သတင်းများ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တောင်ကြီးမြို့၌ ကျင်းပ

တောင်ကြီး ဇွန် - ၅

 1085

   ၂၀၁၅ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကို ဇွန်(၅)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့ကတက်ရောက်ကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကမ္ဘာပေါ်ရှိလူသားများအပါအဝင် သက်ရှိ အားလုံးသည် မိမိတို့သဘာဝရှင်သန်ရပ်တည်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် ကပေးအပ်သော သယံဇာအရင်းအမြစ်များနှင့် ဂေဟစနစ် ဝန်ဆောင်မှုများအပေါ်မှီခိုအားထာနေရကြောင်း၊ စားဝတ်နေရေး လိုအပ်ချက်အတွက်သာ သဘာဝသယံဇာတများကို ထုတ်ယူ အသုံးပြုခဲ့သော်လည်း ယခုအခါလူဦးရေးတိုးပွားလာမှုနှင့်အတူ လူနေမှုအဆင့်အတန်းမြင့်မားလာရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမှုများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် သဘာဝသယံဇာတ အရင်းအမြစ်အလွန်အကျွံ ထုတ်ယူသုံးစွဲလာရသည့်အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် သယံဇာတများ လျော့နည်းဆုံးရှုံးခြင်း သစ်တော်များပြုန်းတီးခြင်း၊ ဂေဟစနစ်များပျက်စီးခြင်း၊ ဇီဝမျိုးစုံ၊ မျိုးကွဲများမျိုးတုံးပျောက်ကွယ်ခြင်း၊ ရေထု၊ လေထု၊ မြေထုညစ်ညမ်းလာခြင်း၊ အစားအစာနှင့် သောက်သုံးရေချိုများရှားပါးခြင်း၊ အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျှင်လှုပ်ခြင်းနှင့် မုန်းတိုင်းများဖြစ်ပေါ်ခြင်းစသည့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုပြဿနာများကို ယခုအခါတွင် ကမ္ဘာတစ်လွှားရင်ဆိုင်ကြုံတွေ့နေရပြီးဖြစ်ကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်စိန်မမက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ ကျင်းပရခြင်းရည်ရွယ်ချက်၊ ဆောင်ပုဒ်နှင့် Logo ဖွင့်ဆိုချက်များအား ရှင်းလင်းပြောကြားပြီး၊ ဆုရရှိသူများအား ဆုချီးမြှင့်ရာ အခြေခံပညာ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အခြေခံ ပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အထူးဆုရရှိသူများအား ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်သည့် အိမ်တွင်းလက်မှုပစ္စည်းများ တီထွင်ဖန်တီပြုလုပ်ခြင်းအတွက် ဂုဏ်ပြုဆုများကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ စာရေးဆရာ ဇာဏီဟိန်း(သီပေါ)က ကိုယ်ကျင့်တရားနှင့် ပတ်ဝန်းကျင်ဆောင်းပါး ပေါင်းချုပ်စာအုပ်များကို ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ လှူဒါန်းပေးအပ်ခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါ်စိန်မမက ဦးမြသန်း၊ စာရေးဆရာဇာဏီဟိန်း(သီပေါ)အား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးပါသောချယ်ရီချစ်သူအဖွဲ့နှင့် တို့ချစ်တဲ့ကမ္ဘာအဖွဲ့တို့အား ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသ၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများတာဝန်ရှိသူတို့သည် ခန်းမအတွင်း ခင်းကျင်းပသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရသည်။

1086

   ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ တောင်ကြီးဇုန်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှု ဖြင့်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ အမှတ်စဉ်(၁၅/၂၀၁၅)သင်တန်းဆင်းပွဲတို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေက သင်တန်းဆင်း အမှာစကားပြောကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်း(၄)မျိုးတွင် ထူးချွန်းဆုရရှိသူများအား ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ရွှေက နည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းကျောင်းသားခေါင်းဆောင်တစ်ဦးအား သင်တန်းသူ၊ သင်တန်းသားများ၏ သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်၍ သင်တန်း ဆင်းပွဲခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း၊ သိရှိရသည်။

