သတင်းများ

မြန်မာနိုင်ငံ REDD+ လမ်းပြမြေပုံရေးဆွဲရေးဆိုင်ရာ ဒေသအဆင့်ညှိနှိုင်းမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး  ဇွန်  ၀၅

REDD-05

 

REDD-04

 

REDD-03

 

REDD-02

 

REDD-01

 

    မြန်မာနိုင်ငံ REDD+ လမ်းပြမြေပုံရေးဆွဲရေးဆိုင်ရာ ဒေသအဆင့်ညှိနှိုင်းမှု အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်(၅)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေ ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာသောင်းနိုင်ဦးက REDD+ ၏ အဓိပ္ပါယ်နှင့် သဘောသဘာဝ၊ လုပ်ငန်းစဉ်များနှင့် လမ်းပြမြေပုံဖွဲ့စည်းပုံ၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ကို ရှင်းလင်းတင်ပြသည်။
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် သင်တန်းသား Partripant များနှင့် အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။

တောင်ကြီးတက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုံးထပ်စာသင်ဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

တောင်ကြီး  ဇွန်  ၀၄

TU-01

 

TU-02

 

TU-03

 

TU-04

 

TU-05

 

TU-06

 

TU-07

 

        ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်(၄)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးတက္ကသိုလ် စာကြည့်တိုက်နှင့် သုံးထပ်စာသင်ဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်နှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။

 

TU-08

 

      ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးချုပ်တက္ကသိုလ်၊ ဘက်စုံခန်းမ တွင် ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ တက္ကသိုလ်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်က တောင်ကြီး တက္ကသိုလ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

2

 

3

 

4

 

5

 

6

 

7

 

8

 

9

 

10

 

a

 

b

 

c

 

d

 

တောင်ကြီး  မေ  ၂၇
၂၀၁၃-၂၀၁၄ပညာသင်နှစ်၊ရှမ်းပြည်နယ်၊ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ(၂၇)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းရှေ့မုဒ်ဦး၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့၏ အလေးပြုမှုကို ခံယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူး ဦးထူးမြင့်တို့က ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများအား အခမဲ့ ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များ ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ၏ တင်ဆက်ကပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းကို စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပရာ ကျောင်းသား/ ကျောင်းသူလေးများက " ကျောင်းအပ်စို့လေ " သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူးက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ် (၁၀)သိန်းကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူမှ လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် စာရေးခုံနှင့် ထိုင်ခုံ (၁၂၀)စုံကို ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဦးခွန်သိန်းမောင်က လည်းကောင်း၊ အခြား အလှူရှင်များမှ အလှူငွေနှင့် ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်း ရာ ပညာရေးဌာန တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြသည်။
၎င်းနောက် ကျောင်းသား/ကျောင်းသူလေးများက " ဘက်စုံပညာ " သီချင်းကို သီဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း(အထက-ခွဲ) တို့အား သွားရောက်၍ ကျောင်းအပ်နှံနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး မူလတန်း အဆင့် ကျောင်းသား/ကျောင်းသူလေးများအား အခမဲ့ ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များ ကို ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အဆင့် ဆောင်ရွက်မည့်အစီအမံများချမှတ်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး  ဇွန်  ၀၃

Work-04

 

     ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စတုတ္ထအဆင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် Working Group ဖွဲ့စည်း၍ Working Level Meeting ဆွေးနွေးချက်ရလာဒ်များအပေါ် ပြည်နယ်အဆင့် ဆောင်ရွက်မည့် အစီအမံများချမှတ်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇွန်(၃)ရက်၊ နေ့လည်(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက် အမှာစကား ပြောကြားသည်။

Work-02

 

Work-03

 

     ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးရဲနိုင်အောင်က လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများများမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

 

Work-01

 

   အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အစိုးရ အဖွဲ့တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ပင်းတယမြို့နယ်၊ တမဲကျေးရွာ ရိုးရာတာတက်ပွဲ တက်ရောက်ချီးမြှင့်

