သတင်းများ

မိုင်းဆတ်၌ မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်း(၂/၂၀၁၅)ဆင်းပွဲ ကျင်းပ

မိုင်းဆတ် ဇွန် ၈

1105

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမဆောင်၌ ဇွန် ၈ ရက် နံနက် ၈ နာရီခွဲက  မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်း(၂/၂၀၁၅)ဆင်းပွဲ အခမ်းအနား ကျင်းပရာ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက် သည်။

   အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် မိုင်းဆတ်မြို့နယ်ဒုတိယ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်ထွန်းတို့က သင်တန်းဆင်းအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရာ ပထမဆုရရှိသူ မိုင်းတုံမြို့နယ်မှ ဆရာမ ဒေါ်ချိုဇင်ဝင်း၊ ဒုတိယဆုရရှိသူ မိုင်းတုံမြို့နယ်မှ ဆရာမ ဒေါ်ခိုင်စိုးလင်း နှင့် တတိယဆုရရှိသူ မိုင်းဆတ်မြို့နယ်မှ ဆရာ ဦးဘွဲ့လွန်ဆန်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်သည်။ 

   ထို့နောက်  သင်တန်းဆင်းလက်မှတ်များကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်ဇော်ထွန်း က ပေးအပ်ချီးမြှင့် ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုဝင်း တို့က (၁၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း ပြိုင်ပွဲ ဆုရ ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ရာ သင်တန်း သား/သူများကိုယ်စား ဆရာဦးကျော်သက်ခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။  

ယင်းနောက် သင်တန်းသား/ သူများက   အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

 

                                                                                                                                                                                       သန်းဇော်(iprd)

သတင်းဓာတ်ပုံ - (   ၁၄   )ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

မိုင်းဆတ်၌ သိမ်းဆည်းမြေများပြန်လည်စွန့်လွှတ်ပေးအပ်

မိုင်းဆတ် ဇွန် ၈

1104

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ရှိ တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးအပ် သည့် သိမ်းဆည်းလယ်ယာမြေများအား မူလပိုင်ရှင်များထံသို့ စတုတ္ထအကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကို ဇွန် ၈ ရက် နေ့လည် (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်သည်။

   အခမ်းအနားတွင် ခရိုင်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးနိုးဝေက တပ်သိမ်းလယ်ယာမြေများ ပြန်လည်စွန့်လွှတ်ပေးအပ်သည့် မြေယာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်မြေယာအသုံးချမှု စီမံခန့် ခွဲရေးကော်မတီဥက္ကဌ ဦးအေးနိုင်က မြေယာအငြင်းပွားမှုဆိ်ုင်ရာကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ 

   ထို့နောက် ခရိုင်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးနိုးဝေနှင့် မြို့နယ်မြေအသုံးချမှု  စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးအေးနိုင် တို့က မယ်ဆွမ်တောင်၊ မယ်ဆွမ်မြောက်၊ ကောင်းမှုတန်နှင့် မယ်နင်ကျေးရွာ အုပ်စု အတွင်းရှိ တောင်သူ(၁၀၁)ဦးသို့ တပ်မတော်မှ ပြန်လည်စွန့်လွှတ်သည့် သိမ်းဆည်း လယ်ယာမြေ ၉၆ ဒဿမ ၂၈ ဧကကို ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

                                                                                                                                                                                                 သန်းဇော်(iprd)

သတင်းဓာတ်ပုံ - ( ၈ ) ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

မြို့နယ်အခြေပြုမူလတန်းဆရာအတတ်ပညာ၊ သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး ဇွန် - ၈

 1101

   ရှမ်းပြည်နယ်တော်ကြီးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဇွန်(၈)ရက် နံနက်(၉)နာရီက မြို့နယ်အခြေပြုမူလတန်းဆရာအတတ်ပညာ၊ သင်တန်းဆင်းပွဲကျင်းပရာ ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ တောင်ကြီးပညာရေးကောလိပ် ကျောင်းအုပ်ကြီး၊ ဒေါ်နန်းဖြူဖောင်းမှ အမှာစကားပြောကြား ကြောင်းသိရသည်။ 

   ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ တောင်ကြီးခရိုင်ပညာရေးမှူး၊ ဦးအုန်းကျော်မှ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ဆရာမတစ်ဦးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ စာပေထူးချွန်ဆု၊ သင်ထောက်ကူပြိုင်ပွဲဆု ကာယနှင့် စစ်ရေးပြပြိုင်ပွဲ ဆုရရှိသူများတို့ကို ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများက ပေးအပ်ကြပြီး၊ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်ကြောင်းသိရသည်။