                                                                                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  ဇွန်   ၄

1084

   (၂၀၁၅)ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုပေးပွဲ၊ ပြခန်းများခင်းကျင်းပြသရေး၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ ကျင်းပရေး တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်(၄)ရက် မွန်းလွှဲ(၁)နာရီခွဲ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သတင်းရရှိသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တာဆီး ကာကွယ်ရေးဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဆွေးနွေးပြောကြား၍၊ (ယင်းမာ)စီမံချက်နှင့် ပတ်သက်သော လုပ်ငန်းကော်မတီအသီးသီး၏ အဖွဲ့ခေါင်းဆောင်နှင့် အတွင်းရေးမှူးတို့မှ တင်ပြဆွေးနွေး၍၊ (၂၆.၆.၂၀၁၅)ရက်နေ့ အထိမ်းအမှတ် အခမ်းအနား ဆုပေးပွဲ၊ ပြခန်းများခင်းကျင်းပြသရေးနှင့် မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ အသီးအသီးအလိုက် ဆွေးနွေးတင်ပြကြကြောင်းသိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက သက်ဆိုင်ရာ ဆပ်ကော်မတီအဖွဲ့ အသီးသီးများမှ ဆွေးနွေး တင်ပြချက်များအပေါ် (၂၈) ကြိမ်မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုပေးပွဲ၊ ပြခန်းများခင်းကျင်းပြသရေး၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ ကျင်းပရေး အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (ယင်းမာ) စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် နိဂုံးချုပ်အမှာစကား၌ ထည့်သွင်းဆွေးနွေး ပြောကြားသွားပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းဆတ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးပိုစတာများစိုက်ထူ

မိုင်းဆတ်  ဇွန်  ၂

1078

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်ဆတ်ခရိုင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကော်မတီက ကြီးမှူး၍ ဇွန် ၂ ရက် နံနက် ၁၁ နာရီက  မိုင်းဆတ်မြို့မဈေးရှေ့၊ အခြေခံပညာအထက်တန်းကျောင်းထောင့်လမ်းဆုံနှင့် ပြည်သူ့ဆေးရုံ ရှေ့ လမ်းဆုံတို့တွင် မူးယစ်နွံတွင်း ကျွံဆင်းခြင်း ဘဝနိဂုံးချုပ်လိမ့်မည်၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ မျော်လင့်ချက်တို့ထားနိုင်ရာ သတင်းစကားလေးတစ်ခုပါ မူးယစ်ဆေးစွဲခြင်းဆိုတာ ကြိုတင်ကာကွယ်ကုသ နိုင်တဲ့အရာ စသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူခဲ့ကြောင်းသိရသည်။

 

                                                                                                                                                                                                ခရိုင်ပြန်/ဆက်

 

သတင်းဓာတ်ပုံ- ( ၃ )ပုံ

သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

    ပြန်/ဆက်၊ မိုင်းဆတ်

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကြည့်ရှုအားပေး

တောင်ကြီး ဇွန် - ၄

1082

   အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၈) ကြိမ်မြောက် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ဇွန်(၄)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့နယ်(၄)မိုင်၌ ရှိသော ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေကြ သော ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး ကြကြောင်းသိရသည်။ ဆိုပါပြိုင်ပွဲတွင် အထက်တန်း အဆင့် ကျား(၁၄)ဦး၊ မ(၅)ဦး၊ အလယ်တန်းအဆင့် ကျား(၈)ဦး၊ မ(၂)ဦး စုစုပေါင်း(၂၉)ဦးပါဝင်ယှဉ်ပြိုင်ကြသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့သည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၁၅)သို့ တက်ရောက်ရာ အစည်းအဝေးကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ အောက်စဖို့(စ်)ဆရာတော် ဒေါက်တာအရှင်ဘဒ္ဒန္တဓမ္မသာမိမှ သြဝါဒစကား မြွက်ကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာကြသော ကော်မတီဝင်များဖြစ်သည့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန် အတွက် လုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