1

2

3

တောင်ကြီး  မေ  ၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် မေ(၂၅)ရက်၊ နံနက်(၉)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တမဲ ကျေးရွာ ရိုးရာတာတက်ပွဲသို့ တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် တမဲ မြစေတီဘုရားကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပြီးဘုရားရင်ပြင်တော်အတွင်းလှည့်လည်ကြည့်ရှုသည်။ဆက်လက်ပြီး တမဲကျောင်းတိုက်အတွင်း၌ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ် ဝတ္တုပစ္စည်းများနှင့် အလှူငွေကျပ်(၅)သိန်းတို့ကို ဆက်ကပ်လှူဒါန်းပြီး ပရိတ် တရားတော်မြတ်ကို နာယူပန်ဆင်ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် တမဲကျောင်းတိုက်ဆရာတော် အရှင်ဥတ္တရဓဇ က ရေစက် ပေးတော်မူပြီး အမျှပေးဝေခဲ့ကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နေ့လည်(၁၂)နာရီတွင် ကလောမြို့နယ်၊ မြင်းမထိသဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်၍ ဂူအတွင်းရှိ ဥဏ္ဏလုံ စေတီတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကြပြီး ဂူအတွင်း ဖူးမျှော် လေ့လာခဲ့ကြရာ ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ လိုက်လံရှင်းလင်းပြသခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြင်းမထိသဘာဝလိုဏ်ဂူဘုရားအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းရာ ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူ ခဲ့သည်။

ဟိုပုံးမြို့နယ်ဆေးရုံသို့ ဆေးငွေပဒေသာပင်၊ အရေးပေါ်လူနာတင်ယာဉ်နှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

တောင်ကြီး ဇွန် ၀၂

HP05

 

HP04

 

HP03

 

HP02

 

HP01

 

 

   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပြည်သူ့ဆေးရုံ၌  ဆေးငွေပဒေသာပင်၊ အရေး ပေါ်လူနာတင်ယာဉ်နှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ၂-၆-၂၀၁၃ ရက်နေ့ နံနက်(၉)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်။
    အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးစံလွင်မှ ဂုဏ်ပြု အမှာစကားပြောကြားပြီး အလှူရှင် ဦးဝေစိုး(ဖြူဇင်ဆောက်လုပ်ရေးကုမ္ပဏီ)မှ လှူဒါန်းရခြင်း အကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး  အလှူရှင်များက ဆေးပဒေသာပင်၊ အရေးပေါ်လူနာတင် ယာဉ်နှင့် ဆေးရုံသုံးပစ္စည်းများကိုလှူဒါန်းပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကိုပြန်လည်ပေးအပ်ခဲ့ကာ မြို့နယ်ကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ဘာသာပေါင်းစုံ စည်းလုံးညီညွှတ်ရေးနှင့် အဓိကရုဏ်းကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်း(ရန်ကုန်)နှင့် Norwegian People's Aid တို့ဆောင်ရွက် ချက် အားရှမ်းပြည်နယ်အစိုးရအဖွဲ့က ကန့်ကွက်

တောင်ကြီး မေ ၂၄

 

     ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်း(ရန်ကုန်)နှင့် Norwegian People's Aid တို့ပူးပေါင်း ဆောင်ရွက်သော ဘာသာပေါင်းစုံ စည်းလုံးညီညွှတ်ရေးနှင့် အဓိကရုဏ်းကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပြီး ရှမ်းပြည်နယ်တွင် တောင်ကြီး၊ ကလော၊ အောင်ပန်းနှင့် လာရှိုးမြို့များ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲကြာမြင့်ချိန်မှာ မြို့နယ်တစ်ခုစီတွင်(၂)ရက် ဖြစ်ပြီး နံနက်(၀၉၀၀)နာရီမှ ညနေ(၁၆၃၀)နာရီအချိန်ထိ ဖြစ်ကြောင်း၊ တက်ရောက်မည့် လူဦးရေ မှာ ဘာသာ(၄)ခုမှ ဘာသာရေးခေါင်းဆောင်(၂)ဦးစီဖြင့် (၈)ဦး၊ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်နှင့် လုံခြုံရေးအရာရှိ(၅)ဦး၊ အခြားစိတ်ပါဝင်စားသော ရပ်မိရပ်ဖများပါဝင်လျက် စုစုပေါင်း(၂၀)ဦးခန့် ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ လက်ရှိဖြစ် ပေါ်နေသော ဘာသာတရားနှင့် စပ်လျဉ်း၍ တစ်ဦးနှင့် တစ်ဦးထားရှိသော သံသယများ၊ အမြင် မကြည်လင်မှုများကို လျော့နည်းပပျောက်စေရန်နှင့် ဘာသာကွဲများအကြားရင်းနှီးခင်မင်စွာ အတူ ယှဉ်တွဲနေထိုင်ရန် ရည်ရွယ်ကြောင်းဖော်ပြပါရှိလျက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လျှောက်ထား တင်ပြခဲ့သောကြောင့် စံနစ်တကျဆောင်ရွက်သွားရန် ပြန်ကြားခဲ့သည်။


