သတင်းများ

လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည (အဘိဓဇမဟာရဋ္ဌဂုရု)၊ (ရှမ်းပြည်နယ်သံဃာနာယက ဒုတိယဥက္ကဌ)၏ စျာပနအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများမှ အလှူငွေပေးအပ်လှူဒါန်း

တောင်ကြီး   မတ်   ၁၀

946

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုဝန်ကြီးဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူနှင့် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်အုပ်တို့သည် (၁၀.၃.၂၀၁၅)ရက်နေ့ နံနက်(၈)နာရီတွင် လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည (အဘိဓဇမဟာရဋ္ဌဂုရု)၊ (ရှမ်းပြည်နယ်သံဃာနာယက ဒုတိယဥက္ကဌ)၏ စျာပနအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်း ငွေ(၅၀)သိန်းအား လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိပါသည်။

 

လောက်ကိုင်ဒေသ စစ်ဘေးရှောင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော ဆန်အိတ်များအား ကြည့်ရှု့စစ်ဆေး လှူဒါန်းခြင်း

တောင်ကြီး   မတ်   ၉

943

   ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်၊ ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးအယ်လ်တိန့်ဘောင်တို့မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်မှုအထောက်အကူပြုကော်မတီထံသို့ လှူဒါန်းထားသော ဆန်အိတ် (၃၀၀၀)အား ကွမ်းလုံမြို့နယ်စိုက်ပျိုးရေးဂိုဒေါင်တွင် ထားရှိမှုအခြေအနေကို (၉.၃.၂၀၁၅) ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲတွင် အဆိုပါ ဂိုဒေါင်၌ သွားရောက်စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   ထို့နောက်လူမှုရေးဝန်ကြီးသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်မှုအထောက်အကူပြုကော်မတီထံသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော ဆန်အိတ် များအား နယ်စပ်ဒေသ ဒုက္ခသည်စခန်းများသို့ ဆက်လက်ပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

944

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းလုံမြို့နယ် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ကယ်ဆယ်ရေးစခန်းအတွက်  အလှူငွေကျပ်(၁၀)သိန်းနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့သို့ အလှူငွေကျပ်(၁၀)သိန်းပေးအပ်လှူဒါန်းခဲ့ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းလုံမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်သန်းနှင့် ဦးဇော်မင်းထိုက် မိသားစုဝင်များအား ဆန်(၃)အိတ်၊ ဆီ(၁)ပုံးစီ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

 

လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံး ဒဏ်ရာရ စစ်သည်များအတွက် ရှမ်းပြည်နယ်သမဝါယမမိသားစုမှ လှူဒါန်းငွေပေးအပ်

မတ်လ  ၅

934

   လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံး၊ ဒဏ်ရာရ စစ်သည်များအတွက် ရှမ်းပြည်နယ်သမဝါယမမိသားစုမှ လှူဒါန်းထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင်(၅.၃.၂၀၁၅)ရ၏နေ့တွင် ပြုလုပ် ခဲ့ပါသည်။

935

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ဥက္ကဌ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ဦးအောင်ကျော်ညွန့်တက်ရောက် အမှာစကားပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီး လှူဒါန်းငွေများအား ရှမ်းပြည်နယ်သမဝါယမမိသားစု ကိုယ်စား စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ ပေးအပ်လှူဒါန်းရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စိုးမိုးအောင်မှ လှူဒါန်းငွေကျပ်(၃၆)သိန်းအား လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် တောင်ပိုင်း/ အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်မှ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိ များနှင့် သမဝါယမအသင်း အဆင့်ဆင့်မှ ဥက္ကဌများနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

အားကစားပြိုင်ပွဲများနှင့် အားကစားကွင်းများ ထိန်းသိမ်းရေး ဆွေးနွေး

တောင်ကြီး   မတ်   ၁၀

942

   ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ (၂၀၁၅)ခုနှစ်အတွင်း ကျင်းပပြုလုပ် မည့် အားကစားပြိုင်ပွဲများ အားကစားကွင်းများနှင့် အားကစားရုံများဆွေးနွေးပွဲ အခမ်းအနားကို မတ်(၉)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်အားကစားကွင်း အထူးတန်းပွဲကြည့်စင် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