 1083

   ထို့နောက် ထွေထွေဆွေးနွေးကြရာ လျှပ်စစ်မီးလင်းရေးကဏ္ဍ၊ ရေရရှိရေးကဏ္ဍ၊ အောင်ချမ်းသာ ကုမ္ပဏီမှ ဗုဒ္ဓတက္ကသိုလ်အဆောက်အဦနှင့် ပတ်သက်၍ လည်းကောင်း၊ ဖြူစင်ကုမ္ပဏီမှ ဆွမ်းစားဆောင်နှင့် ဆွမ်းချက်ဆောင် ဆောက်လုပ်မည့်ပုံစံများ၊ ဘဏ္ဍာရေးဆပ်ကော်မတီများ၊ ကောင်းကင်ဖြူကုမ္ပဏီမှ စာချဆောင်အဆာက်အဦးပုံစံများ ကို ပါဝါပြိုင်ဖြင့် ရှင်းလင်းတင်ပြကြပြီး၊  Forever Group MRTV-4 မှ ဦးဝင်းမော်၊ ဒေါ်ခင်ခင်လေးတို့မှ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်အတွက် အလှူငွေကျပ်သိန်း(၅၀)ပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က လက်ခံရယူ ပေးပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို "ဗုဒ္ဓသာသနံ စိရံ တိဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တည်ဆောက်မည့်မြေနေရာအား လှည့်လည်ကြည့်ရှုကြပြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မိုးလုံလေလုံအားကစားရုံတို့ရောက်ရှိလာရာ ဒီပါဟိန်းကုမ္ပဏီမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ အားကစားရုံအတွင်း ကြမ်းခင်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ကုန်ခြောက်သားငါးစျေးတည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ သီဟကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းပြသပြီး၊ ရှင်းလင်းဆောင်ခန်းမ၌ ကုန်ခြောက်သားငါးစျေး တည်ဆောက်မည့် ကဏ္ဍအလိုက် ကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးက ရှင်းလင်းခြင်း၊ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီများမှ တင်ပြရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းဆတ်၌ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းအကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းဆတ် ဇွန် ၂

1077

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ နှင့် ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းအကြို ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက် နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် အထောက်အကူပြုကော်မတီဝင်များ၊ မြိုနယ်စည်ပင်သားယာရေး ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

   ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နန်းစံဖောင်းက ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြသည်။

   ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ဌာနအလိုက်အကောင် အထည် ဖေါ်ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်းတာဝန်များပေးအပ်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမာကု၊   မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မြင့်နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းချစ်သောင်းတို့က ကျေးရွာအုပ်စု(၃၃)စုသို့ ဒေသန္တရစီမံကိန်းတာဝန်များ ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူသည်။

   ယင်းနောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းရေးဆွဲမှုနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရ သည်။

                                                                                                                                                                                            သန်းဇော်(IPRD)

 

သတင်းဓာတ်ပုံ - (11)ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်ရုံး၊ မိုင်းဆတ်မြို့။

 

မူးယစ်‌ဆေးဝါးသုံးစွဲမှုနှင့် HIV ပိုးကူးစက်မှုအန္တရာယ် အသိပညာ‌ပေး ‌ဟော‌ပြောပွဲကျင်းပ

မူဆယ် ဇွန်(၃)ရက်

1081

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဇွန်လ(၂၆)ရက်‌နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး လုပ်ငန်းအထူးစီမံချက်(ယင်းမာ)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ‌ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၃)ရက်‌နေ့ နံနက်(၁၀)နာရီအချိန်တွင် မူဆယ်မြို့ စွမ်‌စော်ရပ်ကွက်ရှိ လူငယ်ဇရပ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

