သတင်းများ

အမှုထမ်းများ အခြေခံသမဝါယမသင်တန်း အမှတ်စဉ်(၁/၂၀၁၅) သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး မေ ၁၇

1047

   အမှုထမ်းများ အခြေခံသမဝါယမသင်တန်း အမှတ်စဉ်(၁/၂၀၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၅ခုနှစ်၊ မေလ (၁၇)ရက်နေ့၊ နေ့လည်(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း(တောင်ကြီး)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းဆင်း အောင်လက်မှတ်များကို ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုအေးမှ ပေးအပ် ချီးမြှင့်ခဲ့ပြီး သင်တန်းသား(၁)ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားကို (၁၅:၄၅)ချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

   အဆိုပါသင်တန်းဆင်းပွဲသို့ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်မှ ဥက္ကဌနှင့် အမှုဆောင်များ၊ ပြည်နယ်သမဝါယမသင်တန်းကျောင်းမှ ကျောင်းအုပ်နှင့် ဆရာ/ဆရာမများ၊ တောင်ကြီးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။

   အဆိုပါသင်တန်းကို (၄.၅.၂၀၁၅)ရက်နေ့မှ (၁၇.၅.၂၀၁၅) နေ့အထိ နှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ရာ သမဝါယမဦးစီးဌာနမှ သင်တန်းသား (၄၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် စဉ်းစားတွေးခေါ်ပြောင်းလဲခြင်း၊ သမဝါယမ၊ ရုံးလုပ်ငန်းများ ဆောင်ရွက်မှု၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ အခြေခံစာရင်းရေးနှင့် စာရင်းကိုင် ပညာဘာသာရပ်များနှင့် အသေးစားအရင်းအနှီးချေးငွေ(Micro Capital Loan)ဖြင့် သမဝါယမအသင်းများ အဆင့်မြှင့် တင်ခြင်းနှင့် လယ်ယာသုံး/လုပ်ငန်းသုံး စက်ကိရိယာ များအား ကာလရှည်အရစ်ကျငွေချေ စနစ်(Hire Purchase)ဖြင့် ဆောင်ရွက်လုပ်ကိုင်မှု များကို သင်ကြားပို့ချ ခဲ့ကြောင်း သိရှိရပါသည်။

 

(၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

တောင်ကြီး   မေ   ၁၈

1044

   ရှမ်းပြည်နယ်(၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို မေ(၁၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ယနေ့ပေးအပ်လိုက်သည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ခရိုင်များမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများသို့ ထပ်ဆင့်တာဝန်ပေးအပ်ကြရန်နှင့် မြို့နယ်များမှလည်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အထိ အဆင့်ဆင့်တာဝန်ပေးအပ်သွားကြရန် မှာကြားလိုပါကြောင်း၊ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့နှင့်သက်ဆိုင်ရာ ကဏ္ဍအလိုက် ရည်မှန်းချက်များ တစ်ခုချင်း အပေါ် လိုအပ်သော လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းအချိန်ဇယားများ၊ စီမံချက်များရေးဆွဲကာ စနစ်တကျကြိုးပမ်း ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများ တိုးတက်စေရန်အတွက် အလားအလာရှိသော ကုန်ပစ္စည်းအမယ်သစ်များ၊ လုပ်ငန်းသစ်များ၊ ဖော်ထုတ်နိုင်ရေးနှင့်ရှိပြီး ကုန်ထုတ်စွမ်းအားစု များ မြင့်မားလာစေရန်ကိုလည်း တိုးမြှင့်ထုတ်လုပ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အောင်မြင်ရေးအတွက်ဆောင်ရွက်ခြင်းသည် မိမိတို့၏ ပြည်နယ်အကျိုးစီးပွား သာမက နိုင်ငံတော်အကျိုးစီးပွားပါ ဆောင်ရွက်ခြင်းဖြစ်၍ အမျိုးသားရေး လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ခံယူကာ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီများမှ ပူးပေါင်းပါဝင်ပြီး ရည်မှန်း ချက်များ ပြည့်မီကျော်လွန်သည်အထိ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်စီမံကိန်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိန်လှိုင်က (၂၀၁၄-၂၀၁၅)ဘဏ္ဍာနှစ်၊ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေ၊ (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးအဖွဲ့နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများအား ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးတို့က (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 1045

