သတင်းများ

နမ့္ဟန္ေခ်ာင္းႏွင့္ နမ့္ပြန္ေခ်ာင္းတြင္ အေသးစားေရအားလၽွပ္စစ္ထုတ္လုပ္ႏိုင္ရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ နားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထိုး

ေတာင္ႀကီး ဇူလိုင္ - ၉

162

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ မိုင္းတုံေစတမန္ကုမၸဏီလီမိတက္ M.Y Holding Co.,Ltd တို႔သည္ နမ့္ဟန္ေခ်ာင္းႏွင့္ နမ့္ပြန္ေခ်ာင္းတို႔တြင္ အေသးစားေရအားလၽွပ္စစ္ထုတ္ယူႏိုင္ရန္အတြက္ ဇူလိုင္ ၉ ရက္ မြန္းလႊဲ ၂ နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႐ုံး အစည္းအေဝးခန္းမ၌ နားလည္မႈစာခၽြန္လႊာ MOU  လက္မွတ္ေရးထိုးေၾကာင္း သိရသည္။ 

ျပည္နယ္ေဒသႏၲရဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းဥကၠဌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္က ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဆီဆိုင္ၿမိဳ႕နယ္၊ ေတာင္ေရွ႕ေက်း႐ြာအုပ္စု၊ ေနာင္ေထာ္ေက်း႐ြာ၊ နမ့္ပြန္ေခ်ာင္းအနီးတြင္ Run Off River Type ျဖင့္ ေရအားလၽွပ္စစ္ဓာတ္အား 30 MW ထုတ္လုပ္ျခင္းစီမံကိန္းတည္ေဆာက္ေရးအတြက္ နားလည္မႈစာခၽြန္လႊာေရးထိုးျခင္းျဖစ္ေၾကာင္း၊ M.Y Holding Co.,Ltd မွ ပတ္ဝန္းက်င္ထိခိုက္မႈအနည္းဆုံးႏွင့္ ေရအားလၽွပ္စစ္ထုတ္လုပ္သြားမည္ျဖစ္ၿပီး သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးဆုံး႐ႈံးမႈမရွိပါက MOA လက္မွတ္ေရးထိုးႏိုင္ရန္ ျပည္ေထာင္စုအစိုးရသို႔ ဆက္လက္တင္ျပသြားမည္ ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဥကၠဌ ဦးခြန္စံလြင္ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံတို႔က အသီးသီးအမွာစကားေျပာၾကားၾကၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ႏွင့္ ကုမၸဏီတို႔မွ နားလည္မႈစာခၽြန္လႊာ MOU လက္မွတ္ေရးထိုးၾက၍ အျပန္အလွန္လဲလွယ္ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕သည္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း ေရအားလၽွပ္စစ္သုံး ဓာတ္အား ထုတ္လုပ္ျခင္းစီမံကိန္းကို ပုဂၢလိကအဖြဲ႕အစည္းတစ္ခုျဖစ္ေသာ M.Y Holding Co.,Ltd မွ BOT စနစ္ျဖင့္ ေဆာင္႐ြက္ မည္ျဖစ္ၿပီး Run Off River Type ျဖင့္ ေရအားအသုံးျပဳ၍ ထြက္ရွိလာေသာ လၽွပ္စစ္ဓာတ္အား 30 MW ကို ႏိုင္ငံေတာ္ ပိုင္ဓာတ္အားပို႔လႊတ္သည့္ ပမာဏဓာတ္အားလိုင္းအတြင္းသို႔ ထည့္သြင္းေရာင္းခ်ရန္ ရည္႐ြယ္ထားေၾကာင္းႏွင့္ စမ္းသပ္တိုင္းတာျခင္းလုပ္ငန္းကို  ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလတြင္ တိုင္းတာမႈရရွိခဲ့ေသာ 20 m3/s  ေရစီးႏႈန္းအေပၚ အေျခခံ၍ ရရွိႏိုင္ေသာ လၽွပ္စစ္ဓာတ္အား ပမာဏမွာ 40 MW မွ 50 MW အထိ ရရွိႏိုင္မည္ျဖစ္ကာ ျပည္နယ္အစိုးရ၏ ခြင့္ျပဳမိန္႔အတြင္းျဖစ္ေသာ 30 MW ထုတ္လုပ္ႏိုင္စြမ္းရွိသည့္ ေရအားလၽွပ္စစ္စီမံကိန္းစက္႐ုံအား ေရရွည္လည္ပတ္ ႏိုင္ရန္ ႏွစ္ပတ္လည္ေရရရွိမႈ တိုင္းတာသတ္မွတ္သည့္လုပ္ငန္းကိုသာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++