   အဆိုပါ မြို့နယ်အခြေပြုမူလတန်းဆရာအတတ်ပညာ၊ သင်တန်းတွင် ပညာရေး၊ စိတ်ပညာ သဘာတရား၊ ဘာသာစုံ ဘာသာရပ်များ၊ သင်ပြနည်းနှင့် ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများ ကာယ၊ အိမ်တွင်းမှု စိုက်ပျိုးရေး၊ ပန်ချီးစသော ပညာရပ်များသင်ကြားပို့ချ၍ သင်တန်းကို ကျား(၅၁)ဦး၊ မ(၇၃၇)ဦး၊ နည်းပြ(၂၇)ဦး၊ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၇၈၈)တက်ရောက်၍ သင်တန်းကာလ ကို ၂၀၁၅ မေ(၄)ရက်မှ ဇွန်(၈)ရက်အထိ ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရှိရသည်။

                                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတတ်‌ရေးကွင်းဆင်း‌ဆောင်ရွက်

မူဆယ် ဇွန်လ(၅)ရက်

 1103

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ‌မော်‌တောင်း‌ကျေးရွာတွင် ‌သောက်သုံး‌ရေရှိ‌ရေးနှင့်ရွာချင်းဆက် ကျောက်‌ချောလမ်းခင်းနိုင်ရရှိ‌ရေးအတွက် (၆-၆-၂၀၁၅)ရက်၊ နံနက်(၉)နာရီ အချိန်တွင်တာဝန်ရှိသူများနှင့်‌ကျေးရွာ ပြည်သူများ‌တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

   အဆိုပါ‌တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်လွတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်း‌ငွေ‌ငွေ၊ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်‌ကျော်ထွန်း၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကိုကို‌ဇော်၊ ‌ကျေးလက်ဦးစီးဌာနမှ ဒုတိယညွန်ကြား‌ရေးမှူး ဦးစိုင်း‌လောင်ခမ်း နှင့် ရုံးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်‌ရေးမှူးများ၊ ရပ်မိရပ်ဖများ နှင့် အ‌ထောက်အကူပြု‌ကော်မတီအဖွဲ့ဝင်များအားလုံး သည် “‌မော်‌တောင်း‌ကျေးရွာ”တွင် ဂါလံ(၂၀၀၀) ဆံ့ ‌ရေကန်‌ဆောက်လုပ်မည့်‌နေရာကို ကြည့်ရှုစစ်‌ဆေးသည့်အပြင် “‌မော်‌တောင်း‌ကျေးရွာ နှင့် ခိုတိန်ရွာ မှဆက်သွယ်‌သောလမ်းကို ‌ကျောက်‌ချောလမ်း (၁)မိုင်ခွဲ လမ်းခင်းနိုင်ရန်အ တွက်မြို့နယ်ဖွံ့ဖြိုးတိုးတတ်‌ရေးရံပုံ‌ငွေဖြင့်ခွင့်ပြု‌ပေးသွားမည်ဖြစ်ပါသည်။ ဆက်လက်၍‌ဒေသခံ‌ကျေးရွာများဖြစ်‌သော ဦးအိုက်ထွန်းက‌ဒေသခံများ၏ အဓိက လိုအပ်‌သော ‌ရေကန် နှင့် ‌ကျောက်‌ချောလမ်းအတွက်နိုင်ငံ‌တော်နှင့်တာဝန်ရှိသူ အဆင့်ဆင့်အားအထူး‌ကျေးဇူးတင်ရှိ‌ကြောင်း” သိရှိရပါသည်။

                                                                                                                                                        အယ်လ်စိုး(iprd)

မှ-

အယ်လ်စိုးထန်တူး

0936146337

 

MSI၏ နိုင်ငံတကာပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်းနှင့် ပညာရေးဆွေးနွေး

တောင်ကြီး ဇွန် - ၇

1100

   Myanmar Search International(MSI) Education Consultancy ပညာရေးဝန်ဆောင်မှုမှ ကြီးမှူးကျင်းပသော နိုင်ငံတကာပညာသင်ဆု လျှောက်လွှာခေါ်ယူခြင်းနှင့် ပညာရေးဆွေးနွေးပွဲကို ဇွန်(၇)ရက် မွန်းလွှဲ(၁၀)နာရီခွဲက ရှမ်းပြည်နယ် တောင်ကြီးမြို့ Royal Star Hotel ခန်းမ၌ ကျင်းပရာ နိုင်ငံခြားပညာရေးနှင့် ပညာသင်ဆုကို စိတ်ဝင်စားသူ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ(၂၀၀)ဦးကျော် တက်ရောက်ကြကြောင်းသိရသည်။

   ပညာရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကြီးမှူးကျင်းပပြီးစီးခဲ့၍၊ ကမ္ဘာ့ထိပ်တန်းဝင် ကျောင်းများဖြစ်သော စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှ KDU(Penang)College, Kaplan Higher Education Academy, Webster University Thailand Campus (U.S.A), Taylor's University နှင့် Westminster International College(WIC)တို့ပူးပေါင်းပါဝင်ခဲ့ကြပြီး၊ ၎င်းကျောင်းအသီးသီးမှ ပေးအပ်မည် ပညာသင်ဆုငွေများ အကြောင်း၊ ပညာသင်ဆုလျှောက်ထားရာတွင် ကျောင်းသားနှင့် မိဘများမှ ကြိုတင်ပြင်ဆင်ထားမည့် အချက်အလက်များ၊ စာရွက်စာတမ်းများအကြောင်း၊ ကျောင်းဝင်ခွင့် သတ်မှတ်ချက်များ၊ ကျောင်းများတွင် သင်ယူနိုင်သော ဘာသာရပ်များ၊ ကျောင်းဖွင့်ချိန်ကာလများ၊ ကျောင်းလခများနှင့် ကျောင်းတက်နေစဉ် ကုန်ကျမည့်နေထိုင်စားသောက်စရိတ်များအပြင် ကျောင်းပတ်ဝန်းကျင်းနှင့် ပတ်သက်သော ကြောင်းအရာ များကို အကျောင်းသားများနှင့် မိဘများအား တစ်ဦးချင်းအသေးစိတ် တွေ့ဆုံရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

   ပညာသင်ဆု လျှောက်လွှာခေါ်ယူခြင်းနှင့် ပညာရေးဆွေးနွေးပွဲကို အောင်မြင်စွာ ပြီးစီးခဲ့၍ သက်သာသော ကျောင်းလခများဖြင့် နိုင်ငံတကာမှ ဘွဲ့ဒီဂရီများကို ရရှိမည့်အပြင် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆု အနည်းဆုံး(၃၀)ရာခိုင်နှုန်းမှ အများဆုံး(၈၀)ရာခိုင်နှုန်းကို (၂၀၁၅)ခုနှစ်အတွက် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး၊ ကျောင်းဖွင့်ချိန် ကာလများအတွက် ပညာသင်ဆု လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများကို (MSI)မှ အခမဲ့ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း၊ Myanmar Search International(MSI)မှ Managing Director Daw Su Su Hlaing မှ ပြောကြားသည်။ 

                                                                                                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး‌နေ့သစ်ပင်စိုက်မျိုးပွဲ‌တော် ကျင်းပ

မူဆယ် ဇွန်လ(၅)ရက်

1102

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့  ဇွန်လ(၅)ရက်‌နေ့တွင် ကျ‌ရောက်လာမည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး‌နေ့ကို ဂုဏ်ပြုဆိုကြိုဆို‌သောအားဖြင့် ‌ရွှေသမင်‌ဂေါက်ကလပ် သစ်‌တောဝန်း၌  ဌာနဆိုင်‌ပေါင်းစုံနှင့် ‌ကျောင်းသူ/‌ကျောင်းသာများ သစ်ပင်စိုက်ပျိုးပွဲ‌တော်ကို (၅) ရက်‌နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။

   အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ရှမ်းပြည်နယ်လွတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်း‌ငွေ‌ငွေ၊ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်‌ကျော်ထွန်း၊ ခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီးမင်းမင်းဦး၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကိုကို‌ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးသန်း၊ သစ်‌တောဦးစီးဌာနမှ လက်‌ထောက်ညွန်ကြား‌ရေးမှူး ဦးသန့်‌ဇော်ဦး၊ သစ်‌တောဦးစီးအရာရှိ ဦးဟန်မင်း‌အောင် နှင့် ရုံးအဖွဲ့များ၊ ခရိုင်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဌ ‌ဒေါ်ထားထားဝင်းနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်က‌လေးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ယဉ်‌ကျေးမှုအဖွဲ့များ၊ ဆရာ/မ များနှင့် ‌ကျောင်းသား/သူများ၊ ရပ်မိရပ်ဖများ အင်အား(၃၀၀)‌ကျော်တို့မှ တက်‌ရောက်ခဲ့သည်။ 

   “လူသားသန်း ၇၀၀ဝ ရဲ့ ‌မျှော်မှန်းချက်‌တွေပြည့်ဖို့ တို့ကမ္ဘာကြီးကို ထိန်းသိမ်း‌စောင့်‌ရှောက်စို့” ဟူ‌သော ‌ဆောင်ပုဒ်ဖြင့် ကမ္ဘာကြီးပူ‌နွေးလာမှု အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ ထို့‌ကြောင်း ဒီ‌ရေ‌တောများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ‌နေရာအနှံ့ ပတ်ဝန်းကျင်သာယာဆို‌ပြေ‌ရေးအတွက် သစ်ပင်များ စိုက်ပျိုးကြသည်။ ယင်းသစ်ပင်စိုက်ပျိုးပွဲ‌တော်သို့ စိုက်ပျိုုးထား‌သောသစ်ပင်များမှာ မ‌ဟော်ဂနီအပင်(၅၀)၊ ပိ‌တောက်(၅၀)၊ ချယ်ရီ(၃၀၀)၊ ပင်လယ်ကဖီး(၂၀၀)၊ ထင်ရှူး(၂၀၀)၊ စိမ်းဝါ‌မြေ(၂၀၀) စုစု‌ပေါင်းအပင်အမျိုး‌ပေါင်း(၁၀၀၀)ကို စိုက်ပျိုးခဲ့ကြ‌ကြောင်း သိရှိရပါသည်။