    သို့ရာတွင် ၂၀၁၃ ခုနှစ်၊ မေလ(၈)ရက်နေ့၊ (၀၉၅၀)နာရီအချိန် တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ သီတာအေးခန်းမတွင် အလုပ်ရုံဆွေးနွေးပွဲအား ဒုတိယနေ့အဖြစ် ကျင်းပပြုလုပ်ပြီးနောက် မူလက တင်ပြချက်တွင် ပါဝင်ခြင်းမရှိပဲ ရှမ်းပြည်နယ်ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့အား အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်-


    (က)    ဆရာတော်ဦးခေမာနန္ဒ       လောကမာန်အောင်ကျောင်းထိုင်        နာယက
                                                    ဆရာတော်
    (ခ)    ဦးဂိုဘာ                            ဟိန္ဒူဘာသာရေးအဖွဲ့                       အဖွဲ့ဝင်
    (ဂ)    ဟာဂျီညွန့်ဖေ                     အစ္စလာမ်ဘာသာရေးအဖွဲ့                 အဖွဲ့ဝင်
    (ဃ)   စောခရီထူး                       ခရစ်ယာန်ဘာသာရေးအဖွဲ့               အဖွဲ့ဝင်
    (င)    ဆရာတော်ဦးခေမာနန္ဒ        လောကမာန်အောင်ကျောင်းထိုင်        ဥက္ကဋ္ဌ
    (စ)    ဦးယောန                          ခရစ်ယာန်ဘာသာရေးအဖွဲ့               ဒုဥက္ကဋ္ဌ
    (ဆ)   ဦးအောင်မြင့်                     ဟိန္ဒူဘာသာရေးအဖွဲ့                       ဒုဥက္ကဋ္ဌ
    (ဇ)    ဟာဖစ်ဒူလာ                     အစ္စလာမ်ဘာသာရေးအဖွဲ့                  ဒုဥက္ကဋ္ဌ
    (စျ)    ဦးစိုးငယ်                         အစ္စလာမ်ဘာသာရေးအဖွဲ့           အတွင်းရေးမှူး
    (ည)    ဦးကျော်ဦး                      ဗုဒ္ဓဘာသာဝင်                           အတွင်းရေးမှူး
    (ဋ)    ဒေါက်တာဂျော်နီအောင်       ခရစ်ယာန်ဘာသာဝင်                 အတွင်းရေးမှူး
    (ဌ)    ဦးခင်မောင်ဦး                   အစ္စလာမ်ဘာသာဝင်                      စာရင်းစစ်
    (ဍ)    ဦးစိုင်းမျိုးလှ                     ဗုဒ္ဓဘာသာဝင်                             ပြန်ကြားရေး
    (ဎ)    ဦးမောရစ်                         အစ္စလာမ်ဘာသာဝင်                   ဘဏ္ဍာရေးမှူး
    (ဏ)    ဦးသန်းအေး                   ခရစ်ယာန်ဘာသာဝင်                     အဖွဲ့ဝင်
    (တ)    ဒေါ်ခင်မျိုးနွယ်စီ              ခရစ်ယာန်ဘာသာဝင်                     အဖွဲ့ဝင်
    (ထ)    ဦးသိန်းဝင်း                     ခရစ်ယာန်ဘာသာဝင်                     အဖွဲ့ဝင်
    (ဒ)    ဦးသန်းထွန်း                     ခရစ်ယာန်ဘာသာဝင်                     အဖွဲ့ဝင်
    (ဓ)    ဦးဝင်းထိန်                        ခရစ်ယာန်ဘာသာဝင်                     အဖွဲ့ဝင်
    (န)    ဦးဆူရောရှိ                        ဟိန္ဒူဘာသာဝင်                            အဖွဲ့ဝင်