နမ့်ဟန်ချောင်းနှင့် နမ့်ပွန်ချောင်းတွင် အသေးစားရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

တောင်ကြီး ဇူလိုင် - ၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မိုင်းတုံစေတမန်ကုမ္ပဏီလီမိတက် M.Y Holding Co.,Ltd တို့သည် နမ့်ဟန်ချောင်းနှင့် နမ့်ပွန်ချောင်းတို့တွင် အသေးစားရေအားလျှပ်စစ်ထုတ်ယူနိုင်ရန်အတွက် ဇူလိုင် ၉ ရက် မွန်းလွှဲ ၂ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ နားလည်မှုစာချွန်လွှာ MOU  လက်မှတ်ရေးထိုးကြောင်း သိရသည်။ 

ပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာ၊ နမ့်ပွန်ချောင်းအနီးတွင် Run Off River Type ဖြင့် ရေအားလျှပ်စစ်ဓာတ်အား 30 MW ထုတ်လုပ်ခြင်းစီမံကိန်းတည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာရေးထိုးခြင်းဖြစ်ကြောင်း၊ M.Y Holding Co.,Ltd မှ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိပါက MOA လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုအစိုးရသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးခွန်စံလွင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့က အသီးသီးအမှာစကားပြောကြားကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် ကုမ္ပဏီတို့မှ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးကြ၍ အပြန်အလှန်လဲလှယ်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရေအားလျှပ်စစ်သုံး ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းကို ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်သော M.Y Holding Co.,Ltd မှ BOT စနစ်ဖြင့် ဆောင်ရွက် မည်ဖြစ်ပြီး Run Off River Type ဖြင့် ရေအားအသုံးပြု၍ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အား 30 MW ကို နိုင်ငံတော် ပိုင်ဓာတ်အားပို့လွှတ်သည့် ပမာဏဓာတ်အားလိုင်းအတွင်းသို့ ထည့်သွင်းရောင်းချရန် ရည်ရွယ်ထားကြောင်းနှင့် စမ်းသပ်တိုင်းတာခြင်းလုပ်ငန်းကို  ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တိုင်းတာမှုရရှိခဲ့သော 20 m3/s  ရေစီးနှုန်းအပေါ် အခြေခံ၍ ရရှိနိုင်သော လျှပ်စစ်ဓာတ်အား ပမာဏမှာ 40 MW မှ 50 MW အထိ ရရှိနိုင်မည်ဖြစ်ကာ ပြည်နယ်အစိုးရ၏ ခွင့်ပြုမိန့်အတွင်းဖြစ်သော 30 MW ထုတ်လုပ်နိုင်စွမ်းရှိသည့် ရေအားလျှပ်စစ်စီမံကိန်းစက်ရုံအား ရေရှည်လည်ပတ် နိုင်ရန် နှစ်ပတ်လည်ရေရရှိမှု တိုင်းတာသတ်မှတ်သည့်လုပ်ငန်းကိုသာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္အထူးအစည္းအေဝး (၁/၂၀၁၉) (ဒုတိယေန႔)က်င္းပ

ေတာင္ႀကီး  ဇူလိုင္ - ၉

127

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး (၁/၂၀၁၉) (ဒုတိယေန႔) ကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၉)ရက္ နံနက္ (၁၀)နာရီအခ်ိန္က ရွမ္းျပည္နယ္လႊတ္ေတာ္ အစည္းအေဝး ခန္းမ၌က်င္းပသည္။ 

ဆက္လက္၍ ျပည္နယ္လႊတ္ေတာ္ဥကၠ႒က အစည္းအေဝးတြင္ တက္ေရာက္ခြင့္ရွိသူ လႊတ္ေတာ္ကိုယ္စားလွယ္ ( ၁၄၀ )ဦး ရွိသည့္အနက္ ခြင့္ပန္ၾကားသူ( ၁၉ )ဦးရွိၿပီး အစည္းအေဝး သို႔ (၁၂၁)ဦး တက္ေရာက္သျဖင့္(၈၆.၄၃ )%  ရွိေသာေၾကာင့္ အစည္းအေဝးအထေျမာက္ေၾကာင္း ႏွင့္ (ဒုတိယေန႔) အစည္းအေဝး စတင္က်င္းပေၾကာင္းေၾကညာသည္။

