကွင်းမှာ ၆၅  ရာခိုင်နှုန်းပြီးစီးကာ မတ်လကုန်အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစရ(ရှမ်း)

ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွႀကီးမႉးက်င္းပေသာအထူးဓမၼသဘင္ပြဲက်င္းပ

ေတာင္ႀကီး        မတ္-၂၂

55

  ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွႀကီးမႉးက်င္းပေသာ  ျမတ္ဗုဒၶသာသနာ(၂၆၀၇)ႏွစ္ ေတာင္ႀကီးအထူးဓမၼသဘင္ ပြဲကို မတ္(၂၂)ရက္ည(၇)နာရီကေတာင္ႀကီးၿမိဳ႕စူဠာမုနိဘုရားရင္ျပင္ေတာ္၌က်င္းပေၾကာင္းသိရသည္။

သီတဂူဆရာေတာ္ ေဒါက္တာဘဒၵႏၲ ဉာဏိႆရထံ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က လႉဖြယ္ပစၥည္းမ်ားဆက္ကပ္ၿပီး၊ ဓမၼပူဇာသဘင္အတြက္ အလႉေငြမ်ားေပးအပ္လႉဒါန္းၾကရာ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွအလႉေငြက်ပ္သိန္း(၇၀)ကို ျပည္နယ္ဥပေဒခ်ဳပ္မွ ေပးအပ္လႉဒါန္း၍လည္းေကာင္း၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးဗိုလ္ခ်ဳပ္လင္းေအာင္မွ အလႉေငြက်ပ္(၁၂)သိန္း(၅)ေသာင္း ေပးအပ္လႉဒါန္း၍လည္းေကာင္း၊ အလႉရွင္မ်ားမွအလႉ ေငြမ်ားကို ကပၸိယထံအသီးသီးေပးအပ္လႉဒါန္းၾကေၾကာင္းသိရသည္။

ဆက္လက္၍သီတဂူဆရာေတာ္ေဒါက္တာဘဒၵႏၲဉာဏိႆရက ေကာ္သခၤသုသန္တရားေရးေအး တိုက္ေကၽြးေဟာၾကား ေတာ္မူၿပီး၊ တရားပြဲတြင္ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္အလႉရွင္မ်ားမွလႉ ဒါန္းေငြက်ပ္(၄၄၇)သိန္း (၅)ေသာင္းကနဦးလႉဒါန္းၾကၿပီး၊ တရားနာဧည့္ပရိသတ္(၁)ေသာင္းေက်ာ္ခန္႔တရားနာယူၾကေၾကာင္းသိရွိရသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး၊ ျပည္နယ္ လႊတ္ေတာ္ဥကၠ႒၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ တာဝန္ရွိသူမ်ား၊ ရပ္ေဝးရပ္နီးမွ တရားနာဧည့္ပရိတ္သတ္မ်ား၊ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

++++++++++++++++++++Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသောအထူးဓမ္မသဘင်ပွဲကျင်းပ

တောင်ကြီး        မတ်-၂၂

  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော  မြတ်ဗုဒ္ဓသာသနာ(၂၆၀၇)နှစ် တောင်ကြီးအထူးဓမ္မသဘင် ပွဲကို မတ်(၂၂)ရက်ည(၇)နာရီကတောင်ကြီးမြို့စူဠာမုနိဘုရားရင်ပြင်တော်၌ကျင်းပကြောင်းသိရသည်။

သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရထံ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က လှူဖွယ်ပစ္စည်းများဆက်ကပ်ပြီး၊ ဓမ္မပူဇာသဘင်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှအလှူငွေကျပ်သိန်း(၇၀)ကို ပြည်နယ်ဥပဒေချုပ်မှ ပေးအပ်လှူဒါန်း၍လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်မှ အလှူငွေကျပ်(၁၂)သိန်း(၅)သောင်း ပေးအပ်လှူဒါန်း၍လည်းကောင်း၊ အလှူရှင်များမှအလှူ ငွေများကို ကပ္ပိယထံအသီးသီးပေးအပ်လှူဒါန်းကြကြောင်းသိရသည်။

ဆက်လက်၍သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရက ကော်သင်္ခသုသန်တရားရေးအေး တိုက်ကျွေးဟောကြား တော်မူပြီး၊ တရားပွဲတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်အလှူရှင်များမှလှူ ဒါန်းငွေကျပ်(၄၄၇)သိန်း (၅)သောင်းကနဦးလှူဒါန်းကြပြီး၊ တရားနာဧည့်ပရိသတ်(၁)သောင်းကျော်ခန့်တရားနာယူကြကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ရပ်ဝေးရပ်နီးမှ တရားနာဧည့်ပရိတ်သတ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

09250132943

 

