သတင်းများ

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၁၄)ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၂

615

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၁၄) နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၄) အခမ်းအနားကို သြဂုတ်(၁၂)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားသည်။

   ဆက်လက်၍ အစည်းအဝေး ဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးမှု စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၉/၂၀၁၄)၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၁၄) တင်ပြချက်များ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း များစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့အစည်းအဝေး အမှတ်စဉ် (၉/၂၀၁၄) တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ကြသည်။

   ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ များမှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ရှမ်းပြည်နယ်အစိုးအရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီး နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က အထွေထွေ ဆွေးနွေးတင်ပြကြ သည်။

   ယင်းနောက် ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ မှ တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ ဦးစီးအရာရှိ ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ် အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှု ရက်သတ္တပတ်များ ဖွင့်ပွဲကျင်းပ

တောင်ကြီး   သြဂုတ်   ၁၂

614

   (၂၀၁၄)ခုနှစ် ရှမ်းပြည်နယ် အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှု ရက်သတ္တပတ်များ ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်(၁၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ကျန်းမားရေး ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ (၅)နှစ်အောက် ကလေးငယ်များ တက်ရောက်ကြသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ် ကျန်းမားရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေဆေးတိုက်ကျွေး၍ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားဆေး၊ B1အားဆေး၊ အိုင်အိုဒင်းဆားများ ဖြန့်ဝေနေမှုကို ကြည့်ရှုအားပေးကြပြီး၊ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် တန်ဖိုးနည်း အာဟာပြည့် အစားအစာပြုလုပ်နေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

                                                                                                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄)ခုနှစ် အောင်မြင်ပြီးမြောက်ခြင်း ကျင်းပ

တောင်ကြီး   သြဂုတ်   ၅

610

   ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄)ခုနှစ် အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားကို သြဂုတ်(၅)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ကျင်းပရာ နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်း၊ ရှမ်းပြည်နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်နယ် ဝန်ကြီးများ၊ အတွင်းရေးမှူး နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ တက်ရောက်ကြသည်။

   အခမ်းအနားတွင် ပါတီဝင်လူငယ်များက ခြင်္သေ့ပါတီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ တောင်သူ လယ်သမားဖိုရမ် ဆွေးနွေးချက်စာတမ်းကို လင်းခေးခရိုင် ပါတီဝင်တစ်ဦးမှ ဖတ်ကြား၍ လည်းကောင်း၊ အလုပ်သမားဖိုရမ် ဆွေးနွေးချက်စာတမ်းကို ပင်လောင်းမြို့နယ် ပါတီဝင်တစ်ဦးမှ ဖတ်ကြား၍လည်းကောင်း၊ လူငယ်ဖိုရမ် ဆွေးနွေးချက်စာတမ်းကို ရပ်စောက်မြို့နယ် ပါတီဝင် တစ်ဦးမှ ဖတ်ကြား တင်ပြကြသည်။

   ထို့နောက် ပါတီဝင်လူငယ်များက တို့…………ပြည်ခိုင်ဖြိုး လူငယ်သီချင်းဖြင့် သီဆိုကြပြီး၊ တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်ကို ပြည်နယ် ပါတီဝင်တစ်ဦးမှ ဖတ်ကြား၍ လည်းကောင်း၊ အလုပ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်ကို ဆီဆိုင်မြို့နယ် ပါတီဝင်တစ်ဦးမှ ဖတ်ကြား၍လည်းကောင်း၊ လူငယ်ရေးရာ ရှေ့လုပ်ငန်းစဉ်ကို ပြည်နယ်ပါတီဝင် တစ်ဦးမှ အသီးသီး ဖတ်ကြားတင်ပြ ကြသည်။

   ၎င်းနောက် ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဉာဏ်လင်းက ဆွေးနွေးတင်ပြပြီး၊ နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်းနှင့် ရှမ်းပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါခေါင်လပြည့်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်း လှူပွဲ ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၀

