သတင်းများ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးသိန်းအောင် တို့၏ဦးဆောင်မှုဖြင့် Mother Trading Co.,Ltd မှ ဦးအောင်မြတ် နှ

တောင်ကြီး     မတ်      ၁၅

951

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ ဝန်ကြီး ဦးသိန်းအောင် တို့၏ဦးဆောင်မှုဖြင့် Mother Trading Co.,Ltd မှ ဦးအောင်မြတ် နှင့်အလှူရှင်များကောင်းမှု ဖြင့်ဆောင်ရွက်သော မျက်စိဝေဒနာရှင်များအခမဲ့စမ်းသပ်ခြင်းနှင့် ခွဲစိတ်ကုသခြင်းဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို မတ်လ ၁၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အတွင်း၊ သံဃာဆေးကုဆောင်ရှေ့တွင်ကျင်းပသည်။

950

   ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကျွန်တော်တို့ မြန်မာ ဆိုရိုးစကားရှိ 'မျက်စိအဆုံး နားအရှုံး'ဟူသောစကားသည် မျက်စိမမြင်သောသူသည် အသက်ရှင်လျက် ဘဝဆုံး သည်နှင့် ဘာမှမခြားနားဟုအဖွင့်အမှာစကားပြောကြားသည်။ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးသိန်းအောင်က မျက်စိဝေဒနာရှင်များ စုစုပေါင်း(၃၀၀၀)ဦးရှိသည်ဟု မျက်စိဝေဒနာရှင်များအတွက် အခမဲ့စမ်းသပ် ခြင်းနှင့် ခွဲစိတ်ကျသခြင်းအတွက် လိုအပ်သည့်အလှူငွေများကို အလှူခံ၍ ကုသပေးခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော အလှူငွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၅၀)ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကိုကိုကလက်ခံရယူ၍လည်းကောင်း၊ Mother Trading Co.,Ltd မှ ဦးအောင်မြတ်၏ကိုယ်စားတစ်ဦးက အလှူငွေကျပ်သိန်း(၃၀၀)ကို ပေးအပ်လှူဒါန်းရာ  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုက လက်ခံရယူ၍လည်းကောင်း၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တည်ဆောက်ရေးစီမံကိန်းမှ ဆရာဝန်ကြီးများ အသွား/အပြန်လေယာဉ်စရိတ်နှင့် အဲယားကွန်း(၃)လုံးအပါအဝင် အခြားလှူဒါန်းမှုအစုစုတန်ဖိုးငွေကျပ်သိန်း(၃၀) အား စက်ရုံမှူး ဦးတင့်ဆွေမှပေးအပ်လှူဒါန်းရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုက လက်ခံရယူ၍လည်းကောင်း၊ ဦးဖုန်းကြွယ်+ဒေါ်ခင်ခင်စိန် မိသားစု၊ ညောင်ရွှေမြို့မှလှူဒါန်းငွေကျပ်(၃)သိန်းအား အလှူရှင်ကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုမှ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ တစ်ဦးကလက်ခံရယူခဲ့ကြကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပြီး၊ ယနေ့စုစုပေါင်းလှူဒါန်းငွေ မှာ ကျပ်(၃၈၃)သိန်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

   ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုက ရန်ကုန်မြို့မှ မျက်စိ အထူးကုဆရာဝန်ကြီးများ၊ တောင်ကြီးမြို့ပေါ်မှ မျက်စိအထူးကုဆရာဝန်များနှင့် ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

   အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးဝ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဖက်ရှိလူမှုရေးအသင်းအဖွဲ့များနှင့် မျက်စိဝေဒနာရှင်များ၊ ပြည်သူလူထုများ၊ မြို့နယ်အထောက်အကူပြုကော်မတီဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပြီး မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခြင်းနှင့် ခွဲစိတ်ကုသခြင်းများကို (၁၅.၃.၂၀၁၅)ရက်နေ့မှ (၁၉.၃.၂၀၁၅) ရက်နေ့ထိ (၅)ရက်အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

