သတင်းများ

ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် လားရှိုးမြို့ ထင်းရှူးမြိုင် ၊ချယ်ရီမြိုင်အိမ်ရာစီမံကိန်းအားကြည့်ရှုစစ်ဆေး

လားရှိုး   ဧပြီ ၄

984

   ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ဧပြီ ၃ ရက် မွန်းလွဲ ၂ နာရီအချိန်က ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည်လားရှိုးမြို့ ရပ်ကွက်(၁)နယ်မြေနှင့် ဆပ်စပ်လျှက်ရှိ ထင်းရှူးမြိုင် တန်ဖိုးမျှအိမ်ရာစီမံကိန်းတည်ဆောက်အကောင်အထည်ဖော်ဆောင်နေမှုများအားကွင်းဆင်းစစ်ဆေးခဲ့သည်။

   အိမ်ရာစီမံကိန်းတည်ဆောက်ပြီးစီးမှုနှင့် စီမံကိန်းတွင်ပါဝင်ဆပ်စပ်နေသော လုပ်ငန်းများ၊ အိမ်ရာ တည်ဆောက်ရေးလုပ်ငန်းအား လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးဦးမြတ်မိုးနှင့်ရွှေမင်းဝင် ကုမ္မဏီအုပ်ချုပ်မှုဒါရိုက်တာ ကလည်းကောင်း၊ဆက်စပ်လမ်းများ ဖော်ထုတ်ပြီးစီးမှုနှင့်ဆောင်ရွက်နေမှုများအား တွဲဘက်ပြည်နယ် ဆောက်လုပ်ရေးမှ တွဲဘက်ပြည်နယ်အင်ဂျင်နီယာမှူးကြီး ကလည်းကောင်း၊ သောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုများအား မြို့နယ်စည်ပင်သာယာရေးနှင့် ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူတို့က မိမိတို့၏လုပ်ငန်းကဏ္ဍအလိုက်               အသေးစိတ်ရှင်းလင်းတင်ပြကြပါသည်။

   ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်သည် လားရှိုးမြို့ နားမခေါ်အဝေးပြေးယာဉ်ရပ်နား စခန်းနှင့်ဆက်စပ်တည်ရှိ ဖော်ထုတ်လျှက်ရှိသော ချယ်ရီမြိုင် တန်ဖိုးမြင့်လုံးချင်းအိမ်ရာစီမံကိန်းအား တည်ဆောက်ဖော်ထုတ်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေးစီမံကိန်းအားဆောင်ရွက်နေသော ရှိုင်းနင်းမြန်မာ ကုမ္မဏီက တာဝန်ခံအင်ဂျင်နီယာက ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကိုဖြည့်စွက်မှာကြားခဲ့ပြီးလုပ်ငန်းဆောင်ရွက်နေမှုတို့အား လက်တွေ့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   အိမ်ရာစီမံကိန်းတည်ဆောက်ရေးစီမံကိန်းစစ်ဆေးကြည့်ရှုမှုအား ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ် အောင်မြတ်၊ ပြည်နယ်နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူး၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ တွဲဘက်ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များ၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး များနှင့် ကုမ္မဏီလုပ်ငန်းပိုင်ရှင်များလိုက်ပါတက်ရာက်ခဲ့ကြပါသည်။

                                                                                                                                                                                         ဟန်ဌေး(iprd)

                                                                                                                                                                                          ခရိုင်ပြန်/ဆက်

                                                                                                                                                                                          လားရှိုး

 

 

ကျောက်မဲမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ထောက်ခံဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

ကျောက်မဲ ဧပြီ

983

   နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူ ညှိနှိုင်းရေးဆွဲပြီးစီးကြောင်း အတည်ပြုလက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းအား ကြိုဆို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ ကျောက်မဲမြို့တွင် ဧပြီလ (၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

   အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ကျောက်မဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီ ဥက္ကဌ ဦးတင်ဝင်းက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး သည် ပြည်သူတို့၏ လိုလားချက် ဆန္ဒနှင့်မျှော်လင့်ချက်” “ငြိမ်းချမ်းဝေစည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ”  “ပြည်ထောင်စုငြိမ်းချမ်းရေး ဒုတိယပင်လုံ၏အောင်ပွဲ” စသည့်လက်ကိုင်ဆောင်ပုဒ်များကိုင်ဆောင်ကာ “ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေး ဒို့အရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒို့အရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒို့အရေး၊ တိုင်းရင်းသားများနှင့် နိုင်ငံရေးဆွေးရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ် နိုင်ရေး ဒို့အရေး၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း ဆက်လက်အတည်ပြု အကောင်အထည်ဖော်ရေး ဒို့အရေး” ဟူသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ထောက်ခံဆန္ဒဖော်ထုတ်ပွဲသို့ ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ခုနှင့် ကျေးရွာ (၁၀)ရွာမှ ရှမ်း၊ ဗမာ၊ ဓနု၊ ပလောင်၊ ကိုးကန့် တိုင်းရင်းသားများ အင်အား (၁၅၀၀၀) ကျော်ခန့်တက်ရောက်ခဲ့ကြောင်းနှင့် နံနက်(၉)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ ခရိုင်အားကစားကွင်းမှ အမှတ်(၈)ရပ်ကွက်၊ မြို့နယ်အားကစားကွင်းသို့ ပင်လုံ လမ်းမကြီးနှင့် အောင်ဆန်းလမ်း များအတိုင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက်(၁၀)နာရီ အချိန် တွင် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၂၀၁၅ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုစခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လားရှိုး  ဧပြီ ၁

975

   ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန်းနီမြို့နယ်နှင့် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တို့တွင် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုစခန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ (၁)ရက် နံနက် (၉)နာရီအချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

   အခမ်းအနားတွင် ပြည်နယ်စာတတ်မြောက်ရေး သင်တန်းကြီးကြပ်မှုကော်မတီနာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်စားရှမ်းပြည်နယ် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက အဖွင့်မှာစကားပြောကြားရာတွင် တိုးတက်ဖွံ့ဖြိုးလာသည့်လူ့ဘောင်အဖွဲ့အစည်းများပေါ်ပေါက်လာခြင်းကြောင့် စာရေး၊စာဖတ်နိုင်စွမ်း ပိုမိုလိုအပ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စာမတတ်မြောက်သူအရေအတွက်သည် ကျေးလက်ဒေသများတွင် ကျန်ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံတွင် စာတတ်မြောက်မှုနှုန်းကို(၉၅.၅)%နှုန်းရရှိရန်မျှော်မှန်းထားကြောင်း နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်များ တွင် မြို့နယ်များတိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိနေပါကြောင်း၊လူတိုင်းအခြေခံစာတတ်မြောက်ရေးအတွက် တစ်မျိုးသားလုံးက အမျိုးသားရေးအမြင်၊ အမျိုးသားရေးစိတ်ဓာတ်တို့ဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးအသိပညာ အတွေးအခေါ်များ တိုးတက်မြင့်မား လာစေရန် သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့်ကြိုးစားပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