613

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါခေါင်လပြည့်နေ့ သြဂုတ်(၁၀) ညနေ(၃)နာရီက တောင်ကြီးမြို့၌  မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်းသိရှိရသည်။ နေ့လည် (၁၂)နာရီခွဲက သံဃာတော်အပါး(၁၃၇၆)ပါးသည် တောင်ကြီးမြို့ တောင်ကျောင်းကြီးပရိယတ္တိ စာသင်တိုက်မှ စတင်ကာ အနောက်မြို့ပတ်လမ်းတလျှောက်အတိုင်းကြွချီလာရာ အလှူရှင်များက ဆွမ်းဆန်စိမ်းများ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြပြီး မင်းကျောင်းပရိယတ္တိ စာသင်တိုက် ကျောင်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံရပ်ကွက်နေ ပြည်သူများ၊ အလှူရှင်များက သံဃာတော်များကို ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လောင်းလှူကြသည်။

   ဆက်လက်၍ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များ၊ ဆရာတော်သံဃာတော်များတို့က အခမ်းအနားကို နမောတဿ(၃)ကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော် သြဝါဒါစရိယ (အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာကမ္မဌာန စရိယ) စွန်းလွန်းဂူ ကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။

   ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်ပေးကြပြီး၊ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး၊  ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။

   ၎င်းနောက် ပြည်နယ် သံဃာနာယက အဖွဲ့ဥက္ကဌ(အဂ္ဂမဟာပဏ္ဍိတ) ဥတ္တရာရုံ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသီရိက ကုသိုလ်အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေတော်မူ ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါခေါင်လပြည့်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ကျောင်းပေါင်း(၈၉)ကျောင်းနှင့် သံဃာအပါးပေါင်း (၁၃၇၆)ပါး၊ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများ ပြည်နယ်/ ခရိုင်/ မြို့နယ်တို့မှ ဆန်အိတ် စုစုပေါင်း(၁၅၉၅)အိတ်နှင့် တန်ဖိုးငွေကျပ်သိန်း(၃၁၇, ၅ဝဝဝဝိ/-) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄) ဖွင့်ပွဲကျင်းပ

တောင်ကြီး   သြဂုတ်   ၃

608

   ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်သူ လယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄) ဖွင့်ပွဲကို သြဂုတ်လ(၃)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ရှမ်းပြည်နယ် ပါတီ ဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ် ပါတီဝင်(၂၂၀)ကျော်တက်ရောက်ကြသည်။

   ထို့နောက် တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄)ဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသား လူငယ် ပါတီဝင်များက တို့………….ပြည်ခိုင်ဖြိုးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နယ်မြေတာဝန်ခံ ဗဟိုအလုပ်မှုဆောင် ဦးအောင်ထွန်းနှင့် ရှမ်းပြည်နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က အဖွင့်အမှာစကားပြောကြား သည်။ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး ဦးဉာဏ်လင်းက တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

   အဆိုပါ တောင်သူလယ်သမားဖိုရမ်(ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး ၊ လှုပ်ရှားရေး)၊ အလုပ်သမား ဖိုရမ် (ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး ၊လှုပ်ရှားရေး)၊ လူငယ် ဖိုရမ်(ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လှုပ်ရှားရေး)စသည့် ခေါင်းစဉ်များဖြင့် သြဂုတ်လ(၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ၍ ဆရာတော်ကြီး(၉)ပါးအား နေ့ဆွမ်း ဆက်ကပ်

တောင်ကြီး   သြဂုတ်   ၈

612

   ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ၍ ဆရာတော်ကြီး(၉)ပါးအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပွဲကို သြဂုတ်(၈)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာတော် သံဃာတော်များ တက်ရောက်ကြသည်။

   ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒါ စရိယ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာ စရိယ) စွန်းလွန်းဂူ ကမ္မဌာန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

   ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္စျာယ် ချီးမြင့်ပေးကြပြီး၊ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပြည်နယ် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ နှင့် တာဝန်ရှိသူတို့က  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးကြသည်။  