   အခမ်းအနားသို့ မူဆယ်ခရိုင်အုပ်ချုပ်‌ရေးမှူးဦး‌ကျော်‌ကျော်ထွန်း၊ ခရို်င်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမင်းမင်းဦး၊ ခရိုင်‌ဆေးရုံအုပ်ကြီး ‌ဒေါက်တာတင်ထွန်း၊ မူဆယ်မြို့နယ်အုပ်ချုပ်‌ရေးမှူးဦးကိုကို‌ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးသန်း၊ သတင်းတပ်ဖွဲ့မှူးရဲမှူးတင်မျိုးနိုင်၊ မူးယစ်တပ်ဖွဲ့မှူးဒုရဲမှူးဝင်းနိုင်၊ မူဆယ်ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးအယ်လ်စိုးထန်တူး၊ စွမ်‌စော်ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ဦးစိုင်းကာခမ်း နှင့် ရပ်ကွက်သူ/သား စုစု‌ပေါင်းအင်အား(၁၅၀)ဦးခန့် တက်‌ရောက်ခဲ့ပါသည်။ ခရိုင်‌ဆေးရုံအုပ်ကြီး ‌ဒေါက်တာတင်ထွန်းမှ အဖွင့်အမှာစကား‌ပြောကြားပြီး‌နောက် ဒု‌ဆေးရုံအုပ်ကြီး ‌ဒေါက်တာဒယ်နီ မှ မူးယစ်‌ဆေးဝါးသုံးစွဲမှုနှင့် HIV ပိုး‌ရောဂါကူးစက်မှုအန္တရာယ် ကာကွယ်ကုသ‌ရေးလုပ်ငန်း အသိပညာ‌ပေး ‌ဟော‌ပြော ‌ဆွေး‌နွေးခြင်း၊ မူးယစ်‌ဆေးဝါးသုံးစွဲမှုနှင့် စိတ်‌ရောဂါအ‌ကြောင်းနှင့် ဘိန်းအစားထိုး မက်သာဒုံး တိုက်‌ကျွေးကုသမှုအ‌ကြောင်းကို ‌ဒေါက်တာပြည့်ပြည့်ဖြိုးမှ လည်း‌ကောင်း၊ မှုခင်း‌ဖော်ထုတ်/ ဖမ်းဆီးမှု အ‌ခြေအ‌နေကို ရဲမှူးစိုးသန်းမှ လည်း‌ကောင်း၊ မူးယစ်‌ဆေးဝါးပ‌ပျောက်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူလူထုတို့ ပူး‌ပေါင်းပါဝင်ပြီး မူးယစ်‌ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေးနှင့် ပြစ်မှုပြစ်ဒဏ် အ‌ကြောင်းကို မူးယစ်တပ်ဖွဲ့မှူး ဒုရဲမှူးဝင်းနိုင်မှ လည်း‌ကောင်း အသီးသီး‌ဟော‌ပြော ရှင်းလင်းခဲ့ကြသည်။ အများပြည်သူတို့ကို မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာ‌ပေး လက်ကမ်းစာ‌စောင်များနှင့် HIVပိုး‌ရောဂါကူးစက်မှုအန္တရာယ် အသိပညာ‌ပေး လက်ကမ်းစာ‌စောင်များ ဖြန့်‌ဝေခြင်းများ ‌ဆောင်ရွက်ခဲ့သည်။ 

   ထို့‌နောက် မူဆယ်ခရိုင်‌ဆေးရုံအုပ်ကြီး ‌ဒေါက်တာတင်ထွန်းမှ မူးယစ်‌ဆေးဝါးသုံးစွဲမှုနှင့် HIV ပိုးကူးစက်မှုအန္တရာယ် ကာကွယ်ကုသ‌ရေးအ‌ကြောင်း၊ ယင်းလုပ်ငန်း‌ဆောင်ရွက်ချက်ကို အ‌ကောင် အထည်‌ဖော် ‌ဆောင်ရွက်ရာတွင် ‌ပေါင်းစပ်ညှိနှိုင်းမှု အ‌ကောင်းဆုံးဖြင့် ထိထိ‌ရောက်‌ရောက် ‌အောင်မြင် ‌အောင် ‌ဆောင်ရွက်သွားရမည်ဖြစ်‌ကြောင်း ‌ပြောကြားခဲ့ပါသည်။ 