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးအဖွဲ့နှင့် ခရိုင်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင် မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က မိမိတို့နှင့်သက်ဆိုင်  သည့် လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များကို မှာကြား၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများက လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်တင်ပြဆွေးနွေးကြ ပြီး၊ ပြည်နယ် ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် အခွန်အကောက်ဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲမှုနှင့် အခွန်ဆိုင်ရာ လုပ်ငန်းရပ်များရှင်းလင်း

တောင်ကြီး မေ - ၁၆

1043

   ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှမ်းပြည်နယ် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် အခွန်အကောက် ဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲမှုနှင့် အခွန်ဆိုင်ရာ လုပ်ငန်းရပ်များရှင်းလင်း ဆွေးနွေးပွဲကို မေ(၁၆)ရက် မွန်းလွှဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကား ပြောကြားရာ နိုင်ငံတော်မှခေတ်နဲ့လျော်ညီပြီး၊ လိုက်လျောညီထွေးသော အဆင့်အတန်းမြင့်မားသည့် ခေတ်မီသော အခွန်စနစ်သို့ ပြုပြင်ပြောင်းလဲနေပြီဖြစ်၍ သင့်တင့်မျှတသည့် အခွန်နှုန်းထားများ၊ သက်သာခွင့်နှင့် ကင်းလွတ်ခွင့်ရှိသော လုပ်ငန်းများ၊ အခွန်ဖြေလျော့မှုများ ပြုလုပ်နေပြီဖြစ်သလို လုပ်ငန်းရှင်များမှလည်း မိမိတို့လုပ်ငန်းများအပေါ် အမှန်အတိုင်း စာရင်းဇယားများတင်ပြပြီး၊ အခွန်စည်းကြပ်မှုခံယူကြရန်၊ နောင်တွင်အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ်တို့ ကူးပြောင်း ဆောင်ရွက်သွားမှာ ဖြစ်သည့်အတွက် လုပ်ငန်းရှင်ပြည်သူများမှ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေး ပွဲအပေါ် စိတ်ပါဝင်စားစွာဖြင့်  ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ ယနေ့အချိန်အခါသည် ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဝေဖန်ထောက်ပြမှု များကို ခံနိုင်ရမည့်အချိန်ဖြစ်၍ အခွန်ဝန်ထမ်းများအနေဖြင့် လည်း လုပ်ငန်းများလုပ်ဆောင်ရာမှာ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့် အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် ပြောကြားသွားသည်။

   ဆက်လက်၍ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး သူရဦးထင်ကျော်မိုးမှ ၂၀၁၅ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်းဆွေးနွေးပြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန တောင်ကြီးမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးမျိုးကျော်စွာလွင်မှ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေအရ အခွန်ထမ်းဆောင်ပြီးကြောင်း၊ ထုတ်ပေးသောပြေစာများတွင် အခွန်အမှတ်တံဆိပ် များ ကပ်နှိပ်၍ထုတ်ပေးခြင်းတို့ကို ရှင်းလင်းဆွေးနွေးကြသည်။

   ထို့နောက် တက်ရောက်လာသောအခွန်ထမ်းလုပ်ငန်းရှင်ပြည်သူများမှ သိရှိလိုသည့် အချက်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ပြီး၊ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက် သည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခွန်ထမ်းပြည်သူများနှင့် လုပ်ငန်းရှင်များ တက်ရောက် ကြကြောင်းသိရှိရသည်။

                                                                                                                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

(၂၀၁၅)ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ တောင်ကြီးမြို့၌ ကျင်းပ