   ထို့နောက်အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်ကျော်ညွှန်နှင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးများနှင့် ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနတာဝန်ခံများ တက်ရောက်ကြသည်။

   ဆက်လက်၍ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်ကျော်ညွှန်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထန်အိတ်က ရှမ်းပြည်နယ်အတွင်းရှိ အားကစားကွင်းများနှင့် အားကစားရုံများ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းလူသစ်ရွေးချယ်ရေးဆိုင်ရာတို့ကို ရှင်းလင်းပြောကြားသည်။

   ၎င်းနောက် တက်ရောက်လာကြသည့် အားကစားတာဝန်ခံများမှ (၂၀၁၅)ခုနှစ် အားကစား ပြိုင်ပွဲကျင်းပမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ခရိုင်/ မြို့နယ်အလိုက် တာဝန်ရှိသူများက အသီးသီး တင်ပြကြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

ကိုရီးယားနိုင်ငံ Daedong လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေး သင်တန်းပို့ချ

မတ်လ ၁

936

   ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားများ မှာယူထားသော ကိုရီးယားနိုင်ငံ Daedong လယ်ယာသုံးစက်ကိရိယာများ လက်တွေ့အသုံးပြုနိုင်ရေးသင်တန်းကို တောင်ကြီး မြို့နယ် ရွှေညောင် စိုက်ပျိုးရေးသုတေသနခြံတွင် (၁.၃.၂၀၁၅)နှင့် (၂.၃.၂၀၁၅) နေ့တို့တွင် ပြုလုပ်ရာ တောင်ကြီး၊ ကလော၊ ပင်လောင်း၊ ရွာငံ၊ ဆီဆိုင်၊ ရပ်စောက်နှင့် မိုင်းရှူး မြို့နယ်တို့မှ သမဝါယမအသင်းသား (၃၆)ဦး တက်ရောက်ခဲ့ပြီး လက်တွေ့မောင်းနှင်နိုင်ရေးကို စက်မှုလယ်ယာမှ စက်မောင်းကျွမ်းကျင် (၂)ဦး၊ ကိုရီးယားနိုင်ငံသို့ သင်တန်းစေလွှတ်ထားသည့် နည်းပြ(၁)ဦးတို့မှ ပို့ချခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါသင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့်တကွ တာဝန်ရှိသူများ ဖိတ်ကြားထားသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

937

မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ

တောင်ကြီး မတ် - ၄

939

   ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မေတ္တာခမ်းတန် ဟိတ္ထိပါလ ကုန်းတော်ပေါ်တွင် တည်ထားကိုးကယ်မည့် ဉာဏ်တော်(၁၀၈)တောင်ရှိသည့် မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်း မဟာမင်္ဂလာအခမ်းနားကို မတ်လ (၄)ရက် နံနက်(၉)နာရီခွဲက အဆိုပါစေတီတော် ပရိဝုဏ်အတွင်းရှိ မင်္ဂလာမဏ္ဍပ်၌ သာသနာတော်ဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့် အညီ ကျင်းပကြောင်းသိရသည်။

940

   မဟာမင်္ဂလာအခမ်းအနားသို့ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ မင်းကွန်းပရိယတ္တိ စာသင်တိုက် နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကာကွယ်ရေးဦးစီချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညိုကြကြောင်းသိရသည်။

 941

   ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်ထံ မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထွဋ်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ခေါင်းလောင်းတော်များကို ဆက်ကပ်လှူဒါန်းကြသည်။