ထို႔ေနာက္ အစည္းအေဝးမတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၁၉)ဦး တို႔အတြက္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားစိစစ္ေရး ေကာ္မတီဥကၠ႒၊ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြ က ခြင့္ပန္ၾကားၿပီး ျပည္နယ္လႊတ္ေတာ္မွ သေဘာတူေၾကာင္းႏွင့္ အစည္းအေဝးအထေျမာက္ ေၾကာင္းကို လႊတ္ေတာ္မွအတည္ျပဳေၾကာင္း ေၾကညာသည္။

၎ေနာက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္(၆)ဦးမွ ၾကယ္ပြင့္ျပေမးခြန္း (၈)ခု ေမးျမန္းျခင္း ေဆာင္႐ြက္ရာတြင္ ကေလာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန္းထိုက္ က“ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ေပးရန္ အစီအစဥ္ ရွိ/မရွိ” ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းအားေမးျမန္းရာ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး မွလည္းေကာင္း ၊ “ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ၂၀၁၆-၂၀၁၇ ခု ဘ႑ာေရးႏွစ္၊ ၂၀၁၇-၂၀၁၈ခု ဘ႑ာေရးႏွစ္အတြက္ ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္၏ စစ္ေဆးေတြ႕ရွိခ်က္အစီရင္ ခံစာ အပိုဒ္(၁၅)၊ (၁၆)” ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းအားေမးျမန္းရာ ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ ႏွင့္စက္မႈဝန္ႀကီး  ဦးစိုင္းရွဲန္တစ္လုံ မွလည္းေကာင္းအသီးသီး ျပန္လည္ေျဖၾကားၾကသည္။

အဆိုပါ အစည္းအေဝးသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္း စစ္ခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ေလ့လာသူ မ်ား တက္ေရာက္ၾကသည္။

            ေမာင္ေမာင္သန္း(ေတာင္ႀကီး)

(Unicode)+++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၉) (ဒုတိယနေ့)ကျင်းပ

တောင်ကြီး  ဇူလိုင် - ၉

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) (ဒုတိယနေ့) ကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၉)ရက် နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပသည်။ 

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၁၄၀ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၉ )ဦးရှိပြီး အစည်းအဝေး သို့ (၁၂၁)ဦး တက်ရောက်သဖြင့်(၈၆.၄၃ )%  ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်း နှင့် (ဒုတိယနေ့) အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာသည်။

ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက် ကြောင်းကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ ကြယ်ပွင့်ပြမေးခွန်း (၈)ခု မေးမြန်းခြင်း ဆောင်ရွက်ရာတွင် ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက် က“တောင်ကြီးမြို့၊ မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်း ၊ “ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်၊ ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အစီရင် ခံစာ အပိုဒ်(၁၅)၊ (၁၆)” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင် နှင့်စက်မှုဝန်ကြီး  ဦးစိုင်းရှဲန်တစ်လုံ မှလည်းကောင်းအသီးသီး ပြန်လည်ဖြေကြားကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်း စစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် လေ့လာသူ များ တက်ရောက်ကြသည်။

            မောင်မောင်သန်း(တောင်ကြီး)

 

ေက်ာက္မဲၿမိဳ႕၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ထု တည္ေဆာက္ေနမႈ ျပည္နယ္ဝန္ႀကီးခ်ဳပ္ၾကည့္႐ႈ

ေက်ာက္မဲ ဇူလိုင္   -   ၅

159

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ထု တည္ေဆာက္ေနမႈကို ဇူလိုင္(၅)ရက္ နံနက္ (၈)နာရီ (၄၅)မိနစ္က ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူ မ်ားက ကြင္းဆင္းၾကည့္႐ႈၾကၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ထုႏွင့္ ပန္းၿခံျပဳျပင္ေနမႈကို အလႉေငြက်ပ္ (၁၀)သိန္းအား ျပည္နယ္ဝန္ႀကီးခ်ဳပ္မွေပးအပ္ရာ ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီဥကၠ႒ဦးတင္ဝင္းႏွင့္ ၿမိဳ႕မိၿမိဳ႕ဖ ဦးစိုးထြန္းတို႔က လက္ခံရယူၾကသည္။ 

