သတင်းများ

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   မေ   ၂၁

1050

   (၂၀၁၅)ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲအခမ်းအနားနှင့် မူးယစ်ဆေးဝါး မီးရှို့ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ(၂၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်း သတင်းရရှိသည်။

   ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီး ကာကွယ်ရေးဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး (ယင်းမာ) စီမံချက်အားရှင်းလင်း တင်ပြပြီး၊ ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တာဆီးကာကွယ်ရေး ဒုတိယဥက္ကဌ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး ဝင်းထွန်းမှ  (၂၈) ကြိမ်မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲအခမ်းအနားနှင့် မူးယစ်ဆေးဝါး မီးရှို့ပွဲ ကျင်းပရေး တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

   ဆက်လက်၍ အစည်းအဝေး တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများနှင့် (၂၈) ကြိမ် မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲအခမ်းအနားနှင့် မူးယစ်ဆေးဝါး မီးရှို့ပွဲကျင်းပရေး သက်ဆိုင်ရာ ဆပ်ကော်မတီအဖွဲ့ အသီးသီးများမှ ဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူကသက်ဆိုင်ရာ ဆပ်ကော်မတီအဖွဲ့ အသီးသီးများမှ ဆွေးနွေး တင်ပြချက်များအပေါ် (၂၈) ကြိမ်မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲအခမ်းအနားနှင့် မူးယစ်ဆေးဝါး မီးရှို့ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (ယင်းမာ) စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် နိဂုံးချုပ်အမှာစကား၌ ထည့်သွင်းဆွေးနွေး ပြောကြားသွားပြီး အခမ်းအနား ကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

(၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

တောင်ကြီး   မေ   ၁၈

1044

   ရှမ်းပြည်နယ်(၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို မေ(၁၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ယနေ့ပေးအပ်လိုက်သည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ခရိုင်များမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများသို့ ထပ်ဆင့်တာဝန်ပေးအပ်ကြရန်နှင့် မြို့နယ်များမှလည်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အထိ အဆင့်ဆင့်တာဝန်ပေးအပ်သွားကြရန် မှာကြားလိုပါကြောင်း၊ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့နှင့်သက်ဆိုင်ရာ ကဏ္ဍအလိုက် ရည်မှန်းချက်များ တစ်ခုချင်း အပေါ် လိုအပ်သော လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းအချိန်ဇယားများ၊ စီမံချက်များရေးဆွဲကာ စနစ်တကျကြိုးပမ်း ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများ တိုးတက်စေရန်အတွက် အလားအလာရှိသော ကုန်ပစ္စည်းအမယ်သစ်များ၊ လုပ်ငန်းသစ်များ၊ ဖော်ထုတ်နိုင်ရေးနှင့်ရှိပြီး ကုန်ထုတ်စွမ်းအားစု များ မြင့်မားလာစေရန်ကိုလည်း တိုးမြှင့်ထုတ်လုပ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အောင်မြင်ရေးအတွက်ဆောင်ရွက်ခြင်းသည် မိမိတို့၏ ပြည်နယ်အကျိုးစီးပွား သာမက နိုင်ငံတော်အကျိုးစီးပွားပါ ဆောင်ရွက်ခြင်းဖြစ်၍ အမျိုးသားရေး လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ခံယူကာ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီများမှ ပူးပေါင်းပါဝင်ပြီး ရည်မှန်း ချက်များ ပြည့်မီကျော်လွန်သည်အထိ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်စီမံကိန်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိန်လှိုင်က (၂၀၁၄-၂၀၁၅)ဘဏ္ဍာနှစ်၊ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေ၊ (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးအဖွဲ့နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများအား ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးတို့က (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 1045

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးအဖွဲ့နှင့် ခရိုင်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင် မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က မိမိတို့နှင့်သက်ဆိုင်  သည့် လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များကို မှာကြား၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများက လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်တင်ပြဆွေးနွေးကြ ပြီး၊ ပြည်နယ် ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