976

   ဆက်လက်၍ ရှမ်းပြည်နယ် ပညာရေးမှူးရုံး(ရုံးခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်ကလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ၂၀၁၄-၂၀၁၅ခုနှစ်အထိ မြို့နယ်(၂၃)မြို့နယ်ရှိပြီး မြို့နယ်အလိုက် စာတတ်မြောက်မှုအနေဖြင့် လားရှိုးမြို့နယ်မှာ(၉၀.၈၁)%၊ သိန်းနီမြို့နယ်မှာ(၇၄.၉၀)%၊ တန့်ယန်းမြို့နယ်မှာ (၇၁.၆၆)%၊ ပန်ဆန်းမြို့နယ်မှာ (၆၁.၂၅)%၊ နားဖန်းမြို့နယ်မှာ(၆၃.၂၇)%၊ မိုင်းရယ်မြို့နယ်မှာ(၇၆.၀၅)%၊ ကွမ်းလုံမြို့နယ်မှာ(၇၉.၀၃)%၊ လားရှိုးခရိုင်အနေနဲ့(၇၉.၆၁)%၊ မူဆယ်မြို့နယ်မှာ(၇၀.၂၉)%၊ နမ့်ခမ်းမြို့နယ်မှာ (၈၀.၀၈)%၊ ကွတ်ခိုင်မြို့နယ်မှာ(၇၈.၆၄)%၊ မူဆယ်ခရိုင်အနေနှင့် (၇၅.၇၅)%၊ ကျောက်မဲမြို့နယ်မှာ(၈၀.၉၉)%၊ သီပေါမြို့နယ်မှာ(၇၇.၆၄)%၊ နောင်ချိုမြို့နယ်မှာ(၈၆.၉၄)%၊ နမ္မတူမြို့နယ်မှာ (၈၈.၇၈)%၊ နမ့်ဆန်မြို့နယ်မှာ(၇၀)%၊ မိုးမိတ်မြို့နယ်မှာ(၈၁.၈၉)%၊ မဘိမ်းမြို့နယ်မှာ(၈၂.၄၇)%၊ မန်တုံမြို့နယ်မှာ (၇၆.၂၀)%၊ကျောက်မဲခရိုင်အနေဖြင့် (၈၀.၅၈)%၊ ဟိုပန်မြို့နယ်မှာ(၇၁.၃၀)%၊ပန်ဝိုင်မြို့နယ်မှာ(၄၃.၅၅)%၊ မိုင်းမောမြို့နယ်မှာ (၄၂.၅၅)%၊ ဟိုပန်ခရိုင်အနေနှင့်(၆၃.၀၃)%၊ လောက်ကိုင်မြို့နယ်မှာ(၄၅.၆၆)%၊ ကုန်းကြမ်း မြို့နယ်မှာ(၄၂.၈၄)%၊ လောက်ကိုင်ခရိုင်အနေနှင့် (၄၄.၂၀)%၊ တို့ဖြစ်ကြောင်းတင်ပြသွားခဲ့ပြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၂၀၁၅ခုနှစ်၊ နွေရာသီစာတတ်မြောက်ရေးလုပ်ငန်းလှုပ်ရှားမှုများကို လူထုလှုပ်ရှားမှုအသွင်ဖြင့်ကျင်းပနိုင်ရေးအတွက် (အ)သုံးလုံး စာသင်ဝိုင်းများကို       (၁-၄-၂၀၁၅)မှ(၁၅-၅-၂၀၁၅)အထိ နမ္မတူမြို့နယ်တွင် စာသင်ဝိုင်း(၂၂)ဝိုင်း၊ စာသင်သား ဦးရေ(၂၇၀)ဦးကို သင်ကြားသူ ဒေသခံဆရာ/မ(၂၂)ဦးဖြင့်လည်းကောင်း၊ သိန်းနီမြို့နယ်မှာ စာသင်ဝိုင်း(၁၆)ဝိုင်း၊ စာသင်သားဦးရေ(၁၆၈)ဦးကို သင်ကြားသူဒသခံဆရာ/ ဆရာမ(၁၆)ဦးတို့မှ စတင်သင်ကြား ပိုချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ထို့နောက် စာသင်ဝိုင်းများတွင်သင်ပြမည့် ဆရာ/ ဆရာမများကိုယ်စား သိန်းနီမြို့နယ်ဒေသခံ ဆရာမတစ်ဦးက တာဝန်လက်ခံ စကားပြောကြားခဲ့သည်။ 

ဆက်လက်၍ သိန်းနီမြို့နယ်နှင့်နမ္မတူမြို့နယ်အတွက်အလှူငွေကျပ်(၁၅)သိန်းစီအား ပြည်နယ်စက်မှုနှင့်လျှပ်စစ် ဝန်ကြီး ဦးစိုင်းထွန်းရင်က ပေးအပ်ကာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပါသည်။

   အဆိုပါအခမ်းအနားသို့ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးစိန်အုပ်နှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

ဟန်ဌေး(iprd)

ခရိုင်ပြန်/ဆက်

လားရှိုး

 

