သတင်းများ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး

တောင်ကြီး မေ - ၃၀

1065

   ၂၀၁၅ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို မေ(၃၀)ရက် နံနက်(၇)နာရီခွဲက တောင်ကြီးမြို့ သစ်တောရပ်ကွက် အိမ်တော်တက်လမ်း၊ လမ်းဘေးဝဲယာနှစ်ဘက်တွင်း စိုက်ပျိုးကြကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မြို့သာယာလှပရေးအတွက် သစ်တော၊ သစ်ပင်များ စိမ်းလန်းဝေဆာနိုင်ရန် အတွက် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန နှင့် လူမှုရေးအသင်းအဖွဲ့ ဖြစ်သည့် ချယ်ရီချစ်သူတို့နှင့် ပူးပေါင်း၍ ချယ်ရီအပင်(၁၀၀)၊ စိန်ပန်းနီ(၆၅)ပင်၊ စိန်ပန်းပြာ(၆၅)ပင် စုစုပေါင်း အပင်(၂၃၀)ပင်ကို စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။

                                                            မောင်မောင်သန်း(တောင်ကြီး)

 

၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်

တောင်ကြီး မေ - ၂၉

1064

   တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ ၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို မေ(၂၉)ရက် မွန်းလွှဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တောင်ကြီးမြို့နယ်  စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက အဖွင့်အမှာစကားပြောကြားရာ ပညာသင်စရိတ် ထောက်ပံ့ငွေများကို ပေးအပ်ရာတွင် မိဘများအနေဖြင့် မိမိ၏သား၊ သမီးများကို ပညာသင်ကြားရေးတွင် ဦးစာပေး ဆောင်ရွက်သွားကြရန်နှင့် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာရန် မိဘများက ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်ပေးကြရန် ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ ၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေ ပေးအပ်ရာ စီမံဌာနစိတ်နှင့် ငွေစာရင်းဌာနစိတ်၊ အခွန်ဌာနစိတ်တို့ကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဒေါ်သီတာသောင်းစိန်မှ ပေးအပ်ရာ ဌာနစိတ်၏ ကိုယ်စားဒုတိယဦးစီးမှူးနှင့် ကျောင်းသားတစ်ဦးတို့က လက်ခံရယူ၍ လည်းကောင်း၊ သန့်ရှင်းရေး ဌာနစိတ်၊ စည်းကမ်းထိန်းဌာနနှင့် ကျန်းမာရေးဌာနစိတ်၊ စျေးနှင့်သားသတ်ဌာန၊ အင်ဂျင်နီယာ ဌာနခွဲ၊ နေ့စားဝန်ထမ်းနှင့် ပုတ်ပြတ်လုပ်သားတို့ကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးမှ ပေးအပ်ရာ ဌာနစိတ်ကိုယ်စားဒုတိယဦးစီးမှူးနှင့် ကျောင်းသားတစ်ဦးတို့က လက်ခံရယူကြသည်။

   ထို့နောက် ၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင် ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဝန်ထမ်းများ၏ ကိုယ်စား ကျောင်းသားမိဘတစ်ဦးဖြစ်သည့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အခွန်ဌာနစိတ်မှ ဒုတိယဦးစီးမှူး ဒေါ်မာမာရက ကျေးဇူးတင်စကားပြောကြားကြောင်းသိရသည်။ အဆိုပါ ၂၀၁၅-၂၀၁၆ခု ပညာသင်နှစ် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲတွင် အထက်တန်းအဆင့် (၃၄)ဦး တစ်ဦးလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်(၁၇၀၀၀၀)၊ အလယ်တန်းအဆင့် (၃၉)ဦး၊ တစ်ဦးလျှင် (၄၅၀၀)နှုန်းဖြင့် ငွေကျပ်(၁၇၅၅၀၀)၊ မူလတန်းအဆင့် (၄၈)ဦး၊ တစ်ဦးလျှင်(၄၀၀၀)ကျပ်နှုန်းဖြင့် (၁၉၂၀၀၀)၊ မူကြိုအဆင့် (၂၁)ဦး၊ တစ်ဦးလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် (၆၃၀၀၀)၊ တက္ကသိုလ်အဆင့် (၁၇)ဦး၊ တစ်ဦးလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် (၉၃၅၀၀)၊ စုစုပေါင်း ပညာသင်စရိတ်ငွေကျပ် (၈၅၃၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းဆတ်၌ ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီးဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေး

