သတင်းများ


တောင်ကြီး  စက်တင်ဘာ  ၈

 162


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က တောင်သူလယ် သမားများ၏လူနေမှုဘဝတိုးတက်မြင့်မားရေးဆောင်ရွက်ရာမှာ တောင်သူလယ်သမားတွေရဲ့မြေပိုင်ဆိုင်ခွင့်လက်မှတ် တွေတစ်နိုင်ငံလုံးတစ်နှစ်အတွင်းရရှိဖို့အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားကြရန်ဆိုတဲ့အသုံးချပိုင်ခွင့် အမည်ပေါက်ရ ရှိစေရေးအတွက် တည်ဆဲဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးပြီးစီးအောင် အားသွန်ခွန်စိုက်စီမံခန့်ခွဲ ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုနောက်စွန့်လွှတ်မြေများအားမူလပိုင်ရှင်များထံသို့ (ပုံစံ-၇)ဖြင့်လွှဲပြောင်းပေးအပ်ခြင်းကို ရှမ်းပြည်နယ်အ စိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၄၂၂)ခြေမြန်တပ်ရင်းမှပြန် လည်စွန့်လွတ်မြေ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကိုမိုးဗြဲကျေးရွာအုပ်စုရှိတောာင်သူတစ်ဦးအား ပေးအပ်၍လည်ကောင်း ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော် ကလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကိုခေါင်းအိကျေးရွာအုပ်စုရှိတောင်သူတစ်ဦးအားပေးအပ်၍လည်ကောင်း ၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးစိုင်းရှဲန်တစ်လုံ၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေး၊ပြည်နယ်စာရင်းစစ်ချုပ်ဒေါ်နန်းဝိုဟိန်း၊အမျိုးသားလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ကလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကိုမူလပိုင်ရှင်များထံပေးအပ်ရာအသီးသီးလက်ခံယူခဲ့ကြသည်။



Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အမှတ်(၄၂၂)ခြေမြန်တပ်ရင်းမှပြန်လည်စွန့်လွှတ်မြေနှင့်ခေါင်းအိကျေးရွာအုပ်စုရှိ လယ်ယာမြေတို့အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၈

ရှမ်းပြည်နယ်၊တောင်ကြီးခရိုင်၊ဖယ်ခုံမြို့နယ်အမှတ်(၄၂၂)ခြေမြန်တပ်ရင်းမှပြန်လည်စွန့်လွတ်မြေနှင့်ခေါင်းအိ ကျေးရွာအုပ်စုရှိ လယ်ယာမြေများအားလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ်ပွဲကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ဖယ်ခုံမြို့နယ်ခန်းမ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က ေတောင်သူလယ် သမားများ၏လူနေမှုဘဝတိုးတက်မြင့်မားရေးဆောင်ရွက်ရာမှာ တောင်သူလယ်သမားတွေရဲ့မြေပိုင်ဆိုင်ခွင့်လက်မှတ် တွေတစ်နိုင်ငံလုံးတစ်နှစ်အတွင်းရရှိဖို့အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားကြရန်ဆိုတဲ့အသုံးချပိုင်ခွင့် အမည်ပေါက်ရ ရှိစေရေးအတွက် တည်ဆဲဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးပြီးစီးအောင် အားသွန်ခွန်စိုက်စီမံခန့်ခွဲ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့အခမ်းအနားမှာ တောင်ကြီးခရိုင်၊ဖယ်ခုံမြို့နယ်အတွင်းကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၄၂၂)ခြေမြန် တပ်ရင်းမှပြန်လည်စွန့်လွတ်အပ်နှံခဲ့သည့်မြေဧရိယာ(၃၇၇.၇၃)ဧကအနက်မှလယ်ယာမြေဧရိယာ(၂၄၆.၄၈)ဧကကို တောင်သူ(၂၂၈)ဦးထံသို့လည်းကောင်း၊ခေါင်းအိကျေးရွာအုပ်စုအတွင်းမှလယ်ယာမြေဧရိယာ(၂၃၁.၀၃)ဧကကို တောင်သူ(၁၃၀)ဦးထံသို့လည်း သားစဉ်မြေးဆက် အဆက်ဆက်အသုံးချပိုင်ခွင့်အမည်ပေါက်ရရှိစေရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များထုတ်ပေးသွားမှာဖြစ်ကြောင်းပြောကြားပေးခဲ့သည်။ပြည်နယ်စိုက် ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော် က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ် ခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့သည်။