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔သည္ ေက်ာက္မဲၿမိဳ႕၊ ေခ်ာင္းေခ်ာက္ေက်း ႐ြာ၌ အေစ့ထုတ္ေျပာင္းေဖာငေျမႇာင္ေတာင္ပိုးႏွိမ္နင္းကာကြယ္ရန္ ေကာင္းကင္ေဆးဖ်န္း Drone စက္ျဖင့္ ပိုးသတ္ေဆးဖ်န္း ျခင္းႏွင့္ သြင္းအားစုေထာက္ပံ့ပစၥည္းေပးအပ္ပြဲသို႔တက္ေရာက္ရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က အဖြင့္အမွာ စကားေျပာၾကားၿပီး၊ ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန ျပည္နယ္ဦးစီးမႉးဦးတင္ဦးႀကိဳင္မွ ေဖာငေျမႇာင္ေတာင္ပိုးက်ေရာက္မႈ ႏွင့္ပတ္သက္၍ ကာကြယ္ႏွိမ္နင္းျခင္းလုပ္ငန္းေဆာင္႐ြက္မႈမ်ားအား ရွင္းလင္းေျပာၾကားကာ Golden Key (ျမင္းက်ား)ကုမၸဏီ M.D ဦးခိုင္မင္းဦးမွ ေကာင္းကင္ေဆးဖ်န္းစက္ Drone ဝန္ေဆာင္မႈေပးမည့္အစီအစဥ္ႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားသည္။ 

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွေထာက္ပံ့ေသာ ပိုးသတ္ေဆးဖ်န္းပုံး၊ အက်ႌဝတ္စုံႏွင့္ ပိုးသတ္ေဆးတို႔ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားတို႔မွ ေဒသခံ ေတာင္သူမ်ားအား အသီးသီးေပးအပ္ၾကၿပီး၊ ကုမၸဏီမ်ားမွေထာက္ပံ့ေသာ ေထာက္ပံ့ပစၥည္းမ်ားကို ေဖာငေျမႇာင္ေတာင္ ကာကြယ္ႏွိမ္နင္းေရးလုပ္ငန္း ႀကီးၾကပ္ေရးအဖြဲ႕ဥကၠ႒ ေက်ာက္မဲၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးရဲထြဋ္ႏိုင္မွ လက္ခံရယူၿပီး၊ ကုမၸဏီ မ်ားမွ ေဖာငေျမႇာင္ေတာင္ပိုးသတ္ေဆးမ်ားကို ေဖာငေျမႇာင္ေတာင္ကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ အတြင္း ေရးမႉး စိုက္ပ်ိဳးေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမႉးေဒၚျဖဴျဖဴေအးမွ လက္ခံရယူကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက Drone ျဖင့္စုေပါင္းေဆးဖ်န္းျခင္းကို ၾကည့္႐ႈအားေပးၾကေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျောက်မဲမြို့၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်နေမှု ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှု

ကျောက်မဲ ဇူလိုင်   -   ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်နေမှုကို ဇူလိုင်(၅)ရက် နံနက် (၈)နာရီ (၄၅)မိနစ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့် ပန်းခြံပြုပြင်နေမှုကို အလှူငွေကျပ် (၁၀)သိန်းအား ပြည်နယ်ဝန်ကြီးချုပ်မှပေးအပ်ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌဦးတင်ဝင်းနှင့် မြို့မိမြို့ဖ ဦးစိုးထွန်းတို့က လက်ခံရယူကြသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကျောက်မဲမြို့၊ ချောင်းချောက်ကျေး ရွာ၌ အစေ့ထုတ်ပြောင်းဖောငမြှောင်တောင်ပိုးနှိမ်နင်းကာကွယ်ရန် ကောင်းကင်ဆေးဖျန်း Drone စက်ဖြင့် ပိုးသတ်ဆေးဖျန်း ခြင်းနှင့် သွင်းအားစုထောက်ပံ့ပစ္စည်းပေးအပ်ပွဲသို့တက်ရောက်ရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာ စကားပြောကြားပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်ဦးကြိုင်မှ ဖောငမြှောင်တောင်ပိုးကျရောက်မှု နှင့်ပတ်သက်၍ ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားကာ Golden Key (မြင်းကျား)ကုမ္ပဏီ M.D ဦးခိုင်မင်းဦးမှ ကောင်းကင်ဆေးဖျန်းစက် Drone ဝန်ဆောင်မှုပေးမည့်အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော ပိုးသတ်ဆေးဖျန်းပုံး၊ အင်္ကျီဝတ်စုံနှင့် ပိုးသတ်ဆေးတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့မှ ဒေသခံ တောင်သူများအား အသီးသီးပေးအပ်ကြပြီး၊ ကုမ္ပဏီများမှထောက်ပံ့သော ထောက်ပံ့ပစ္စည်းများကို ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်မှ လက်ခံရယူပြီး၊ ကုမ္ပဏီ များမှ ဖောငမြှောင်တောင်ပိုးသတ်ဆေးများကို ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်း ရေးမှူး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဖြူဖြူအေးမှ လက်ခံရယူကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက Drone ဖြင့်စုပေါင်းဆေးဖျန်းခြင်းကို ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09−250132943