မိုင်းဆတ် မေ ၂၆

1059

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ သီရိရတနာခန်းမ၌ မေ ၂၆ ရက်မွန်းလွဲ ၂ နာရီခွဲက ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် /မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က နယ်မြေဒေသ ဆိုင်ရာအချက်အလက်များကို လည်းကောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးစိုင်းချစ်သောင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးထွန်းလွင်ဦးတို့က ဒေသဖွံ့ဖြိုးရေးဆောင်ရွက် နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို လည်းကောင်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးနိုးဝေက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်-သန်းပေါင်း (၁၀၀၉၆ ဒဿမ ၉)သန်းဖြင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနှင့် မီးလင်းရေးလုပ်ငန်း များဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက မြို့နယ်အတွက်လိုအပ်လျက်ရှိသော သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည့်အခြေအနေများ ကို ပြန်လည်ရှင်းလင်းပြောကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

                                                                                                                                                                                                ခရိုင်ပြန်/ဆက်

 

 

    သတင်းဓာတ်ပုံ - ( ၇   )ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရွှေလီစစ်ဆင်ရေး(၂)စီမံချက်ဖြင့်ဆောင်ရွက်

လားရှိုး  မေ ၂၈

1063

   ရှမ်းပြည်နယ်(မြောက်ပိုင်း)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရွှေလီစစ်ဆင်ရေး(၂)စီမံချက်ဖြင့်ဆောင်ရွက် လျှက်ရှိရာ မေလ ၂၈ ရက် နံနက်(၇)နာရီ(၁၅)မိနစ်အချိန်က မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ ဒုရဲမှူးကျော်နိုင် ဦးစီးလျှက်၊ရဲအုပ်ဇော်မျိုးနိုင်၊ မူးယစ်တပ်ဖွဲ့စု(၁၀၂) နေပြည်တော်မှ ဒုရဲအုပ်ဇေယျာမင်းထွဋ် ဦးစီးအဖွဲ့နှင့်ဒုရဲအုပ် ဝင်းညွန့်ဦးစီးအဖွဲ့တို့ပူးပေါင်း၍ သက်သေများနှင့်အတူ လားရှိုးမြို့အထွက် ခေးနင်း အေးရှားဝေါလ် တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် လားရှိုးဘက်မှ ကျောက်မဲသို့ စိုင်းစံရင်မောင်းနှင်ပြီး အိုက်ရီလိုက်ပါလာသော နံပါတ်မပါ (Luojia-125)ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ အိုက်ရီ ၏ လွယ်အိတ်အတွင်းဆပ်ပြာခွက်ဖြင့်ထည့်လျှက် ဘိန်းဖြူမှုန့်အလေးချိန်(၁၂)ဂရမ်ခန့်ပါ (၁)ခွက်၊တန်ဖိုးငွေကျပ် ၂.၂၈သိန်းတန်ဖိုးအား တွေ့ရှိသဖြင့် ဆိုင်ကယ်နှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး  အိုက်ရီ(ကျား) ၄ဝ နှစ်(ဘ)ဦးစံလှ၊မပတ မမှတ်မိ ၊ရှမ်း/ဗုဒ္ဓ၊ တောင်ယာလုပ်၊ဟူးစွန်းရွာ၊ ဟူးစွန်းအုပ်စု၊ကျောက်မဲမြို့နယ်နှင့် စိုင်းစံရင်(ကျာ)း၊၃၃ နှစ်၊(ဘ)ဦးအိုက်လှ၊ မပတ မမှတ်မိ၊ရှမ်/ ဗုဒ္ဓ၊ တောင်ယာလုပ်၊နယ်မြေ(၉) ရပ်ကွက်(၇)၊ကျောက်မဲမြို့ နေသူတို့အား နောင်မွန်ရဲစခန်း မယ(ပ)၄/၂၀၁၅၊မူးစိတ်ပုတ်မ၁၅/၁၉(က)/၂၁အရ အရေးယူထားရှိသည်။