                                                                                                                                                                                              ကိုမိုင်း(iprd)

မှ-

09-403763372

 

ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစုဝင်များအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

လားရှိုး    ဇွန် ၂

1076

   ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစုဝင်များအား အညာသင် စရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂ ရက်နေ့ ညနေ  ၃ နာရီခွဲအချိန်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။

   ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ်က အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ ၂၀၁၅-၂၀၁၆  ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု ဝင် ကျောင်းသားကျောင်းသူများ(၃၄)ဦးတို့အတွက် ပြည်နယ် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ်ကလည်းကောင်း၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး၏ဇနီး မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဒေါ်မြင့်မြင့်ဌေးနှင့် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး တို့က ပညာသင်စရိတ် စုစုပေါင်း (၁၀၉၅၀၀၀)ကျပ်တိတိကို တစ်ဦးချင်းအလိုက် ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

   ထို့နောက် ကျောင်းသားမိဘတစ်ဦးမှ ပညာသင်စရိတ်ထောက်ပံ့ခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

                                                                                                                                                                                                  ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

လားရှိုး

၀၉၄၀၃၇၁၁၈၉၆

 

မိုင်းဆတ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မိုင်းဆတ်  ဇွန်  ၂

1080

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်ဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ဇွန် ၂ ရက် နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ကွက်သစ်)၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် လက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်သည်။

   ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ကွက်သစ်) ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

   ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဓာတ်ပုံနှင့် နံရံကပ်စာစောင်တို့ကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ဝိုင်းများပြုလုပ်ခြင်း၊ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

                                                                                                                                                                                           ခရိုင်ပြန်/ဆက်

 

သတင်းဓာတ်ပုံ-(၁၂)ပုံ

သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

    ပြန်/ဆက်၊ မိုင်းဆတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) Cornerstone Resources Myanmar(လားရှိုး) ဇင့်ထုတ်လုပ်ရေးစက်ရုံသို့ ထိန်းချုပ်ဓာတုပစ္စည်းများထားရှိမှု ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

လားရှိုး  ဇွန် ၂

1075

   လားရှိုးမြို့ ၊ရွှေလီ(၂) စစ်ဆင်ရေးခေါင်းဆောင် ဒုတိယရဲမှူးကြီးခိုင်စိုး၊ ခရိုင်ထိန်းချုပ်ဓါတုပစ္စည်းကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ လားရှိုးအထူးမူးယစ်တပ်ဖွဲ့၊ ရဲမှူးရဲနိုင်နှင့်အဖွဲ့ဝင်များသည် ဇွန်လ (၂)ရက် နေ့ နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့နယ်၊ တန့်ယန်းလမ်းခွဲ မန်ပျဉ်ကျေးရွာတွင် အကျယ်အဝန်း(၅၀)ဧကရှိ Cornerstone Resources Myanmar(လားရှိုး)၊ဇင့်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ဓါတုပစ္စည်းများ ထိန်းချုပ်ထားရှိမှု  အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ စက်ရုံ၏ အုပ်ချုပ်မှုမန်နေဂျာ ဦးထွန်းထွန်းနိုင်က စက်ရုံတွင်အသုံးပြုဆောင်ရွက်နေသည့် စက်ရုံသုံးဓါတုပစ္စည်းများကို အသုံးပြုမှုနှင့် ထိန်းသိမ်းထားရှိမှု အခြေအနေများကိုစက်ရုံ အတွင်းလိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် စက်ရုံတွင် အသုံးပြုနေသည့် ဓါတုပစ္စည်းများကို လူသားတို့ အညွန့်တုံးစေမည့် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် လွဲမှားစွာ အသုံးပြုမှုမဖြစ်ပွားစေရန် အတွက် လားရှိုး အထူးမူးယစ်တပ်ဖွဲ့ ရဲမှူးရဲနိုင်က အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

                                                                                                                                                                                          ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

လားရှိုး

၀၉၄၀၃၇၁၁၈၉၆

 