                                                                                                                                          စိုင်းသန်းကျော်(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး မတ်  ၁၄

 952

   ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနသည် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ၊ ခရိုင်၊မြို့နယ်၊ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်း၍ အခမဲ့ဆေးဝါးကုသပေးလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မတ်(၁၄)ရက် နံနက်(၉) နာရီခွဲက တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ စဝ်စံထွန်းဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့မှ အထူးကုသမားတော်ကြီးများနှင့် ဆရာဝန်ကြီးများ၊ သူနာပြုများပါဝင်သည့် အဖွဲ့သည် ကျောက်တလုံးကြီးမြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုင်းရင်းသားပြည်သူများအား အခမဲ့ ဆေးဝါးကုသ ပေးခဲ့ကြောင်းသိရသည်။

   ဆေးဝါးကုသရာ ကျောက်တလုံးကြီး၊ ပြည်သူ့ဆေးရုံကြီးသို့ ရှမ်းြုပည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာမိုးဆွေ၊ စဝ်စံထွန်းဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ ဌာနအဆိုင်တာဝန်ရှိသူများတို့သည် သားဖွားနှင့်မီးယပ်၊ သွားနှင့်ခံတွင်း၊ တိုင်းရင်းဆေး၊ အရိုးအကြော၊ အထွေထွေကုသရမည့်လူနာများကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် တက်ရောက်ကုသစေပြီး၊ ထောက်ပံ့ငွေများကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ပေးအပ်ကာ ပြည်နယ်ဝန်ကြီးများတို့သည် ဆေးရုံအတွင်းရှိ ဆေးသိုလှောင်ခန်း၊ ဓါတ်မှန်ခန်း၊ ခွဲစိတ်ခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

953

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကျောက်တလုံးကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိကာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းစာခန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ရောက်ရှိကာ ဌာနဆိုင် တာဝန်ရှိသူများ ၊ ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ မီးလင်းရေးကော်မတီ၊ ရေရရှိရေးကော်မတီ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး ကော်မတီအသီးသီးတို့မှ တင်ပြချက်များကို ပေါင်းစပ်ညိုနှိုင်းဆောင်ရွက်ပေးပြီး ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့သည် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိ သူတို့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိစစ်ဆေး၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် နှင့် နောင်ခဲစာကြည့်တိုက်တို့အတွက် (၂)စုံကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကျောက်တလုံးကြီးမြို့မှ ထွက်ခွာလာရာ နောင်ခဲ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိလာပြီး ဆရာ၊ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့်တွေ့ဆုံ၍ ကျောင်းစာသင်ခန်းနှင့်စာသင်ဆောင်များ၊ ဝန်ထမ်းအိမ်ယာများ လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးများတို့မှ ကျောင်းဝန်းကျင်စိမ်းလန်းစိုပြေစေရန်အတွက် သစ်ပင်များ စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ ကျောင်းပိုင်ပစ္စည်းများအား စနစ်တကျထားသိုရန်နှင့်စာသင်ခုံများအား အသစ်မွမ်းမံပြင်ဆင်ကြရန် ကျောင်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြ ကျောင်းတိုက်သို့ရောက်ရှိကာ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးခွန်သိန်းမောင်မှ အသစ်ဆောက်လုပ်လျက် ရှိသော အဆောက်အဦသစ်အတွက် အလှူငွေကျပ်သိန်း(၃၀)ကို ကျောင်းထိုင်ဆရာတော်ထံသို့ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

 

                                                                                                                                                                                          ခွန်အာကာ(တောင်ကြီး)

 

လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည (အဘိဓဇမဟာရဋ္ဌဂုရု)၊ (ရှမ်းပြည်နယ်သံဃာနာယက ဒုတိယဥက္ကဌ)၏ စျာပနအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများမှ အလှူငွေပေးအပ်လှူဒါန်း

တောင်ကြီး   မတ်   ၁၀

946

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုဝန်ကြီးဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူနှင့် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်အုပ်တို့သည် (၁၀.၃.၂၀၁၅)ရက်နေ့ နံနက်(၈)နာရီတွင် လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည (အဘိဓဇမဟာရဋ္ဌဂုရု)၊ (ရှမ်းပြည်နယ်သံဃာနာယက ဒုတိယဥက္ကဌ)၏ စျာပနအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်း ငွေ(၅၀)သိန်းအား လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိပါသည်။

 

တောင်ကြီးမြို့၊ ဓမ္မဝိဒူလူငယ်ဖွံ့ဖြိုးရေးပရဟိတ စာသင်ဆောင် ဆောက်လုပ်မှုအား ပြည်နယ်ဝန်ကြီးမှ ကြည့်ရှုစစ်ဆေး