 

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး(၁/၂၀၁၉)က်င္းပ

ေတာင္ႀကီး ဇူလိုင္   -   ၈

161

ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးခန္းမတြင္ ဇူလိုင္(၈)ရက္ နံနက္(၁၀)နာရီက ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး(၁/၂၀၁၉) က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠ႒ဦးစိုင္းလုံးဆိုင္က အစည္းအေဝးပထမေန႔တက္ေရာက္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ (၁၄၀)ဦးရွိသည့္အနက္ တက္ေရာက္သူ(၁၂၂)ဦး၊ ပ်က္ကြက္(၁၈)ဦး၊ ရာခိုင္ႏႈန္း(၈၇.၁၄)ရာခိုင္ႏႈန္း ရွိေၾကာင္းေၾကညာသည္။

ဆက္လက္၍ အစည္းအေဝးမတက္ေရာက္ႏိုင္သည့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကိုယ္စား လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ စိစစ္ေရးေကာ္မတီနမ့္စန္မဲဆႏၷနယ္အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြ ကခြင့္ပန္ၾကားကာ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ဦးစိုင္းလုံးဆိုင္က ႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ျပည္နယ္လႊတ္ေတာ္သို႔ မိန္႔ခြန္း ေျပာၾကားကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏မိန္႔ခြန္းကို ျပည္နယ္လႊတ္ေတာ္တြင္မွတ္တမ္းတင္ၿပီး၊ ႏိုင္ငံေတာ္သမၼတထံမွ ေပးပို႔ ေသာသဝဏ္လႊာကို လႊတ္ေတာ္သို႔ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ဦးစိုင္းလုံးဆိုင္မွ ဖတ္ၾကားတင္ျပရာတြင္ ရွမ္းျပည္နယ္ အစိုးရ အဖြဲ႕၌ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနတစ္ခုထားရွိရန္ လႊတ္ေတာ္၏သေဘာတူညီခ်က္ရယူရာ မိုင္းဆတ္ၿမိဳ႕နယ္မဲဆႏၷနယ္အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းဝင္းမွကန္႔ကြက္ၿပီး၊ လႊတ္ေတာ္၏မဲဆႏၵ ျဖင့္အဆုံးအျဖတ္ရယူရာ ေထာက္ခံမဲ(၃၂)မဲ၊ ၾကားေန(၁)မဲ၊ မဲမေပးသူ(၁)မဲ၊ ကန္႔ကြက္မဲ(၈၇)ရွိေၾကာင္းသိရသည္။

၎ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ၂၀၁၉-၂၀၂ဝခုဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္၏ ရသုံးခန္႔မွန္းေျခေငြစာရင္းမ်ား တြင္ျပည္ေထာင္စုမွထပ္မံေထာက္ပံ့ေငြျဖင့္ ေဆာင္႐ြက္မည့္လုပ္ငန္းစာရင္းမ်ားအား ရွမ္းျပည္နယ္လႊတ္ေတာ္သို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဦးစိုးၫြန္႔လြင္က လႊတ္ေတာ္သို႔တင္သြင္းသည္။

ယင္းေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ တင္သြင္းေသာ၂၀၁၉-၂၀၂ဝခုဘ႑ာႏွစ္ ရွမ္းျပည္နယ္၏ရသုံးခန္႔မွန္းေျခေငြ စာရင္းမ်ားတြင္ ျပည္ေထာင္စုမွထပ္မံေထာက္ပံ့ေငြျဖင့္ ေဆာင္႐ြက္မည့္လုပ္ငန္းစာရင္းမ်ားႏွင့္စပ္လ်ဥ္း၍ ၂၀၁၉ခုႏွစ္ ဇူလိုင္ (၁၀)ရက္ ဗုဒၶဟူးေန႔တြင္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္းႏွင့္ ေဆြးေႏြးလိုေသာ ကိုယ္စားလွယ္မ်ားရွိပါက လႊတ္ေတာ္႐ုံး ၫႊန္ၾကားေရးမႉးထံ အမည္စာရင္းေပးသြင္းႏိုင္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး(၁/၂၀၁၉) ပထမေန႔ ရပ္နားေၾကာင္း၊ အစည္းအေဝးဒုတိယေန႔ ဆက္လက္က်င္းပသြားမည္ကို ျပည္နယ္လႊတ္ေတာ္ဥကၠ႒မွ ေၾကညာေၾကာင္းသိရ သည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09−250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)ကျင်းပ

