သတင်းများ

မူဆယ်တွင်ထား‌သော စားသုံးရန်မသင့်‌သောကုန်စည်များကို မီးရှို့ဖျက်ဆီး

မူဆယ် ဇွန်(၂) ရက်

1079

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့နယ် အ‌ကောက်ခွန်ဦးစီးဌာနမှူးရုံး၌ Mobile Team အဖွဲ့ကဖမ်းဆီးရမိထားသည့် စား‌သောက်ကုန်ပစ္စည်း တန်ဖိုး‌ငွေကျပ်(၃၄၁၃၈၅၀၀)သန်း‌ကျော်ကို ဇွန်လ(၂)ရက်‌နေ့ နံနက်(၁၀)နာရီအချိန်တွင် မူဆယ်မြို့ စွမ်း‌စော်ရပ်ကွက်ရှိ လယ်ကွင်းနားတွင် စနစ်တကျ ကျင်းတူးပြီး မီးရိှု့ဖျက်ဆီး‌ကြောင်း သိရှိရပါသည်။

   Mobile Team အဖွဲ့၏ ဖမ်းဆီးမှုများမှ အများပြည်သူစားသုံးရန်မသင့်‌တော်၍ ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းထား‌သော ‌ထောက်ခံချက်မပါရှိ‌သော ဓာတ်‌မြေဩဇာများ၊ ဘီယာများ၊ အချိုရည်များ၊ လူသုံးကုန်များနှင့် စားသုံးရန်မသင့်‌သော စား‌သောက်ကုန်ပစ္စည်းများကို ဒီ‌နေ့(၁၀)နာအချိန်တွင် မီးရှု့ ဖျက်ဆီးခဲ့သည်။

   မီးရှု့ိဖျက်ဆီးခဲ့‌သော ပစ္စည်းများမှာ နို့ပုလင်း‌သေး(၁၉၆)ဖာ၊ မကျည်း‌ဖျော်ရည်ဗူး(၁၂၈)ဖာ၊ ‌ခေါက်ဆွဲ‌ခြောက်(၁၅၀)ဖာ၊ နို့မှုန့်(၇၅)ဖာ၊ တရုတ်စာတမ်းပါစားဆီ(၁၀)ဖာ၊ တရုတ်စာတမ်းပါသီးစုံ ဓာတ်‌မြေဩဇာ(၇၃၇)အိတ်၊ တရုတ်နိုင်ငံထု‌ခေါက်ဆွဲ‌ခြောက်(၁၂)ဖာ၊ တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံ(၁၈၀)ဖာ၊ Condiment (2)အိတ်၊ ဆန်ပြား(၃၀)အိတ်၊ မှို‌ခြောက်(၃၀)ဖာ၊ ‌ပြောင်းဖူး‌ပေါက်‌ပေါက်‌စေ့(၇)အိတ်၊ တရုတ်ဆီ(၅လီတာ)(၅)ဖာ၊ Peanut Milk(၂၇)ဖာ၊ ကြက်သား/ကြက်‌ခြေ‌ထောက်(၂၀)ဖာ၊ တရုတ်နိုင်ငံ ထုတ်လဘက်‌ခြောက်(၁၉)ဗူး၊ Asia Drink330ml (၁၄၅)အိတ်၊ စပျစ်‌ခြောက်(၃၀)ဖာ၊ Sea weed (၁၅)ထုပ်၊ Wheat Powder (၃၀)အိတ်၊ Acitic Sodium(Acid)(၆)ဖာ၊ Macaroni(Bean)(၁၀)ထုပ်၊ ပိုးသတ်‌ဆေး(၄၀)ဖာ၊ တရုတ်ဘီယာ(၂၅)ဖာ၊ ဂျုံအိတ်(၁၂)အိတ်၊ Pepsi(၆၀)ကဒ်၊ Joss (Chiness Traditional)(၁၀၀)Kg၊ ပဲယိုထုတ်(၃၀)ထုပ်နှင့်  ပိုးသတ်‌ဆေးများ ပါဝင်ပြီး စုစု‌ပေါင်း တန်ဖိုး ‌ငွေကျပ်(၃၄၁၃၈၅၀၀)သန်းရှိကာ ကြီးကြပ်မှုအဖွဲ့ဥက္ကဌ မူဆယ်မြို့နယ်အုပ်ချုပ်‌ရေးမှူးဦးကိုကို‌ဇော်၊ အ‌ကောက်ခွန်ဦးစီးဌာမှ ပြည်နယ်မှူးဦးတင်ထွန်းဝင်းနှင့် လ/ညွှန်ဦး‌သော်တာဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း၊ ကူးသန်း‌ရောင်းဝယ်‌ရေးနှင့်စားသုံးသူ‌ရေးရာ ဦးစီးဌာနမှ လ/ညွှန်ဦး‌ကျော်စိုးဝင်း၊ အ‌ကောက်ခွန်ရုံးမှ တာဝန်ရှိသူတို့မှ မူဆယ်မြို့ စွမ်း‌စော်ရပ်ကွက်တွင် ရှိ လယ်ကွင်းတွင် စနစ်တကျ ကျင်းတူးပြီး မီးရှု့ိဖျက်ဆီးခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                               ကိုမိုင်း(iprd)