ဒုတိယအကြိမ်မြောက် ဘုန်းတော်ကြီးသင်ပညာရေး ညီလာခံကျင်းပ

တောင်ကြီး မေ - ၁၉

1048

   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် တစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ ဒုတိယအကြိမ်မြောက် ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ အခမ်းအနားကို မေ(၁၉)ရက် နံနက်(၈)နာရီက နောင်တောင်းပရဟိတ တပ်ဦးကျောင်း၌ ကျင်းပကြောင်းသိရသည်။

  အခမ်းအနားကို ဆရာတော်သံဃာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင်နှင့်အဖွဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ဧည့်ပရိသတ် တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး၊ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဌ၊ ဆရာတော် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေး (ဗဟို)အဖွဲ့ဥက္ကဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလမှ ဘုန်းတော်ကြီးသင်ပညာရေး ညီလာခံအဖွင့် သြဝါဒမြွတ်ကြား၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ဆရာတော်မှ  အဖွင့်သြဝါဒ မြွတ်ကြားကြသည်။

   ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တ သုမနာဘိဝံသ ဆရာတော်မှအဖွင့်သြဝါဒမြွတ်ကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဝမ်းမြောက်ကြောင်း လျှောက်ထားပြီး၊ အလှူငွေများပေးအပ်ရာ ဒုတိယအကြိမ်မြောက် ဘုန်းတော်ကြီးသင်ပညာရေး ညီလာခံအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း(၃၀)ကို  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဦးခွန်စံလွင်က လက်ခံရယူ၍ နောင်တောင်းပရဟိတတပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တရာဇိန္ဒသိရီမှ ဆရာတော်များအား ကြိုဆိုနှုတ်ခွန်းဆက် လျှောက်ထားပြီး၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီမှ ဝမ်းမြောက်ကြောင်း၊ လျှောက်ထားကြကြောင်းသိရသည်။ 

   ထို့နောက် မန္တလေးတိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ပညာရေး ကြီးကြပ်ရေးအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တနာယကမှ ပညာရေးအကြောင်း ဆွေးနွေး၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညီလာခံ မော်ကွန်း ကျောက်စာတိုင်နှင့် ပတ်သက်၍ ပါရမီစွမ်းအင် ဦးအောင်မျိုးရှိန်က ရှင်းလင်းပြောကြားပြီး၊ ဆရာတော်၊ သံဃာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်နှင့် တာဝန်ရှိတို့က ကျောက်စာတိုင်အား အမွေးနံသာရေများပက်ဖျန်းပေးကြပြီး၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။

   အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးညီလာခံအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်နှင့် အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဖိတ်ကြားထားသည့် သံဃာပေါင်း(၁၆၀၀)အနက်၊ သံဃာပေါင်း(၁၁၀၀) တက်ရောက်၍ သီလရှင်အပါး(၁၀၀)၊ ဘုန်းတော်ကြီးသင် ဆရာ၊ ဆရာမ(၄၅၀)ဦး၊ လူမှုရေးအသင်းအဖွဲ့ (၁၅)ဖွဲ့အင်အား(၅၀)ဦး၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                                                                                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် အခွန်အကောက်ဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲမှုနှင့် အခွန်ဆိုင်ရာ လုပ်ငန်းရပ်များရှင်းလင်း

တောင်ကြီး မေ - ၁၆

1043

   ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှမ်းပြည်နယ် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် အခွန်အကောက် ဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲမှုနှင့် အခွန်ဆိုင်ရာ လုပ်ငန်းရပ်များရှင်းလင်း ဆွေးနွေးပွဲကို မေ(၁၆)ရက် မွန်းလွှဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကား ပြောကြားရာ နိုင်ငံတော်မှခေတ်နဲ့လျော်ညီပြီး၊ လိုက်လျောညီထွေးသော အဆင့်အတန်းမြင့်မားသည့် ခေတ်မီသော အခွန်စနစ်သို့ ပြုပြင်ပြောင်းလဲနေပြီဖြစ်၍ သင့်တင့်မျှတသည့် အခွန်နှုန်းထားများ၊ သက်သာခွင့်နှင့် ကင်းလွတ်ခွင့်ရှိသော လုပ်ငန်းများ၊ အခွန်ဖြေလျော့မှုများ ပြုလုပ်နေပြီဖြစ်သလို လုပ်ငန်းရှင်များမှလည်း မိမိတို့လုပ်ငန်းများအပေါ် အမှန်အတိုင်း စာရင်းဇယားများတင်ပြပြီး၊ အခွန်စည်းကြပ်မှုခံယူကြရန်၊ နောင်တွင်အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ်တို့ ကူးပြောင်း ဆောင်ရွက်သွားမှာ ဖြစ်သည့်အတွက် လုပ်ငန်းရှင်ပြည်သူများမှ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေး ပွဲအပေါ် စိတ်ပါဝင်စားစွာဖြင့်  ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ ယနေ့အချိန်အခါသည် ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဝေဖန်ထောက်ပြမှု များကို ခံနိုင်ရမည့်အချိန်ဖြစ်၍ အခွန်ဝန်ထမ်းများအနေဖြင့် လည်း လုပ်ငန်းများလုပ်ဆောင်ရာမှာ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့် အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် ပြောကြားသွားသည်။