ထိုနောက်စွန့်လွှတ်မြေများအားမူလပိုင်ရှင်များထံသို့ (ပုံစံ-၇)ဖြင့်လွှဲပြောင်းပေးအပ်ခြင်းကို ရှမ်းပြည်နယ်အ စိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၄၂၂)ခြေမြန်တပ်ရင်းမှပြန် လည်စွန့်လွတ်မြေ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကိုမိုးဗြဲကျေးရွာအုပ်စုရှိတောင်သူတစ်ဦးအား ပေးအပ်၍လည်ကောင်း ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော် ကလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကိုခေါင်းအိကျေးရွာအုပ်စုရှိတောင်သူတစ်ဦးအားပေးအပ်၍လည်ကောင်း ၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးစိုင်းရှဲန်တစ်လုံ၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေး၊ပြည်နယ်စာရင်းစစ်ချုပ်ဒေါ်နန်းဝိုဟိန်း၊အမျိုးသားလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ကလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကိုမူလပိုင်ရှင်များထံပေးအပ်ရာအသီးသီးလက်ခံယူခဲ့ကြသည်။

အမှတ်(၄၂၂)တပ်စွန့်လွှတ်မြေလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ရရှိသူတောင်သူများ၏ကိုယ်စား တောင်သူဦးအောင်မျိုးခန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်း လုံကျော်၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးစိုင်းရှဲန်တစ်လုံ၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေး၊ပြည် နယ်စာရင်းစစ်ချုပ်ဒေါ်နန်းဝိုဟိန်း၊အမျိုးသားလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တောင်သူများနှင့်အခြာဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး) 

 


ကလော စက်တင်ဘာ - ၅

159



အဖရ(ရှမ်း)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကျင်းပ

ကလော စက်တင်ဘာ - ၅

၂၀၁၈ ခုနှစ် သြဂုတ်လ ၂၆ ရက် နံနက်(၆)နာရီက ကလောမြို့၌ ၂၀၁၈ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ (ကျောင်းသား/ ကျောင်းသူ) ၇၂၈ ဦး ပါဝင်ယှဉ်ပြိုင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာ မျိုးထွန်းမှ သေနတ် ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ၎င်းနောက် ကလောမြို့တော်ခန်းမတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ခြင်းဆိုင်ရာ ဟောပြောပွဲကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး  ဒေါက်တာမျိုးထွန်းမှ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်ဆိုင်ရာ အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ဆေးလိပ်ငွေ့ ကင်းစင်ဒေသများထူထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ပါဝါပွိုင့်ဖြင့် ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူ များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်၊ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယ ပညာကော်မတီ ဥက္ကဌ ဒေါက်တာ မျိုးထွန်း၊ ဒုပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ ကလောမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၊ ပြည်နယ်အား/ကာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထန်အိတ်နှင့်အဖွဲ့၊ ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ကလောမြို့နယ် အား/ကာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဖရ(ရှမ်း)


မောက်မယ် စက်တင်ဘာ - ၎

 




အဖရ(ရှမ်း)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ထူထောင်ခြင်းအသိပညာပေးဆွေးနွေးပွဲကျင်းပ

မောက်မယ် စက်တင်ဘာ - ၄

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ထူထောင်ခြင်းအသိပညာဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက် ညနေ ၄ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်နယ်တစ်ခွင် ထူထောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဟောပြောပြသပြီးနောက် တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအ154ဖွဲ့ ဝင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိ၊ရပ်ဖများနှင့် ဒေသခံပြည်သူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သိရသည်။

 

အဖရ(ရှမ်း)


တောင်ကြီး  စက်တင်ဘာ  ၅

160






++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ

တောင်ကြီး  စက်တင်ဘာ  ၅

၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကိုပြည်နယ်အားကစားကွင်း၌စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ စတင်ကျင်းပခဲ့သည်။

ဘောလုံးပြိုင်ပွဲဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် အားကစားဝါသနာရှင်များတို့က လွိုင်လင်ခရိုင်အမျိုးသား ဘောလုံးအသင်းနှင့် လင်းခေးခရိုင်အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုကိုအားပေးကြည်ရှုခဲ့ကြသည်။