တောင်ကြီး   မတ်   ၁၃

949

   တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်အတွင်းရှိ ဓမ္မဝိဒူဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ စာသင်ဆောင်သည် ရှမ်းပြည်နယ်အစိုးရ၏ မတည်လှူဒါန်း ငွေကျပ်သိန်း(၂၀၀)နှင့် အလှူရှင်များမှ လှူဒါန်းငွေ ကျပ်သိန်း(၁၅၇)သိန်းဖြင့် ဆောက်လုပ်လျက် ရှိရာ ပြီးစီးမှုအနေအထားနှင့် လိုအပ်ချက်များ ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေး ဝန်ကြီးဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် သွားရောက်ကြည့်ရှုပြီး၊ လုပ်ငန်းပြီးစီးမှုနှင့် လိုအပ် ချက်များကို ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးရဲဖေမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး များမှ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   အဆိုပါ ဓမ္မဝိဒူဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတတွင် ကျောင်းသားဦးရေ(၁၈၀)ဦးရှိပြီး၊ မူလတန်းပညာရေးကိုသာ သင်ကြားနေရာမှ ယခုနှစ်တွင် နိုင်ငံတော်မှ မူလွန်အဆင့်သင်ကြားခွင့် ခွင့်ပြုခဲ့ပါသဖြင့် ကျောင်းစာသင်ဆောင်များ၊ စာသင်ခန်း များ လိုအပ်လျက်ရှိသောနေရာများကို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သဖြင့် လွန်စွာဝမ်းသာပီတိဖြစ်ရကြောင်း၊ ကျောင်းထိုင်ဆရာတော် ဦးဆန္ဒရာဇာဘိဝံသမှ မိန့်ကြားချက်အား ကြားသိရပြီး၊ ယခုဆောက်လုပ်ဆဲ ကျောင်းဆောင်သစ်မြေညီထပ် ပြီးမြောက်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

                                                                                                                                                                            သန်းထူး(တောင်ကြီး)

လောက်ကိုင်ဒေသ စစ်ဘေးရှောင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော ဆန်အိတ်များအား ကြည့်ရှု့စစ်ဆေး လှူဒါန်းခြင်း

တောင်ကြီး   မတ်   ၉

943

   ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်၊ ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးအယ်လ်တိန့်ဘောင်တို့မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်မှုအထောက်အကူပြုကော်မတီထံသို့ လှူဒါန်းထားသော ဆန်အိတ် (၃၀၀၀)အား ကွမ်းလုံမြို့နယ်စိုက်ပျိုးရေးဂိုဒေါင်တွင် ထားရှိမှုအခြေအနေကို (၉.၃.၂၀၁၅) ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲတွင် အဆိုပါ ဂိုဒေါင်၌ သွားရောက်စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   ထို့နောက်လူမှုရေးဝန်ကြီးသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်မှုအထောက်အကူပြုကော်မတီထံသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော ဆန်အိတ် များအား နယ်စပ်ဒေသ ဒုက္ခသည်စခန်းများသို့ ဆက်လက်ပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

944

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းလုံမြို့နယ် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ကယ်ဆယ်ရေးစခန်းအတွက်  အလှူငွေကျပ်(၁၀)သိန်းနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့သို့ အလှူငွေကျပ်(၁၀)သိန်းပေးအပ်လှူဒါန်းခဲ့ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းလုံမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်သန်းနှင့် ဦးဇော်မင်းထိုက် မိသားစုဝင်များအား ဆန်(၃)အိတ်၊ ဆီ(၁)ပုံးစီ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

 

လားရှိုးမြို့ရှောင်လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ငွေကျပ်(၂၀၆)သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀၀)ပြား အလေးချိန်(၁.၀၃)ကီလို အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိ

လားရှိုး      မတ် − ၁၂

 948

   ၁၁-၃-၂၀၁၅ ရက်နေ့ ၁၁၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုး မှ တပ်ဖွဲ့ဝင်များနှင့် လားရှိုး ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ လားရှိုးမြို့ရှောင်လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီးတွင် စောင့်ဆိုင်းနေစဉ် စယ်အူကျေးရွာ မှ လားရှိုးမြို့ဘက်သို့ ဆိန့်ဝမ်(ကျား)မောင်းနှင်ပြီး လုံဖူ(ကျား) စီးနင်း လိုက်ပါလာသော ၄၁ယ/၄၂၈၈၀ နံပါတ်ပါ Haojue – 150 အမျိုးအစား နီ/နက်ကြား ဆိုင်ကယ်အား ရပ်တန့်ခိုင်းစဉ် ဆိန့်ဝမ်(ကျား)မှ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းထွက်ပြေးရန်အားထုတ်သဖြင့် တပ်ဖွဲ့ဝင်များမှ ဝိုင်းဝင်းဖမ်းဆီးစဉ် ပြန်လည်ခုခံတိုက်ခိုက်၍ လုံးထွေးဖမ်းဆီးခဲ့ပြီး သက်သေများနှင့်အတူ စစ်ဆေးရှာဖွေ ရာ ၎င်း၏ခန္ဓာကိုယ်တွင် လွယ်ထားသော LEVI’s စာတမ်းပါ ကာကီရောင်ဂျင်းလွယ်အိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာ အိတ်ငယ်အတွင်းထည့်လျှက် 88 နှင့် 1 စာတမ်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ(၅၁)ထုပ်၊(၁၀၀)ပြားပါ(၁)ထုပ်၊ စုစုပေါင်းဆေးပြား(၅၂)ထုပ်၊ ဆေးပြား(၁၀၃၀၀)ပြား၊ အလေးချိန်(၁.၀၃)ကီလိုဂရမ်နှင့် မြန်မာငွေစက္ကူတစ်ထောင်ကျပ်တန်(၁၀၀)ရွက်၊ စုစုပေါင်းမြန်မာငွေကျပ်(၁)သိန်းအား ရှာဖွေတွေ့ရှိရာ ဆိန့်ဝမ်(ကျား)မှ လုံဖူ(ကျား)နှင့်အတူ ၎င်းကိုယ်တိုင် သယ်ဆောင်လာသော မူးယစ်ဆေးဝါးများဖြစ်ကြောင်းပြောပြပေးအပ်သဖြင့် သိမ်းဆည်းခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူနှင့် ရောင်းချပေးလိုက်သူ (က) ဆိန့်ဝမ်(ကျား)၊ အသက်(၃၆)နှစ်၊ (ဘ)ဦးချောက်တယ်၊ ၁၃/ကလတ(နိုင်)၀၃၂၅၉၂၊ မြောင်းစီး/နတ်၊ တောင်ယာ၊ ဘူတာရပ်ကွပ်၊ နောင်ချိုမြို့။(ခ) လုံဖူ (ကျား)၊ အသက်(၃၉)နှစ်၊ (ဘ)ဦးချောက်ဝမ်၊ TMN -၀၁၆၂၈၅၊မြောင်းစီး/နတ်၊ တောင်ယာ၊ စယ်အူကျေးရွာ၊ သိန်းနီမြို့နယ် နှစ်ဦး တို့အားလားရှိုးမြို့မရဲစခန်း မယ(ပ) ၃၃/၂၀၁၅၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။

                                                                                                                                                                                  ဟန်ဌေး(iprd)

                                                                                                                                                                                    ခရိုင်ပြန်/ဆက်

                                                                                                                                                                                         လားရှိုး

 

အားကစားပြိုင်ပွဲများနှင့် အားကစားကွင်းများ ထိန်းသိမ်းရေး ဆွေးနွေး

တောင်ကြီး   မတ်   ၁၀

942

   ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ (၂၀၁၅)ခုနှစ်အတွင်း ကျင်းပပြုလုပ် မည့် အားကစားပြိုင်ပွဲများ အားကစားကွင်းများနှင့် အားကစားရုံများဆွေးနွေးပွဲ အခမ်းအနားကို မတ်(၉)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်အားကစားကွင်း အထူးတန်းပွဲကြည့်စင် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

   ထို့နောက်အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်ကျော်ညွှန်နှင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးများနှင့် ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနတာဝန်ခံများ တက်ရောက်ကြသည်။

   ဆက်လက်၍ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်ကျော်ညွှန်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထန်အိတ်က ရှမ်းပြည်နယ်အတွင်းရှိ အားကစားကွင်းများနှင့် အားကစားရုံများ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းလူသစ်ရွေးချယ်ရေးဆိုင်ရာတို့ကို ရှင်းလင်းပြောကြားသည်။