   ဆက်လက်၍ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး သူရဦးထင်ကျော်မိုးမှ ၂၀၁၅ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်းဆွေးနွေးပြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန တောင်ကြီးမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးမျိုးကျော်စွာလွင်မှ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေအရ အခွန်ထမ်းဆောင်ပြီးကြောင်း၊ ထုတ်ပေးသောပြေစာများတွင် အခွန်အမှတ်တံဆိပ် များ ကပ်နှိပ်၍ထုတ်ပေးခြင်းတို့ကို ရှင်းလင်းဆွေးနွေးကြသည်။

   ထို့နောက် တက်ရောက်လာသောအခွန်ထမ်းလုပ်ငန်းရှင်ပြည်သူများမှ သိရှိလိုသည့် အချက်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ပြီး၊ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက် သည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခွန်ထမ်းပြည်သူများနှင့် လုပ်ငန်းရှင်များ တက်ရောက် ကြကြောင်းသိရှိရသည်။

                                                                                                                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

ပြည်သူများ လုပ်ငန်းခွင်မပျက်ဘဲ စာ‌ပေဖတ်ရှု့နိုင်ရန် ‌ရွေ့လျှားစာကြည့်တိုက် ပြုလုပ်‌ပေး

မူဆယ် ‌မေ(၁၉) ရက်

 1049

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ပြန်/ဆက်ခရိုင်ရုံးမှ   စာကြည့်တိုက်သို့ စာအုပ်စာ‌ပေလာ‌ရောက်မဖတ်ရှု့နိုင်သည့် ပြည်သူများအ‌နေဖြင့် လုပ်ငန်းခွင်မပျက်ဘဲ စာ‌ပေဖတ်ရှု့ လေ့လာနိုင်ရန် မြို့‌ပေါ်ရှိ လူစည်ကားရာ‌နေရာများတွင် နံရံကပ်စာ‌ပေ‌ရေချမ်းစင်များ ဖြန့်‌ဝေထားရှိ‌ပေးလျှက်ရှိပြီး ရုံးချုပ်မှ ‌ပေးပို့လာ‌သော စာစဉ်အသစ်များကို ပုံမှန်ဖြည့်တင်း‌ပေးလျက်ရှိပါသည်။ ထို့ပြင် (PDLS Public Digital Library Service)ကိုလည်း‌ကောင်း၊ စာကြည့်တိုက်တွင်လည်း အများပြည်သူ စိတ်အပန်း‌ဖြေ‌စေရန်၊ မိမိချစ်ခင်သူများနှင့် ဆက်သွယ်နိုင်ရန်နှင့် နိုင်ငံတကာသတင်းနှင့် မြန်မာ့သတင်းများတို့ကို ဖတ်ရှု့‌လေ့လာနိုင်ရန်အတွက် (Adsl Wifi Free) ကိုလည်း  တပ်ဆင်ထားပါသည်။ 

   မူဆယ်ခရိုင်ရုံးအ‌နေဖြင့် တနင်္လာနေ့နှင့် ‌သောကြာ‌နေ့တို့တွင် ပြည်သူများကို လုပ်ငန်းခွင်တွင် အလုပ်မပျက်ဘဲ စာအုပ်စာ‌ပေများ‌လေ့လာနိုင်‌စေရန် ရည်ရွယ်ပြီး ရုံး(သို့) အိမ်တိုင်ရာအ‌ရောက် Mobile library အဖြင့် ပြည်သူများကို အခမဲ့လိုက်လံ ဌားရမ်း‌ပေးလျက်ရှိ‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                                       ကိုမိုင်း(iprd)