မှ-

မိုင်းဝင်းနိုင်

09-403763372

 

မိုင်းဆတ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးပိုစတာများစိုက်ထူ

မိုင်းဆတ်  ဇွန်  ၂

1078

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်ဆတ်ခရိုင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကော်မတီက ကြီးမှူး၍ ဇွန် ၂ ရက် နံနက် ၁၁ နာရီက  မိုင်းဆတ်မြို့မဈေးရှေ့၊ အခြေခံပညာအထက်တန်းကျောင်းထောင့်လမ်းဆုံနှင့် ပြည်သူ့ဆေးရုံ ရှေ့ လမ်းဆုံတို့တွင် မူးယစ်နွံတွင်း ကျွံဆင်းခြင်း ဘဝနိဂုံးချုပ်လိမ့်မည်၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ မျော်လင့်ချက်တို့ထားနိုင်ရာ သတင်းစကားလေးတစ်ခုပါ မူးယစ်ဆေးစွဲခြင်းဆိုတာ ကြိုတင်ကာကွယ်ကုသ နိုင်တဲ့အရာ စသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူခဲ့ကြောင်းသိရသည်။

 

                                                                                                                                                                                                ခရိုင်ပြန်/ဆက်

 

သတင်းဓာတ်ပုံ- ( ၃ )ပုံ

သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

    ပြန်/ဆက်၊ မိုင်းဆတ်

 