   ၎င်းနောက် တက်ရောက်လာကြသည့် အားကစားတာဝန်ခံများမှ (၂၀၁၅)ခုနှစ် အားကစား ပြိုင်ပွဲကျင်းပမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ခရိုင်/ မြို့နယ်အလိုက် တာဝန်ရှိသူများက အသီးသီး တင်ပြကြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တောင်ကြီးမြို့၊ ၂၀၁၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများတွင်စာမေးပွဲဖြေဆိုနေသူများအား ကြည့်ရှုအားပေး

တောင်ကြီးမြို့    မတ်    ၁၂

947

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေသူများအား မတ်လ ၁၂ ရက်နေ့ နံနက်(၉းဝ၀)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကြည့်ရှုအားပေးခဲ့သည်။

   အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ခံဆရာကြီး ဦးဇော်မြင့်က ယနေ့အဂင်္လိပ်ဘာသာ ဖြေဆိုသူ(ကျောင်းတွင်းဖြေ+ပြင်ပဖြေ) ကျောင်းသား(၁၉၈)ဦးနှင့် ကျောင်းသူ(၃၆၇)ဦး၊ စုစုပေါင်း (၅၆၅)ဦးဖြေဆို ကြကြောင်း ရှင်းလင်းပြောကြားသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖြေဆိုသူများကို လိုက်လံကြည့်ရှု၍ အောင်မြင်စွာဖြေဆိုသွားကြရန် အားပေးစကားများပြောကြားခဲ့သည်။ 

   ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးမှူး(ရှမ်း/တောင်) ညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်းမြင့်တို့နှင့်အတူ မြို့ပေါ်ရပ်ကွက်ရှိ ရပ်မိရပ်ဖများပါဝင်၍ ကျောင်းပေါင်း(၁၃)ကျောင်း ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ ၂၀၁၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တောင်ကြီးမြို့နယ်စာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းတွင်းဖြေနှင့်ပြင်ပဖြေ ကျောင်းသား/သူ စုစုပေါင်း (၆၄၆၈)ဦးဖြေဆိုခဲ့ကြပြီး၊ ဘာသာရပ်အတွဲ(၁)၊ အတွဲ(၂)၊ အတွဲ(၅)၊ အတွဲ(၇)၊ စုစုပေါင်းအတွဲ(၄)ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာဝန်ခံ ကျောင်းဆရာ/ ဆရာမများကို တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား/သူများအား စည်းကမ်းရှိစွာဖြေဆိုရန်နှင့် ဆရာ/ဆရာမများကလည်း ကြီးကြပ်ဆောင်ရွက်ပြီး၊ ကျောင်းသား/သူများအား ဘာသာရပ်ပေါင်းစုံဖြေဆိုသွားကြရန် တိုက်တွန်းခဲ့ပြီး၊ ယနေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/သူစုစုပေါင်း (၆၀၆၀)ဦးဖြေဆိုကြပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်စာစစ်ဌာန(၁၃)ခုဖွင့်လှစ်ထားရှိပြီး၊တက္ကသိုလ်စာမေးပွဲကို ဘာသာရပ် အတွဲ(၁)မှ အတွဲ(၈)အထိရှိရာ၊ အတွဲ(၁)၊ အတွဲ(၂)၊ အတွဲ(၅)၊ အတွဲ(၇)၊ စုစုပေါင်းအတွဲ(၄)တွဲတွင် ကျောင်းတွင်း ဖြေနှင့် ပြင်ပဖြေဆို ကျောင်းသား/သူများသည် အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

                                                                                                                                                   စိုင်းသန်းကျော် (တောင်ကြီး)

 

မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ

တောင်ကြီး မတ် - ၄

939

   ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မေတ္တာခမ်းတန် ဟိတ္ထိပါလ ကုန်းတော်ပေါ်တွင် တည်ထားကိုးကယ်မည့် ဉာဏ်တော်(၁၀၈)တောင်ရှိသည့် မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်း မဟာမင်္ဂလာအခမ်းနားကို မတ်လ (၄)ရက် နံနက်(၉)နာရီခွဲက အဆိုပါစေတီတော် ပရိဝုဏ်အတွင်းရှိ မင်္ဂလာမဏ္ဍပ်၌ သာသနာတော်ဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့် အညီ ကျင်းပကြောင်းသိရသည်။