မိုင်းဆတ်၌ အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

မိုင်းဆတ် ဧပြီ ၃

986

   အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်းအတွက် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်း(EIA) နှင့် လူမှုဆိုင်ရာအကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်း(SIA) အခမ်းအနားကို ဧပြီ ၃ ရက် နေ့လည် ၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ အောင်ဇေယျဘက်စုံ အားကစားကွင်း၊ မိုးလုံ လေလုံခန်းမ၌ ကျင်းပသည်။

   ရှေးဦးစွာ အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ သက် ရောက်မှု လေ့လာဆန်းစစ်ခြင်း လေ့လာရေးအဖွဲ့(SMEC) ခေါင်းဆောင် Mr.Michael Holics က မိတ်ဆက်စကား ပြောကြားပြီး  ဦးကြည်ဝင်း(Senior Stakeholder and Gonvernment Liaison Specialist)နှင့် ဦးဘသန်း(သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ)တို့က မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းအတွက် ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်း (EIA)နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုလေ့လာဆန်းစစ်ခြင်း လေ့လာရေး(SIA) လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်မှုများအကြောင်း ရှင်းလင်းပြောကြားသည်။

   ယင်းနောက် အခမ်းအနားတက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းချက်များကို အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း လေ့လာရေးအဖွဲ့မှ ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

   အလားတူ ဧပြီ ၂ ရက် နေ့လည် ၂ နာရီက မိုင်းဆတ်မြို့၊ သီရိရတနာခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင် ဦးဆောင်သော ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

 

                                                                                                                                                                                        သန်းဇော်(iprd)

 

                                                                                                                                                                                          သတင်းဓာတ်ပုံ - ( ၃ ) ပုံ

                                                                                                                                                             သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး (ဦးစီးအရာရှိ)

                                                                                                                                           ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။  

 

လားရှိုးတွင်ငွေကျပ်(၄၁)သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

လားရှိုး  ဧပြီ ၁

977

   မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များသည် ဧပြီလ ၁ ရက်နံနက် ၉နာရီ၄၅ မိနစ် အချိန်ကလားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအထွက် ကွန်ပျူတာတက္ကသိုလ်ရှေ့တွင်စောင့်ဆိုင်းနေစဉ် ကွတ်ခိုင်မြို့ဘက်မှ ကျောက်မဲမြို့သို့ စိုင်းထွန်းရင် မောင်းနှင်လာသည့် ၃၁ယ/၇၈၈၇၁(KENBO-125)ဆိုင်ကယ်ကား သက်သေများရှေ့ရှာဖွေရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ရောင်စုံပလပ်စတစ် ဆပ်ပြာ ခွက်(၁)ခွက်လျင် ပလပ်စတစ်ဖြင့်ထည့်လျက် ဘိန်းဖြူမှုန့်အလေးချိန်(၁၃)ဂရမ်ခန့်စီပါ စုစုပေါင်း (၁၂)ခွက်၊ ဘိန်းဖြူမှုန့်အလေးချိန်(၁၅၆)ဂရမ် အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် wy စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားပါ (၂)ထုပ်၊ (၁၈၀)ပြားပါ (၁)ထုပ်၊ စုစုပေါင်း(၃)ထုပ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၅၈၀)ပြား၊ အလေးချိန်(၅၈)ဂရမ်တို့အား တွေ့ရှိသိမ်းဆည်း ရမိပြီး စစ်ဆေးခဲ့ရာ ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲ/ရောင်းချရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်းပေါ်ပေါက်သဖြင့် စိုင်းထွန်းရင်(၄၂)နှစ်၊ (ဘ)ဦးနေမိန္ဒ၊ ၁၃/ကမန(နိုင်)၀၆၇၃၃၀၊ ရှမ်း/ဗုဒ္ဓ၊ လက်သမား၊ အောက်ရပ်ကွက်၊ မိုင်းလုံမြို့နယ်ခွဲ၊ ကျောက်မဲမြို့နယ်နေသူအား လားရှိုးမြို့မရဲစခန်း မယ(ပ) ၄၉/၂၀၁၅၊ မူးစိတ်ပုဒ်မ-၁၅/၁၉(က) အရ အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