   ဆက်လက်၍ မင်္ဂလာအချိန်ကျရောက်သည်နှင့် ဧည့်ပရိတ်သတ်များက စိန်ဖူးတော်ငှက်မြတ် နားတော်နှင့် ခေါင်းလောင်းတော်များကို မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်တင်လှူ ပူဇော်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်အထွဋ်တွင် တပ်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပူဇော်ကြပြီး၊ ဆရာတော်၊ သံဃာတော်များကတံခွန်၊ ကုက္ကား၊ မုလေးပွားတို့ဖြင့် စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကနေကဇာ တင်တော်မူကြပြီး တာဝန်ရှိသူများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ၍ မွန်းလွဲပိုင်းတွင် လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ အဆိုပါစေတီတော်မြတ်ကြီးကို အရှင်ပေါရိဿ ဟိုပုံးကိုရင်လေးမှ ဦးဆောင်ပြီး စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများဖြင့် တည်ထားတော်မူခဲ့ပြီး စေတီတော်မြတ်ကြီး ဌာပနာတော် သွင်းတော်မူခြင်းနှင့် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားတို့ကို မတ်လ(၂)ရက်နှင့် (၃)ရက်နေ့တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ပဉ္စမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့ကျင်းပ

ပင်းတယ   မတ်   ၃

930

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား၊ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးတွင် ကျင်းပပြုလုပ်မည့် "ပဉ္စမအကြိမ်မြောက် ဓနုဆုံဆည်းရနေ့" ကို မတ်(၃)ရက် နံနက်(၉)နာရီက ရွှေဥမင်သဘာဝလိုဏ်ဂူ မုဒ်ဦးရှေ့ကွင်းပြင်၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့် အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်ထံမှ ပဉ္စမအကြိမ်မြောက် ဓနုတိုင်းရင်းသားများဆုံဆည်းရာနေ့သို့ ပေးပို့သော သဝဏ်လွှာအား ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှ ဖတ်ကြားသည်။

931

   ဆက်လက်၍ ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ကိုယ်စားလှယ်တစ်ဦးမှ လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး၊ အလှူရှင်များမှ အလှူငွေများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ ဓနုဆုံဆည်းရာနေ့ ပွဲတော်အတွက် အလှူငွေကျပ် သိန်း(၃၀)ပေးအပ်ရာ  ပွဲတော်ကျင်းပရေးကော်မတီ ဦးချစ်စိန်က လက်ခံရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်မှ ပင်းတယ၊ ရွာငံ၊ ကလော ဓနုစာပေယဉ်ကျေးမှုအဖွဲ့သို့ အလှူငွေကျပ် (၁၀)သိန်းစီပေးအပ်၍လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ ရပ်စောက်၊ နောင်ချို၊ တောင်ကြီး ဓနုစာပေယဉ်ကျေးမှုအဖွဲ့သို့ အလှူငွေကျပ် (၁၀)သိန်းစီ ပေးအပ်၍လည်းကောင်း၊  ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ ရန်ကုန်၊ ဟဲဟိုး၊ ဘော်ဆိုင်း ဓနုစာပေယဉ်ကျေးမှုအဖွဲ့သို့ အလှူငွေကျပ်(၅)သိန်းစီပေးအပ်၍လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ပင်းတယရှိ ပအိုဝ်း၊ တောင်ရိုး စာပေ ယဉ်ကျေးမှုအဖွဲ့သို့ အလှူငွေကျပ်(၁၀)သိန်းစီပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင် ဦးနန္ဒာလှမြင့်မှ ဓနုစာပေယဉ်ကျေးမှုဒေသဖွံ့ဖြိုးရေးအသင်းအား အလှူငွေကျပ်(၅)သိန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှ ဓနုဆုံဆည်းရာနေ့ကျင်းပရေးကော်မတီသို့ အလှူငွေကျပ် (၁၀)သိန်း၊ ကိုးကန့်စာပေယဉ်ကျေးမှုအဖွဲ့မှ အလှူငွေကျပ်(၁)သိန်း၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ အလှူငွေကျပ်(၁)သိန်း၊ တောင်ရိုးစာပေယဉ်ကျေးမှုအဖွဲ့မှ အလှူငွေကျပ်(၅)သောင်း၊ Future Moon Construation မှ အလှူငွေကျပ်(၅)သိန်း၊ ဓနု သော်တာကုမ္ပဏီမှ အလှူငွေကျပ်(၅)သိန်း၊ အသီးသီးပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။

   ထို့နောက် ဓနုဆုံဆည်းရာနေ့ သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပဉ္စမအကြိမ်မြောက် ဓနု တိုင်းရင်းသားများ ဆုံဆည်းရာနေ့ အခမ်းအနားအား ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲ၊  မဟာမုနိဓမ္မာရုံတွင်း ဆွမ်းပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းပြီး၊ ရွာငယ်ကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောင်တည်ကြပြီး၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