အခမ်းအနားအရ ပြိုင်ပွဲဝင်အားကစားသမားများကို စစ်ကြောင်းမှူး ဦးမင်းကိုကိုဦးက ဦးဆောင်၍ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ်အား အလေပြုခဲ့ကြသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က အခုလို အသက်(၁၉)နှစ်အောက် ခရိုင်အလိုက်ဘောလုံးပြိုင်ပွဲကြီး ကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်းရှိ ဒေသများတွင် ဘောလုံးအဆင့်အတန်းတိုးတက်မြင့်မားရေး၊ လူငယ်မျိုဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်းချစ်ခင်စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာပြီးကြံ့ခိုင် သောလူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍတိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေလိုတဲ့အတွက်ကြောင့် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ခရိုင်အဆင့်မှပြည်နယ်၊ ပြည်နယ်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဖြစ် တက်လှမ်းနိုင်ရေး ရည်မှန်း ချက်ထားပြီး အားသွန်ခွန်စိုက်ယှဉ်ပြိုင်ကစားသွားကြပါလို့ ၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်အလိုက် အသက်(၁၉)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲအား ယခုအချိန် မှစ၍ ဖွင့်လှစ်ပေးလိုက်ကြောင့်ပြောကြားပေးခဲ့သည်။ ပြိုင်ပွဲဝင်အားကစားသမားများကို စစ်ကြောင်းမှူး ဦးမင်းကိုကိုဦးက ဦးဆောင်၍အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို ခဲ့ကြသည်။ ပြိုင်ပွဲဝင်အားကစားသမား များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကလိုက်လံနှုတ်ဆက်ခဲ့ကြပြီး၊ အားကစားကွင်းမှပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ ဆက်လက်၍လွိုင်လင်ခရိုင်အမျိုးသား ဘောလုံး အသင်းနှင့်လင်းခေးခရိုင်အမျိုးသားဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)


ပင်လုံ စက်တင်ဘာ - ၎

153




အဖရ(ရှမ်း)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ထူထောင်ခြင်းအသိပညာပေးဆွေးနွေး ပွဲကျင်းပ

ပင်လုံ စက်တင်ဘာ - ၄

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ထူထောင်ခြင်းအသိပညာဆွေးနွေးပွဲကို စက်တင်ဘာ ၃ ရက် နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဓမ္မာရုံ၌ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်နယ်တစ်ခွင် ထူထောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဟောပြောပြသပြီးနောက် တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိ၊ရပ်ဖများနှင့် ဒေသခံပြည်သူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သိရသည်။

အဖရ(ရှမ်း)

 


သီပေါ စက်တင်ဘာ - ၎

155




အဖရ(ရှမ်း)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ထူထောင်ခြင်းအသိပညာပေးဆွေးနွေး ပွဲကျင်းပ

သီေပါ စက်တင်ဘာ - ၄

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ထူထောင်ခြင်းအသိပညာဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်နယ်တစ်ခွင် ထူထောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဟောပြောပြသပြီးနောက် တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိ၊ရပ်ဖများနှင့် ဒေသခံပြည်သူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သိရသည်။

 

အဖရ(ရှမ်း)


မောက်မယ် စက်တင်ဘာ - ၎

152



အဖရ(ရှမ်း)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု အားကစားပြိုင်ပွဲကျင်းပ

မောက်မယ် စက်တင်ဘာ - ၄

၂၀၁၈ခုနှစ်၊ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု ဘောလုံး/ ပိုက်ကျော်ခြင်းနှင့် မီနီမာရသွန် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၂ ရက်နေ့က မောက်မယ်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေး ဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယ ပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်း က အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာ မျိုးထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်း ဝင်းဇော်လှိုင်၊ ပြည်နယ် အား/ကာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ ပြည်နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လင်းခေးခရိုင် အား/ ကာဦးစီးဌာန၊လ/ထညွှန်ကြားရေးမှူး ဒေါ်ခင်လေးမွန်၊ မောက်မယ်မြို့နယ် အား/ကာဦးစီးဌာန၊ နည်းစနစ်မှူး ဦးတင်ဇော်ဝင်း၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမ များ၊ ကျောင်းသား/ ကျောင်းသူ များ စုစုပေါင်းအင်အား ၈၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဖရ(ရှမ်း)