   ထို့အတူ မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ ရဲတပ်ကြပ်ကြီးမိုးညွန့်အောင်ဦးစီးအဖွဲ့သည် နံနက် ၁၁ နာရီ ၄၅မိနစ်အချိန်က သက်သေ ဦးအောင်ကျော်၊ဦးအောင်မင်း တို့နှင်အတူ လားရှိုး-ကုန်းညောင်သွားလမ်းမပေါ်ရှိ နန်စင်ညောင်ပင်အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် လားရှိုးမှ ကုန်းညောင်ဘက်သို့ မြင့်ဦး(ခ)ရန်ပီဟုန်(ကျား)မောင်းနှင်ပြီးဘေးဘက်တွင် သန်းအောင်(ခ)မုကျင်ဆိုက်(ကျား)စီးနင်လိုက်ပါလာသော MDY 6E-9358 HILUX-VIGO အမျိုးအစား ပုလဲဖြူရောင်ယာဉ်အားရပ်တန့်ပြီးသက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ သန်းအောင်(ခ)မုကျင်ဆိုက်(ကျား)  ညာဘက်အပေါ်အိပ်ကပ်တွင် တိုက်ငါးလုံးတံဆိပ်ပါ သတ္တုဗူးငယ် အတွင်းထည့်လျှက် မက်သာအက်ဖက်တမင်း(ICE)ဟု ယူဆရသော အဖြူရောင်အမှုန့် အလေးချိန်(၀.၅)ဂရမ် ပါ(၂)ဗူးနှင့် ၈၈နှင့်၁ စာတမ်းတစ်ဖက်စီပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂)ပြား တို့အားရှာဖွေတွေ့ရှိသဖြင့် သန်းအောင်(ခ)မုကျင်ဆိုက်(ကျား)၊ ၁၉နှစ်၊ (ဘ)ဦးမုကျင်းအန်း၊မပတ မမှတ်မိ၊ တရုတ်/အစ္စလာမ်၊ ကျဘမ်းလုပ်၊ (၄၂)လမ်း၊ နယ်မြေ(၄)၊ ရပ်ကွက်(၅)လားရှိုးနှင့် မြင့်ဦး(ခ)ရန်ပီဟုန်(ကျား)၊ ၂၆နှစ်၊ (ဘ)ဦးစိန်ဝင်း၊ LSO-185487၊ တရုတ်/ကိုးကန့်/ဗုဒ္ဓ၊ ယာဉ်မောင်း၊ (၄၄)လမ်း၊ အမှတ်(၅၂)၊ နယ်မြေ(၁၂)၊ ရပ်ကွက်(၅)၊ လားရှိုးမြို့နေသူတို့အား မူးယစ်ဆေးဝါးပုဒ်မများအရ အရေးယူထားရှိကြောင်းသိရှိရသည်။

                                                                                                                                                                              ဟန်ဌေး(Lashio)

                                                                                                                                                                               ခရိုင်ပြန်/ဆက်

                                                                                                                                                                                လားရှိုး

 

(၂၀၁၅ - ၂၀၁၆)ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောင်းအပ်နှံရေးနေ့ ကျင်းပ

တောင်ကြီး မေ - ၂၆

1057

   ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ကို မေလ (၂၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးမြင့်အောင်တို့က ပြည်နယ်အဆင့် ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က မူလတန်းအဆင့်၊ အလယ် တန်းအဆင့်၊ အထက်တန်းအဆင့် ပုံနှိပ်စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေး ကြပြီး၊ အစီအစဉ်အရ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.ထ.က(၅)ကျောင်းသား၊ ကျောင်းသူလေးများမှ ကျောင်းအပ်စို့လေ သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့် အမှာစကားပြောကြားကြောင်းသိရသည်။

1058

   ထို့နောက် ကျောင်းအပ်နှံရေးနေ့ ပတ်သက်၍ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးမြင့်အောင်က ရှင်းလင်းတင်ပြပြီး အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ဗလာစာအုပ်ဒါဇင်(၂၈၆၀၀)ဒါဇင်ကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ပေးအပ်ရာ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးမြင့်အောင်က လက်ခံရယူ၍ လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဖြူဖြူညွှန့်မှ အ.ထ.က(၁)ကျောင်း အတွက် အလှူငွေကျပ်(၁)သိန်း(၅)သောင်းနှင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်းမှ အ.ထ.က(၁)ကျောင်းအတွက် အလှူငွေကျပ် (၁)သိန်း(၅)သောင်း၊ အလှူရှင်များမှ အလှူငွေနှင့် စာရေး ကိရိယာများပေးအပ်ရာ အ.ထ.က(၁) ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြခက်က လက်ခံရယူ၍ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အ.ထ.က(၃)၊(၄)၊(၅)၊ (၆)ကျောင်းများအတွက် တစ်ကျောင်းလျှင် အလှူငွေ ကျပ်(၅)သိန်းစီကို  ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွှန့်မှ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး အသီးသီးမှ လက်ခံရယူ၍လည်းကောင်း၊ ကျောင်း အကျိုးတော်ဆောင်နှင့် ကျောင်းသား မိဘများမှ သက်ဆိုင်ရာ အထက်တန်းကျောင်းနှင့် အလယ်တန်း ကျောင်းများသို့ အလှူငွေ၊ ကွန်ပျူတာ၊ ပရိဘောဂ၊ ရေသန့်စက်များတို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးအသီးသီးမှ လက်ခံရယူ ကြောင်း သိရသည်။