   အဆိုပါ ပဉ္စမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနားတွင် ဒေသခံများနှင့် အနယ်နယ် အရပ်ရပ်မှ ဓနုတိုင်းရင်းသား/တိုင်းရင်းသူများသည် မွန်းလွဲ(၂)နာရီက မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

                                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

လားရှိုးမြို့ရှောင်လမ်း အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ငွေကျပ် ၆၇၁၇၀၀ဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

လားရှိုး    မတ် ၁၀

 938

        ၉-၃-၂၀၁၅ ရက်နေ့ ညနေ ၆နာရီခွဲ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့၊ စစ်ဘက် ရေးရာ လုံခြုံရေးတပ်ဖွဲ့တို့ပူးပေါင်း၍ လားရှိုးမြို့၊ မြို့ရှောင်လမ်းနှင့် လားရှိုး-နမ္မတူလမ်းဆုံ၊ အေးရှားဝေါလ် တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်စဉ်လားရှိုးမြို့၊ မြို့ရှောင်လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီးသို့ ကွတ်ခိုင်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင် လာသည့် ဆိုင်ကယ်နံပါတ် ၃၁ယ/၇၀၂၂၈ အား သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ထိုင်ခုံနောက်တွင် ဆာလာအိတ်အတွင်းထုံးများနှင့် ရောနှောသိုဝှက်လျှက် ခေါက်ဆွဲထုပ်အိတ်ခွံအတွင်း ဆပ်ပြာခွက်(၁)ခွက်လျှင် ပလပ်စတစ်ဖြင့်ထည့်လျှက် ဘိန်းဖြူမှုန့် အလေးချိန် (၁၃)ဂရမ်စီပါ (၁၁)ခွက်၊ စုစုပေါင်းအလေးချိန်(၁၄၃)ဂရမ်နှင့် ဆပ်ပြာခွက်(၁)ခွက်စီအတွင်း ပလပ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်လျက် 88 နှင့် 1 တစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား (၂၀၀)ပြားစီပါ(၅)ထုပ်၊ (၂)ခွက်၊ စုစုပေါင်းဆေးပြား(၁၀)ထုပ်၊ (၂၀၀၀)ပြား၊ အလေးချိန်(၂၀၀)ဂရမ် အား တွေ့ရှိသိမ်းဆည်းရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ပြန်လည်ရောင်းချရန် သယ်ဆောင် လာကြောင်း ပေါ်ပေါက်သဖြင့် ကျင်ဆု(ကျား)၊ ၄၃ နှစ်၊ (ဘ)ဦးလောက်ဆန်၊ မှတ်ပုံတင်(မမှတ်မိ)၊ ကိုးကန့်-တရုတ်/ဗုဒ္ဓ၊ တောင်ယာ၊ ရပ်ကွက်(၄)၊ ကွတ်ခိုင်မြို့နေသူအား လားရှိုးမြို့မရဲစခန်း မယ(ပ)၃၁/၂၀၁၅၊ မူးစိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ အရ အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

                                                                                                                                                                                             ဟန်ဌေး(iprd)

                                                                                                                                                                                              ခရိုင်ပြန်/ဆက်

                                                                                                                                                                                                  လားရှိုး

 

ရွှေဘုန်းပွင့်ဘုရား ဧကဒဿမအကြိမ် ဗုဒ္ဓပူဇနိယပွဲ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်နေ့စဉ် ပူဇော်ခြင်းနှင့် အသံမစဲပဌာန်း ရွတ်ဖတ်ပူဇော်