 

 

                                                                                                                                                                                           အယ်လ်စိုး(iprd)

မှ-

အယ်လ်စိုးထန်တူး

09-403763372

 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တောင်ကြီးမြို့၌ ကျင်းပ

တောင်ကြီး ဇွန် - ၅

 1085

   ၂၀၁၅ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကို ဇွန်(၅)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့ကတက်ရောက်ကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကမ္ဘာပေါ်ရှိလူသားများအပါအဝင် သက်ရှိ အားလုံးသည် မိမိတို့သဘာဝရှင်သန်ရပ်တည်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် ကပေးအပ်သော သယံဇာအရင်းအမြစ်များနှင့် ဂေဟစနစ် ဝန်ဆောင်မှုများအပေါ်မှီခိုအားထာနေရကြောင်း၊ စားဝတ်နေရေး လိုအပ်ချက်အတွက်သာ သဘာဝသယံဇာတများကို ထုတ်ယူ အသုံးပြုခဲ့သော်လည်း ယခုအခါလူဦးရေးတိုးပွားလာမှုနှင့်အတူ လူနေမှုအဆင့်အတန်းမြင့်မားလာရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမှုများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် သဘာဝသယံဇာတ အရင်းအမြစ်အလွန်အကျွံ ထုတ်ယူသုံးစွဲလာရသည့်အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် သယံဇာတများ လျော့နည်းဆုံးရှုံးခြင်း သစ်တော်များပြုန်းတီးခြင်း၊ ဂေဟစနစ်များပျက်စီးခြင်း၊ ဇီဝမျိုးစုံ၊ မျိုးကွဲများမျိုးတုံးပျောက်ကွယ်ခြင်း၊ ရေထု၊ လေထု၊ မြေထုညစ်ညမ်းလာခြင်း၊ အစားအစာနှင့် သောက်သုံးရေချိုများရှားပါးခြင်း၊ အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျှင်လှုပ်ခြင်းနှင့် မုန်းတိုင်းများဖြစ်ပေါ်ခြင်းစသည့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုပြဿနာများကို ယခုအခါတွင် ကမ္ဘာတစ်လွှားရင်ဆိုင်ကြုံတွေ့နေရပြီးဖြစ်ကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်စိန်မမက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ ကျင်းပရခြင်းရည်ရွယ်ချက်၊ ဆောင်ပုဒ်နှင့် Logo ဖွင့်ဆိုချက်များအား ရှင်းလင်းပြောကြားပြီး၊ ဆုရရှိသူများအား ဆုချီးမြှင့်ရာ အခြေခံပညာ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အခြေခံ ပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အထူးဆုရရှိသူများအား ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်သည့် အိမ်တွင်းလက်မှုပစ္စည်းများ တီထွင်ဖန်တီပြုလုပ်ခြင်းအတွက် ဂုဏ်ပြုဆုများကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ စာရေးဆရာ ဇာဏီဟိန်း(သီပေါ)က ကိုယ်ကျင့်တရားနှင့် ပတ်ဝန်းကျင်ဆောင်းပါး ပေါင်းချုပ်စာအုပ်များကို ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ လှူဒါန်းပေးအပ်ခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါ်စိန်မမက ဦးမြသန်း၊ စာရေးဆရာဇာဏီဟိန်း(သီပေါ)အား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးပါသောချယ်ရီချစ်သူအဖွဲ့နှင့် တို့ချစ်တဲ့ကမ္ဘာအဖွဲ့တို့အား ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသ၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများတာဝန်ရှိသူတို့သည် ခန်းမအတွင်း ခင်းကျင်းပသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရသည်။

1086

   ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ တောင်ကြီးဇုန်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှု ဖြင့်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ အမှတ်စဉ်(၁၅/၂၀၁၅)သင်တန်းဆင်းပွဲတို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေက သင်တန်းဆင်း အမှာစကားပြောကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်း(၄)မျိုးတွင် ထူးချွန်းဆုရရှိသူများအား ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ရွှေက နည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းကျောင်းသားခေါင်းဆောင်တစ်ဦးအား သင်တန်းသူ၊ သင်တန်းသားများ၏ သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်၍ သင်တန်း ဆင်းပွဲခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း၊ သိရှိရသည်။