တောင်ကြီး  မေ   ၁၁

1037

   (၂၀၁၅)ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို မေ(၁၁)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းများရုံး၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်မိန့်ခွန်း ပြောကြားရာ ကြက်ခြေနီလူမှုဂရုဏာလုပ်ငန်းများ စတင်သန္ဓေတည်စေခဲ့သူ ဆွိစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏မွေးနေ့ဖြစ်သည့် မေလ(၈)ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့ အဖြစ်သတ်မှတ်ခဲ့ပါကြောင်း၊ နေ့စဉ်မေလ(၈)ရက်နေ့သို့မဟုတ် မေလအတွင်း သင့်တော်သောနေ့တစ်နေ့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပခဲ့ပါကြောင်း၊ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားများကို ကျင်းပရာတွင် နှစ်စဉ်ဆောင်ပုဒ်များ သတ်မှတ်ပြီး၊ လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ကြရာ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ "လူမှုဂရုဏာစွမ်းအား အခြေခံမူ များအရ လှုပ်ရှား" သတ်မှတ်ပြီး၊ ကြက်ခြေနီ၏ အခြေခံမူများ၊ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်များကို အစဉ်လေးစား လိုက်နာဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့ လူနှင့်လူ့ပတ်ဝန်းကျင်တွင် ကျရောက်မည့်၊ ကျရောက်ဆဲ ဘေးအန္တရာယ်များ၊ ပဋိပက္ခတွေကြားက လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူများကို ကြက်ခြေနီက အထိရောက်ဆုံးနှင့် အမြန်ဆုံး ကူညီဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အရင်းခံကာ ဖွဲ့စည်းခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်မောင်မယ်များအနေဖြင့် ပြည်သူတို့၏ ဆင်းရဲဒုက္ခများ နည်းနိုင်သမျှနည်းအောင် ကူညီဆောင်ရွက် ပေးရန်၊ နိုင်ငံတော်၏ အရန်အင်အား အဖွဲ့အစည်းဖြစ်သည့်အတွက် နိုင်ငံတော်သစ်တည်ဆောက်ရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အခြားသောလူမှုရေးအဖွဲ့အစည်းနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

   ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာသာလှရွှေပေးပို့သော သဝဏ်လွှာအား  ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမိုးဆွေမှ ဖတ်ကြား ပြီး၊ ရာသက်ပန်အသင်းဝင်ဂုဏ်ပြုလွှာနှင့် (၂၀၁၄)ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနှင့် စွမ်းရည်ပြိုင်ပွဲ ဗဟိုအဆင့်(၄)ယောက် တွဲ ထမ်းစင် ပထမဆုရအဖွဲ့၊ ဗဟိုအဆင့်(၁)ဦးချင်း စွမ်းရည်ပြိုင်ပွဲ ဒုတိယဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဆုများချီးမြှင့်ပေး၍ ခန်းမအပြင်ဘက်အတွင်း ခင်းကျင်းပြသထားသော ကြက်ခြေနီလှုပ်ရှားမှု နံရံကပ်ဓါတ်ပုံနှင့် ပိုစတာများ၊ ကြက်ခြေနီ အသက်ကယ်အထောက်အကူပြုပစ္စည်းများတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

1038

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ တောင်ကြီးဇုန်ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ အမှတ်စဉ် (၁၅/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

   ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ တောင်ကြီးဇုန်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများအမှတ်စဉ်(၁၅/၂၀၁၅)ကို ကလော မြို့နယ်တွင် အိပ်ခန်းဆောင်သင်တန်း၊ တောင်ကြီးမြို့တွင် ဧည့်ကြိုသင်တန်း၊ ညောင်ရွှေမြို့တွင် အစားအစာဝန်ဆောင်မှု နှင့် ထုတ်လုပ်မှုသင်တန်းတို့နှင့် သင်တန်းကို မေ(၁၁)ရက်မှ ဇွန်လ(၅)ရက်အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ် သင်တန်းသား/ သင်တန်းသူများ တက်ရောက် ကြကြောင်း သိရှိရသည်။        

                                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုဂုဏ်ပြုပွဲ ညောင်ရွှေမြို့နယ်တွင် ကျင်းပ