တောင်ကြီး ဇူလိုင်   -   ၈

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ဇူလိုင်(၈)ရက် နံနက်(၁၀)နာရီက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်က အစည်းအဝေးပထမနေ့တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦးရှိသည့်အနက် တက်ရောက်သူ(၁၂၂)ဦး၊ ပျက်ကွက်(၁၈)ဦး၊ ရာခိုင်နှုန်း(၈၇.၁၄)ရာခိုင်နှုန်း ရှိကြောင်းကြေညာသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကိုယ်စား လွှတ်တော် ကိုယ်စားလှယ်များ၊ စိစစ်ရေးကော်မတီနမ့်စန်မဲဆန္နနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ ကခွင့်ပန်ကြားကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်း ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၏မိန့်ခွန်းကို ပြည်နယ်လွှတ်တော်တွင်မှတ်တမ်းတင်ပြီး၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့ သောသဝဏ်လွှာကို လွှတ်တော်သို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်မှ ဖတ်ကြားတင်ပြရာတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့၌ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခုထားရှိရန် လွှတ်တော်၏သဘောတူညီချက်ရယူရာ မိုင်းဆတ်မြို့နယ်မဲဆန္နနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းမှကန့်ကွက်ပြီး၊ လွှတ်တော်၏မဲဆန္ဒ ဖြင့်အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ(၃၂)မဲ၊ ကြားနေ(၁)မဲ၊ မဲမပေးသူ(၁)မဲ၊ ကန့်ကွက်မဲ(၈၇)ရှိကြောင်းသိရသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂ဝခုဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းများ တွင်ပြည်ထောင်စုမှထပ်မံထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစာရင်းများအား ရှမ်းပြည်နယ်လွှတ်တော်သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်က လွှတ်တော်သို့တင်သွင်းသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော၂၀၁၉-၂၀၂ဝခုဘဏ္ဍာနှစ် ရှမ်းပြည်နယ်၏ရသုံးခန့်မှန်းခြေငွေ စာရင်းများတွင် ပြည်ထောင်စုမှထပ်မံထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစာရင်းများနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ် ဇူလိုင် (၁၀)ရက် ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ပထမနေ့ ရပ်နားကြောင်း၊ အစည်းအဝေးဒုတိယနေ့ ဆက်လက်ကျင်းပသွားမည်ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာကြောင်းသိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

ေတာင္ႀကီးဇုန္အဆင့္ တကၠသိုလ္၊ ေကာလိပ္မ်ား အမ်ိဳးသား၊ အမ်ိဳးသမီး ေဘာ္လီေဘာၿပိဳင္ပြဲ ဖြင့္လွစ္

ေတာင္ႀကီး ဇူလိုင္ - ၅

158

၂၀၁၉ ခုႏွစ္ ေတာင္ႀကီးဇုန္အဆင့္ တကၠသိုလ္/ ေကာလိပ္မ်ား အမ်ိဳးသား/ အမ်ိဳးသမီးေဘာ္လီေဘာၿပိဳင္ပြဲ ဖြင့္ပြဲ အခမ္းအနားကို ဇူလိုင္လ ၅ ရက္ နံနက္ ၈ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ ခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္ေဒသကိုယ္စားျပဳ ၿပိဳင္ပြဲဝင္အားလုံးကို အားကစားစိတ္ဓာတ္အျပည့္အဝျဖင့္ ယွဥ္ၿပိဳင္ ကစားၾကၿပီး မိမိတို႔ ေဒသတကၠသိုလ္၊ ေကာလိပ္မ်ား၏ ဂုဏ္ကိုေဆာင္ၾကရန္ မွာၾကားလိုေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ ဖိလစ္ပိုင္ႏိုင္ငံ၌ က်င္းပမည့္ အႀကိမ္(၃၀)ေျမာက္ အေရွ႕ေတာင္အာရွိအားကစားၿပိဳင္ပြဲမွာလည္း တကၠသိုလ္အသီးသီးမွ လက္ေ႐ြးစင္ ေက်ာင္းသား/ ေက်ာင္းသူမ်ား ပါဝင္ကစားခြင့္ ရမွာျဖစ္ပါေၾကာင္း၊ ေဘာ္လီေဘာအားကစားနည္းမွာလည္း တစ္မ်ိဳးပါဝင္မည္ျဖစ္သည့္ အတြက္ ျပည္နယ္အသီးသီးမွ လက္ေ႐ြးစင္အားကစားထူးခၽြန္သူ ေက်ာင္းသား/ေက်ာင္းသူမ်ားအတြက္ အခြင့္အေရးေကာင္း တစ္ရပ္ဟု ျမင္မိပါေၾကာင္း၊ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိေအာင္ ေလ့က်င့္ႀကိဳးစားသြားရန္ လိုအပ္ပါေၾကာင္း တိုက္တြန္းေျပာၾကားၿပီး ၿပိဳင္ပြဲကို ဖြင့္လွစ္ေပးခဲ့သည္။