                                                                                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် လူမှုစောင့်ရှောက်ရေး၊ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်း အမှတ်စဉ်(၈/၂၀၁၅)ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇွန် - ၇

1087

   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ထပ်မံပေးပို့သော အသက်(၁၀၀)နှစ်နှင့် အထက်သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေများ ပေအပ်းခြင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် လူမှုစောင့်ရှောက်ရေး၊ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်း အမှတ်စဉ်(၈/၂၀၁၅)ဖွင့်ပွဲကို  ဇွန်(၇)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်အနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အမှာစကြားပြောကြားသည်။

1088

   ဆက်လက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အကြောင်းရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အထက် သက်ကြီးဝါကြီး၊ အဘိုး၊ အဘွား (၃)ဦးအား ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေပေးအပ်ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်မှ တာချီလိတ်မြို့နယ် မှ အဘိုးဦးအိုက်ခမ်း(၁၁၈)နှစ်၊ တာချီလိတ်မြို့နယ်မှ အဘွားဒေါ်အီဆု(၁၁၆)နှစ်၊ မိုင်းပျဉ်းမြို့နယ်မှ အဘွား ဒေါ်အီနွယ်(၁၀၂)နှစ်တို့ကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေပေးအပ်ရာ ၎င်းတို့၏ ကိုယ်စားရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက လက်ခံရယူပေးသည်။

