သတင်းများ



unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာ့သတ္တုတွင်းနည်းဥပဒေများကိုပြင်ဆင်သည့်နည်းဥပဒေများ

img021

img022

img023


မိုင်းရယ် ဇူလိုင်   −   ၂၅

176





09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မိုင်းရယ်မြို့နယ် မန်ဖျက်တွင် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကျင်းပ

မိုင်းရယ် ဇူလိုင်   −   ၂၅

မိုင်းရယ်မြို့နယ် မန်ဖျက်ကျေးရွာအုပ်စု မန်ဖျက်ကျေးရွာရှိ အလကမန်ဖျက်၌ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ကိုဇူလိုင်(၂၄)ရက် နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြင့်ထူး၊ ပြည်နယ်ပညာရေးမှူးရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ မိုင်းရယ်မြို့နယ် ပညာရေးမှူး ဒေါ်ကြည်ကြည်ခိုင် နှင့်ရပ်မိရပ်ဖ ဦးစိုင်းခမ်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြား၍ ဗလာစာအုပ်များကို ပေးအပ်လှူဒါန်းရာ မိုင်းရယ်မြို့နယ် ပညာရေးမှူးကလက်ခံရယူပြီး Hom Hway Co.,Ltd မှ အလက မန်ဖျက်၊ မူလွန် မန်ပုံ၊ အမကလွယ်ဆိုင် ကျောင်းဆောင်သစ်များနှင့် ပက်သက်သောစာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ မိုင်းရယ်မြို့နယ် ပညာရေးမှူး ဒေါ်ကြည်ကြည်ခိုင်မှ လက်ခံရယူ၍ အဆိုပါကျောင်းများအတွက် ဆိုလာပြား၊ ဗီရို၊ အလှူငွေများကို Hom Hway Co.,Ltd ဥက္ကဋ္ဌ ဦးစိုင်းကြူက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

More Articles...

  1. ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
  2. ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲကျင်းပ
  3. ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအကြိုညှိနှိုင်း
  4. ၂၀၁၉ ခုနှစ် တောင်ကြီးဇုန်အဆင့် တက္ကသိုလ်များ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
  5. Korea Climate Change Center တို့ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
  6. ကျန်းမာရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများဖိုရမ်ကျင်းပ
  7. (၇၂)နှစ်မြောက် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချခြင်းကို တောင်ကြီးမြို့၌ကျင်းပ
  8. ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားနှင့်ခံတွင်းဆေးခန်းဖွင့်
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဆွစ်ဇာလန်သံရုံး၏ သံရုံးယာယီတာဝန်ခံဖြစ်သူ Mr. Giacomo Solari တွေ့ဆုံ
  10. ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

Subcategories

မူလသို့

အစိုးရအဖှဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 90 guests and no members online