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕ႏွင့္ ေတြ႕ဆုံ

ေတာင္ႀကီး မတ္ - ၁၅

50

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းတို႔သည္ မတ္ ၁၄ ရက္ မြန္းလြဲ ၂ နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး Call  ခန္းမတြင္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕ႏွင့္ ေတြ႕ဆုံေၾကာင္း သိရသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕မွ ရွမ္းျပည္နယ္တြင္ အဓိက ေဆာင္႐ြက္မည့္လုပ္ငန္းမ်ားကို လာေရာက္ရွင္းျပျခင္းျဖစ္ပါေၾကာင္း၊ ျပည္ေထာင္စုအဆင့္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ သကဲ့သို႔ ရွမ္းျပည္နယ္တြင္လည္း ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ အကူအညီေပးရန္အတြက္ အကူအညီ လိုသူမ်ားကို မည္ကဲ့သို႔ ကူညီရန္ ေျပာလိုပါေၾကာင္း၊ ရခိုင္ျပည္နယ္တြင္ ေဆာင္႐ြက္သကဲ့သို႔ ရွမ္းျပည္နယ္တြင္ လည္း အစိုးရအဖြဲ႕မွ လမ္းၫႊန္မႈေပးၿပီး ေဆာင္႐ြက္လိုပါေၾကာင္း၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သီေပါၿမိဳ႕တြင္ စစ္ေဘးေရွာင္မ်ားကို ကူညီေဆာင္႐ြက္လိုေၾကာင္း ေဆြးေႏြးသြားေၾကာင္း သိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ယခုကဲ့သို႔ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕မွ ရွမ္းျပည္နယ္၏အခ်က္အလက္မ်ားကို ျပည္စုံစြာ ရွင္းျပ သည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ မတ္လ (၁) ရက္ေန႔က ရွမ္းျပည္နယ္အစိုးရအဖြဲ႕သည္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)ကို သြားေရာက္ခဲ့ပါေၾကာင္း၊ နမၼတူႏွင့္ သီေပါစစ္ေဘးေရွာင္ကိုလည္း ေရာက္ရွိခဲ့ပါေၾကာင္း၊ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕၏ ကူညီေထာက္ပံ့မႈမ်ားကိုလည္း ရရွိပါေၾကာင္း ေျပာၾကား သြားသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး မတ် - ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းတို့သည် မတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး Call  ခန်းမတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ရှမ်းပြည်နယ်တွင် အဓိက ဆောင်ရွက်မည့်လုပ်ငန်းများကို လာရောက်ရှင်းပြခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ပူးပေါင်းဆောင်ရွက် သကဲ့သို့ ရှမ်းပြည်နယ်တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကူအညီပေးရန်အတွက် အကူအညီ လိုသူများကို မည်ကဲ့သို့ ကူညီရန် ပြောလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်သကဲ့သို့ ရှမ်းပြည်နယ်တွင် လည်း အစိုးရအဖွဲ့မှ လမ်းညွှန်မှုပေးပြီး ဆောင်ရွက်လိုပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့တွင် စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်လိုကြောင်း ဆွေးနွေးသွားကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ရှမ်းပြည်နယ်၏အချက်အလက်များကို ပြည်စုံစွာ ရှင်းပြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မတ်လ (၁) ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကို သွားရောက်ခဲ့ပါကြောင်း၊ နမ္မတူနှင့် သီပေါစစ်ဘေးရှောင်ကိုလည်း ရောက်ရှိခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့၏ ကူညီထောက်ပံ့မှုများကိုလည်း ရရှိပါကြောင်း ပြောကြား သွားသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ ရင္ျပင္၌ အႏၲရာယ္ကင္းပရိတ္တရားေတာ္နာ

ေတာင္ႀကီး မတ္ - ၂၁

54

ေတာင္ႀကီးၿမိဳ႕၊ က်က္သေရေဆာင္ စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ ရင္ျပင္၌ မတ္ ၂၁ ရက္ နံနက္ ၇ နာရီက ေတာင္ႀကီးအထူးဓမၼသဘင္တရားပြဲေတာ္ အႀကိဳအျဖစ္ အႏၲရာယ္ကင္းပရိတ္တရားေတာ္ နာယူၾကေၾကာင္း သိရွိရသည္။

အခမ္းအနားကို ဆရာေတာ္သံဃာေတာ္၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က နေမာ တႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့၍ ဖြင့္လွစ္ၿပီး ဘဒၵႏၲအဂၢဓမၼာဘိဝံသ အဂၢမဟာပ႑ိတ အစာကမၼဌာနစရိယ ႏိုင္ငံေတာ္ၾသဝါဒစရိယ စြန္းလြန္းဂူဝိပႆနာေက်ာင္းဆရာေတာ္ထံမွ သရဏဂုံ သုံးပါးႏွင့္တကြ ငါးပါးသီလခံယူ ေစာင့္တည္၍ ဆရာေတာ္သံဃာေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္အပ္ေသာ ပရိတ္တရားေတာ္မ်ားကို နာၾကားကာ ဆရာေတာ္သံဃာေတာ္မ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က လႉဖြယ္ ဝတၳဳပစၥည္းမ်ား ဆက္ကပ္လႉဒါန္းၿပီး လႉဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္းခ်အမၽွေပးေဝကာ အခမ္းအနားကို ဗုဒၶသာသနံ စိရံ တိဌတု သုံးႀကိမ္႐ြတ္ဆို၍ ႐ုပ္သိမ္းလိုက္ေၾကာင္း သိရွိရသည္။