အာဆီယံလူမှုသစ်တောကွန်ယက်အဖွဲ့(ASFN)၏ (၆)ကြိမ်မြောက်ညီလာခံ ကျင်းပ

တောင်ကြီး ဇွန် - ၂

1072

   ASEAN Social Foresty Network (ASFN)၏ (၆)ကြိမ်မြောက်ညီလာခံကို ဇွန်(၂)ရက် နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ခေါင်တိုင်ကျေးရွာ ပူပင်ဟိုတယ်၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက် အဖွင့်အမှာစကားပြောကြားရာ ရာသီဥတု ပြောင်းလဲမှုသည် အာဆီယံနိုင်ငံများတွင် ဆိုးကျိုးများဖြစ်ပေါ်စေလျှက်ရှိကြောင်း၊ အထူးသဖြင့် ကမ်းရိုးတန်းနှင့် တောင်ပေါ် ဒေသများတွင် ဖြစ်ပေါ်နေပြီး မီးခိုးမြူများ၊ တောမီးများ ပူပြင်းခြောက်တွေ့ခြင်းများနှင့် တိုင်းဖုန်းမုန်တိုင်းများသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ဆိုးကျိုးအထောက်အထားများဖြစ်ကြောင်း၊ အကျိုးဆက်နေဖြင့် ကျေးလက်ဒေသနှင့် လူသန်းပေါင်းများစွာ အပေါ် ဆိုးကျိုးများပိုမိုသက်ရောက်စေကြောင်း၊ ဤဖြစ်စဉ်သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထာဝစဉ်တည်တံ့ရေးဆိုင်ရာ ထောင်စုနှစ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များရရှိရေး ဆောင်ရွက်မှုများကို ခြိမ်းခြောက်နေ ကြောင်း၊ အာဆီယံလူမှုသစ်တောကွန်ယက်အဖွဲ့ (ASFN)ကို ၂၀၀၅ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အရှေ့တောင် အာရှတွင် အစိုးရကဦးဆောင်သော  ပထမဆုံးလူမှုသစ်တောကွန်ယက်ဖြစ်ကြောင်း၊ (ASFN)၏ ရည်ရွယ်ချက်မှာ ရာသီဥတု ပြောင်းလဲမှု၏ အန္တရာယ်နှင့် ဆိုးကျိုးများကို အနည်းဆုံးဖြစ်အောင် လျှော့ချကာ မြေ၊ သစ်တော၊ ရေနှင့်အဏ္ဏဝါ သယံဇာတများအား ရေရှည်တည်တံ့ပြီး ထိရောက်အကျိုးရှိအောင် အသုံးချ၍ စားနပ်ရိက္ခာဖူလုံရေး ရည်မှန်းချက်ကို အထောက်အကူပြုရန်ဖြစ်ကြောင်း (ASFN)သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အထောက်အပံ့၊ ASEAN - Swiss လူမှုသစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (ASFCC)၏ အထောက်အပံ့တို့အားဖြင့် ၎င်းရည်မှန်း ချက်အောင်မြင်ရေးအတွက် လုပ်ဆောင်ချက်အမျိုးမျိုးကို စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ယနေ့အချိန်အခါတွင် အာဆီယံနိုင်ငံ များ၌ ပြည်သူ့အခြေပြုသဘာဝသယံဇာတ စီမံအုပ်ချုပ်မှုကို အကောင်ဆုံးသဘာဝသယံဇာတ အုပ်ချုပ်မှုအဖြင့် ပိုမိုအသိအမှတ် ပြုလာကြပြီး ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် သစ်တော်ရေးရာဝန်ကြီးဌာနအဖြစ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် မြန်မာနိုင်ငံ ၌ ဒေသပြည်သူအစုအဖွဲ့ပိုင်သစ်တော ကဏ္ဍကိုမြှင့်တင်ရန် အလေးထားဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုအချိန်အထိ (၁၅)နှစ်သာကာလအတွင်း နိုင်ငံတစ်ဝန်းတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စုစုပေါင်း (၁၀၄၁၄၆)ဧကကို တည်ထောင် ပြီးဖြစ်ကာ သစ်တောအသုံးပြုသူအဖွဲ့ပေါင်း (၈၂၁)ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ (၆)ကြိမ်မြောက်အာဆီယံလူမှုသစ်တောကွန်ယက် သစ်တောညီလာခံကို (၂.၆.၂၀၁၅)မှ (၃.၆.၂၀၁၅)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး (၉)ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးကို (၄.၆.၂၀၁၅)မှ (၅.၆.၂၀၁၅)ရက်နေ့အထိ ဆက်လက်၍ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

1073

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အစိုးရအဖွဲ့ပိုင်သစ်တောများ အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ကြားဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖော်ထုတ်နိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ သင်တန်းများနှင့် အစည်းအဝေးများ ကျင်းပခဲ့ပါကြောင်းရှင်းလင်းပြောကြားပြီး၊ အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံမှ ASFN Chairpersonfrom FDPMမှ Mr.Borhanodin နှင့် Mr.Patrick Sieber, Representative of Global Programme Climate Change (GPCC) Swiss Agency for Development တို့က ရှင်းလင်းပြောကြားကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူး၍ အင်းလေးဒေသထွက် လက်မှုပညာ၊ အဝတ်အထည်များ၊ ငွေထည်များ၊ ကြာချည်ဖြင့် ယက်ကန်းယက်လုပ်နေမှုများ၊ ဝါးလက်မှုပညာများတို့ကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရသည်။

   အဆိုပါ အခမ်းအနားတို့ ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြောင်းသိရသည်။

                                                                                                                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းဆတ်၌ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းအကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းဆတ် ဇွန် ၂