   ၎င်းနောက် အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာသီချင်းသီဆို၍ အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပြီး၊ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကင်းထောက်မောင်မယ်များ၊ အလှူရှင်နှင့် ကျောင်းသားမိဘများ၊ တက်ရောက်ကြကြောင်း သိရှိရသည်။

 

                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်

ဟိုပုံး   မေ   ၂၇

1062

   ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ(၂၇)ရက် နံနက်(၉)နာရီက ဒေသဦးစီးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

   အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်မှ အဖွင့် အမှာစကားပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းဦးစီးမှူးလက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ထွေးက(၂၀၁၄-၂၀၁၅)ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်အပေါ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခံမူ အခြေအနေနှင့်(၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်း ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြောင်း သိရှိရသည်။

   ဆက်လက်၍ (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ် ရာတွင် ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးများအား အသီးသီး တာဝန်ပေးအပ်ကြောင်း သိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ် မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စီမံခန့်ခွဲမူကော်မတီများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား(၅၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                                နန်းဦးခမ်း(ဟိုပုံး)

 

(၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

တောင်ကြီး   မေ   ၂၆

 1056

   ရှမ်းပြည်နယ် တောင်ကြီးခရိုင်၏ (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် များတာဝန်ပေးအပ်ပွဲကို မေ(၂၆)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကံထွန်းက အဖွင့် အမှာစကားပြောကြားကြောင်း သိရသည်။

   (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်မှာ စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို (၂၀၁၀-၂၀၁၁ ပုံမှန်စျေးနှုန်းအရ) ကျပ်သန်းပေါင်း (၁၀၉၆၈၂၀.၇)ရရှိရန် နှင့် တိုးတက်မှုနှုန်း (၅.၃%)ရရှိရန် ရည်မှန်းထားကြောင်း၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍတွင် ပုံမှန်စျေးနှုန်းအရ ကျပ်သန်းပေါင်း(၄၁၃၇၈၃.၇)ရရှိရန်နှင့် သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ လျှပ်စစ်ဓါတ်အားကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍတွင် ကျပ်သန်းပေါင်း(၂၅၉၁၅၁.၄)ရရှိရန်၊ ပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ငွေရေးကြေးရေး ကဏ္ဍ၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ၊ ငှါးရမ်းခနှင့် အခြားဝန်ဆောင်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ တွင် ကျပ်သန်းပေါင်း(၄၂၃၈၈၅.၆)ရရှိရန် ရည်မှန်းထားပါကြောင်း၊ သက်ဆိုင်သည့်ဌာနများအနေ ဖြင့် ကဏ္ဍစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တာဝန်ယူရသည့် လုပ်ငန်းကဏ္ဍ ၏ လိုအပ်သောစာရင်းဇယားများကို သက်ဆိုင်ရာစီမံကိန်းရုံးများသို့ လစဉ်အချိန်မီပေးပို့ရန်၊ ခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွေးမှ (၂၀၁၄-၂၀၁၅) ဘဏ္ဍာ နှစ်၊ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေနှင့် (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ပြောကြားသွား ကြောင်း သိရသည်။

   ဆက်လက်၍ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများအား (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံထွန်းမှ ပေးအပ်ရာ သက်ဆိုင်ရာ တောင်ကြီး ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် (ညောင်ရွှေ၊ ကလော၊ ရပ်စောက်၊ ဖယ်ခုံ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူကြကြောင်း သိရှိရသည်။

                                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းဆတ်၌ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