   ထိုနောက် ထောက်ပံ့ငွေများပေးအပ်ရာ တောင်ကြီးမြို့နယ် ဓမ္မဝိဒူလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့ ထောက်ပံ့ ငွေကျပ်(၁၀၇၄၀၀၀ဝိ/-)နှင့် ငြိမ်းချမ်းရေးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့ ထောက်ပံ့ငွေကျပ် (၇၈၁၁၀၀ဝိ/-)၊ တောင်ကြီးမြို့နယ်၊ အေးသာယာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့ ထောက်ပံ့ငွေကျပ် (၇၂၂၇၀၀ဝိ/-)နှင့် ဒေါ်ကြီးဒေါ်ငယ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့ ထောက်ပံ့ငွေကျပ်(၅၉၃၂၀၀ဝိ/-)၊ တောင်ကြီးမြို့နယ် သူငယ်တော်ယေဇူး မသန်စွမ်း စောင့်ရှောက်ရေးဂေဟာသို့ ထောက်ပံ့ငွေကျပ်(၅၇၃၀၀၀ဝိ/-)နှင့် အမျိုးသမီးရေးရာ ပရဟိတဂေဟာသို့ ထောက်ပံ့ငွေကျပ် (၃၅၀၈၀၀ဝိ/-)၊ တောင်ကြီးမြို့နယ် ဟမ်းဆီးလူငယ်ဖွံ့ဖြိုးရေးဂေဟာသို့ ထောက်ပံ့ငွေကျပ်(၃၄၈၀၀၀ဝိ/-)နှင့် ရှမ်းရိုးမဘိုးဘွား ရိပ်သာသို့ ထောက်ပံ့ငွေကျပ် (၆၉၀၀၀ဝိ/-)၊ ဖယ်ခုံမြို့နယ် လအိလူငယ်ဖွံ့ဖြိုးရေး လူငယ်ပရဟိတဂေဟာသို့ ထောက်ပံ့ငွေကျပ် (၈၈၇၀၀၀ဝိ/-)နှင့် လပင်နွဲ့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေကျပ်(၈၆၈၇၀၀ဝိ/-)၊ ဖယ်ခုံမြို့နယ် စလင်းလူငယ် ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၈၁၄၀၀၀ဝိ/)နှင့် ဆိုင်ခွန်တောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၄၈၁၈၀၀ဝိ/-)၊ ဖယ်ခုံမြို့နယ် နတ်တောကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၄၅၉၄၀၀ဝိ/-)နှင့် ဘီကင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၄၀၉၇၀၀ဝိ/-)၊ ဖယ်ခုံမြိုနယ် လကျီနွဲ့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၃၅၇၂၀၀ဝိ/-)နှင့် ဇီးဖြူတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၃၅၀၀၀ဝိ/-)၊ ညောင်ရွှေမြို့နယ် မိုင်းသောက် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၆၇၈၄၀၀ဝိ/-)နှင့် ဇေယျသုခ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၂၅၂၀၀၀ဝိ/-)၊ ပင်လောင်မြို့နယ် နန်းဟူး လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ထောက်ပံ့ငွေ(၄၆၅၀၀၀ဝိ/-)နှင့် ထီးနားကောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ထောက်ပံ့ငွေ(၂၄၆၅၀၀ဝိ/-)၊ ကလောမြို့နယ် ပစ္ဆိမာရုံ(အောင်ပန်း) လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ထောက်ပံ့ငွေ(၇၄၄၁၀၀ဝိ/-)နှင့် ရပ်စောက်မြို့နယ် သုခကာရီ ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ(၄၂၀၀၀ဝိ/-)၊ တောင်ကြီးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၅၀)ကျောင်းသို့ ထောက်ပံ့ငွေ(၃၀၀၀၀၀၀ဝိ/-)၊ လင်းခေးမြို့နယ် မတ်ကျိုင်းမွန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၃၅၂၁၀၀ဝိ/-)နှင့် လင်းခေးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း(၅)ကျောင်းသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀ဝိ/-)၊ လွယ်လင်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း(၁၃)ကျောင်းသို့ ထောက်ပံ့ငွေ (၇၈၀၀၀၀ဝိ/-)နှင့် လားရှိုးမြို့နယ် ကက်သလစ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၅၂၈၀၀၀ဝိ/-)၊ လားရှိုးမြို့နယ် မေတ္တာရင်ခွင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၃၉၀၀၀၀ဝိ/-)နှင့် ဆင်းရွှေလီ ဘိုးဘွားရိပ်သာ သို့ ထောက်ပံ့ငွေ(၁၈၂၅၀၀ဝိ/-)၊ လားရှိုးမြို့နယ် ရှမ်းမိဘမဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၅၀၀၀၀ဝိ/-)နှင့် ဧလိမ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၂၆၀၀၀ဝိ/-)တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်မှ ပေးအပ်ရာ ဂေဟာအသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူ၍ လည်းကောင်း၊ မိုင်းရယ်မြို့နယ် ဟိုရ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၆၁၃၂၀၀ဝိ/-)နှင့် ကွမ်းလုံမြို့နယ် တောင်တန်းသာသနာပြု လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၆၅၀၀၀ဝိ/-)၊ လားရှိုးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၆)ကျောင်းသို့ ထောက်ပံ့ငွေ(၉၆၀၀၀၀ဝိ/-)၊ နမ့်ခမ်းမြို့နယ် လွယ်ဟွမ်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၇၇၆၇၀၀ဝိ/-)နှင့် ပန်ရုပ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၃၆၅၀၀၀ဝိ/-)၊ မူဆယ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၃)ကျောင်းသို့ ထောက်ပံ့ငွေ(၁၈၀၀၀၀ဝိ/-)နှင့် နောင်ချိုမြို့နယ်၊ ဟော်တော် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၅၁၁၀၀၀ဝိ/-)၊ ကျောက်မဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း (၇)ကျောင်းသို့ ထောက်ပံ့ငွေ(၄၂၀၀၀၀ဝိ/-)နှင့် မိုးမိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂)ကျောင်းသို့ ထောက်ပံ့ငွေ(၁၂၀၀၀၀ဝိ/-)၊ တာချီလိတ်မြို့နယ် ရွှေတောင်တန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၇၃၇၃၀၀ဝိ/-)နှင့် အောင်မင်္ဂလာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၄၈၉၁၀၀ဝိ/-)၊ တာချီလိတ် မြို့နယ်၊ တာချီလိတ်ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ(၁၆၀၆၀၀ဝိ/-)နှင့် ပြည့်စုံသက်သာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၂၀၀၀၀ဝိ/-)၊ တာချီလိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၇)ကျောင်းသို့ ထောက်ပံ့ငွေ(၁၀၂၀၀၀၀ဝိ/-)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံဘိုးဘွားရိပ်သာ သို့ ထောက်ပံ့ငွေ(၅၄၀၀၀ဝိ/-)နှင့် စိန်မေရိ မသန်စွမ်း ဂေဟာသို့ ထောက်ပံ့ငွေ(၈၁၀၀၀ဝိ/-)၊ ကျိုင်းတုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း (၉)ကျောင်းသို့ ထောက်ပံ့ငွေ(၅၄၀၀၀ဝိ/-)နှင့် မိုင်းဆတ်မြို့နယ် မဟာမြတ်မုနိလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၂၅၅၀၀၀ဝိ/-) တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ရာ ဂေဟာအသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘုရားဖြူမသန်စွမ်းပရဟိတဂေဟာ အတွက် အလှူငွေကျပ်သိန်း(၅၀)ကို ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ မသန်စွမ်းပရဟိတဂေဟာ တစ်ဦးမှ လက်ခံရယူကြောင်း သိရသည်။

   ၎င်းနောက် တောင်ကြီးမြို့နယ် ဂေဟာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်မြင့်က ကျေးဇူးတင်စကားပြန်လည်း ပြောကြားပြီး၊ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဝါကြီး(၃)ဦးအတွက် ထောက်ပံ့ငွေ(၆၀၀၀၀ဝိ/-) ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၁၆၀၈၄၇၀၀ဝိ/-)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၅၄၈၇၄၀၀ဝိ/-)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၃၄၅၇၀၀၀ဝိ/-)၊ စုစုပေါင်းထောင်ပံ့ငွေကျပ်သိန်းပေါင်း(၂၄၇၈)သိန်း(၉)သောင်း (၁)ထောင်ဖြစ်ကြောင်း သိရှိရသည်။