သီပေါ စက်တင်ဘာ - ၎

158



အဖရ(ရှမ်း)

++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ

သီပေါ စက်တင်ဘာ - ၄

(၁.၉.၂၀၁၈)  ရက်နေ့၊နံနက်(၆)နာရီခွဲက သီပေါမြို့၌ ၂၀၁၈ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရဖွဲ့၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည် တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲတွင် (ကျောင်းသား/ ကျောင်းသူ) ၄၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာ မျိုးထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင် တို့မှ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ၊ ရှမ်းပြည်နယ် အားကစား နှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာ မျိုးထွန်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်၊ ဒုပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ပြည်နယ်အား/ကာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊လားရှိုးခရိုင် အား/ ကာဦးစီးဌာန၊ လ/ထညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်၊ ကျောက်မဲခရိုင်အား/ကာ ဦးစီးဌာန၊လ/ထညွှန်ကြားရေးမှူး ဦးနေဇော်၊ သီပေါမြို့နယ်အား/ကာဦးစီးဌာန၊ အားကစားမှူး နှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များတက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင် ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ ဆေးလိပ်ငွေ့ ကင်းစင်ဒေသများ ထူထောင်ခြင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဖရ(ရှမ်း)


တောင်ကြီး  စက်တင်ဘာ  ၎

156





+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည့်သူများအတွက် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့)ကုသရာတို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့လာရောက်ကြည့်ရှုအားပေးခြင်း

တောင်ကြီး  စက်တင်ဘာ  ၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆေးကောင်စီ (Myanmar Dental Council)၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း (ရှမ်းပြည်နယ်/ မန္တလေးတိုင်းဒေသကြီးအသင်းခွဲ) နှင့် အပြည်ပြည်ဆိုင်ရာသွားဘက်ဆိုင်ရာဆေးကောလိပ်အဖွဲ့ဝင်ဆရာဝန်များ(ICD, Region42, Myanmar) တို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်သူများ၏ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့)ကုသခြင်း အခမ်းအနား ကို ညောင်ရွှေမြို့၌ စက်တင်ဘာလ ၄ ရက် နံနက် ၉နာရီခွဲက  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် ဌာနဆိုင်ရာများ သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။

ပြည့်သူများ၏သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့) ကုသခြင်းအခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် ဌာနဆိုင် ရာများတို့က ဒေါက်တာစင်းလှပို(F.I.C.D)မိသားစု(မူဆယ်မြို့)မှ လှူဒါန်းသောသွားတိုက်ဆေးများကို လက်ခံရယူ ပေးခဲ့ ပြီးကုသနေသောလူနာများကို အားပေးစကားပြောကြားပေးခဲ့သည်။

ထိုနောက် ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ဒေါက်တာ ကျော်နေဇာသင်းက သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်းသိကောင်းစရာခေါင်းစဉ် အထက်တန်း/အလယ်တန်း ကျောင်းသား/ကျောင်းသူများ ဆွေးနွေးဟောပြောနေရာတို့ သွားရောက်၍ ဟောပြောမှုများကို အားပေးကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)


မိုင်းကိုင် စက်တင်ဘာ - ၎

157



အဖရ(ရှမ်း)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အ.ထ.က နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

မိုင်းကိုင် စက်တင်ဘာ - ၄

(၁.၉.၂၀၁၈) ရက်နေ့ နေ့လည်(၁)နာရီခွဲက မိုင်းကိုင်မြို့ အ.ထ.က နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကို  ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား အမွေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးခဲ့ပါကြောင်း၊ ဒုတိယပိုင်း အခမ်းအနားတွင် အမှာစကားပြောကြား၍ ဗလာစာအုပ်ဒါဇင်(၁၀၀)ကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းနောက် မိုင်းကိုင်မြို့နယ် (TSDP)အစီအစဉ်အရ မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေ့လည် (၂)နာရီခွဲတွင် မိုင်းကိုင်မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေး ဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်းက အဖွင့်အမှာ စကား ပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်မှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ ရှမ်းပြည်နယ်အား/ကာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ မိုင်းကိုင်မြို့နယ် အား/ကာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အဖရ(ရှမ်း)

 

ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းဆိုင်ရာ သဘောတူစာချုပ် MOA လက်မှတ်ရေးထိုး