   ထို့နောက် ပြည်နယ် သံဃာနာယက ဥက္ကဌ(အဂ္ဂမဟာပဏ္ဍိတ) ဥတ္တရာရုံ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသီရိက ကုသိုလ်အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုပြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပြည်နယ် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးတို့က ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ပေးကြကြောင်း သိရှိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ၍ ဆရာတော်ကြီး(၉)ပါးအား နေ့ဆွမ်း ဆက်ကပ်

တောင်ကြီး   သြဂုတ်   ၆

607

   ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ၍ ဆရာတော်ကြီး(၉)ပါးအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပွဲကို သြဂုတ်(၆)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာတော် သံဃာတော်များ တက်ရောက်ကြသည်။

   ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒါ စရိယ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာ စရိယ) စွန်းလွန်းဂူ ကမ္မဌာန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

   ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္စျာယ် ချီးမြင့်ပေးကြပြီး၊ ဆရာတော် သံဃာတော် အရှင်သူ မြတ်တို့အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးကြသည်။  

   ထို့နောက် ပြည်နယ်သံဃာနာယက ဥက္ကဌ(အဂ္ဂမဟာပဏ္ဍိတ) ဥတ္တရာရုံ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ပညာသီရိက ကုသိုလ်အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေး တော်မူသည်၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ပေးကြကြောင်း သိရှိရသည်။

                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

(၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါဖွင့်ပွဲ ကျင်းပ

တောင်ကြီး   သြဂုတ်   ၇

609

   ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (၂၀၁၄-၂၀၁၅)ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါဖွင့်ပွဲကို သြဂုတ်(၇)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။ 

   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရေ/ မီး/ လမ်း/ တံတား ရရှိရေးနှင့် ကောင်းမွန်စေရေး တို့အတွက် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူနေမှုဘဝ မြှင့်မားရေးအတွက် ကုမ္ပဏီများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူက အဖွင့်အမှာစကား၌ ပြောကြားသွားသည်။ 

   ဆက်လက်၍ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လုပ်ငန်းများ တင်ဒါဖွင့်ပွဲကိစ္စရပ်များနှင့်ပက်သတ်သည်များကို ရှင်းလင်းပြီး၊ တင်ဒါတင်သွင်းသော ကုမ္ပဏီများ၏ တင်သွင်းငွေ ပမာဏများအား ဖွင့်ဖောက်စိစစ် မှတ်တမ်းတင်၍ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူက နိဂုံးချုပ်အမှာစကားပြောကြားက အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

   ထို့နောက် တင်ဒါဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး၊ တင်ဒါရွေးချယ် ကော်မတီများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြပြီး၊ တင်ဒါ ဖွင့်ပွဲတွင် ရေ/ မီး/ လမ်း/ တံတား လုပ်ငန်းကိစ္စရပ်များ အဓိကရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့၏ (၂၀၁၄-၂၀၁၅) ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး   သြဂုတ်   ၆