                                                                      မောင်မောင်သန်း(တောင်ကြီး)

 

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  ဇွန်   ၄

1084

   (၂၀၁၅)ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုပေးပွဲ၊ ပြခန်းများခင်းကျင်းပြသရေး၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ ကျင်းပရေး တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်(၄)ရက် မွန်းလွှဲ(၁)နာရီခွဲ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သတင်းရရှိသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တာဆီး ကာကွယ်ရေးဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဆွေးနွေးပြောကြား၍၊ (ယင်းမာ)စီမံချက်နှင့် ပတ်သက်သော လုပ်ငန်းကော်မတီအသီးသီး၏ အဖွဲ့ခေါင်းဆောင်နှင့် အတွင်းရေးမှူးတို့မှ တင်ပြဆွေးနွေး၍၊ (၂၆.၆.၂၀၁၅)ရက်နေ့ အထိမ်းအမှတ် အခမ်းအနား ဆုပေးပွဲ၊ ပြခန်းများခင်းကျင်းပြသရေးနှင့် မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ အသီးအသီးအလိုက် ဆွေးနွေးတင်ပြကြကြောင်းသိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက သက်ဆိုင်ရာ ဆပ်ကော်မတီအဖွဲ့ အသီးသီးများမှ ဆွေးနွေး တင်ပြချက်များအပေါ် (၂၈) ကြိမ်မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုပေးပွဲ၊ ပြခန်းများခင်းကျင်းပြသရေး၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ ကျင်းပရေး အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (ယင်းမာ) စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် နိဂုံးချုပ်အမှာစကား၌ ထည့်သွင်းဆွေးနွေး ပြောကြားသွားပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ အရာထမ်းအမှုထမ်းအိမ်ရာ၊ ပြည်သူ့ဝန်ထမ်းအိမ်ရာ ကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် - ၆

1089

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင် များနှင့် အတူ ဇွန်(၆)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ 'ဝ'မင်းကုမ္ပဏီနှင့် ဖြူစင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် ဝေးပြေးယာဉ်ရပ်နားစခန်း ရှင်းလင်းဆောင်ခန်းမတို့ ရောက်ရှိလာရာ 'ဝ'မင်းကုမ္ပဏီနှင့် ဖြူစင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် လျှက်ရှိသော Taunggyi High Way Bus Terminal & Logistic Worehouse တည်ဆောက်မည့် ယာဉ်ရပ်နားစခန်း အဆောက်အဦပုံစံများ၊ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ယာဉ်ရပ်နားနိုင်မည့်နေရာများ၊ ယာဉ်အဝင်၊ အထွက်များတို့ကို 'ဝ'မင်းကုမ္ပဏီတာဝန်ခံဒါရိုက်တာ ဦးနောင်မြင့်ဝင်းမှ Projector ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးတို့မှ မိမိတို့နှင့် သက်ဆိုင်သောလုပ်ငန်းကိစ္စရပ်များရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီမှ တာဝန်ရှိသူတို့သည့် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်မည့် နေရာများနှင့် အဆောက်အဦတည်ဆောက်မည့် ပစ္စည်းများတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်းသိရသည်။

1099

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အရာထမ်းအမှုထမ်းလေးခန်းတွဲ အဆောက်အဦတည်ဆောက်နေမှုတို့ သွားရောက်ကြည့်ရှုရာ ပြည်နယ်မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်မှ လုပ်ငန်းနှင့် ပတ်သက်၍ အဆောက်အဦပထမထပ်ပြီးစီးမှုအချို့အခြေအနေနှင့် လျှပ်စစ်မီးကဏ္ဍ၊ ရေရရှိရေး ကဏ္ဍများကို ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး၊ အဆာက်အဦတည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် မင်းကျန်စစ်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျှက်ရှိသော အေးသာယာပြည်သူ့ဝန်ထမ်းအိမ်ရာ ရှင်းလင်းဆောင်ခန်းမတို့ ရောက်ရှိလာရာ ကုမ္ပဏီတာဝန်ရှိသူများမှ ပြည်သူ့ဝန်ထမ်းအိမ်ရာများ၊ အုပ်စုအလိုက် အဆောက်အဦ တည်ဆောက်နေမှုနှင့် ပြီးစီးမှုအခြေအနေများတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ အေးသာယာပြည်သူ့ဝန်ထမ်း အိမ်ယာပုံစံငယ်များနှင့် လုပ်ငန်းခွင်အတွင်း အဆောက်အဦတည်ဆောက် ပြီးစီးမှုအချို့တို့ကို သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရသည်။