မူဆယ်တွင်ထား‌သော စားသုံးရန်မသင့်‌သောကုန်စည်များကို မီးရှို့ဖျက်ဆီး

မူဆယ် ဇွန်(၂) ရက်

1079

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့နယ် အ‌ကောက်ခွန်ဦးစီးဌာနမှူးရုံး၌ Mobile Team အဖွဲ့ကဖမ်းဆီးရမိထားသည့် စား‌သောက်ကုန်ပစ္စည်း တန်ဖိုး‌ငွေကျပ်(၃၄၁၃၈၅၀၀)သန်း‌ကျော်ကို ဇွန်လ(၂)ရက်‌နေ့ နံနက်(၁၀)နာရီအချိန်တွင် မူဆယ်မြို့ စွမ်း‌စော်ရပ်ကွက်ရှိ လယ်ကွင်းနားတွင် စနစ်တကျ ကျင်းတူးပြီး မီးရိှု့ဖျက်ဆီး‌ကြောင်း သိရှိရပါသည်။

   Mobile Team အဖွဲ့၏ ဖမ်းဆီးမှုများမှ အများပြည်သူစားသုံးရန်မသင့်‌တော်၍ ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းထား‌သော ‌ထောက်ခံချက်မပါရှိ‌သော ဓာတ်‌မြေဩဇာများ၊ ဘီယာများ၊ အချိုရည်များ၊ လူသုံးကုန်များနှင့် စားသုံးရန်မသင့်‌သော စား‌သောက်ကုန်ပစ္စည်းများကို ဒီ‌နေ့(၁၀)နာအချိန်တွင် မီးရှု့ ဖျက်ဆီးခဲ့သည်။

   မီးရှု့ိဖျက်ဆီးခဲ့‌သော ပစ္စည်းများမှာ နို့ပုလင်း‌သေး(၁၉၆)ဖာ၊ မကျည်း‌ဖျော်ရည်ဗူး(၁၂၈)ဖာ၊ ‌ခေါက်ဆွဲ‌ခြောက်(၁၅၀)ဖာ၊ နို့မှုန့်(၇၅)ဖာ၊ တရုတ်စာတမ်းပါစားဆီ(၁၀)ဖာ၊ တရုတ်စာတမ်းပါသီးစုံ ဓာတ်‌မြေဩဇာ(၇၃၇)အိတ်၊ တရုတ်နိုင်ငံထု‌ခေါက်ဆွဲ‌ခြောက်(၁၂)ဖာ၊ တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံ(၁၈၀)ဖာ၊ Condiment (2)အိတ်၊ ဆန်ပြား(၃၀)အိတ်၊ မှို‌ခြောက်(၃၀)ဖာ၊ ‌ပြောင်းဖူး‌ပေါက်‌ပေါက်‌စေ့(၇)အိတ်၊ တရုတ်ဆီ(၅လီတာ)(၅)ဖာ၊ Peanut Milk(၂၇)ဖာ၊ ကြက်သား/ကြက်‌ခြေ‌ထောက်(၂၀)ဖာ၊ တရုတ်နိုင်ငံ ထုတ်လဘက်‌ခြောက်(၁၉)ဗူး၊ Asia Drink330ml (၁၄၅)အိတ်၊ စပျစ်‌ခြောက်(၃၀)ဖာ၊ Sea weed (၁၅)ထုပ်၊ Wheat Powder (၃၀)အိတ်၊ Acitic Sodium(Acid)(၆)ဖာ၊ Macaroni(Bean)(၁၀)ထုပ်၊ ပိုးသတ်‌ဆေး(၄၀)ဖာ၊ တရုတ်ဘီယာ(၂၅)ဖာ၊ ဂျုံအိတ်(၁၂)အိတ်၊ Pepsi(၆၀)ကဒ်၊ Joss (Chiness Traditional)(၁၀၀)Kg၊ ပဲယိုထုတ်(၃၀)ထုပ်နှင့်  ပိုးသတ်‌ဆေးများ ပါဝင်ပြီး စုစု‌ပေါင်း တန်ဖိုး ‌ငွေကျပ်(၃၄၁၃၈၅၀၀)သန်းရှိကာ ကြီးကြပ်မှုအဖွဲ့ဥက္ကဌ မူဆယ်မြို့နယ်အုပ်ချုပ်‌ရေးမှူးဦးကိုကို‌ဇော်၊ အ‌ကောက်ခွန်ဦးစီးဌာမှ ပြည်နယ်မှူးဦးတင်ထွန်းဝင်းနှင့် လ/ညွှန်ဦး‌သော်တာဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း၊ ကူးသန်း‌ရောင်းဝယ်‌ရေးနှင့်စားသုံးသူ‌ရေးရာ ဦးစီးဌာနမှ လ/ညွှန်ဦး‌ကျော်စိုးဝင်း၊ အ‌ကောက်ခွန်ရုံးမှ တာဝန်ရှိသူတို့မှ မူဆယ်မြို့ စွမ်း‌စော်ရပ်ကွက်တွင် ရှိ လယ်ကွင်းတွင် စနစ်တကျ ကျင်းတူးပြီး မီးရှု့ိဖျက်ဆီးခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                               ကိုမိုင်း(iprd)