6081

   ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့၏ (၂၀၁၄-၂၀၁၅) ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို သြဂုတ်(၆)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး၊ ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)ရှိ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများ တက်ရောက်ကြသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့် အမှာစကားပြောကြားရာတွင် လယ်ယာကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍကြီးတစ်ခုလုံး အဖြင့် အခြေခံ အဓိက မောင်းနှင်းအားဖြစ်သည်နှင့်အညီ တောင်သူလယ်သမားထု တစ်ရပ်လုံး၏ ဝင်ငွေတိုးတက်ရေး၊ လူနေမှုဘဝ တိုးတက်မြှင့်မားရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့အတွက် အဓိကအကျဆုံး၊ အရေးပါဆုံး အခန်းကဏ္ဍဖြစ်သည့် အားလျော်စွာ တတိယအကြိမ် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရာတွင် လက်တွေ့ကျစွာဖြင့် တောင်သူလယ်သမားများကို အခြေခံဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေး၊ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို ဒေသအလိုက် ပျံ့နှံအောင် အကောင်အထည်ဖော်ရေး၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ ပျံ့နှံအောင် အကောင် အထည်ဖော်ရေး၊ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး၊ တာဝန်များကို ကြိုးပမ်းဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အပိုင်းနှင့် ပတ်သက်၍ တောင်သူ လယ်သမားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် စပါးသီးနှံနှင့် ကြံသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်(၁)သိန်းစီ တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီး၊ အခြားသီးနှံများကိုတစ်ဧကလျှင်(၂)သောင်းနှုန်းဖြင့် ချေးပေးလျက်ရှိကြောင်း၊ တိုးမြှင့်ချေးငွေများ ကို ယခင်နှင့် မိုးစပါးနှင့် ကြံစိုက်ပျိုးရာသီမှ စတင်ကာ ထုတ်ချေးပေးပြီးဖြစ်၍ စပါးစိုက်ပျိုးသူများ အတွက် ဘဏ်လုပ်ငန်းဥပဒေအရ မူလကြွေးဟောင်း ကြွေးကျန်များကို အပြည့်အဝ ပြန်လည်ပေးဆပ်ပေးသူများကိုသာလျှင် ထုတ်ချေးပေးသွားမည် ဖြစ်ပါကြောင်း၊ ချေးငွေများကို အချိန်မီထုတ်ချေးပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များမှ စိုက်ဧက မှန်ကန်စွာ စာရင်းပြုစု၍ အချိန်ကိုက်ပေးပို့ကြရန် နှိုးဆော်ထားမှု တွေ့ရှိရပါကြောင်း၊ တောင်သူလယ်သမားများ၏ အကျိုး၊ နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတာဝန်အား အကောင်အထည်ဖော် ပေးကြရန် နှင့် မိမိတို့အားလုံး နေ့နေ့ညည အချိန်မဆိုင်းဘဲ ကိုယ်တိုင်ပါဝင် ဆောင်ရွက်သွားကြရန် တာဝန်ရှိနေပြီဖြစ်ကြောင်း၊ မိမိနှင့် အတူတကွ နိုင်ငံတော်အတွက် တာဝန်သိသူ၊ တာဝန်ရှိသူများ အဖြစ် အလေးအနက်ထား ခံယူလုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်မှ စိုက်ပျိုးရေး လုပ်ငန်းကိစ္စရပ်များရှင်းလင်း၍ လည်းကောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ် မန်နေဂျာ ဦးဝင်းမြင့်မှ တောင်သူလယ်သမားများအား ချေးငွေကိစ္စရပ်များ ရှင်းလင်း၍ လည်းကောင်း၊ စက်မှု သီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းမှ နှစ်ရှည်ပင်များဖြစ်သည့် ကြံ၊ ရာဘာပင်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အသီးသီးရှင်းလင်း တင်ပြကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို ခေတ္တရပ်နားလိုက်ကြောင်း သိရှိရသည်။ 

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

(၂၀၁၃-၂၀၁၄)ပညာသင်နှစ် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် သဘာဝဘေးရေကြီးနစ်မြှပ်ခြင်းအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်

ကွမ်းလုံ   သြဂုတ်   ၅

611

   ရှမ်းပြည်နယ်(လားရှိုးဒေသ) ကွမ်းလုံမြို့နယ်ရှိ (၂၀၁၃-၂၀၁၄)ပညာသင်နှစ် တက္ကသိုလ်ဝင် စာပေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို သြဂုတ်(၅)ရက် နံနက်(၉)နာရီက ကွမ်းလုံမြို့ သံလွင်ဦးခန်းမ၌ ကျင်းပသည်။