1077

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ နှင့် ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းအကြို ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက် နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် အထောက်အကူပြုကော်မတီဝင်များ၊ မြိုနယ်စည်ပင်သားယာရေး ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

   ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နန်းစံဖောင်းက ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြသည်။

   ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ဌာနအလိုက်အကောင် အထည် ဖေါ်ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်းတာဝန်များပေးအပ်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမာကု၊   မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မြင့်နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းချစ်သောင်းတို့က ကျေးရွာအုပ်စု(၃၃)စုသို့ ဒေသန္တရစီမံကိန်းတာဝန်များ ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူသည်။

   ယင်းနောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းရေးဆွဲမှုနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရ သည်။

                                                                                                                                                                                            သန်းဇော်(IPRD)

 

သတင်းဓာတ်ပုံ - (11)ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်ရုံး၊ မိုင်းဆတ်မြို့။

 

နမ့်ခမ်းတွင် မူးယစ်‌ဆေးနှင့် လက်နက်ဖမ်းဆီးရမိ

မူဆယ် ‌မေ(၂၉) ရက်

1070

   ၂၄-၅-၂၀၁၅ရက်‌နေ့ (၁၁)နာရီခွဲအချိန်တွင် မူးယစ်‌ဆေးဝါးတားဆီးနှိမ်နင်း‌ရေး ‌ရွှေလီစစ်ဆင်‌ရေး(၂)စီမံချက် အရ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ ရဲအုပ်စိုး‌အောင် ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၁၀၂)မှ ဒုရဲအုပ်‌ဝေဖြိုး‌အောင် ဦးစီးအဖွဲ့နှင့် နမ့်ခမ်းမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ခင်‌ဇော်တို့ပါဝင်‌သော ပူး‌ပေါင်းအဖွဲ့သည် သက်‌သေများနှင့်အတူ သတင်းအရ နမ့်ခမ်းမြို့နယ်၊ ငွမ်အင်‌ကျေးရွာ သင်္ချိုင်းကုန်း အ‌နောက်ဘက်လျှိုအတွင်းရှိ ဝါးရုံ‌တော်အနီး ‌ဆောက်ထားသည် အိုက်ဆမ်(ကျား)၏ တဲအားဝင်‌ရောက်ရှင်းလင်းရာ အိုက်ဆမ်(ကျား)အား အသင့်‌တွေ့ရှိ၍ ရှာ‌ဖွေရာ ၎င်းဝတ်ဆင်ထားသည့် ကွာတား‌ဘောင်းဘီတို ဝဲဘက်အိတ်ကပ်အတွင်းမှ အဖြူ‌ရောင်‌ကော်ဗူးအတွင်း ထည့်ထားသည့် WY စာတန်းပါ ပန်း‌ရောင်စိတ်ကြွရှုးသွပ်‌ဆေးပြား(၁၉၀)ပြား၊ အ‌လေးချိန်(၁၉)ဂရမ်ခန့်ပါ(၁)ဗူး၊ Caring စာတန်းပါ ‌ကော်ဗူးဖြင့်ထည့်ထားသည့် ဘိန်းဖြူမှုန့် အ‌လေးချိန်(၀.၅)ဂရမ်ခန့်ပါ(၁)ဗူးနှင့် တဲအဝင်ဝတွင် ‌ထောင်ထားသည့် အရှည်၃‌ပေရလက္မခန့်ရှိ တူမီး‌သေနက်(၁)လက်၊ ယမ်းကဒ်(၃)ခု ခဲဖူး(၂၇)လုံး၊ တို့အား ရှာ‌ဖွေ‌တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ဆမ်(ကျား)အသက် ၃၅/၂၀၁၅နှစ်၊ (ဘ)ဦး‌ခေးဆိုင်၊ ရဲအုပ်စိုး‌အောင်မှ တရားလိုပြုလုပ်၍ နမ့်ခမ်းမြို့မရဲစခန်း၊ မယ(ပ)၄၆/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)အရ အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                             ခရိုင်ပြန်ဆက်

မှ---

၀၉-၄၀၃၇၆၃၃၇၂

 

ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစုဝင်များအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

လားရှိုး    ဇွန် ၂

1076

   ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစုဝင်များအား အညာသင် စရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂ ရက်နေ့ ညနေ  ၃ နာရီခွဲအချိန်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။

   ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ်က အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ ၂၀၁၅-၂၀၁၆  ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု ဝင် ကျောင်းသားကျောင်းသူများ(၃၄)ဦးတို့အတွက် ပြည်နယ် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ်ကလည်းကောင်း၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး၏ဇနီး မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဒေါ်မြင့်မြင့်ဌေးနှင့် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး တို့က ပညာသင်စရိတ် စုစုပေါင်း (၁၀၉၅၀၀၀)ကျပ်တိတိကို တစ်ဦးချင်းအလိုက် ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

   ထို့နောက် ကျောင်းသားမိဘတစ်ဦးမှ ပညာသင်စရိတ်ထောက်ပံ့ခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

                                                                                                                                                                                                  ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

လားရှိုး

၀၉၄၀၃၇၁၁၈၉၆

 

အငယ်တန်းအင်ဂျင်နီယာ(၃)၊ လမ်းတံတား၊ ရေပေးရေးလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်းဖွင့်

တောင်ကြီး ဇွန် - ၁

1069

   ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အငယ်တန်းအင်ဂျင်နီယာ(၃)၊ လမ်းတံတား၊ ရေပေးရေး လုပ်ငန်းဆိုင်ရာ အခြေခံသင်တန်း၊ သင်တန်းဖွင့်ပွဲကို ဇွန်(၆)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   ယနေ့ အခမ်းအနားတွင် တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများသည် ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အတွက် မရှိမဖြစ် အရေးတစ်ကြီးလိုအပ်လျှက်ရှိသည့် အင်ဂျင်နီယာဝန်ထမ်းများအဖြစ် သွေးသစ်လောင်းခန့်အပ်ပေးခဲ့သည့် ဝန်ထမ်းများဖြစ်ပါကြောင်း၊ အင်ဂျင်နီယာဝန်ထမ်းများ အနေဖြစ် ကျောင်းစာတွေသာသင်ကြားခဲ့ရပြီး လက်တွေ့၊ အတွေ့အကြုံနည်းပါးနေသေးသည့် အခြေအနေဖြစ်၍ ခန့်အပ်ထားသော အင်ဂျင်နီယာဝန်ထမ်း များမှာလည်း စည်ပင်သာယာရေးလုပ်ငန်းများတွင် အဓိကလိုအပ်သည့် Civil ဘာသာရပ်နှင့် ဘွဲ့ဒီပလိုမာ ရသည့် ဝန်ထမ်းများလည်းပါဝင်ခဲ့ပါကြောင်း၊ အဓိကလုပ်ငန်းဖြစ်သည့် လမ်း၊ တံတား ရေပေးရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်အောင် မွန်းမံလေ့ကျင့် သင်ကြားပေးပါက စည်ပင်သာယာရေးလုပ်ငန်းများကို ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် ဝန်ထမ်းများအဖြစ်ခန့်အပ်ပြီး လမ်းတံတား ရေပေးရေးလုပ်ငန်းများ အတွက် အခြေခံ သင်တန်းများဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းလှဝင်းက ပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ သင်တန်းဖွင့်လှစ်ရ ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးရဲခေါင်ညွှန့်မှ အင်ဂျင်နီယာလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ (မြောက်ပိုင်း)၊ (အရှေ့ပိုင်း)မှ သင်တန်းသား၊ သင်တန်းသူ (၅၈)ဦးတက်ရောက်ပြီး၊ သင်တန်းကာလကို (၁.၆.၂၀၁၅)မှ (၁၄.၆၂၀၁၅)ထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းသိရှိရသည်။

                                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) Cornerstone Resources Myanmar(လားရှိုး) ဇင့်ထုတ်လုပ်ရေးစက်ရုံသို့ ထိန်းချုပ်ဓာတုပစ္စည်းများထားရှိမှု ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