ဆက္လက္၍ ၿပိဳင္ပြဲအားကစားမ်ားက အားကစားသစၥာဓိဌာန္႐ြတ္ဆိုၾကၿပီး ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ အဖြဲ႕ဝင္မ်ား မွ ၿပိဳင္ပြဲဝင္အသင္းအုပ္ခ်ဳပ္သူမ်ား၊ နည္းျပမ်ားႏွင့္ အားကစားသမားမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္သည္။ ထို႔ေနာက္ ေတာင္ႀကီးတကၠသိုလ္အမ်ိဳးသား ေဘာ္လီေဘာအသင္းႏွင့္ က်ိဳင္းတုံတကၠသိုလ္ အမ်ိဳးသားေဘာ္လီေဘာအသင္းတို႔ ယွဥ္ၿပိဳင္ ကစားေနမႈကို ျပည္နယ္လူမႈေရးဝန္ႀကီး၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ တကၠသိုလ္မ်ားမွ ပါေမာကၡခ်ဳပ္မ်ားႏွင့္ ပါေမာကၡ (ဌာနမႉး)မ်ား၊ ဆရာ/ ဆရာမမ်ားႏွင့္ ေက်ာင္းသား/ ေက်ာင္းသူမ်ား၊ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားက ၾကည့္႐ႈအားေပးၾက သည္။

အဆိုပါ ၿပိဳင္ပြဲတြင္ ေတာင္ႀကီး၊ လား႐ႈိး၊ က်ိဳင္းတုံ၊ ပင္လုံႏွင့္ လြိဳင္ေကာ္တို႔မွ ၿပိဳင္ပြဲဝင္အမ်ိဳးသားေဘာ္လီေဘာ အသင္း ၅ သင္းတို႔မွ ဇူလိုင္လ ၁၁ ရက္ေန႔အထိ ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အစရ(ရွမ္း)

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးဇုန်အဆင့် တက္ကသိုလ်၊ ကောလိပ်များ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်လှစ်

တောင်ကြီး ဇူလိုင် - ၅

၂၀၁၉ ခုနှစ် တောင်ကြီးဇုန်အဆင့် တက္ကသိုလ်/ ကောလိပ်များ အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ဒေသကိုယ်စားပြု ပြိုင်ပွဲဝင်အားလုံးကို အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင် ကစားကြပြီး မိမိတို့ ဒေသတက္ကသိုလ်၊ ကောလိပ်များ၏ ဂုဏ်ကိုဆောင်ကြရန် မှာကြားလိုကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှိအားကစားပြိုင်ပွဲမှာလည်း တက္ကသိုလ်အသီးသီးမှ လက်ရွေးစင် ကျောင်းသား/ ကျောင်းသူများ ပါဝင်ကစားခွင့် ရမှာဖြစ်ပါကြောင်း၊ ဘော်လီဘောအားကစားနည်းမှာလည်း တစ်မျိုးပါဝင်မည်ဖြစ်သည့် အတွက် ပြည်နယ်အသီးသီးမှ လက်ရွေးစင်အားကစားထူးချွန်သူ ကျောင်းသား/ကျောင်းသူများအတွက် အခွင့်အရေးကောင်း တစ်ရပ်ဟု မြင်မိပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိအောင် လေ့ကျင့်ကြိုးစားသွားရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲအားကစားများက အားကစားသစ္စာဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ မှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ထို့နောက် တောင်ကြီးတက္ကသိုလ်အမျိုးသား ဘော်လီဘောအသင်းနှင့် ကျိုင်းတုံတက္ကသိုလ် အမျိုးသားဘော်လီဘောအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများက ကြည့်ရှုအားပေးကြ သည်။