မှ---

မိုင်းဝင်းနိုင်

၀၉-၃၂၁၄၈၅၆၇

 

အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုဂုဏ်ပြုပွဲ ညောင်ရွှေမြို့နယ်တွင် ကျင်းပ

ညောင်ရွှေ မေ ၁၅

1042

   ၂၀၁၅ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲအခမ်းအနားကို မေ ၁၅ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အမှာစကားပြောကြားပြီး စာတတ် မြောက်ရေးလှုပ်ရှားမှုလုပ်ငန်းတွင် လုပ်အားပေးခဲ့ကြသော တောင်ကြီးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ များကိုယ်စား ကိုယ်စားလှယ်တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးအုန်းကျော်သန်းက စာတတ်မြောက်ရေလှုပ်ရှားမှုလုပ်ငန်းတွင် ဦးဆောင်ပါဝင်ခဲ့သော ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှအား မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ပြီး စာသင်သား ကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။

   မိသားစု အခြေအနေအမျိုးမျိုးကြောင့် ငယ်စဉ်က စာသင်ကြားခွင့်မရခဲ့ပါဘူး၊ အခုလို အခြေခံသင်ကြား ခွင့်ရတော့ စာရေးတတ်၊ ဖတ်တတ်လာပါပြီ၊ သင်ကြားပေးသူတွေအားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်၊ အားလပ်ချိန်တွေမှာဆို စာကြည့်တိုက်တွေသွားပြီး စာတွေဖတ်လို့ရပါပြီ ဟု တောင်ပို့ကြီးကျေးရွာအုပ်စု ပေါင်းပိုင်းရွာမှ အသက်(၆၅)နှစ်အရွယ်ရှိ ဒေါ်အိမ်က ဝမ်းမြောက်စကားဆိုသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လျှပ်စစ်နှင့်စက် မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ လုပ်အားပေးကျောင်းသားကျောင်းသူများ၊ စာသင်သားများတက်ရောက်ခဲ့ပြီး ညောင်ရွှေမြို့ နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စာသင်သား ၁၄၈၁ ဦးအား စာသင်ဝိုင်း ၁၆၉ ဝိုင်းဖြင့် သင် ကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                                                                                                                                                                                          ( နေမျိုးသူရိန် )

 

အမှုထမ်းများ အခြေခံသမဝါယမသင်တန်း အမှတ်စဉ်(၁/၂၀၁၅) သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး မေ ၁၇

1047

   အမှုထမ်းများ အခြေခံသမဝါယမသင်တန်း အမှတ်စဉ်(၁/၂၀၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၅ခုနှစ်၊ မေလ (၁၇)ရက်နေ့၊ နေ့လည်(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း(တောင်ကြီး)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းဆင်း အောင်လက်မှတ်များကို ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုအေးမှ ပေးအပ် ချီးမြှင့်ခဲ့ပြီး သင်တန်းသား(၁)ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားကို (၁၅:၄၅)ချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

   အဆိုပါသင်တန်းဆင်းပွဲသို့ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်မှ ဥက္ကဌနှင့် အမှုဆောင်များ၊ ပြည်နယ်သမဝါယမသင်တန်းကျောင်းမှ ကျောင်းအုပ်နှင့် ဆရာ/ဆရာမများ၊ တောင်ကြီးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။

   အဆိုပါသင်တန်းကို (၄.၅.၂၀၁၅)ရက်နေ့မှ (၁၇.၅.၂၀၁၅) နေ့အထိ နှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ရာ သမဝါယမဦးစီးဌာနမှ သင်တန်းသား (၄၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် စဉ်းစားတွေးခေါ်ပြောင်းလဲခြင်း၊ သမဝါယမ၊ ရုံးလုပ်ငန်းများ ဆောင်ရွက်မှု၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ အခြေခံစာရင်းရေးနှင့် စာရင်းကိုင် ပညာဘာသာရပ်များနှင့် အသေးစားအရင်းအနှီးချေးငွေ(Micro Capital Loan)ဖြင့် သမဝါယမအသင်းများ အဆင့်မြှင့် တင်ခြင်းနှင့် လယ်ယာသုံး/လုပ်ငန်းသုံး စက်ကိရိယာ များအား ကာလရှည်အရစ်ကျငွေချေ စနစ်(Hire Purchase)ဖြင့် ဆောင်ရွက်လုပ်ကိုင်မှု များကို သင်ကြားပို့ချ ခဲ့ကြောင်း သိရှိရပါသည်။