အဆိုပါ ေတာင္ႀကီးအထူးဓမၼသဘင္တရားပြဲေတာ္တြင္ ခ်မ္းေျမ႕ဆရာေတာ္ ဘဒၵႏၲ ဇနကာဘိဝံသ၊ သီတဂူ ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရ၊ ေယာဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ သိရိႏၵာဘိဝံသ၊ ဓမၼဒုတဆရာေတာ္  ေဒါက္တာ ဘဒၵႏၲ ေဆကိႏၵ၊ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ကုမာရာဘိဝံသ တို႔မွ မတ္လ ၂၁ မွ ၂၅ ရက္ေန႔ထိ ညစဥ္ ၇ နာရီတြင္ ေတာင္ႀကီးၿမိဳ႕၊ က်က္သေရေဆာင္ စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ရင္ျပင္၌ တရားေရေအး တိုက္ေကၽြးေဟာၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင်၌ အန္တရာယ်ကင်းပရိတ်တရားတော်နာ

တောင်ကြီး မတ် - ၂၁

တောင်ကြီးမြို့၊ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင်၌ မတ် ၂၁ ရက် နံနက် ၇ နာရီက တောင်ကြီးအထူးဓမ္မသဘင်တရားပွဲတော် အကြိုအဖြစ် အန္တရာယ်ကင်းပရိတ်တရားတော် နာယူကြကြောင်း သိရှိရသည်။

အခမ်းအနားကို ဆရာတော်သံဃာတော်၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ အစာကမ္မဌာနစရိယ နိုင်ငံတော်သြဝါဒစရိယ စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော်ထံမှ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလခံယူ စောင့်တည်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာကြားကာ ဆရာတော်သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ တောင်ကြီးအထူးဓမ္မသဘင်တရားပွဲတော်တွင် ချမ်းမြေ့ဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသ၊ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ၊ ယောဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ၊ ဓမ္မဒုတဆရာတော်  ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ၊ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ တို့မှ မတ်လ ၂၁ မှ ၂၅ ရက်နေ့ထိ ညစဉ် ၇ နာရီတွင် တောင်ကြီးမြို့၊ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်၌ တရားရေအေး တိုက်ကျွေးဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ရွမ္းျပည္နယ္မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရးအဖြဲ႕ အစည္းအေဝး က်င္းပ