ဟန်ဌေး(iprd)

ခရိုင်ပြန်/ဆက်

လားရှိုး

 

မိုင်းဆတ်၌ သိမ်းဆည်းမြေများပြန်လည်စွန့်လွှတ်ပေးအပ်

မိုင်းဆတ် ဧပြီ  ၃

987

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဧပြီ ၃ ရက် နံနက်(၁၀)နာရီက တပ်သိမ်းလယ်ယာမြေများကို မြို့နယ်မြေယာစီမံခန့်ခွဲမှုကော်မတီသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကျင်းပသည်။

   အခမ်းအနားတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်အောင်ဇော်အေးက မိုင်းဆတ်မြို့နယ်အတွင်း သိမ်းဆည်းလယ်ယာမြေများ ပြန်လည်စွန့်လွှတ်လွှဲပြောင်းပေးအပ် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး ဗိုလ်မှူးကျော်လွင်စိုးက စွန့်လွှတ်လယ်ယာမြေ ၁၈၀ ဒဿမ၂၅ ဧကနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်မြေယာစီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ထံ လွှဲပြောင်းပေးအပ်သည်။

   အဆိုပါ လွှဲပြောင်းပေးအပ်သည့် လယ်ယာမြေများကို မြို့နယ်မြေယာစီမံခန့်ခွဲမှုကော်မတီက ပြန်လည် စိစစ်၍ မူလတောင်သူများထံပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး မိုင်းဆတ်မြို့နယ်တွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးအပ်သည့် လယ်ယာမြေ ၄၁၉ ဒဿမ ၉၄ ဧကရှိပြီဖြစ်ကြောင်း သိရသည်။

 

                                                                                                                                                                     သန်းဇော်(iprd)

                                                                                                                                                                    သတင်းဓာတ်ပုံ - (၅) ပုံ

                                                                                                                                                             သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

                                                                                                                           ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

လားရှိုးတွင်ငွေကျပ်(၄၁)သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

လားရှိုး  ဧပြီ ၁

977

   မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များသည် ဧပြီလ ၁ ရက်နံနက် ၉နာရီ၄၅ မိနစ် အချိန်ကလားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအထွက် ကွန်ပျူတာတက္ကသိုလ်ရှေ့တွင်စောင့်ဆိုင်းနေစဉ် ကွတ်ခိုင်မြို့ဘက်မှ ကျောက်မဲမြို့သို့ စိုင်းထွန်းရင် မောင်းနှင်လာသည့် ၃၁ယ/၇၈၈၇၁(KENBO-125)ဆိုင်ကယ်ကား သက်သေများရှေ့ရှာဖွေရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ရောင်စုံပလပ်စတစ် ဆပ်ပြာ ခွက်(၁)ခွက်လျင် ပလပ်စတစ်ဖြင့်ထည့်လျက် ဘိန်းဖြူမှုန့်အလေးချိန်(၁၃)ဂရမ်ခန့်စီပါ စုစုပေါင်း (၁၂)ခွက်၊ ဘိန်းဖြူမှုန့်အလေးချိန်(၁၅၆)ဂရမ် အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် wy စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားပါ (၂)ထုပ်၊ (၁၈၀)ပြားပါ (၁)ထုပ်၊ စုစုပေါင်း(၃)ထုပ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၅၈၀)ပြား၊ အလေးချိန်(၅၈)ဂရမ်တို့အား တွေ့ရှိသိမ်းဆည်း ရမိပြီး စစ်ဆေးခဲ့ရာ ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲ/ရောင်းချရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်းပေါ်ပေါက်သဖြင့် စိုင်းထွန်းရင်(၄၂)နှစ်၊ (ဘ)ဦးနေမိန္ဒ၊ ၁၃/ကမန(နိုင်)၀၆၇၃၃၀၊ ရှမ်း/ဗုဒ္ဓ၊ လက်သမား၊ အောက်ရပ်ကွက်၊ မိုင်းလုံမြို့နယ်ခွဲ၊ ကျောက်မဲမြို့နယ်နေသူအား လားရှိုးမြို့မရဲစခန်း မယ(ပ) ၄၉/၂၀၁၅၊ မူးစိတ်ပုဒ်မ-၁၅/၁၉(က) အရ အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