တောင်ကြီး သြဂုတ် - ၃၁

151

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား ကျိုင်းတုံမြို့နယ် မိုင်းခွန် ကျေးရွာအုပ်စု နမ့်ဝုတ်(၂) ရေအားလျှပ်စစ်စီမံကိန်းနှင့် နမ့်စိုရေအားလျှပ်စစ်စီမံကိန်းတို့နှစ်ခုအတွက်ရေအား လျှပ်စစ်ထုပ်လုပ်ရေးစီမံကိန်းဆိုင်ရာ သဘောတူစာချုပ် MOA လက်မှတ်ရေးထိုးခြင်းကို သြဂုတ် - ၃၁ ရက် မွန်းလွဲ (၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးရုံးခန်း၌ ကျင်းပကြောင်းသိရသည်။ 

ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမိတက်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာအနီးတွင် (၁.၈၉)မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်သည့် နမ့်ဝုတ်(၂) ရေအားလျှပ်စစ်စီမံကိန်းနှင့် မိုင်းခွန်ကျေးရွာအုပ်စု ဝမ်ကျင်းကျေးရွာအနီးတွင် (၂.၅၀) မဂ္ဂါဝပ် ရေအား လျှပ်စစ်ထုတ်လုပ်သည့် နမ့်စိုရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း ယခင် အစိုးရလက်ထပ်တွင် အစိုးရပိုင်စက်ရုံအား ဝန်ကြီးဌာနမှ စက်ရုံနှင့် ဝန်ထမ်းများကိုပါ လွှဲပြောင်း လက်ခံရယူလုပ်ကိုင်ခဲ့ပြီး ဓါတ်အားလုံလောက်မှုမရှိသဖြင့် ကုမ္ပဏီ၏ ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုဖြင့် ထပ်မံ တိုးချဲ့ဆောင်ရွက်ခဲ့ရာ နမ့်ဝုတ်(၂)ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့၍ ဓါတ်အားထပ်မံလိုအပ်ချက်အရ နမ့်စိုရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်တည်ဆောက်ခဲ့ရာ ၂၀၁၆ ခုနှစ် တွင် ပြီးစီးကာ ပြည်သူများကို လျှပ်စစ်ဓါတ်အားဖြန့်ဝေဆောင်ရွက်လျှက်ရှိပါကြောင်း၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့် နမ့်ဝုတ်(၂)ရေအားလျှပ်စစ်စီမံကိန်းနှင့် နမ့်စိုရေအား လျှပ်စစ်စီမံကိန်းတို့ကို သစ်တောကြိုးဝိုင်းမြေ နှစ်ရှည်ငှားရမ်းခွင့်ပြုချက်ရရှိပြီးလျှင် လုပ်ငန်းဆက်လက် ဆောင်ရွက်ခွင့်ရရှိနိုင်ရေးအတွက်ယခုသဘောတူညီမှုစာချုပ် MOA ကို လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က အဖွင့်အမှာစကား၌ ပြောကြားသွားသည်။ 

ဆက်လက်၍ ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ သဘောတူစာချုပ်လက်မှတ်ရေးထိုးကာ စာချုပ်များကို အပြန်အလှန်လဲလည်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


တောင်ကြီး သြဂုတ် - ၃၁





More Articles...

  1. ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲ အခမ်းအနားကျင်းပ
  2. ပြည်နယ်အဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ် ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
  3. ပြည်နယ်အဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ် ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
  4. ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ဖွင့်ပွဲကျင်းပ
  5. အဟာရရက်သတ္တပတ်များ လှုပ်ရှားမှုဖွင့်ပွဲကျင်းပ
  6. ရှမ်းပြည်နယ်ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ
  7. တောင်ကြီးမြို့နယ် စံပြကျောင်းဆုပေးပွဲကျင်းပ
  8. ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ငွေရည်ပုလဲစွမ်းအင် ကုမ္ပဏီ လီမိတက်တို့ (MoA) သဘောတူ စာချုပ် လက်မှတ်ရေးထိုး
  9. GPS, Global Mapper, Ars GIS Software, Flying Camera UAV (Drone) အသုံးပြုခြင်း ဆင့်ပွားသင်တန်းဖွင့်
  10. ခရိုင်အလိုက် အသက် (၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

Subcategories

မူလသို့

အစိုးရအဖှဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 52 guests and no members online