ညောင်ရွှေ မေ ၁၅

1042

   ၂၀၁၅ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲအခမ်းအနားကို မေ ၁၅ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အမှာစကားပြောကြားပြီး စာတတ် မြောက်ရေးလှုပ်ရှားမှုလုပ်ငန်းတွင် လုပ်အားပေးခဲ့ကြသော တောင်ကြီးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ များကိုယ်စား ကိုယ်စားလှယ်တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးအုန်းကျော်သန်းက စာတတ်မြောက်ရေလှုပ်ရှားမှုလုပ်ငန်းတွင် ဦးဆောင်ပါဝင်ခဲ့သော ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှအား မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ပြီး စာသင်သား ကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။

   မိသားစု အခြေအနေအမျိုးမျိုးကြောင့် ငယ်စဉ်က စာသင်ကြားခွင့်မရခဲ့ပါဘူး၊ အခုလို အခြေခံသင်ကြား ခွင့်ရတော့ စာရေးတတ်၊ ဖတ်တတ်လာပါပြီ၊ သင်ကြားပေးသူတွေအားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်၊ အားလပ်ချိန်တွေမှာဆို စာကြည့်တိုက်တွေသွားပြီး စာတွေဖတ်လို့ရပါပြီ ဟု တောင်ပို့ကြီးကျေးရွာအုပ်စု ပေါင်းပိုင်းရွာမှ အသက်(၆၅)နှစ်အရွယ်ရှိ ဒေါ်အိမ်က ဝမ်းမြောက်စကားဆိုသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လျှပ်စစ်နှင့်စက် မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ လုပ်အားပေးကျောင်းသားကျောင်းသူများ၊ စာသင်သားများတက်ရောက်ခဲ့ပြီး ညောင်ရွှေမြို့ နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စာသင်သား ၁၄၈၁ ဦးအား စာသင်ဝိုင်း ၁၆၉ ဝိုင်းဖြင့် သင် ကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                                                                                                                                                                                          ( နေမျိုးသူရိန် )

 

အလုပ်ဌာန/ လုပ်ငန်းအရောက် ကွင်းဆင်း၍ ရွေ့လျားဆေးကုသယာဉ်ဖြင့် ဆေးကုသ

တောင်ကြီး   မေ   ၈

1036

   ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ် လူမှုဖူလုံရေးရုံးမှ ရွေ့လျား ဆေးကုသယာဉ်ဖြင့် မေ(၈)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး တောင်ကြီးခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးခွဲနှင့် ခွဲရုံများမှ အရာထမ်း၊ အမှုထမ်းများ အား အလုပ်ဌာန/ လုပ်ငန်းအရောက် ကွင်းဆင်း၍ရောဂါကုသခြင်း၊ ဓါတ်ခွဲစမ်းသပ်ခြင်း၊ စစ်ဆေး ခြင်း၊ ဝန်ထမ်းများအား ဆေးစစ်ခြင်းများကို ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

   ပြည်နယ်လူမှုဖူလုံရေးရုံးမှ ရွေ့လျားဆေးကုသယာဉ်ဖြင့် ဧပြီ(၂၇)ရက်နေ့မှစ၍ အလုပ်ဌာန/ လုပ်ငန်းအရောက် အေးသာယာစက်မှုဇုန်ရှိ ဝန်ထမ်းများကိုလည်း ဆေးကုသဆောင်ရွက်ပေးလျက် ရှိပြီး၊ တောင်ကြီးမြို့ ၊ မြို့တော်ခန်းမ၌ ပြည်နယ်စည်ပင်သာယာရေး ဝန်ထမ်းများကိုလည်း ကွင်းဆင်း ဆေးကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်လူမှုဖူလုံရေးရုံးတွင် ကျန်းမာရေး အာမခံထားရှိသည့်ဌာနများကိုလည်း ရွေ့လျားဆေးကုသယာဉ်ဖြင့် ဆေးကုသ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

                                                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)

 

ဒုတိယဦးစီးမှူးဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး မေ - ၁၅

 1041

   ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ဒုတိယဦးစီးမှူး ဝန်ထမ်းများအရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို မေ(၁၅)ရက် နံနက်(၈)နာရီက  တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   စည်ပင်သာယာရေးလုပ်ငန်းများသည် အများနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်၍ သက်ဆိုင်ရာ ကော်မတီများနှင့် ဆွေးနွေးရာမှာဖြစ်ဖြစ် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၊ နယ်မြေခံပြည်သူလူထုတို့နှင့် ညှိနှိုင်းဆွေးနွေးဆောင်ရာတွင် စည်ပင်သာယာရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များဖြစ်စေ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ မူဝါဒကိစ္စရပ်များဖြစ်စေ ကျွမ်းကျင်ပိုင်နိုင်အောင်လေ့လာပြီး ဆက်ဆံရေးပြေပြစ်စွာနှင့် ဆွေးနွေး ညှိနှိုင်းတတ်ရန် တင်ပြတတ်မှသာ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ သင်တန်းကာလတွင်ပို့ချချက်များကို သေချာစွာလေ့လာပြီး၊ အမြဲတမ်းကြိုးစားလေ့ကျင့်ဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း၊ သင်တန်းကပို့ချက် လိုက်သည့် ပို့ချချက်၊ သင်ခန်းစာများအပြင် နောင်တစ်ခေတ်စည်ပင်သာယာရေးဌာန၏ အားကိုးထိုက်သည့် အရာထမ်း ဝန်ထမ်းကောင်းများအဖြစ် ရောက်ရှိစေရန် လိုအပ်သည်များကို ဆထက်ထမ်းပိုး ကြိုးစားလေ့ကျင့်ဆောင်ရွက်ရန် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြောကြားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမောင်မောင်မြင့်က သင်တန်းသား၊ သင်တန်းသူများကို လမ်းညွှန်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေး ဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူ ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြာရေးမှူး၊ ပြည်နယ်၊ မြိုနယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့်(E)ရှိသော အိမ်ထောင်စုများသို့ DVB-T-2 Set Top Box နှင့် စာအုပ်စာစောင်များ အခမဲ့ ပေးအပ်လှူဒါန်း

တောင်ကြီး မေ - ၅

1035

   ပြန်ကြားရေးဝန်ကြီးဌာနက ရှမ်းပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့်(E)ရှိသော အိမ်ထောင်စု များသို့ DVB-T-2 Set Top Box နှင့် စာအုပ်စာစောင်များ အခမဲ့ ပေးအပ်လှူဒါန်းပွဲကို မေ(၅)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာ တွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့်(E) ရှိသည့် အိမ်ထောင်စုများ ကို Set Top Boxများ အခမဲပေးအပ်ခြင်းသည်၊ နိုင်ငံတော်သမ္မတကြီး၏ ပြည်သူ့ဗဟိုပြုလုပ်ငန်းများကို အကောင်အထည် ဖော်ခြင်းဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များကိုလည်း အထောက်အကူပြုခြင်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြို့နယ်(၁၅)မြို့နယ်အတွက် DVB-T-2 Set Top Box အလုံးရေ(၁၀၈၂၂)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်၍ ယခုအကြိမ်မှာ DVB-T-2 Set Top Box အလုံး(၁၆၉၂၆)လုံး ထပ်မံ၍ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရှိရသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြန်ကြားရေးဝန်ကြီးဌာနကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ သတင်းအချက်အလက်နှင့် နည်းပညာခေတ်အတွင်း အချက်အလက်များကို အမြန်ဆန်ဆုံးနှင့် အထိရောက်ဆုံးသိရှိရန် နည်းလမ်းမှာ ရုပ်မြင်သံကြားနှင့် ရေဒီယို၊ အင်တာနက်စသည့် နည်းပညာအကူအညီဖြင့် သိရှိနိုင်မည့် နည်းလမ်းဖြစ်ပါကြောင်း၊ ယခုထုတ်လွှင့်ပြသနေသည့် Analogue စနစ်က ရုပ်သံလိုင်း တစ်လိုင်းသာကြည့်ရှုနိုင်ပြီး၊ ယခုပြုပြင်ဆောင်ရွက်လျှက်ရှိသည့် Digital စနစ်သည့် ရုပ်သံလိုင်း(၁၅)လိုင်းကနေ (၁၆)လိုင်းအထိ ကြည့်ရှုနိုင်ကြမည် ဖြစ်သည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် ဝမ်းမြောက်ပီတိဖြစ်မှာကြောင်း ပြောကြားသွားကြောင်းသိရသည်။ 

   ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးပိုက်ထွေးက DVB-T-2 Set Top Boxများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ယမန်နှစ်ကာလ ရှမ်းပြည်နယ်အတွက် DVB-T-2 Set Top Box (၁၂၂၈၉)လုံး ပေးအပ်လှူးဒါန်းခဲ့ပြီးဖြစ်၍ ၂၀၁၄ - ၂၀၁၅ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးတွက် DVB-T-2 Set Top Box အလုံးရေ(၃၂၇၈၆၃)လုံး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၄.၉၂၄၅)တန်ဖိုး လှူဒါန်းပေးခဲ့ပြီး၊ ယခု၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးအတွက် DVB-T-2 Set Top Box (၇၉၆၉၈)လုံးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၁.၁၂၇) သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရုပ်မြင်သံကြားထုတ်လွှင့်မှုကို (၁၉၈၀)ခုနှစ်မှ စတင်ခဲ့ပြီး၊ NTSC စနစ် နှင့် Analogue ထုတ်လုပ်မှုဖြင့်ဆောင်ရွက်ခဲ့ပြီး၊ တိုးတက်ပြောင်းလဲလာသည့် ခေတ်နှင့် အညီ Analogue စနစ်မှ Diginal စနစ်ကို ပြောင်းလဲရသည့် အကြောင်းရင်း(၃)ခုရှိပါကြောင်း၊ နိုင်ငံတကာတွင် တိုးတက်ပြောင်းလဲလာသည့် Diginal နည်းပညာများနှင့်အညီ မြန်မာနိုင်ငံတွင်ပြောင်းလဲဆောင်ရွက်ရန်လိုအပ်ခြင်း၊ International  Telecommunication Union (ITU)က Digital စနစ်ဖြင့် ထုတ်လွှင့်ခြင်းကို နိုင်ငံတကာ၌ ၂၀၁၅ခုနှစ်အပြီး ဆောင်ရွက်ရန်ဆုံးဖြတ်ထားခြင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှလည်း ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများကို ၂၀၁၀ပြည့်နှစ် နောက်ဆုံးထားကာ Digital စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်ရာ ဆုံးဖြတ်ဆောင်ရွက်ထားခြင်းများကြောင့် မြန်မာနိုင်ငံမှာလည်း Analogue စနစ်မှ Digital စနစ်တို့ ပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ DVB-T-2 Set Top Box ကို အသုံးပြုဖမ်းယူကြည့်ရှုခြင်းဖြင့် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့် သည့် ရုပ်သံလိုင်း(၁၄)လိုင်းဖြစ်သည့် MRTV (News), MRTV (Entertainment), MITV, Hlutta, NRC, Farmer, Reader Channel, 5 Plus, MRTV-4, Channel-7, For Edu, MNTV, Channel-9, MRTV Sport (Colour Bar) တို့ကို ဖမ်းယူကြည့်ရှုနိုင်ပြီး၊ ရုပ်သံလိုင်းများအပြင် FM ရေဒီယိုလိုင်းများကိုလည်း ဖမ်းယူနားဆင်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသွားသည်။

   ထို့နောက် ပြန်ကြာရေးဝန်ကြီးဌာနက DVB-T-2 Set Top Boxနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာ စာကြည့်တိုက် များအတွက် စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးပိုက်ထွေးမှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လက်ခံရယူပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်များသို့ DVB-T-2 Set Top Boxများ ထောက်ပံ့လှူဒါန်းပေးရာ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး၊ ဦးမောင်မောင်မြင့့််က လက်ခံရယူသည်။

   ၎င်းနောက် ခရိုင်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးစိုင်းအောင်ဆာက ကျေးဇူတင်စကားပြန်လည်ပြောကြားပြီး၊ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြန်ကြားရေးဝန်ကြီးဌာနမှ ကျေးရွာ စာကြည့်တိုက်များအတွက် လှူဒါန်းသောစာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

   ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်အတွက် Set Top Boxများကို တောင်ကြီးခရိုင်အတွင်းရှိ ပင်လောင်းမြို့နယ်အတွက် (၁၀၇၆)လုံး၊ ရွာငံမြို့နယ်အတွက် (၈၀၀)လုံး၊ လွိုင်လင်ခရိုင်အတွင်းရှိ ကွန်ဟိန်းမြို့နယ်အတွက် (၂၁၇)လုံး၊ လဲချားမြို့နယ်အတွက်(၄၀၀)လုံး၊ မိုင်းကိုင်မြို့နယ်အတွက် (၆၉၈)လုံး၊ လင်းခေးခရိုင် အတွင်းရှိ လင်းခေးမြို့အတွက်(၃၈၅)လုံး၊ မိုးနဲမြို့နယ်အတွက်(၂၈၉)လုံး၊ မောက်မယ်မြို့နယ်အတွက်(၃၂၁)လုံး၊ မိုင်းပန် မြို့နယ်အတွက်(၂၆၂)လုံး၊ ကျိုင်းတောင်းမြို့နယ်အတွက်(၁၀၈)လုံး၊ စုစုပေါင်း (၁၀)မြို့နယ်အတွက် (၄၅၅၆)လုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကွမ်းလုံမြို့နယ်အတွက်(၄၂၈)လုံး၊ မူဆယ်မြို့နယ်အတွက်(၉၁၃)လုံး၊ ကွတ်ခိုင်မြို့(၇၈၆)လုံး၊ တာမိုးညဲမြို့(၅၃၄)လုံး၊ ကြူကုတ်မြို့(၁၉၈)လုံး၊ ကျောက်မဲမြို့(၁၁၄၉)လုံး၊ နောင်ချိုမြို့(၁၃၀၆)လုံး၊ ချင်းရွှေဟော်(၄၃)လုံး၊ လောက်ကိုင်မြို့(၅၆၈၆)လုံး၊ စုစုပေါင်း (၉)မြို့နယ်အတွက် (၁၁၀၄၃)လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာချီလိတ်မြို့(၁၃၃၀) လုံး၊ ရှမ်းပြည်နယ်ချုပ် မြို့နယ်(၂၀)မြို့နယ်အတွက် စုစုပေါင်း(၁၆၉၂၉)လုံး ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ လှူဒါန်းသည့် စာအုပ်စာရင်းမှာ (၅၁၄)အုပ်၊ တန်ဖိုးငွေ (၃၇၅၇၀၀)ဖြစ်ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                      မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. (၆၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်သည့် ဘက်စုံပညာထူးချွန်လူငယ်မောင်မယ်များအားဂုဏ်ပြုညစာစားပွဲ နှင့် စခန်းသိမ်းပွဲ ကျင်းပ
  3. မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးစီမံကိန်း ပြည်နယ်/ တိုင်းဒေသကြီးအဆင့် အလုပ်ရုံဆွေးနွေး
  4. ဆွမ်မီတောရကျောင်းတိုက်စေတီတော်ဘုရားဆင်းတုတော် သိမ်ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲကျင်းပ
  5. (၂၀၁၅)ခုနှစ် အင်းလေးခေါင်တိုင် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း ဖွင့်ပွဲကျင်းပ
  6. ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် "လွိုင်ခမ်း အိမ်ရာစီမံကိန်း" တည်ဆောက်ရေး သဘောတူစာချုပ် (M.O.A) လက်မှတ်ရေးထိုး
  7. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ မေတ္တာဖွံ့ဖြိုးရေးဖောင်းဒေးရှင်းအဖွဲ့နှင့် တွေ့ဆုံ
  8. Civil Service Training သင်တန်းဖွင့်ပွဲ ကျင်းပ
  9. ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ခမ်းထီ မိသားစု အလှူတော်မင်္ဂလာ တက်ရောက်ချီးမြှင့်
  10. ဝန်ထမ်းများအရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 55 guests and no members online

Latest Updates