လားရှိုး  ဇွန် ၂

1075

   လားရှိုးမြို့ ၊ရွှေလီ(၂) စစ်ဆင်ရေးခေါင်းဆောင် ဒုတိယရဲမှူးကြီးခိုင်စိုး၊ ခရိုင်ထိန်းချုပ်ဓါတုပစ္စည်းကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ လားရှိုးအထူးမူးယစ်တပ်ဖွဲ့၊ ရဲမှူးရဲနိုင်နှင့်အဖွဲ့ဝင်များသည် ဇွန်လ (၂)ရက် နေ့ နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့နယ်၊ တန့်ယန်းလမ်းခွဲ မန်ပျဉ်ကျေးရွာတွင် အကျယ်အဝန်း(၅၀)ဧကရှိ Cornerstone Resources Myanmar(လားရှိုး)၊ဇင့်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ဓါတုပစ္စည်းများ ထိန်းချုပ်ထားရှိမှု  အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ စက်ရုံ၏ အုပ်ချုပ်မှုမန်နေဂျာ ဦးထွန်းထွန်းနိုင်က စက်ရုံတွင်အသုံးပြုဆောင်ရွက်နေသည့် စက်ရုံသုံးဓါတုပစ္စည်းများကို အသုံးပြုမှုနှင့် ထိန်းသိမ်းထားရှိမှု အခြေအနေများကိုစက်ရုံ အတွင်းလိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် စက်ရုံတွင် အသုံးပြုနေသည့် ဓါတုပစ္စည်းများကို လူသားတို့ အညွန့်တုံးစေမည့် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် လွဲမှားစွာ အသုံးပြုမှုမဖြစ်ပွားစေရန် အတွက် လားရှိုး အထူးမူးယစ်တပ်ဖွဲ့ ရဲမှူးရဲနိုင်က အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

                                                                                                                                                                                          ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

လားရှိုး

၀၉၄၀၃၇၁၁၈၉၆

 

တောင်ကြီးမြို့၌ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်ကျင်းပ

တောင်ကြီး   မေ   ၃၁

1068

   ၂၀၁၅ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မေ (၃၁)ရက်၊ နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်အတွင်းရှိ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရွှေဥမင်လှိုဏ်ဂူအနီးတစ်ဝိုက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးကင်းစင်သည့်နေရာအဖြင့် သတ်မှတ်ရန် ကျန်းမားရေးဝန်ကြီးဌာနနှင့် South Eastern Asia Tobacco Control Alliance(SEATCA)တို့ သဘောတူရရှိခဲ့ပြီး၊ (၂၁.၅.၂၀၁၅)ရက်နေ့မှ (၂၂.၅.၂၀၁၅)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော 3rd Regional Meeting on Tobacco Control in ASEAN Countriesမှ ကြေငြာခဲ့ပြီးဖြစ်ကြောင်း မကြာမီတွင် အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်သည့်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ အစွမ်းကုန်ကူညီပေးကြရန် ပြောကြား သွားကြောင်းသိရသည်။

   ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်၏ သဝဏ်လွှာအား ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေမှ  ဖတ်ကြားပြီး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ပတ်သက်သည့် ဥပဒေများ အကြောင်းကို ဒုတိယပြည်နယ်ဥပဒေအရာရှိ ဦးကြည်ခင်မှ ဟောပြော၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးများနှင့်  ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ကျန်းမာရေးပညာပေးပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

                                                                             မောင်မောင်သန်း(တောင်ကြီး)

 

မူးယစ်ဆေးဝါး အထိမ်းအမှတ်(၁၈)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကျင်းပ

တောင်ကြီး ဇွန် - ၃

1074

   အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(၁၈) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကို ဇွန်(၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ပြိုင်ပွဲတွင် မျှော်လင့်ချက်တို့ ထားနိုင်ရာ သတင်းစကားလေတစ်ခုပါမူးယစ်ဆေးစွဲခြင်းဆိုတာ ကြိုတင်ကာကွယ် ကုသနိုင်တဲ့အရာ၊ မူးယစ်နွံတွင်းကျွံဆင်းခြင်း၊ ဘဝနိဂုံးချုပ်လိမ့်မည်၊ စိတ်ဓါတ်ခိုင်မာ သန်စွမ်းရေး အားကစားကဏ္ဍမြှင့်တင် ပေး၊ မူးယစ်ဆေးကို ရှောင်ပါမနှေး၊ ဝန်းကျင်လှပ သာယာဖို့ ဆေးစွဲသူကို ဝိုင်းကူစို့၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက် ခေါင်းစဉ်များဖြင့် တောင်ကြီးမြိုပေါ်ရှိ အထက်တန်းအဆင့် (၅၁)ဦး၊ အလယ်တန်းအဆင့် (၈၀)ဦး၊ မူလတန်းအဆင့် (၄၀)ဦး စုစုပေါင်း (၁၇၁)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဒုတိယဥက္ကဌ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းထွန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး၊ ပိုစတာပြိုင်ပွဲကို မွန်းလွှဲတစ်နာရီတွင် အဆိုပါခန်းမ၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေးစာရင်း ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလုပ်ရုံဆွေးနွေး