   ရှမ်းပြည်နယ်(လားရှိုးဒေသ) ကွမ်းလုံမြို့နယ်ရှိ (၂၀၁၃-၂၀၁၄)ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၂)ဘာသာ ဂုဏ်ထူးရှင်(၂)ဦးအား ဆုငွေကျပ် (၂)သိန်းစီ၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၂)ဦးအား ဆုငွေကျပ်(၁)သိန်းစီနှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြ သော ကျောင်းသား/ကျောင်းသူ(၂၁)ဦးအား ငွေကျပ်(၅)သောင်းစီ၊ မြို့နယ်အဆင့် သင်္ချာစာ စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် ပြည်နယ်အဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်လူမှုရေး ဝန်ကြီးသည် ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖွင့်လှစ်သော အရံသားဖွားသင်တန်း (၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

   ထို့နောက် မွန်းလွဲ(၁)နာရီက ကွမ်းလုံမြို့၊ သံလွင်ဦးခန်းမ၌ ကွမ်းလုံမြို့နယ်နှင့် ဟိုပန်မြို့နယ် အတွင်း  သံလွင်မြစ်ရေနှင့် ချောင်းရေများလျှံတက်ခြင်း၊ တောင်ကျရေများ စီးဆင်းခြင်းတို့ကြောင့် ကွမ်းလုံမြို့နယ်အတွင်း မိုးသီးနှံများပျက်စီးခြင်း၊ အဆောက်အဦများ ပြိုကျပျက်စီးဆုံးရှုံးခြင်း တို့အတွက် မိုးသီးနှံ ရေကြီးနစ်မြှပ်ပျက်စီးသည့် (၃၁၄)ဧကအတွက် (၁)ဧက ငွေကျပ်(၁)သောင်း နှုန်းဖြင့် ငွေကျပ်(၃၁.၄)သိန်း၊ မြေပြိုခြင်းကြောင့် ထိုက်သင့်သော ဆုံးရှုံးမှုခံစားရသည့် အိမ်ထောင်စု(၆)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် ငွေကျပ်(၁.၈)သိန်း၊ စုစုပေါင်းငွေကျပ်(၃၃.၂)သိန်း၊ ဟိုပန်မြို့နယ်ရှိ မိုးသီးနှံရေကြီးနစ်မြှပ်ပျက်စီးသည့် (၄၂၂)ဧက အတွက် (၁)ဧကလျှင် ငွေကျပ်(၁)သောင်းနှုန်းဖြင့် ငွေကျပ်(၄၂.၂)သိန်းနှင့် ဟိုပန်မြို့နယ် ရေဘေးသင့်အိမ်ထောင်စု (၁၀၂)အိမ်ထောင်စုအတွက် (၁)အိမ်ထောင်လျှင် ငွေကျပ်(၃)သောင်းနှုန်း ဖြင့် ငွေကျပ်(၃၀.၆)သိန်း၊ ရေဘေးသင့်အိမ်ထောင်စုများအသုံးပြုရန် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ကုန်များ တန်ဖိုးငွေကျပ်(၁၄.၇၁)သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကွမ်းလုံမြို့နယ်နှင့် ဟိုပန်မြို့နယ် (၂)မြို့နယ်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စုစုပေါင်းထောက်ပံ့ငွေမှာ (၁၂၀.၇၁)သိန်း ဖြစ်ကြောင်းသိရှိရသည်။

                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

အင်းလေးဒေသ ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီမှ ယာယီမြေပေးမိန့်နှင့် အသိအမှတ်ပြုလွှာပေးအပ်

တောင်ကြီး   သြဂုတ်   ၂

605

   ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အင်းလေးဒေသ ဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီမှ ယာယီမြေပေးမိန့်နှင့် အသိအမှတ်ပြုလွှာပေးအပ်ပွဲကို သြဂုတ်(၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အင်းလေးဒေသဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီများ၊ ဟိုတယ် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ ယာယီမြေပေးမိန့်နှင့် အသိအမှတ်ပြုလွှာများ ပေးအပ်ရာ ဟိုတယ်(C)ဇုန်မှ လုပ်ငန်းရှင်(၅)ဦးကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ပြီး၊ အင်းလေးဒေသ ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ ဥက္ကဌ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်း နှင့် ဒုတိယ ဥက္ကဌ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့က ဟိုတယ်(B)ဇုန်မှ လုပ်ငန်းရှင်(၆)ဦး၊ ဟိုတယ်(A)ဇုန်မှ လုပ်ငန်းရှင်(၁၁)ဦး တို့ကို ယာယီမြေပေးမိန့်နှင့် အသိအမှတ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

   ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ် ဝန်ကြီးချုပ် ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့က တောင်ကြီးမြို့ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃ထပ်RC) ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် စတင် မတည်ငွေ ငွေကျပ်သိန်း(၂၀၀)လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

606

   ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးပြီး၊ မြို့နယ် သံဃာနာယကအဖွဲ့ ဥက္ကဌ မင်းကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ နာယက ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော် များ ရွတ်ဖတ်သဇ္စျာယ်ပေးပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်မှ မတည်ငွေကျပ် သိန်း(၂၀၀) အလှူငွေ ဆက်ကပ်လှူဒါန်းပြီး၊ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအလယ်တန်း၊ အထက်တန်း၊ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ် ဒါဇင်(၁၀၀)ပေးအပ်လှူဒါန်း၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့် မိသားစုက ငွေကျပ်(၃)သိန်း၊ ပြည်နယ် ဘဏ္ဍာရေး ဝန်ကြီး မိသားစုက ငွေကျပ်(၅)သိန်း၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး မိသားစုက ငွေကျပ်(၂)သိန်း၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး မိသားစုက ငွေကျပ်(၁)သိန်း၊ ပြည်နယ် သစ်တောနှင့် သတ္တု ဝန်ကြီး မိသားစုက ငွေကျပ်(၃)သိန်း၊ ပြည်နယ် စည်ပင်သာယာရေး ဝန်းကြီး မိသားစုက ငွေကျပ်(၁)သိန်း (၅)သောင်း၊ ပြည်နယ် လူမှုရေးဝန်ကြီး မိသားစုက ငွေကျပ်(၁)သိန်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး မိသားစုက ငွေကျပ်(၂)သိန်း ပေးအပ်လှူဒါန်းကြရာ ကျောင်းအကျိုးတော်ဆောင် တာဝန်ရှိသူမှ လက်ခံရယူသည်။

   ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ မိသားစုမှ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃ထပ်RC) ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အတွက် စုစုပေါင်းလှူဒါန်းငွေကျပ်(၁၈)သိန်း (၅)သောင်းလှူဒါန်းခဲ့ကြပြီး၊ မြို့နယ် သံဃာနာယက အဖွဲ့ ဥက္ကဌ မင်းကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ နာယက ထံမှ လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ၍ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၃ထပ်RC) ကျောင်းဆောင်သစ်ဆောက်လုပ်မည့်နေရာသို့ လှည့်လည် ကြည်ရှု့ကြကာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. အာဟာရ ဖွံ့ဖြိုးရေး နှင့်"မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်" ကျန်းမားရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
  2. နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တတိယအဆင့် အရှိန်မြင့်တင်မှု ဆွေးနွေးပွဲ ကျင်းပ
  3. ရေစီးရေလာကောင်းမွန်ရေးအတွက် မင်္ဂလာလမ်း ရေမြောင်း ကျောက်ရိုးစီး
  4. ဒေသန္တရ အုပ်ချုပ်ရေးလေ့လာမှုလုပ်ငန်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
  5. ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၄) ကျင်းပ
  6. ရှမ်းပြည်နယ် အစိုးရအဖွဲ့ အမှူးပြုသော ပြည်နယ် နှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ မိသားစုများ၏ပထမအကြိမ် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
  7. ရှမ်းပြည်နယ်အစိုးရအဖွဲ့၏၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ
  8. နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုတတိယအဆင့် အရှိန်မြင့်တင်မှုပြုလုပ်ငန်းစဉ်များ ပြည်နယ်/ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မင်းခေတ်သစ် သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်တို့အကြား နားလည်မှုစာချွန်လွှာ (M.O.U) ရေးထိုးခြင်းကျင်းပ
  10. ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 92 guests and no members online