ဟန်ဌေး(iprd)

ခရိုင်ပြန်/ဆက်

လားရှိုး

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ တက်ရောက်ခြင်းနှင့် အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်ခြင်း

တောင်ကြီး ဧပြီ - ၁

979

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းသည် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်၊ မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုးတို့နှင့်အတူ ဧပြီလ(၁)ရက်နေ့ မောက်မယ်မြို့နယ်အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စာတတ်မြောက်ရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှူး)မှ စာတတ်မြောက်ရေးလှုပ်ရှားမှုလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေတင်ပြခြင်း မြို့နယ်ပညာရေးမှူးမှ မြို့နယ်ပညားရေးကဏ္ဍဆိုင်ရာအချက်အလက်များအာ ရှင်းလင်းတင်ပြခဲ့ပါ သည်။

   အခမ်းအနားတွင် အခြေခံပညာ စာတတ်မြောက်ရေးလုပ်ငန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေ သိန်း(၃၀)အား ပြည်နယ်လူမှုရေးဝန်ကြီးမှ ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

  ဆက်လက်၍  ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် မောက်မယ်ဆေးရုံတွင် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ သွားအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီးများမှ ဒေသခံပြည်သူများအား အခမဲ့ကျန်းမားရေးကွင်းဆင်း စောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး ဆေးဝါးများဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောက်ရွက်နေသည့် ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ဝိုင်းမျာသို့ သွားရောက်ကြည့်ရှု့အားပေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် မောက်မယ်မြို့နယ်ကိုယ်ထူကိုယ်ထ မူလတန်းကြိုကျောင်းအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် မိုးနဲမြို့ သဘာဝဘေးဒဏ်သင့် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) နားခံကျောင်းအား သွာရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး သဘာဝဘေးဒဏ်သင့် ကျောင်းအမြန်ဆုံးပြင်ဆင်ပေးနိုင်ရေး နှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ပါသည်။

 

ညောင်ရွှေမြို့၌ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ

တောင်ကြီး ဧပြီ - ၁

973

   ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၏ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းလှုပ်ရှားမှုဖွင့်ပွဲ ကို ဧပြီ(၁)ရက်၊ နံနက်(၉)နာရီက ညောင်ရွှေမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

974

   အခမ်းအနားတွင် ရှမ်းပြည်နယ်စာတတ်မြောက်ရေးသင်တန်း ကြီးကြပ်မှုကော်မတီနာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ တောင်ကြီးတက္ကသိုလ် အရှေ့တိုင်းပညာဌာန တွဲဖက်ပါမောက္ခဒေါ်ကေသီကျော်က အမှာစကားပြောကြား၍ ရှမ်းပြည်နယ်ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး၊ ဦးချစ်ဆွေက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြောင်းသိရသည်။ 

   ဆက်လက်၍ တောင်ကြီးတက္ကသိုလ်မှ လုပ်အားပေးကျောင်းသူတစ်ဦးဖြစ်သော ရူပဗေဒဌာန၊ မဟာဝိဇ္ဇာပထမနှစ် ကျောင်းသူ မပွားပွားတိုးကတာဝန်လက်ခံစကားပြောကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညောင်ရွှေမြို့နယ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းလှုပ်ရှားမှုအတွက် လှူဒါန်းငွေကျပ်သိန်း(၃၀)အား ပြည်နယ်စီမံကိန်းနှင့် စီပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်မှ ပေးအပ်လှူဒါန်းရာ ညောင်ရွှေမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှမှ လက်ခံရယူ ကြောင်းသိရသည်။