 

   ယင်းသို့ကြိုတင်၍ တင်ပြခြင်းမရှိပဲ ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်း(ရန်ကုန်)နှင့် Norwegian People's Aid တို့ပူးပေါင်းဆောင်ရွက်သော ဘာသာပေါင်းစုံ စည်းလုံးညီညွှတ်ရေးနှင့် အဓိကရုဏ်းကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲက ရှမ်းပြည်နယ် ဘာသာပေါင်းစုံ ကူညီစောင့်ရှောက် ရေးအဖွဲ့ကို   တရားမဝင်ဖွဲ့စည်းခြင်းအား အသိအမှတ်မပြုကြောင်းနှင့် ကန့်ကွက်ကြောင်းသိရှိရ သည်။

ဂရုဏာရိပ်ငြိမ် ကုသိုလ်ဖြစ်ဆေးခန်းကြီးအတွက် စေတနာမေတ္တာဖြင့် လှူဒါန်းကူညီပံ့ပိုးပေးကြသော ကုသိုလ်ရှင်များအတွက် မှတ်တမ်းတင်ဂုဏ်ပြုပွဲ ကျင်းပ

1

 

2

 

3

တောင်ကြီး  မေ ၂၈
အောင်ပန်းမြို့၊ ဂရုဏာရိပ်ငြိမ် ကုသိုလ်ဖြစ်ဆေးခန်းကြီးအတွက် စေတနာမေတ္တာဖြင့် လှူဒါန်းကူညီပံ့ပိုးပေးကြသော ကုသိုလ်ရှင်များအတွက် မှတ်တမ်းတင်ဂုဏ်ပြုပွဲကို မေ(၂၈)ရက်၊ နံနက်(၉)နာရီခွဲက အောင်ပန်းမြို့ အဆိုပါ ဆေးခန်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်အားပေးသည်။
အခမ်းအနားတွင် ဂရုဏာရိပ်ငြိမ်ဆေးခန်းဥက္ကဌ ဦးခင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အောင်ပန်းတိုက်နယ်ဆရာဝန် ဒေါက်တာကောင်းမြတ်က ဂုဏ်ပြုပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းရခြင်းရည်ရွယ်ချက်ကိုDiamond Star Co.Ltd မှ  တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ Light Track မော်တော်ယာဉ် လှူဒါန်းရခြင်းရည်ရွယ်ချက်ကိုအလှူရှင် ဦးကျော်မြင့်(ခ) ဦးအွစ္စမန်း ကိုယ်စား ဦးဝင်းအောင်မှ လည်းကောင်း ရှင်းလင်းပြောကြားပြီး ဂရုဏာရိပ်ငြိမ်ဆေးခန်းနာယက ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင်ဂရုဏာရိပ်ငြိမ်ဆေးခန်းနာယက က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဂုဏ်ပြုထိုက်သူများကို မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းပေးသော Diamond Star Co.Ltd ကို လည်းကောင်း၊ ဂရုဏာရိပ်ငြိမ်ဆေးခန်းနာယကကိုလူမင်းက Light Track မော်တော်ယာဉ် လှူဒါန်း ပေးသော ကလောမြို့မှ ဦးကျော်မြင့်(ခ) ဦးအွစ္စမန်းကို လည်းကောင်း၊ ဂရုဏာရိပ်ငြိမ်ဆေးခန်းဥက္ကဌ ဦးခင်မောင်ဝင်းက ဆေးခန်းသို့ မေတ္တာဖြင့် အခမဲ့ လာရောက်ကုသပေးပါသော တပ်မတော်စစ်ဆေးရုံ ကုတင်(၇၀၀)မှ အထွေထွေရောဂါ(အထူးကု)ဆရာဝန် ဒေါက်တာ သိန်းထက်သိန်းကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂရုဏာရိပ်ငြိမ်ဆေးခန်းမှ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်၌ ဖွင့်လှစ်ထားသည့်   Honda မော်တော်ဆိုင်ကယ် အရောင်းပြခန်း ဖွင့်ပွဲသို့ တက်ရောက် အားပေးခဲ့ကြောင်း သိရှိရသည်။