မိုင်းဆတ် မေ ၂၇

1060

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို မေ ၂၇ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပရာ ခရိုင် နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဆရာ/ဆရာမကြီးများ တက်ရောက်သည်။

   ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခင်မောင်တင့်က ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

  ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးအေးနိုင်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များကို လည်းကောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းချစ်သောင်း က မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များကို လည်းကောင်း ထောက် ပံ့ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးခင်မောင်တင့်က လက်ခံရယူသည်။

   ယခုအခါ နိုင်ငံတော်အစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများအရ အခြေခံပညာမူလတန်းမှ အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူများအား အခမဲ့ပညာသင်ကြားခွင့်နှင့် မူလတန်းအဆင့်ကို ကျောင်းဝတ်စုံ၊ကျောင်း သုံး ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်(၆)အုပ် ၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကို ကျောင်း သုံး ပုံနှိပ်စာအုပ်များ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

                                                                                                                                                                                                   ခရိုင်ပြန်/ဆက်

သတင်းဓာတ်ပုံ - (    ၆  )ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

မိုင်းဆတ်၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းအကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းဆတ် မေ ၂၅

1055

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ နှင့် ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းအကြို ညှိနှိုင်းအစည်းအဝေးကို မေ ၂၅ ရက် နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး၊ သီရိရတနာခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မိုင်းဆတ်နှင့်မိုင်းတုံမြို့နယ်မှစီမံခန့်ခွဲမှုကော်မတီနှင့်အထောက် အကူပြုကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

   ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးမှူး ဦးအောင်ကျော်ဦးက ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

   ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက ဒေသန္တရစီမံကိန်းတာဝန်ပေး အပ်ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများကိုယ်စား ခရိုင်မြေစာရင်းဦးစီးမှူး ဦးအေးထွန်း၊ မိုင်းဆတ်မြို့နယ် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် မိုင်းတုံမြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ  မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်တို့က လက်ခံရယူသည်။

   မိုင်းဆတ်ခရိုင်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၇၉ဝ ဒဿမ ၉ သန်းနှင့် ပြည်နယ် ရန်ပုံငွေ ၈၃၀၅ ဒဿမ ၉ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

   ဆက်လက်ပြီး နံနက် ၁ဝ နာရီတွင် အစည်းအဝေး ဒုတိယပိုင်းကျင်းပရာ ခရိုင်စီမံကိန်းဦးစီးမှူး ဦးအောင် ကျော်ဦးက မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးရေးအတွက် ဒေသန္တရစီမံကိန်းရေးဆွဲဆောင်ရွက်ထားရှိမှုနှင့် ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်း အောင်မြင်စွာရေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဘ၊ မိုင်းဆတ်မြို့ နယ် အထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းချစ်သောင်းနှင့် မိုင်းတုံမြို့နယ်စီမံကိန်းဦးစီးမှူး ဦးစိုင်းသိန်းအောင် တို့က အကြံပြုဆွေးနွေးတင်ပြသည်။

   ယင်းနောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းရေးဆွဲမှုနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

                                                                                                                                                                                       သန်းဇော်(IPRD)

သတင်းဓာတ်ပုံ - (၉)ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်ရုံး၊ မိုင်းဆတ်မြို့။

 

' ဝ ' အထူးဒေသ၌ မိုးပွင့်(အထူး)စီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

မိုင်းဆတ် မေ ၂၆

1061

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ' ဝ ' အထူးဒေသရှိ ဒေသခံပြည်သူများအား မိုးပွင့်(အထူး)စီမံ ချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို မေ ၂၆ ရက် နံနက် ၁ဝ နာရီက ပုံပါကျင်မြို့နယ်ခွဲ ' ဝ ' အထူးဒေသ (ဟွေအော)၌ ကျင်းပသည်။

   ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် ' ဝ ' အထူးဒေသ ဒုတိယစစ်ဒေ သကွပ်ကဲရေးမှူး ဦးကျလောဘိုတို့က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က မိုးပွင့်(အထူး)စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေး မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ ' ဝ ' အထူးဒေသ ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်က ကျေးဇူးတင်စကားပြန်  လည်ပြောကြားသည်။

   ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူတို့က' ဝ ' အထူးဒေသရှိ အသက် (၁၀)နှစ်ပြည့် နှင့် (၁၈)နှစ်ပြည့် ကျား(၁၀၄၃၃)ဦး၊ မ(၈၂၁၇)ဦး စုစုပေါင်း (၁၈၆၅၀)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