   အဆိုပါညောင်ရွှေမြို့နယ် စာတတ်မြောက်ရေးလုပ်ငန်းလှုပ်ရှားမှုဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးတက္ကသိုလ်မှ တွဲဖက်ပါမောက္ခများ၊ အခြေခံစာတတ်မြောက်ရေး အတွက်ပို့ချပေးမည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံမိဘပြည်သူများ တက်ရောက်၍ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းလှုပ်ရှားမှုကို ဧပြီလ(၁)ရက်မှ မေ(၁၅)ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့အဝင် ရွှေတိဂုံပုံတူ ဉာဏ်တော်အမြင့်(၁၀၈)ပေရှိ ရွှေဗောဓိမြို့ဦးစေတီတော် တည်ထားကိုးကွယ်မည့်နေရာနှင့် ညောင်ရွှေမြို့ အဝင် နိုင်ငံခြားသားများ၊ အင်းလေးဇုန်ဝင်ခွင့် တည်ဆောက်မည့် နေရာအဆောက်အဦသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။

                                                                             မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ နမ့်စန်မြို့နယ်၊ ကျန်းမာရေးဌာနများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်း

တောင်ကြီး မတ် - ၃၁

 978

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းသည် ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာမိုးဆွေ၊ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ နမ့်စန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးတို့ လိုက်ပါလျက် မတ်လ (၃၁)ရက် နေ့လည်ပိုင်းတွင် နမ့်စန်မြို့နယ်၊ ကာလေကျေးရွာ ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး၊ ဆေးဂိုဒေါင်တွင် သံပန်းတံခါးများတပ်ဆင်ရန်၊ မွေးခန်းတွင်လက်ဆေးကန်နှင့် လေဝင်လေထွက်ပေါက်များ၊ ရေထွက်ပေါက်များ ထည့်သွင်းတည်ဆောက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ၀န်ကြီးနှင့်အဖွဲ့သည် နမ့်စန်ဆေးရုံ(၄)ခန်းတွဲ သူနာပြုနေအိမ်(၆)ခန်းတွဲ ဝန်ထမ်းအိမ်ယာ တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် မြို့ကြီးရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှုကြည့်ရှုစစ်ဆေး

တောင်ကြီး မတ် - ၃၀

 970

   လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့သည် မတ်(၃၀)ရက်၊ နံနက်(၁၁)နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်ရှိ မြို့ကြီးရေအားလျှပ် စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ရာ မြို့ကြီးရေးလှောင်တမံ ဘက်စုံစီမံကိန်းရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများက ရှင်းလင်းရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့သည် စီမံကိန်းတည်ဆောက်နေသည့် ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများပေးအပ်၍ စီမံကိန်း တည်ဆောက်နေသည့် လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။

971

   ဆက်လက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မတ်(၃၁)ရက်၊ နံနက်(၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ အနီးရှိ အမှတ်(၂)ဆင်းရွှေလီသကြားစက်ရုံ ဖွင့်ပွဲသို့ တက်ရောက်ရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ကျောက်မဲခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့် ငွေရည်ပုလဲကုမ္ပဏီ အုပ်စု မန်နေဂျင်းဒါရိုက်တာ ဦးသိန်းမြင့်တို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့မှ အခမ်းအနား ဆိုင်ဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ စက်လည်ပတ်ခြင်း အထိမ်းအမှတ်ဖြစ် ဧည့်သည်တော်များမှ မင်္ဂလာရွှေကြံ၊ ငွေကြံနှင့် ပတ္တမြားကြံတို့အား ကြံသယ်မြောင်းအတွင်းချခြင်းနှင့် စက်ရုံးအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။

   ထို့နောက် အခမ်အနားအစီအစဉ်အရာ စက်ရုံးဝန်ထမ်းမိသားစုမှ ဂုဏ်ပြုသီချင်းသီဆို၍ ဆင်းရွှေလီ သကြားစက် အမှတ်(၂)(အင်းဝိုင်း)ဖွင့်ပွဲကို ဖွင့်လှစ်ပေးပြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ဆင်းရွှေလီသကြားစက်အမှတ်(၂) (အင်းဝိုင်း)နှင့်ပတ်သက်၍ လမ်းညွှန် အမှာစကားပြောကြား၍ ငွေရည်ပုလဲကုမ္ပဏီအုပ်စု ဒါရိုက်တာအဖွဲ့ကိုယ်စား၊ ဒါရိုက်တာ ဦးတင်မောင်ဦးမှ ဆင်ရွှေလီသကြားစက်အမှတ်(၂)(အင်းဝိုင်း)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်းသိရသည်။