940

   မဟာမင်္ဂလာအခမ်းအနားသို့ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ မင်းကွန်းပရိယတ္တိ စာသင်တိုက် နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကာကွယ်ရေးဦးစီချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညိုကြကြောင်းသိရသည်။

 941

   ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်ထံ မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထွဋ်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ခေါင်းလောင်းတော်များကို ဆက်ကပ်လှူဒါန်းကြသည်။

   ဆက်လက်၍ မင်္ဂလာအချိန်ကျရောက်သည်နှင့် ဧည့်ပရိတ်သတ်များက စိန်ဖူးတော်ငှက်မြတ် နားတော်နှင့် ခေါင်းလောင်းတော်များကို မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်တင်လှူ ပူဇော်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်အထွဋ်တွင် တပ်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပူဇော်ကြပြီး၊ ဆရာတော်၊ သံဃာတော်များကတံခွန်၊ ကုက္ကား၊ မုလေးပွားတို့ဖြင့် စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကနေကဇာ တင်တော်မူကြပြီး တာဝန်ရှိသူများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ၍ မွန်းလွဲပိုင်းတွင် လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ အဆိုပါစေတီတော်မြတ်ကြီးကို အရှင်ပေါရိဿ ဟိုပုံးကိုရင်လေးမှ ဦးဆောင်ပြီး စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများဖြင့် တည်ထားတော်မူခဲ့ပြီး စေတီတော်မြတ်ကြီး ဌာပနာတော် သွင်းတော်မူခြင်းနှင့် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားတို့ကို မတ်လ(၂)ရက်နှင့် (၃)ရက်နေ့တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

လောက်ကိုင်ဒေသစစ်ဘေးရှောင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား အားပေးကြည့်ရှုခြင်းနှင့် ဒဏ်ရာရ အရာရှိစစ်သည်များအား အားပေးကြည့်ရှုခြင်း

တောင်ကြီး   မတ်   ၁၀

945

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေနှင့် မြို့နယ် ပညာရေးမှူး ဒေါ်ငွေအေးတို့သည် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ၊ ရတနာဒီပသာသနာပြုကျောင်း တိုက်နှင့် ဉာဏသိပ္ပံရပ်ကွက်ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်တွင် ရောက်ရှိနေသော လောက်ကိုင်၊ ချင်းရွှေဟော်မြို့နယ်များမှ(၂၀၁၄-၂၀၁၅) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး၊ ရတနာဒီပသာသနာပြုကျောင်းတိုက်ဆရာတော်နှင့် သာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော်တို့ အား အလှူငွေကျပ်(၁)သိန်းခွဲစီ စုစုပေါင်း(၃)သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ (အ.ထ.က- ကွမ်းလုံ) တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုမည့် စာဖြေဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒဏ်ရာရ အရာရှိ စစ်သည်လူနာများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး၊ ဒဏ်ရာရအရာရှိစစ်သည်(၈)ဦး အတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂)သိန်း(၄)သောင်းတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

   နေ့လည်ပိုင်းတွင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းတို့သည် ကွမ်းလုံမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်း၊ ပရဟိတအသင်း၊ ချက်ပြုတ် ကျွေးမွေးရေးအသင်းများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး၊ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ ဝန်ကြီးများနှင့်အဖွဲ့သည် ကွမ်းလုံဆေးရုံမှ ဒဏ်ရာရစစ်သည်များအား ကြည့်ရှု အားပေးခဲ့ပြီးနောက် ကွမ်းလုံမြို့နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် လောက်ကိုင်စစ်ဘေးရှောင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ အား သွားရောက်အားပေးပြီး၊ အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

လားရှိုးမြို့ရှောင်လမ်း အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ငွေကျပ် ၆၇၁၇၀၀ဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