တောင်ကြီး မတ် - ၂

929

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရားစေတီတော် ရင်ပြင်တော်ပေါ်တွင် ဧကဒဿမအကြိမ် ဗုဒ္ဓပူဇနိယပွဲ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် နေ့စဉ်ပူဇော်ခြင်းနှင့် အသံမစဲပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မတ်လ ၂ရက် နံနက်(၉)နာရီခွဲက အဆိုပါဘုရား၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အမှူးပြုသော ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့နှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဂေါပကအဖွဲ့မှ ဦးသိန်းစိုးက နတ်ဗြဟ္မာများအား ပင့်ဖိတ်သည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အမှူးပြုသော ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များ၊ ပရိသတ်များတို့က တောင်ကြီးမြို့ ဘုရားကြီးအနောက်ကျောင်းဆရာတော် နိုင်ငံတော် ဗဟိုသံဃာဝန်ဆောင်ဂန္တဝါစကပဏ္ဍိတထံ ကိုးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်ကို နားကြားကြကြောင်းသိရသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်ကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရားတော်နှင့် ရေစက်သွန်းချ တရားနာကြား၍ အမျှပေးဝေကြကြောင်းသိရသည်။

   ၎င်နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွှေဘုန်းပွင့် စေတီရင်ပြင်တော်ပေါ်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများတို့ကို ဆက်ကပ်လှူဒါန်းပူဇော်ကြပြီး၊ ဆရာတော်၊ သံဃာတော်(၁၇)ပါးအား နေ့ဆွမ်းဆက်ကပ် ကြကြောင်းသိရသည်။

   အဆိုပါ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီရင်ပြင်တော်ပေါ်တွင် နေ့စဉ်ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ခြင်းနှင့် အသံမစဲ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို ဆရာတော်၊ သံဃာတော်များဖြင့် မတ်လ (၂)ရက်မှ (၇)ရက်နေ့အထိ ကျင်းပသွာမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                     မောင်မောင်သန်း(တောင်ကြီး)

 

Silver Dove ကုမ္ပဏီမှ အစေ့ထုတ်ပြောင်း မျိုးစေ့ H-888 အား သမဝါယမအသင်းသားများသို့ မိတ်ဆက်ပွဲပြုလုပ်

တောင်ကြီး မတ် ၅

932

   ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အနေဖြင့် သမဝါယမဝန်ကြီးဌာနမှ ရည်မှန်းထားသော နည်းပညာ၊ သွင်းအားစုနှင့် သတင်းအချက်အလက် အရင်းအမြစ် (Technology, Material and Information Network) တည်ဆောက်နိုင်ရေး ဦးတည်လျှက် တောင်သူများအား မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေး၊ Silver Doveကုမ္ပဏီမှ “သရဖူအမှတ်တံဆိပ်” H-888 အစေ့ထုတ်ပြောင်း မျိုးစေ့အား သမဝါယမအသင်းများမှတဆင့် အသင်းသားများသို့ ဖြန့်ဖြူးနိုင်ရေး၊ အတွက်မိတ်ဆက်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမတွင် (၅.၃.၂၀၁၅) ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက်ပြီး သမဝါယမအသင်းသူ/အသင်းသား များအား စိုက်ပျိုးစရိတ်ချေးငွေ အရင်းအနှီးများကို သက်သာသော အတိုးနှုန်းများဖြင့် ထုတ်ချေးပေးယုံသာမက တောင်သူများ လိုအပ်သော နည်းပညာ၊ မျိုး၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံး/လုပ်ငန်းသုံး စက်ကိရိယာများစသော Material and Technology Inputsများနှင့် ပံ့ပိုးကူညီနိုင်ရေး ဆက်စပ်ဆောင်ရွက် ပေးနိုင်မှသာ သမဝါယမအသင်းများ ရေရှည်ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။

933

   ထို့နောက် Silver Dove ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျင့်ထိုင်မှ H-888 အစေ့ ထုတ်ပြောင်း မျိုးစေ့နှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာကြသော သမဝါယမအသင်းသား/အသင်းသူများမှ သိလိုသည်များအား မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားပြီး အခမ်းအနားကို  နေ့လည်(၂)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် တောင်ပိုင်း/ အရှေ့ပိုင်းသမဝါယမ အသင်းစုချုပ်မှ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်သမဝါယမ ဦးစီးဌာနများမှ ဦးစီးအရာရှိများနှင့် သမဝါယမအသင်း အဆင့်ဆင့်မှ ဥက္ကဌများနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

တောင်ကြီးမြို့နယ်၊ ရွှေညောင်ဌာန၌ စက်သုံးဆီအရောင်းဆိုင်များ (ရှမ်း/တောင်)မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲကျင်းပ