ေတာင္ႀကီး မတ္ - ၁၈

49

ရွမ္းျပည္နယ္မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရးအဖြဲ႕ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝး (၁/၂၀၁၉)ကို မတ္ ၁၈ ရက္ နံနက္ ၉ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျမန္မာႏိုင္ငံသည္ မူးယစ္ေဆးဝါးျပႆနာႏွင့္ ပတ္သက္သည့္ အဓိကအားျဖင့္ (၃)မ်ိဳးရင္ဆိုင္ေနရပါေၾကာင္း၊ ပထမအခ်က္မွာ စိုက္ပ်ိဳးမႈ ျပႆနာ၊ ဒုတိယအခ်က္မွာ ထုတ္လုပ္မႈႏွင့္ သယ္ေဆာင္ေရာင္းဝယ္မႈျပႆနာ၊ တတိယအခ်က္မွာ သုံးစြဲမႈျပႆနာျဖစ္ပါေၾကာင္း၊ မူးယစ္ေဆးဝါး (ဘိန္း) စိုက္ပ်ိဳးမႈအပိုင္းတြင္ ၿပီးခဲ့ေသာႏွစ္က ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ သိသိသာသာ က်ဆင္းလာသည္ကို ေတြ႕ရွိရၿပီး စိုက္ပ်ိဳးမႈ အေနျဖင့္ ၂၅ ရာခိုင္ႏႈန္း၊ ထုတ္လုပ္မႈ ၁၄ ရာခိုင္ႏႈန္း အသီးသီးက်ဆင္းေၾကာင္း၊ ၎က်ဆင္းမႈသည္ ေရရွည္က်ဆင္းမႈ ျဖစ္ႏိုင္မည္မဟုတ္ေၾကာင္းႏွင့္ ဘိန္းစိုက္ပ်ိဳးေဒသမ်ားတြင္ ႏိုင္ငံေတာ္၏ ဖြံ႕ၿဖိဳးမႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေနမႈသည္ ဘိန္း စိုက္ပ်ိဳးသည့္ ဧရိယာကို ထိေရာက္လႊမ္းၿခဳံလုံေလာက္ေအာင္ ေဆာင္႐ြက္ေပးႏိုင္ျခင္းမရွိေသးပါေၾကာင္း၊ ဘိန္းျဖဴထုတ္လုပ္မႈ၊ စိတ္ႂကြေဆးျပားထုတ္လုပ္မႈ၊ ေျပာင္းလဲလာသည့္ထုတ္လုပ္မႈပုံစံမ်ားကို ဘိန္းစိုက္ပ်ိဳးရန္အတြက္ အေျခခံလိုအပ္ခ်က္မ်ား ျဖစ္ေသာ ေျမၾသဇာ၊ လုပ္အားစသည့္ ကန္႔သတ္ခ်က္မ်ား၊ ဥပေဒႏွင့္ ေဒသအာဏာပိုင္မ်ား၏ ဖိအားမ်ားေၾကာင့္ သာမက ဘိန္းေစ်းႏႈန္းသည္လည္း က်ဆင္းလာသည့္အတြက္ ဘိန္းစိုက္ပ်ိဳးမႈက်ဆင္းလာသည္ဟု ယူဆရပါေၾကာင္း၊ ယခုအခ်ိန္ အခါမ်ိဳးတြင္ ဘိန္းစိုက္ေတာင္သူမ်ား၏ ေျပာင္းလဲစိုက္ပ်ိဳးလာမည့္ သီးႏွံ သို႔မဟုတ္ ေျပာင္းလဲလုပ္ကိုင္လာမည့္ လုပ္ငန္း မ်ားကို ပံ့ပိုးကူညီေပးမည့္ ဖြံၿဖိဳးေရးလုပ္ငန္း ပိုမိုတိုးျမင့္ေဆာင္႐ြက္မည္ဆိုပါက ဘိန္းစိုက္ပ်ိဳးမႈကို ေရရွည္ထိန္းခ်ဳပ္သြား ႏိုင္မည္ ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ မူးယစ္ေဆးဝါးအႏၲရာယ္ကို ေလ်ာ့ခ်ႏိုင္ရန္ အစိုးရဆိုင္ရာအဖြဲ႕အစည္းမ်ား ဌာနဆိုင္ရာမ်ားအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည္နည္းတူ ျပည္သူလူထုမ်ားကလည္း ဘုံျပႆနာအျဖစ္ ခံယူၿပီး အဖြဲ႕အစည္းတစ္ခုခ်င္းစီမွ လူတစ္ဦးတစ္ေယာက္ခ်င္းစီအထိ ကိုယ္စီတာဝန္ရွိစြာျဖင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္ႏွင့္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရးအဖြဲ႕အဆင့္ဆင့္က စိတ္ဝင္စားၿပီး တက္ႂကြစြာေဆာင္႐ြက္သည့္ လူမႈအဖြဲ႕အစည္းမ်ားကို ပါဝင္ဖြဲ႕စည္းၿပီး ၎တို႔၏အားျဖင့္ လုပ္ငန္းစီမံခ်က္မ်ား ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရး အဖြဲ႕ ဥကၠဌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး လွဦး၊ ဒုတိယဥကၠဌ ရွမ္းျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္တို႔က ေဆြးေႏြးတင္ျပၾကသည္။

ရွမ္းျပည္နယ္မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရးအဖြဲ႕ အတြင္းေရးမႉး ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မႉး ယာယီရဲမႉးခ်ဳပ္ ေဇာ္ခင္ေအာင္၊ တြဲဖက္အတြင္းေရးမႉး အမွတ္(၂) မူးယစ္တပ္ဖြဲ႕ခြဲ မႉး ဒုတိယရဲမႉးႀကီး လင္းထြဋ္ျမင့္တို႔က တားဆီးႏွိမ္နင္းေရးဆိုင္ရာမ်ား ရွင္းလင္းတင္ျပၿပီး တက္ေရာက္လာသည့္ ျပည္နယ္အဆင့္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္တားဆီးကာကြယ္ေရးအဖြဲ႕ဝင္မ်ားမွ မိမိတို႔ လုပ္ငန္းတာဝန္မ်ားအေပၚ ေဆာင္႐ြက္ခ်က္မ်ားအား ေဆြးေႏြးတင္ျပျခင္း၊ ခ႐ိုင္မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရးအဖြဲ႕ ဥကၠဌမ်ားမွ ခ႐ိုင္အလိုက္ ေဆြးေႏြးတင္ျပကာ တက္ေရာက္လာသူမ်ားမွ အေထြေထြေဆြးေႏြးၾကၿပီး ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး လွဦးမွ နိဂုံးခ်ဳပ္စကားေျပာၾကားခဲ့ ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပ

တောင်ကြီး မတ် - ၁၈

ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို မတ် ၁၈ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်သည့် အဓိကအားဖြင့် (၃)မျိုးရင်ဆိုင်နေရပါကြောင်း၊ ပထမအချက်မှာ စိုက်ပျိုးမှု ပြဿနာ၊ ဒုတိယအချက်မှာ ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုပြဿနာ၊ တတိယအချက်မှာ သုံးစွဲမှုပြဿနာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး (ဘိန်း) စိုက်ပျိုးမှုအပိုင်းတွင် ပြီးခဲ့သောနှစ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရပြီး စိုက်ပျိုးမှု အနေဖြင့် ၂၅ ရာခိုင်နှုန်း၊ ထုတ်လုပ်မှု ၁၄ ရာခိုင်နှုန်း အသီးသီးကျဆင်းကြောင်း၊ ၎င်းကျဆင်းမှုသည် ရေရှည်ကျဆင်းမှု ဖြစ်နိုင်မည်မဟုတ်ကြောင်းနှင့် ဘိန်းစိုက်ပျိုးဒေသများတွင် နိုင်ငံတော်၏ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုသည် ဘိန်း စိုက်ပျိုးသည့် ဧရိယာကို ထိရောက်လွှမ်းခြုံလုံလောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ ဘိန်းဖြူထုတ်လုပ်မှု၊ စိတ်ကြွဆေးပြားထုတ်လုပ်မှု၊ ပြောင်းလဲလာသည့်ထုတ်လုပ်မှုပုံစံများကို ဘိန်းစိုက်ပျိုးရန်အတွက် အခြေခံလိုအပ်ချက်များ ဖြစ်သော မြေသြဇာ၊ လုပ်အားစသည့် ကန့်သတ်ချက်များ၊ ဥပဒေနှင့် ဒေသအာဏာပိုင်များ၏ ဖိအားများကြောင့် သာမက ဘိန်းစျေးနှုန်းသည်လည်း ကျဆင်းလာသည့်အတွက် ဘိန်းစိုက်ပျိုးမှုကျဆင်းလာသည်ဟု ယူဆရပါကြောင်း၊ ယခုအချိန် အခါမျိုးတွင် ဘိန်းစိုက်တောင်သူများ၏ ပြောင်းလဲစိုက်ပျိုးလာမည့် သီးနှံ သို့မဟုတ် ပြောင်းလဲလုပ်ကိုင်လာမည့် လုပ်ငန်း များကို ပံ့ပိုးကူညီပေးမည့် ဖွံဖြိုးရေးလုပ်ငန်း ပိုမိုတိုးမြင့်ဆောင်ရွက်မည်ဆိုပါက ဘိန်းစိုက်ပျိုးမှုကို ရေရှည်ထိန်းချုပ်သွား နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို လျော့ချနိုင်ရန် အစိုးရဆိုင်ရာအဖွဲ့အစည်းများ ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်နည်းတူ ပြည်သူလူထုများကလည်း ဘုံပြဿနာအဖြစ် ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ ကိုယ်စီတာဝန်ရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့အဆင့်ဆင့်က စိတ်ဝင်စားပြီး တက်ကြွစွာဆောင်ရွက်သည့် လူမှုအဖွဲ့အစည်းများကို ပါဝင်ဖွဲ့စည်းပြီး ၎င်းတို့၏အားဖြင့် လုပ်ငန်းစီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ဒုတိယဥက္ကဌ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့က ဆွေးနွေးတင်ပြကြသည်။

ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ခင်အောင်၊ တွဲဖက်အတွင်းရေးမှူး အမှတ်(၂) မူးယစ်တပ်ဖွဲ့ခွဲ မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်မြင့်တို့က တားဆီးနှိမ်နင်းရေးဆိုင်ရာများ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဝင်များမှ မိမိတို့ လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခြင်း၊ ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌများမှ ခရိုင်အလိုက် ဆွေးနွေးတင်ပြကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ႏွစ္(၇၀)ျပည့္ ပအိုဝ္းအမ်ိဳးသားေန႔က်င္းပ

ေတာင္ႀကီး မတ္ - ၂၀

53

ႏွစ္(၇၀)ျပည့္ ပအိုဝ္းအမ်ိဳးသားေန႔ကို မတ္ ၂၀ ရက္ ညေန ၆ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ကံႀကီးရပ္ကြက္ရွိ ပအိုဝ္းအမ်ိဳးသားဘက္စုံဖြံ႕ၿဖိဳးေရးကြင္း (ဒဲဥ္သီးေဗြကြင္း)၌ က်င္းပရာ ဖြင့္ပြဲအခမ္းအနားကို ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္လင္းေအာင္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဥကၠဌ ဦးခြန္စံလြင္၊ ပြဲေတာ္က်င္းပေရးေကာ္မတီ ဥကၠဌ ဦးခြန္ဝင္းကို တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