 

ဒုတိယဦးစီးမှူးဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး မေ - ၁၅

 1041

   ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ဒုတိယဦးစီးမှူး ဝန်ထမ်းများအရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို မေ(၁၅)ရက် နံနက်(၈)နာရီက  တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   စည်ပင်သာယာရေးလုပ်ငန်းများသည် အများနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်၍ သက်ဆိုင်ရာ ကော်မတီများနှင့် ဆွေးနွေးရာမှာဖြစ်ဖြစ် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၊ နယ်မြေခံပြည်သူလူထုတို့နှင့် ညှိနှိုင်းဆွေးနွေးဆောင်ရာတွင် စည်ပင်သာယာရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များဖြစ်စေ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ မူဝါဒကိစ္စရပ်များဖြစ်စေ ကျွမ်းကျင်ပိုင်နိုင်အောင်လေ့လာပြီး ဆက်ဆံရေးပြေပြစ်စွာနှင့် ဆွေးနွေး ညှိနှိုင်းတတ်ရန် တင်ပြတတ်မှသာ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ သင်တန်းကာလတွင်ပို့ချချက်များကို သေချာစွာလေ့လာပြီး၊ အမြဲတမ်းကြိုးစားလေ့ကျင့်ဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း၊ သင်တန်းကပို့ချက် လိုက်သည့် ပို့ချချက်၊ သင်ခန်းစာများအပြင် နောင်တစ်ခေတ်စည်ပင်သာယာရေးဌာန၏ အားကိုးထိုက်သည့် အရာထမ်း ဝန်ထမ်းကောင်းများအဖြစ် ရောက်ရှိစေရန် လိုအပ်သည်များကို ဆထက်ထမ်းပိုး ကြိုးစားလေ့ကျင့်ဆောင်ရွက်ရန် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြောကြားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမောင်မောင်မြင့်က သင်တန်းသား၊ သင်တန်းသူများကို လမ်းညွှန်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေး ဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူ ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြာရေးမှူး၊ ပြည်နယ်၊ မြိုနယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ မိုင်းတုံဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေး
  2. (၂၀၁၅)ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ တောင်ကြီးမြို့၌ ကျင်းပ
  3. အလုပ်ဌာန/ လုပ်ငန်းအရောက် ကွင်းဆင်း၍ ရွေ့လျားဆေးကုသယာဉ်ဖြင့် ဆေးကုသ
  4. လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့်(E)ရှိသော အိမ်ထောင်စုများသို့ DVB-T-2 Set Top Box နှင့် စာအုပ်စာစောင်များ အခမဲ့ ပေးအပ်လှူဒါန်း
  5. (၆၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ
  6. ရှမ်းပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်သည့် ဘက်စုံပညာထူးချွန်လူငယ်မောင်မယ်များအားဂုဏ်ပြုညစာစားပွဲ နှင့် စခန်းသိမ်းပွဲ ကျင်းပ
  7. မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးစီမံကိန်း ပြည်နယ်/ တိုင်းဒေသကြီးအဆင့် အလုပ်ရုံဆွေးနွေး
  8. ဆွမ်မီတောရကျောင်းတိုက်စေတီတော်ဘုရားဆင်းတုတော် သိမ်ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲကျင်းပ
  9. (၂၀၁၅)ခုနှစ် အင်းလေးခေါင်တိုင် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း ဖွင့်ပွဲကျင်းပ
  10. ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် "လွိုင်ခမ်း အိမ်ရာစီမံကိန်း" တည်ဆောက်ရေး သဘောတူစာချုပ် (M.O.A) လက်မှတ်ရေးထိုး

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 60 guests and no members online

Latest Updates