တောင်ကြီး    မတ်လ     ၁

928

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ရွှေညောင်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၊ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှကြီးမှူးကျင်းပသော တောင်ကြီးမြို့နယ်၊ ရွှေညောင်တွင် စက်သုံးဆီအရောင်းဆိုင်များ (ရှမ်း/တောင်)မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးပညာပေးဟောပြောပို့ချပွဲနှင့် သရုပ်ပြပွဲကို မတ်လ(၁)ရက်နေ့ နံနက်(၉) နာရီက ရွှေညောင်ဌာန ခွဲ(က)အဆင့် ရွှေနံ့သာ အစည်းအဝေးခန်းမ၊ ရွှေညောင်-ရပ်စောက်လမ်း၊ သုခချမ်းသာ(၁)တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

   မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပို့ချပွဲနှင့် သရုပ်ပြပွဲအစီအစဉ်အရ ရှမ်းပြည်နယ်၊ ရေနံထွက် ပစ္စည်းများတင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်က အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ရွှေညောင်ဌာနခွဲ(က)အဆင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ဌာနခွဲမန်နေဂျာ ဦးစိုးတင့်က (ပက်ထရိုလီယမ် ပရောဒက်(စ်) ဟန်းလင်း ပရောစက်စ်) PertoLeum Products Hand Ling  Process နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ပြည်နယ်မီးသတ် တပ်ဖွဲ့မှူးရုံး ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူက သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အထွေထွေလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသေးစိတ်ရှင်းလင်းဟောပြောပေးခဲ့သည်။

   ထိုနောက် လက်တွေ့သရုပ်ပြသခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် သရုပ်ပြသရာတွင် နယ်မြေမီးသတ်စခန်း၊ ဒုတိယဦးစီးမှူး ဦးမြင့်သန်းကဦးဆောင်၍ သန္ဓေ(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၁၅)ဦးနှင့် မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးတို့က လက်တွေ့ မီးငြိမ်းသတ်ပုံများကို လက်တွေ့ပြသလေ့ကျင့်ပေးခဲ့ကြသည်။ စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်များကလည်း စိတ်ပါဝင်စားစွာကြည့်ရှုပြီး၊ မိမိတို့ စက်သုံးဆီအရောင်းဆိုင်များတွင် ကြိုတင်ကာကွယ်တားဆီး နိုင်ရေးအတွက် လေ့ကျင့်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ရွှေညောင် ဌာနခွဲ(က)အဆင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ဌာနခွဲမန်နေဂျာ ဦးစိုးတင့်၊ မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ဌာနခွဲမှ တာဝန်ရှိဝန်ထမ်းများနှင့် စက်သုံးဆီအရောင်းဆိုင်ကိုယ်စားလှယ်များ၊ အခြား စိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၁၈၃)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

                                                                                                                                      စိုင်းသန်းကျော်(တောင်ကြီး)

More Articles...

  1. ရာစုသစ်သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ချို့တဲ့နွမ်းပါးသော သက်ကြီးဘိုးဘွားများအား လစဉ် ထောက်ပံ့လှူဒါန်း
  2. စည်ပင်သာယာရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စွမ်းရည်မြှင့်အလုပ်ရုံဆွေးနွေး
  3. ကျောက်တလုံးကြီး ရေလှောင်တမံစီမံကိန်း လုပ်ငန်းဆောင်ရွက်မှုအား ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေး
  4. ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR Mr. Kazuhiro Kaneko တွေ့ဆုံ
  5. ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)ကျင်းပ
  6. ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
  7. ပြန်ကြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဦးစီးဌာန၊ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်း
  8. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလောက်ကိုင်ဒေသမှတိမ်းရှောင်လာသော ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသတိုင် နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သော တပ်မတော်သားများ နိုင်ငံ့ဝန်ထမ်းများ အပြစ်မဲ့ဒေသခံပြည်သူများအတွက် ကောင်းမှု ကုသိုလ် ပြုလုပ်လှူဒါန်းအမျှဝေခြင်း ကျင်းပ
  10. တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော် ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 84 guests and no members online

Latest Updates