ဆက္လက္၍ ပင္ေလာင္း၊ ေနာင္တရား ယဥ္ေက်းမႈအကအဖြဲ႕မွ ခမ္းရန္ဆား သီခ်င္းျဖင့္ ကျပဖြင့္လွစ္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌ ဦးမင္းဝင္းခိုင္သန္း၊ တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးႏိုင္သက္လြင္၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ေခါင္းေဆာင္ဥကၠဌ ဦးေအာင္ခမ္းထီး၊ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီတို႔မွ ပအိုဝ္းအမ်ိဳးသားေန႔သို႔ ေပးပို႔ေသာ သဝဏ္လႊာမ်ားကို ပြဲေတာ္က်င္းပေရးေကာ္မတီမွ တာဝန္ရွိသူအသီးသီးတို႔မွ ဖတ္ၾကားၾကသည္။ 

ထို႔ေနာက္ ပြဲေတာ္က်င္းပေရးေကာ္မတီဥကၠဌ ဦးခြန္ဝင္းကိုမွ ႀကိဳဆိုႏႈတ္ဆက္ျခင္းႏွင့္ ေက်းဇူးတင္စကား ေျပာၾကားၿပီး ေတာင္ႀကီးၿမိဳ႕ ပအိုဝ္းယဥ္ေက်းမႈအကအဖြဲ႕မွ တီးရီးရီးေခ်ာ့ အကျဖင့္ ကျပေဖ်ာ္ေျဖ၍ ပြဲေတာ္က်င္းပ ေရး ေကာ္မတီဥကၠဌမွ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ အေရွ႕ပိုင္း တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားကို လက္ေဆာင္မ်ားႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ကာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လႉဒါန္းေသာ အလႉေငြက်ပ္သိန္း (၃၀)ကို ေပးအပ္လႉဒါန္းရာ ပြဲေတာ္က်င္းပေရးေကာ္မတီဥကၠဌ ဦးခြန္ဝင္းကိုမွ လက္ခံရယူ ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ကျင်းပ

တောင်ကြီး မတ် - ၂၀

နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ကို မတ် ၂၀ ရက် ညနေ ၆ နာရီခွဲက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း)၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးခွန်ဝင်းကို တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပင်လောင်း၊ နောင်တရား ယဉ်ကျေးမှုအကအဖွဲ့မှ ခမ်းရန်ဆား သီချင်းဖြင့် ကပြဖွင့်လှစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမင်းဝင်းခိုင်သန်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်ဥက္ကဌ ဦးအောင်ခမ်းထီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီတို့မှ ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာများကို ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူအသီးသီးတို့မှ ဖတ်ကြားကြသည်။ 

ထို့နောက် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးခွန်ဝင်းကိုမှ ကြိုဆိုနှုတ်ဆက်ခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားပြီး တောင်ကြီးမြို့ ပအိုဝ်းယဉ်ကျေးမှုအကအဖွဲ့မှ တီးရီးရီးချော့ အကဖြင့် ကပြဖျော်ဖြေ၍ ပွဲတော်ကျင်းပ ရေး ကော်မတီဥက္ကဌမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကို လက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ်သိန်း (၃၀)ကို ပေးအပ်လှူဒါန်းရာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးခွန်ဝင်းကိုမှ လက်ခံရယူ ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

ေ႐ႊဥမင္သဘာဝလိုဏ္ဂူေတာ္ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး မတ္ - ၁၆

48

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္းတယၿမိဳ႕နယ္တြင္ မတ္ ၁၆ ရက္ နံနက္ ၉ နာရီက ေ႐ႊဥမင္ သဘာဝလိုဏ္ဂူ ေတာ္အဝင္ မုဒ္ဦးေရွ႕၌ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ ဖြင့္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္၊ ႐ြာငယ္ေက်ာင္းသစ္ဆရာေတာ္ ဦးစေႏၵာဘာသ၊ အေရွ႕ပိုင္း တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဥကၠဌ ဦးအာကာလင္းတို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ပြဲေတာ္အတြင္း ခင္းက်င္းျပသထားေသာ ဌာနဆိုင္ရာျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကၿပီး ေ႐ႊဥမင္သဘာဝ လိုဏ္ဂူ ေတာ္ ဗုဒၶပူဇနိယ တေပါင္းပြဲေတာ္က်င္းပရာ ဓမၼာ႐ုံတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က ႐ြာငယ္ေက်ာင္းသစ္ဆရာေတာ္ထံ ငါးပါးသီလေဆာက္တည္ကာ ဆရာေတာ္မ်ား ႐ြတ္ဖတ္သရဇၥ်ယ္မူေသာ ပရိတ္တရား ေတာ္မ်ားကို နာယူ၍ လႉဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္ၿပီး ေရစက္သြန္းခ်တရားနာယူၾကေၾကာင္း သိရသည္။