                                                                                                                                                                             မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကြည့်ရှုအားပေး

တောင်ကြီး ဇွန် - ၄

1082

   အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၈) ကြိမ်မြောက် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ဇွန်(၄)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့နယ်(၄)မိုင်၌ ရှိသော ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေကြ သော ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး ကြကြောင်းသိရသည်။ ဆိုပါပြိုင်ပွဲတွင် အထက်တန်း အဆင့် ကျား(၁၄)ဦး၊ မ(၅)ဦး၊ အလယ်တန်းအဆင့် ကျား(၈)ဦး၊ မ(၂)ဦး စုစုပေါင်း(၂၉)ဦးပါဝင်ယှဉ်ပြိုင်ကြသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့သည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၁၅)သို့ တက်ရောက်ရာ အစည်းအဝေးကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ အောက်စဖို့(စ်)ဆရာတော် ဒေါက်တာအရှင်ဘဒ္ဒန္တဓမ္မသာမိမှ သြဝါဒစကား မြွက်ကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာကြသော ကော်မတီဝင်များဖြစ်သည့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန် အတွက် လုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

 1083

   ထို့နောက် ထွေထွေဆွေးနွေးကြရာ လျှပ်စစ်မီးလင်းရေးကဏ္ဍ၊ ရေရရှိရေးကဏ္ဍ၊ အောင်ချမ်းသာ ကုမ္ပဏီမှ ဗုဒ္ဓတက္ကသိုလ်အဆောက်အဦနှင့် ပတ်သက်၍ လည်းကောင်း၊ ဖြူစင်ကုမ္ပဏီမှ ဆွမ်းစားဆောင်နှင့် ဆွမ်းချက်ဆောင် ဆောက်လုပ်မည့်ပုံစံများ၊ ဘဏ္ဍာရေးဆပ်ကော်မတီများ၊ ကောင်းကင်ဖြူကုမ္ပဏီမှ စာချဆောင်အဆာက်အဦးပုံစံများ ကို ပါဝါပြိုင်ဖြင့် ရှင်းလင်းတင်ပြကြပြီး၊  Forever Group MRTV-4 မှ ဦးဝင်းမော်၊ ဒေါ်ခင်ခင်လေးတို့မှ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်အတွက် အလှူငွေကျပ်သိန်း(၅၀)ပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က လက်ခံရယူ ပေးပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို "ဗုဒ္ဓသာသနံ စိရံ တိဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တည်ဆောက်မည့်မြေနေရာအား လှည့်လည်ကြည့်ရှုကြပြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မိုးလုံလေလုံအားကစားရုံတို့ရောက်ရှိလာရာ ဒီပါဟိန်းကုမ္ပဏီမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ အားကစားရုံအတွင်း ကြမ်းခင်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ကုန်ခြောက်သားငါးစျေးတည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ သီဟကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းပြသပြီး၊ ရှင်းလင်းဆောင်ခန်းမ၌ ကုန်ခြောက်သားငါးစျေး တည်ဆောက်မည့် ကဏ္ဍအလိုက် ကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးက ရှင်းလင်းခြင်း၊ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီများမှ တင်ပြရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. မူးယစ်‌ဆေးဝါးသုံးစွဲမှုနှင့် HIV ပိုးကူးစက်မှုအန္တရာယ် အသိပညာ‌ပေး ‌ဟော‌ပြောပွဲကျင်းပ
  2. မိုင်းဆတ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်
  3. မူဆယ်တွင်ထား‌သော စားသုံးရန်မသင့်‌သောကုန်စည်များကို မီးရှို့ဖျက်ဆီး
  4. မိုင်းဆတ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးပိုစတာများစိုက်ထူ
  5. မိုင်းဆတ်၌ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် ဒုတိယ(၅)နှစ် ဒေသန္တရစီမံကိန်းအကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ
  6. ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစုဝင်များအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
  7. ရှမ်းပြည်နယ်(မြောက်ပိုင်း) Cornerstone Resources Myanmar(လားရှိုး) ဇင့်ထုတ်လုပ်ရေးစက်ရုံသို့ ထိန်းချုပ်ဓာတုပစ္စည်းများထားရှိမှု ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးဆွေးနွေးပွဲပြုလုပ်
  8. မူးယစ်ဆေးဝါး အထိမ်းအမှတ်(၁၈)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကျင်းပ
  9. အာဆီယံလူမှုသစ်တောကွန်ယက်အဖွဲ့(ASFN)၏ (၆)ကြိမ်မြောက်ညီလာခံ ကျင်းပ
  10. နမ့်ခမ်းတွင် မူးယစ်‌ဆေးနှင့် လက်နက်ဖမ်းဆီးရမိ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 62 guests and no members online