လားရှိုး    မတ် ၁၀

 938

        ၉-၃-၂၀၁၅ ရက်နေ့ ညနေ ၆နာရီခွဲ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့၊ စစ်ဘက် ရေးရာ လုံခြုံရေးတပ်ဖွဲ့တို့ပူးပေါင်း၍ လားရှိုးမြို့၊ မြို့ရှောင်လမ်းနှင့် လားရှိုး-နမ္မတူလမ်းဆုံ၊ အေးရှားဝေါလ် တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်စဉ်လားရှိုးမြို့၊ မြို့ရှောင်လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီးသို့ ကွတ်ခိုင်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင် လာသည့် ဆိုင်ကယ်နံပါတ် ၃၁ယ/၇၀၂၂၈ အား သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ထိုင်ခုံနောက်တွင် ဆာလာအိတ်အတွင်းထုံးများနှင့် ရောနှောသိုဝှက်လျှက် ခေါက်ဆွဲထုပ်အိတ်ခွံအတွင်း ဆပ်ပြာခွက်(၁)ခွက်လျှင် ပလပ်စတစ်ဖြင့်ထည့်လျှက် ဘိန်းဖြူမှုန့် အလေးချိန် (၁၃)ဂရမ်စီပါ (၁၁)ခွက်၊ စုစုပေါင်းအလေးချိန်(၁၄၃)ဂရမ်နှင့် ဆပ်ပြာခွက်(၁)ခွက်စီအတွင်း ပလပ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်လျက် 88 နှင့် 1 တစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား (၂၀၀)ပြားစီပါ(၅)ထုပ်၊ (၂)ခွက်၊ စုစုပေါင်းဆေးပြား(၁၀)ထုပ်၊ (၂၀၀၀)ပြား၊ အလေးချိန်(၂၀၀)ဂရမ် အား တွေ့ရှိသိမ်းဆည်းရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ပြန်လည်ရောင်းချရန် သယ်ဆောင် လာကြောင်း ပေါ်ပေါက်သဖြင့် ကျင်ဆု(ကျား)၊ ၄၃ နှစ်၊ (ဘ)ဦးလောက်ဆန်၊ မှတ်ပုံတင်(မမှတ်မိ)၊ ကိုးကန့်-တရုတ်/ဗုဒ္ဓ၊ တောင်ယာ၊ ရပ်ကွက်(၄)၊ ကွတ်ခိုင်မြို့နေသူအား လားရှိုးမြို့မရဲစခန်း မယ(ပ)၃၁/၂၀၁၅၊ မူးစိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ အရ အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

                                                                                                                                                                                             ဟန်ဌေး(iprd)

                                                                                                                                                                                              ခရိုင်ပြန်/ဆက်

                                                                                                                                                                                                  လားရှိုး

 

More Articles...

  1. Silver Dove ကုမ္ပဏီမှ အစေ့ထုတ်ပြောင်း မျိုးစေ့ H-888 အား သမဝါယမအသင်းသားများသို့ မိတ်ဆက်ပွဲပြုလုပ်
  2. လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံး ဒဏ်ရာရ စစ်သည်များအတွက် ရှမ်းပြည်နယ်သမဝါယမမိသားစုမှ လှူဒါန်းငွေပေးအပ်
  3. ကိုရီးယားနိုင်ငံ Daedong လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေး သင်တန်းပို့ချ
  4. ပဉ္စမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့ကျင်းပ
  5. ရွှေဘုန်းပွင့်ဘုရား ဧကဒဿမအကြိမ် ဗုဒ္ဓပူဇနိယပွဲ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်နေ့စဉ် ပူဇော်ခြင်းနှင့် အသံမစဲပဌာန်း ရွတ်ဖတ်ပူဇော်
  6. တောင်ကြီးမြို့နယ်၊ ရွှေညောင်ဌာန၌ စက်သုံးဆီအရောင်းဆိုင်များ (ရှမ်း/တောင်)မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲကျင်းပ
  7. ရာစုသစ်သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ချို့တဲ့နွမ်းပါးသော သက်ကြီးဘိုးဘွားများအား လစဉ် ထောက်ပံ့လှူဒါန်း
  8. စည်ပင်သာယာရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စွမ်းရည်မြှင့်အလုပ်ရုံဆွေးနွေး
  9. ကျောက်တလုံးကြီး ရေလှောင်တမံစီမံကိန်း လုပ်ငန်းဆောင်ရွက်မှုအား ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေး
  10. ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR Mr. Kazuhiro Kaneko တွေ့ဆုံ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 61 guests and no members online

Latest Updates