တောင်ကြီး မေ  -  ၃၀

1066

   သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေးစာရင်း ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ နှင့် ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် လူငယ်၊ လူရွယ်များကို လူမှုရေး၊ နိုင်ငံရေးအသိအမြင်များ မြှင့်တက်လာစေရန်နှင့် လိုအပ်ချက်များ လျော့နည်းလာစေရန် မြှင့်တင်ပေးခြင်းဖြင့် တိုင်းပြည်အတွက် ရှု့ထောင့်စုံအတွင်းအကျိုးပြုလာနိုင်ကြပြီး၊ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော လူအတိုင်းအဝိုင်းတစ်ခုဖြစ်ပေါ်လာစေရန် မေ(၃၀)ရက် နံနက်(၉)နာရီက တောင်ကြီး ဟိုတယ်ခန်းမ၌ ဒါနရှေ့ဆောင်မြန်မာ အစီအစဉ်ဒါရိုက်တာ ဒေါ်နွေးနွေးထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကား၌ ပြောကြားသွား ကြောင်းသိရသည်။

   ဆက်လက်၍ သန်းခေါင်စာရင်း အကြောင်းမိတ်ဆက်ခြင်းနှင့် ၂၀၁၄သန်းခေါင်စာရင်း အကြောင်းအရာအား အကြီးတန်းသင်တန်းရေးရာ၊ အရာရှိဦးမြတ်မင်းဦးမှ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေးစာရင်း ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွက်ချက်များ၊ သန်းခေါင်စာရင်း အဓိပ္ပယ်များ၊ ဘာကြောင့်သန်းခေါင်စာရင်းကောက်ရသလဲ မြန်မာနိုင်ငံ သန်းခေါင်စာရင်း သမိုင်းကြောင်းများ၊ စာရင်းကောက်မေးမြန်းသည့် မေးခွန်းများ စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းသွားပြီး၊ မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းအချက်အလက်များ တိကျမှန်ကန်စေရန် အဆင့်ဆင့်ဆောင်ရွက်ချက်များ ကို Video ဖိုင်ဖြင့် ပြသကြောင်းသိရသည်။

   ထို့နောက် အချက်အလက်ကောက်ယူခဲ့သည့် ကဏ္ဍများနှင့် သန်းခေါင်စာရင်းရလဒ်များ၏ အသုံးဝင်ပုံကို တက်ရောက် လာသူများမှ အဖွဲ့လိုက်ဆွေးနွေးခြင်းနှင့် ပြန်လည်ရှင်းလင်းတင်ပြကြ၍ အမေးအဖြေကဏ္ဍများကို ပြုလုပ်ကြသည်။ အဆိုပါခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ခရိုင်၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး
  2. ၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်
  3. ရှမ်းပြည်နယ်(မြောက်ပိုင်း) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရွှေလီစစ်ဆင်ရေး(၂)စီမံချက်ဖြင့်ဆောင်ရွက်
  4. ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်
  5. မိုင်းဆတ်၌ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
  6. ' ဝ ' အထူးဒေသ၌ မိုးပွင့်(အထူး)စီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
  7. မိုင်းဆတ်၌ ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီးဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေး
  8. (၂၀၁၅ - ၂၀၁၆)ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောင်းအပ်နှံရေးနေ့ ကျင်းပ
  9. (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်
  10. မိုင်းဆတ်၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းအကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 54 guests and no members online

Latest Updates