(၈၈)မျိုးဆက်ကျောင်းသားများ ဟိုပန်မြို့သို့ လာရောက်ဟောပြောမည့်ကိစ္စအား ဒေသခံပြည်သူများ ကန့်ကွက်

တောင်ကြီး   မေ  ၂၃

 

     (၈၈)မျိုးဆက်ကျောင်းသားများ ခေါင်းဆောင် ဦးမင်းကိုနိုင် ဦးဆောင်သော “ ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်း ” က ဟိုပန်မြို့သို့ လာရောက်ဟောပြောပွဲပြုလုပ်မည်ကို သိရ၍ ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားမည်ကို လက်မခံနိုင်သော မန်ကောင်းရပ်ကွက်နေ ဦးဆန်းတင့်(၅၈)နှစ် ဦးဆောင်သော အင်အား(၁၃၀၀)ခန့်နှင့် ပန်လုံမြို့နယ်ခွဲ၊ ရပ်ကွက်(၇)နေ ဦးအိုက်ထပ် (၆၂)နှစ် ဦးဆောင်သော အင်အား(၂၅၀)ခန့်တို့သည် မေ (၇)ရက်နေ့ (၀၉၀၀)အချိန် ဖောင်ဆိပ်တံတားအနီး ဟိုပန်မြို့ဘက်ခြမ်းတွင် ငြိမ်းချမ်းစွာ ကန့်ကွက်ရန် စုရုံးရောက်ရှိခဲ့သည်။

 

     ဟိုပန်မြို့သို့ လာရောက်မည့် (၈၈)မျိုးဆက်ကျောင်းသားများ ခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် အဖွဲ့သည် ဟိုပန်မြို့ ပြည်သူလူထုစုရုံးကန့်ကွက်မည်ကို သတင်းရရှိသည့်အတွက် သိန္နီမြို့မှ (၁၁၀၀)အချိန်ခန့်တွင် လားရှိုးမြို့သို့ ပြန်လှည့်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။


     ထို့နောက် ဦးမင်းကိုနိုင်နှင့် အဖွဲ့ မလာရောက်တော့သဖြင့် ဖောင်ဆိပ်တံတားတွင် ကန့်ကွက်ရန် စောင့်ဆိုင်းနေသော ဒေသခံပြည်သူများအနက်မှ အင်အား(၃၀၀)ခန့်မှာ (၁၃၀၀)အချိန်တွင် ဟောပြောပွဲ ပြုလုပ်မည့် ကောင်းဟုန်းဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဦးမင်းကိုနိုင် ဦးဆောင်သော “ ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်း ” လာရောက်ခြင်းကို ကန့်ကွက်ကြောင်း ကျောင်းထိုင်ဆရာတော်ထံ လျှောက်ထားခဲ့ကြသည်။


     ဆက်လက်ပြီး ကန့်ကွက်သည့် ဒေသခံပြည်သူများသည် (၁၄၁၅)အချိန်တွင် မိမိတို့ နေအိမ်များဆီသို့ အေးချမ်းစွာ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

 

 

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာသင်စရိတ်နှင့် စာရေးကိရိယာထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