 972

   ၎င်းနောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့မှ စက်ရုံတည်ဆောက်ရေး ဆောင်ရွက်ခဲ့ကြသော တရုတ်ပညာရှင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်၍ ခန်းမအတွင်းခင်းကျင်းပသ ထားသော ကြံစိုက်ပျိုးနည်းပညာများနှင့် စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ 

   ငွေရည်ပုလဲကုမ္ပဏီအုပ်စုသည် တိုင်းရင်းသာပုဂ္ဂလိက လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ပြီး၊ (၁)ရက်လျှင် ကြံတန်ချိန် (၁၀၀၀)ကြိတ်ဝါးထုတ်လုပ်နိုင်သည့် အမှတ်(၁)ဆင်ရွှေလီသကြားစက်အား ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ၌ (၂၀၀၈)ခုနှစ်တွင် စတင်တည်ဆောက်လည်ပတ်ခဲ့ပြီး၊ ယခုအမှတ်(၂) ဆင်းရွှေလီသကြားစက်စီမံကိန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ အနီးတွင် တည်ရှိပြီး စက်ရုံဧရိယာအကျယ်အဝန်း(၁၆၅)ဧကကျယ်ဝန်း၍ မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီး၏ မိုင်တိုင်အမှတ်(၆၂)မိုင်(၄)ဖာလုံအနီး လက်ယာဘက်(၅)မိုင်ခန့်အကွာတွင်တည်ရှိကာ အမှတ်(၂)ဆင်းရွေလီ သကြားစက်(အင်းဝိုင်း)၏ ထုတ်လုပ်မှုစွမ်းအားမှာ တစ်ရက်လျှင်ကြံတန်ချိန် (၄)ထောင် ကြိတ်ဝါးထုတ်လုပ်မည်ဖြစ်ပြီး ထုတ်လုပ်မှုနည်းစနစ်မှာ ကန့်ခိုးနှစ်ကြိမ်ရိုက်စနစ်(Double Sulphitation Process)ဖြင့် သကြားဖြူ(Plantation White Sugar)ထွက်ရှိမည်ဖြစ်၍ ထုတ်ကုန်သကြား အရည်အသွေးအနေဖြင့် အပြည်ပြည်ဆိုင်ရာသတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် အညီ (က)Sugar Content >99.6%, (ခ)Non-Sugar Content<0.1%, (ဂ)Ash<0.1%, (ဃ)Colour<100 ICU, (င)Sulphur dioxide<500 ppm, ပြည်ပပို့ကုန်အဆင့်အတန်းရှိသကြားများကို ထုတ်လုပ်သွားမည် ဖြစ်ပြီး၊ ငွေရည်ပုလဲ ကုမ္ပဏီအုပ်စု ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်၏ အမှတ်(၂)ဆင်းရွှေလီ သကြားစက်စီမံကိန်း(အင်းဝိုင်း)အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလက်မှုကဏ္ဍ တွင် တစ်တပ်တစ်အား ပါဝင်အားဖြည့်အထောက်အကူပြု၍ တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလှမ်းနှင့် နည်းပညာ၊ အတတ်ပညာများ တိုးတက်ရေး ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်းဖိုးမြှင့်မားလာစေရေးတို့အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

                                                                               မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ
  2. ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ
  3. စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ရှမ်းပြည်နယ်လွှတ်တော်သို့ လာရောက်လေ့လာ
  4. ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ
  5. ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ
  6. ကမ္ဘာ့တီဘီတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
  7. ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ
  8. ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူပေးပို့ခြင်း သင်တန်းဖွင့်လှစ်
  9. ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင်အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲ
  10. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခန့်ထားသောသစ်လွင်ဆရာဝန်များအား တာဝန်အပ်နှင်းပွဲ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 217 guests and no members online

Latest Updates