ထို႔ေနာက္ ေ႐ႊဥမင္သဘာဝ လိုဏ္ဂူဘုရား ဝတၱကနယ္ေျမအတြင္း "ေဆးလိပ္ေငြ႕ကင္းစင္ ယဥ္ေက်းမႈ အေမြအႏွစ္ေဒသအသိအမွတ္ျပဳဆု" ဂုဏ္ျပဳဆုေပးပြဲအခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္အဖြဲ႕ တာဝန္ရွိသူမ်ားက တက္ေရာက္ၾကၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ၊ ပင္းတယၿမိဳ႕နယ္ရွိ ေ႐ႊဥမင္သဘာဝလိုဏ္ဂူေတာ္ဘုရား ဝတၱကေျမအား ေဆးလိပ္ေငြ႕ကင္းစင္ ေ႐ႊဥမင္တစ္ခြင္ နယ္ေျမအျဖစ္ သတ္မွတ္ေဆာင္႐ြက္ခဲ့မႈအေပၚ (၆)ႀကိမ္ေျမာက္ အာရွ-ပစိဖိတ္ေဒသ ေဆးလိပ္ေငြ႕ကင္းစင္ ၿမိဳ႕ေတာ္ မ်ားအစည္းအေဝး၌ ေဆးလိပ္ေငြ႕ကင္းစင္ ယဥ္ေက်းမႈအေမြအႏွစ္ဆု (Smoke Free Herritage Site Award) ေပးအပ္ခ်ီးျမႇင့္ခဲ့သည့္အတြက္ အဆိုပါဆုကို ေ႐ႊဥမင္သဘာဝလိုဏ္ဂူေတာ္ဘုရားေဂါပကထံ လႊဲေျပာင္းေပးအပ္ျခင္းႏွင့္ ဂုဏ္ျပဳျခင္း အခမ္းအနားျဖစ္ပါေၾကာင္း၊ ေဆးလိပ္ေငြ႕ကင္းစင္ေနရာမ်ား (Smoke Free Area)တြင္ ရာႏႈန္းျပည့္ ေဆးလိပ္မေသာက္ျခင္း၊ ပတ္ဝန္းက်င္တြင္ ေဆးလိပ္ေငြ႕ကင္းစင္သြားသည့္ ေနရာမ်ားအျဖစ္ ေပၚေပါက္ေစလ်က္ အမ်ားသူငါ - အထူးသျဖင့္ မိခင္မ်ား၊ ကေလးမ်ား၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ အျခားေသာ ေဆးလိပ္မေသာက္သူတို႔ အတြက္ အႏၲရာယ္ကင္းဇုံမ်ားသဖြယ္ ေပ်ာ္႐ြင္ဖြယ္အနားယူႏိုင္ျခင္း၊ အပန္းေျဖႏိုင္ျခင္း၊ ပညာသင္ၾကားေရးဆိုင္ရာ အေဆာက္အဦမ်ားတြင္ ေဆးလိပ္ေငြ႕ကင္းစင္ေသာ စာသင္ခန္းမ်ားကို တည္ေဆာက္ေပးျခင္းသည္ ႏိုင္ငံသားတိုင္း၏ တာဝန္ပင္ျဖစ္ေၾကာင္း၊ ေဆးလိပ္ေငြ႕ကင္းစင္ျခင္းျဖင့္ ေဆးလိပ္ေငြ႕ေၾကာင့္ တျခားသူေဆးလိပ္ေသာက္သုံးျခင္း မရွိသူ တို႔၏ လြတ္လပ္ေသာရပိုင္ခြင့္မ်ားကို ရရွိေစျခင္းအျပင္ နယ္ေျမကန္႔သတ္တားျမစ္ထားျခင္းမ်ားေၾကာင့္ ေဆးလိပ္ ေသာက္သုံးသူတို႔အေနျဖင့္ အႀကိမ္အေရအတြက္မ်ား ေလ်ာ့နည္းက်ဆင္းသည္မွာ ေဆးလိပ္ေသာက္သုံးမႈအား လက္ေလ်ာ့ျဖတ္ေသာက္သည္အထိ ေမၽွာ္မွန္းခ်က္ထားၿပီး ေဆာင္႐ြက္ျခင္းပင္ ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

၎ေနာက္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဥကၠဌ ဦးအာကာလင္းမွ ဂုဏ္ျပဳစကားေျပာၾကားၿပီး ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ ပင္းတယၿမိဳ႕ မီးအိမ္ရွင္ဆရာႀကီး ေဒါက္တာသန္းမင္းထြဋ္ႏွင့္ ေ႐ႊဥမင္ ဘုရားေဂါပကအဖြဲ႕ဥကၠဌ ဦးခင္ေမာင္ဦးထံ ေဆးလိပ္ေငြ႕ကင္းစင္ ယဥ္ေက်းမႈအေမြအႏွစ္ေဒသအသိအမွတ္ျပဳဆုအား လႊဲေျပာင္းေပးအပ္၍ လည္းေကာင္း၊ ေဒသဦးစီးအဖြဲ႕ဥကၠဌ ဦးအာကာလင္းမွ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားကို ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း၊ ျပည္နယ္က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာသူဇာခ်စ္တင္၊ မီးအိမ္ရွင္ဆရာႀကီး ေဒါက္တာ သန္းမင္းထြဋ္၊ ေ႐ႊဥမင္ေဂါပကအဖြဲ႕ဥကၠဌ ဦးခင္ေမာင္ဦး၊ ပင္းတယၿမိဳ႕နယ္ ပရဟိတကြန္ယက္အဖြဲ႕တို႔အား အသီးသီးေပးအပ္ခဲ့ၿပီး မီးအိမ္ရွင္ဆရာႀကီး ေဒါက္တာသန္းမင္းထြဋ္မွ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားၾကေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရွှေဥမင်သဘာဝလိုဏ်ဂူတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲကျင်းပ