1

တောင်ကြီး  မေ ၂၇
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းသားသမီးများအား  ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာထောက်ပံ့ပေးအပ်ပွဲကို မေ(၂၇)ရက်၊ ညနေ(၄)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အောင်က အမှာစကားပြောကြားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးများက တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ပညာသင် စရိတ်ထောက်ပံ့ငွေများနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ ပေးအပ်ရာတွင် တက္ကသိုလ်အဆင့်(၁၀)ဦးအား (၁)ဦးလျှင် ငွေသား ကျပ်နှစ်သောင်း(၂၀၀၀၀)နှင့် ဗလာစာအုပ်(၂)ဒါဇင်၊ အထက်တန်းအဆင့်(၇)ဦးအား (၁)ဦးလျှင် ငွေသား ကျပ်တစ်သောင်း(၁၀၀၀၀)နှင့် ဗလာစာအုပ်(၁)ဒါဇင်၊ အလယ်တန်းအဆင့်(၁၁)ဦးအား (၁)ဦးလျှင် ငွေသား ကျပ်ခုနစ်ထောင်(၇၀၀၀)နှင့် ဗလာစာအုပ်(၁)ဒါဇင်၊ မူလတန်းအဆင့်(၁၃)ဦးအား (၁)ဦးလျှင် ငွေသားကျပ် ငါးထောင်(၅၀၀၀)နှင့် ဗလာစာအုပ်ဒါဇင်ဝက်၊ မူကြိုအဆင့်(၄)ဦးအား (၁)ဦးလျှင် ငွေကျပ်(၅၀၀၀)နှုန်းဖြင့် ကျောင်းသားဦးရေ(၄၅)ဦးအတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာ ထောက်ပံ့မှု စုစုပေါင်းတန်ဖိုး ငွေကျပ် ငါးသိန်းနှစ်သောင်းရှစ်ထောင် (၅၂၈၀၀၀)ရှိကြောင်း သိရှိရသည်။

တောင်ကြီးမြို့ ကုန်ခြောက်သားငါးစျေးအဆင့် မြှင့်တင်တည်ဆောက်ရေး တင်ဒါစိစစ်ရေးအဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   မေ   ၂၃

 

     တောင်ကြီးမြို့ ကုန်ခြောက်သားငါးစျေးအဆင့် မြှင့်တင်တည်ဆောက်ရေး တင်ဒါစိစစ်ရေးအဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေးကို မေ(၂၃)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လျှက်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများတို့က အသီးသီးအမှာစကား ပြောကြားကြသည်။

 

     ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက တောင်ကြီးမြို့ ကုန်ခြောက်သားငါးစျေး အဆင့်မြှင့်တင်တည်ဆောက်ရေးအတွက် တင်ဒါရွေးချယ်ဆောက်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေထက်ရှိန်က ကုမ္ပဏီ(၇)ခု၏ အဆိုတင်ပြမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး တင်ဒါရွေးချယ် စိစစ်ရေးအဖွဲ့(၇)ဖွဲ့မှ အသီးသီးရှင်းလင်းတင်ပြကြသည်။


     ၄င်းနောက် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး စိစစ်ရေးအဖွဲ့(၇)ဖွဲ့၏ စုစည်းရလဒ်ကို အတည်ပြု၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

More Articles...

  1. တရားမဝင်ဘုန်းကြီးကျောင်းဖယ်ရှားသည့် သတင်းမှန်အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ထုတ်ပြန်
  2. ဆရာအတတ်သင်(၃)နှစ်သင်တန်း၊ အမှတ်စဉ်(၄၅) သင်တန်းသားများအပြီးသတ်ရွေးချယ်ရန် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ကျောင်းသား/ကျောင်းသူများ အခမဲ့ လေ့ကျင့်ခန်းစာအုပ်များ ဖြန့်ဝေပေးရန်
  3. ရှမ်းပြည်နယ်မြို့ပြစနစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေး(၃/၂၀၁၃)ကျင်းပ
  4. တောင်ကြီး၊ တောင်စိမ်းလန်းစိုပြေရေးအတွက် ကွက်ဖြည့်စိုက်ခင်းထူထောင်ရေးနှင့် မြို့သောက်သုံးရေ ဖူလုံစေရေး၊ သဘာဝရေ အရင်းအမြစ်များ ရရှိရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး
  5. ရှမ်းပြည်နယ် သတ္တုလုပ်ငန်းရှင်များအသင်း(ရှမ်း/တောင်)ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  6. " First Weekly News Journal ၏ ဖော်ပြချက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အလေးအနက်ကန့်ကွက် "
  7. ရေနံထွက်ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး
  8. စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဖြစ်သည့် ပုဂ္ဂလိက ကဏ္ဍပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းခြင်း အစည်းအဝေးကျင်းပ
  9. ရှမ်းပြည်နယ်၏ ၂၀၁၃−၂၀၁၄ဘဏ္ဍနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနား
  10. ဒုတိယအကြိမ် CDMA 800MHz မိုဘိုင်းဖုန်းများ ရောင်းချမည့် စာရင်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 61 guests and no members online

Latest Updates