မှ-

မိုင်းဝင်းနိုင်

09-403763372

 

မူးယစ်ဆေးဝါး အထိမ်းအမှတ်(၁၈)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကျင်းပ

တောင်ကြီး ဇွန် - ၃

1074

   အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(၁၈) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကို ဇွန်(၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ပြိုင်ပွဲတွင် မျှော်လင့်ချက်တို့ ထားနိုင်ရာ သတင်းစကားလေတစ်ခုပါမူးယစ်ဆေးစွဲခြင်းဆိုတာ ကြိုတင်ကာကွယ် ကုသနိုင်တဲ့အရာ၊ မူးယစ်နွံတွင်းကျွံဆင်းခြင်း၊ ဘဝနိဂုံးချုပ်လိမ့်မည်၊ စိတ်ဓါတ်ခိုင်မာ သန်စွမ်းရေး အားကစားကဏ္ဍမြှင့်တင် ပေး၊ မူးယစ်ဆေးကို ရှောင်ပါမနှေး၊ ဝန်းကျင်လှပ သာယာဖို့ ဆေးစွဲသူကို ဝိုင်းကူစို့၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက် ခေါင်းစဉ်များဖြင့် တောင်ကြီးမြိုပေါ်ရှိ အထက်တန်းအဆင့် (၅၁)ဦး၊ အလယ်တန်းအဆင့် (၈၀)ဦး၊ မူလတန်းအဆင့် (၄၀)ဦး စုစုပေါင်း (၁၇၁)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဒုတိယဥက္ကဌ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းထွန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး၊ ပိုစတာပြိုင်ပွဲကို မွန်းလွှဲတစ်နာရီတွင် အဆိုပါခန်းမ၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. အာဆီယံလူမှုသစ်တောကွန်ယက်အဖွဲ့(ASFN)၏ (၆)ကြိမ်မြောက်ညီလာခံ ကျင်းပ
  2. နမ့်ခမ်းတွင် မူးယစ်‌ဆေးနှင့် လက်နက်ဖမ်းဆီးရမိ
  3. အငယ်တန်းအင်ဂျင်နီယာ(၃)၊ လမ်းတံတား၊ ရေပေးရေးလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်းဖွင့်
  4. တောင်ကြီးမြို့၌ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်ကျင်းပ
  5. သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေးစာရင်း ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလုပ်ရုံဆွေးနွေး
  6. ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး
  7. ၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်
  8. ရှမ်းပြည်နယ်(မြောက်ပိုင်း) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရွှေလီစစ်ဆင်ရေး(၂)စီမံချက်ဖြင့်ဆောင်ရွက်
  9. ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်
  10. မိုင်းဆတ်၌ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 77 guests and no members online