တောင်ကြီး မတ် - ၁၆

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မတ် ၁၆ ရက် နံနက် ၉ နာရီက ရွှေဥမင် သဘာဝလိုဏ်ဂူ တော်အဝင် မုဒ်ဦးရှေ့၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရွာငယ်ကျောင်းသစ်ဆရာတော် ဦးစန္ဒောဘာသ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပွဲတော်အတွင်း ခင်းကျင်းပြသထားသော ဌာနဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုကြပြီး ရွှေဥမင်သဘာဝ လိုဏ်ဂူ တော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပရာ ဓမ္မာရုံတွင် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က ရွာငယ်ကျောင်းသစ်ဆရာတော်ထံ ငါးပါးသီလဆောက်တည်ကာ ဆရာတော်များ ရွတ်ဖတ်သရဇ္စျယ်မူသော ပရိတ်တရား တော်များကို နာယူ၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး ရေစက်သွန်းချတရားနာယူကြကြောင်း သိရသည်။

ထို့နောက် ရွှေဥမင်သဘာဝ လိုဏ်ဂူဘုရား ဝတ္တကနယ်မြေအတွင်း "ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှု အမွေအနှစ်ဒေသအသိအမှတ်ပြုဆု" ဂုဏ်ပြုဆုပေးပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တာဝန်ရှိသူများက တက်ရောက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဝတ္တကမြေအား ဆေးလိပ်ငွေ့ကင်းစင် ရွှေဥမင်တစ်ခွင် နယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့မှုအပေါ် (၆)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ဆေးလိပ်ငွေ့ကင်းစင် မြို့တော် များအစည်းအဝေး၌ ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှုအမွေအနှစ်ဆု (Smoke Free Herritage Site Award) ပေးအပ်ချီးမြှင့်ခဲ့သည့်အတွက် အဆိုပါဆုကို ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားဂေါပကထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဂုဏ်ပြုခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်နေရာများ (Smoke Free Area)တွင် ရာနှုန်းပြည့် ဆေးလိပ်မသောက်ခြင်း၊ ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကင်းစင်သွားသည့် နေရာများအဖြစ် ပေါ်ပေါက်စေလျက် အများသူငါ - အထူးသဖြင့် မိခင်များ၊ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အခြားသော ဆေးလိပ်မသောက်သူတို့ အတွက် အန္တရာယ်ကင်းဇုံများသဖွယ် ပျော်ရွင်ဖွယ်အနားယူနိုင်ခြင်း၊ အပန်းဖြေနိုင်ခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ အဆောက်အဦများတွင် ဆေးလိပ်ငွေ့ကင်းစင်သော စာသင်ခန်းများကို တည်ဆောက်ပေးခြင်းသည် နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်ခြင်းဖြင့် ဆေးလိပ်ငွေ့ကြောင့် တခြားသူဆေးလိပ်သောက်သုံးခြင်း မရှိသူ တို့၏ လွတ်လပ်သောရပိုင်ခွင့်များကို ရရှိစေခြင်းအပြင် နယ်မြေကန့်သတ်တားမြစ်ထားခြင်းများကြောင့် ဆေးလိပ် သောက်သုံးသူတို့အနေဖြင့် အကြိမ်အရေအတွက်များ လျော့နည်းကျဆင်းသည်မှာ ဆေးလိပ်သောက်သုံးမှုအား လက်လျော့ဖြတ်သောက်သည်အထိ မျှော်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ ဂုဏ်ပြုစကားပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပင်းတယမြို့ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် ရွှေဥမင် ဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦးထံ ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှုအမွေအနှစ်ဒေသအသိအမှတ်ပြုဆုအား လွှဲပြောင်းပေးအပ်၍ လည်းကောင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ်၊ ရွှေဥမင်ဂေါပကအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦး၊ ပင်းတယမြို့နယ် ပရဟိတကွန်ယက်အဖွဲ့တို့အား အသီးသီးပေးအပ်ခဲ့ပြီး မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

၀၉၂၅၀၁၃၂၉၄၃

More Articles...

  1. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ
  2. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ
  3. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ
  4. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ
  5. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ
  6. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ
  7. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ
  8. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ
  9. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ
  10. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 111 guests and no members online