                                                                                                                                                            သန်းဇော်(iprd)

သတင်းဓာတ်ပုံ - (   ၁၉  )ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

မူဆယ်တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ‌ကျောင်းအပ်နှံ‌ရေး‌နေ့ ကျင့်ပ

မူဆယ် ‌မေ(၂၅) ရက်

1054

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်ခရိုင်၌ ပညာ‌ရေးဝန်ကြီးဌာန ၂၀၁၅-၂၀၁၆ ခုနှစ်ပညာသင်နှစ်   ‌ကျောင်းအပ်နှံ‌ရေး‌နေ့ ကို အမှတ်(၃) အ‌ခြေခံပညာအထက်တန်း‌ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 ‌  ရှေးဦးစွာ ခရိုင်အုပ်ချုပ်‌ရေးမှူးဦး‌ကျော်‌ကျော်ထွန်း က အဖွင့်အမှာစကား‌ပြောကြားပြီး ဖိတ်ကြားထား‌သော ဧည့်သည်‌တော်များ ခရိုင်အမျိုးသမီး‌ရေးရာအဖွဲ့တို့မှလည်း ‌ကျောင်း‌တော်ပတ်ဝန်းကျင် သာယာစို‌ပြေ‌ရေးအတွက် ‌ငွေကျပ်(၁)သိန်း၊ မူဆယ်မြို့မှ ကျောင်းအကျိုး‌တော်‌ဆောင်အဖွဲ့များမှ အထက(၁)၊ (၂)၊ (၃)‌ကျောင်းတို့အတွက်, ‌ကျောင်းသုံး တစ်‌ယောက်ထိုင် ထိုင်ခုံများဝယ်ယူရန်အတွက် တစ်‌ကျောင်းလျှင် ‌ငွေကျပ်(၁၅)သိန်းကို ခရို်င်ပညာ‌ရေးမှူး ဒုတိယညွှန်ကြား‌ရေးမှူး ဦးထွန်းကြည် အား ‌ပေးအပ်ခဲ့သည်။ နိုင်ငံ‌တော်အစိုးရအဖွဲ့မှ အ‌ခြေခံပညာမူလတန်း‌ကျောင်းများအတွက် အခမဲ့ ‌ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ‌ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ ‌ကျောင်းသား/သူများအား တိုက်ရိုက်‌ပေးခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                       ကိုမိုင်း(iprd)

မှ-

မိုင်းဝင်းနိုင်

၀၉-၃၂၁၄၈၅၆၇

 

More Articles...

  1. ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ကျောင်းအပ်နှံရေး သီတင်းပတ်နှင့် ကျောင်းသုံးပုံနှိပ်၊ ပရိဘောဂ၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ လှူဒါန်းပေးအပ်ပွဲ အခမ်းအနား လားရှိုးမြို့တွင် ကျင်းပ
  2. မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် မြန်ရွှေပြည်ကုမ္ပဏီတို့ ပူးပေါင်း၍ Road Race နှင့် Mountain Bike ပြိုင်ပွဲ ကျင်းပမည်
  3. တောင်ကြီးမြို့၌ သံဂဟေဆော်ရာမှမီးလောင်မှုတစ်ခုဖြစ်ပွား
  4. မိုင်းဆတ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးဘိန်းအစားထိုးသီးနှံ ထောက်ပံ့ပေးအပ်
  5. အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  6. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရီးစဉ် မှတ်တမ်းဓါတ်ပုံများ
  7. ဒုတိယအကြိမ်မြောက် ဘုန်းတော်ကြီးသင်ပညာရေး ညီလာခံကျင်းပ
  8. ပြည်သူများ လုပ်ငန်းခွင်မပျက်ဘဲ စာ‌ပေဖတ်ရှု့နိုင်ရန် ‌ရွေ့လျှားစာကြည့်တိုက် ပြုလုပ်‌ပေး
  9. အမှုထမ်းများ အခြေခံသမဝါယမသင်တန်း အမှတ်စဉ်(၁/၂၀၁၅) သင်တန်းဆင်းပွဲကျင်းပ
  10. နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများအားလွိုင်လင်၌ အခမဲ့ခွဲစိတ်ကုသ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 54 guests and no members online

Latest Updates