အဆိုပါ ပြိုင်ပွဲတွင် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ ပင်လုံနှင့် လွိုင်ကော်တို့မှ ပြိုင်ပွဲဝင်အမျိုးသားဘော်လီဘော အသင်း ၅ သင်းတို့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အစရ(ရှမ်း)

 

(၁၀/၂၀၁၈-၂၀၁၉)ႀကိမ္ေျမာက္ သစ္လုံး/ ခြဲသား အိတ္ဖြင့္(တင္ဒါ)ေၾကာ္ျငာျခင္း

(၁၀/၂၀၁၈-၂၀၁၉)ႀကိမ္ေျမာက္ သစ္လုံး/ ခြဲသား အိတ္ဖြင့္(တင္ဒါ)ေၾကာ္ျငာျခင္း

uNICODE++++++++++++++++

(၁၀/၂၀၁၈-၂၀၁၉)ကြိမ်မြောက် သစ်လုံး/ ခွဲသား အိတ်ဖွင့်(တင်ဒါ)ကြော်ငြာခြင်း

1

2

3

4

5

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေက်ာက္မဲခ႐ိုင္ ျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ေက်ာက္မဲ ဇူလိုင္   -   ၅

157

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲခ႐ိုင္၊ သာသနာဝံေက်ာင္းတိုက္တြင္ ဇူလိုင္လ(၄)ရက္ ညေန(၄)နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ေဒသခံျပည္သူမ်ား ေတြ႕ဆုံေၾကာင္းသိရသည္။ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားၿပီး၊ အတူလိုက္ပါလာသည့္ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္အဆင့္ဌာန ဆိုင္ရာမ်ားတို႔ကို ေဒသခံျပည္သူမ်ားႏွင့္မိတ္ဆက္ေပးသည္။ 

ဆက္လက္၍ ေက်ာက္မဲခ႐ိုင္ရွိ ေဒသခံျပည္သူမ်ားက ေဒသလိုအပ္ခ်က္မ်ားျဖစ္သည့္ လမ္းတံတားတည္ေဆာက္ေပး ႏိုင္ေရး၊ ပိႏၷဲကုန္းေက်း႐ြာကို ရပ္ကြက္အျဖစ္တိုးျမႇင့္ေပးေရး၊ ပညာေရး၊ က်န္းမာေရး၊ အခြန္ကိစၥရပ္မ်ား၊ လူမႈဝန္ထမ္း ပရဟိတ ကိစၥရပ္မ်ား တင္ျပေတာင္းဆိုၾကရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာျပည္နယ္အဆင့္တာဝန္ရွိသူ မ်ားက ေဒသလိုအပ္ခ်က္မ်ားကို က႑အလိုက္ျဖည့္ဆည္းေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ျပန္လည္ေျဖၾကားၾကေၾကာင္းသိရ သည္။ 

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔သည္ ေ႐ြ႕လ်ားဝန္ေဆာင္ မႈ၌ျပဳလုပ္ၿပီးေသာ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမ်ား၊ လယ္ယာေျမပုံစံ(၇)မ်ား၊ ယာဥ္ေမာင္းလိုင္စင္မ်ား၊ မီးသတ္ဦးစီးဌာနမွ မီး ၿငိမ္းသတ္မႈသ႐ုပ္ျပေနမႈ၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး႒ာနမွ ၾကက္အေကာင္ကေလးမ်ားကို မ်က္စဥ္းခတ္ေဆးထည့္ေပးေနမႈ တို႔အားၾကည့္႐ႈအားေပးခဲ့ၿပီး၊ သစ္ေတာဦးစီး႒ာနမွသစ္ပင္မ်ားကို ေဒသခံျပည္သူမ်ားအား ျဖန္႔ေဝေပးခဲ့ၾကသည္။ 

ယင္းေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔သည္ ေက်ာက္မဲၿမိဳ႕ရွိ ေအာင္ေျမသာယာ ပရဟိတဘုန္းေတာ္ႀကီးေက်ာင္းသို႔ေရာက္ရွိၿပီး ဆရာေတာ္အားရွိခိုးကန္ေတာ့၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ မိဘမဲ့ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ဆရာ၊ ဆရာမမ်ားအတြက္လိုအပ္ေနေသာ ဆန္အိတ္(၅၀)အိတ္ကို လႉဒါန္းေပးခဲ့ၾကေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျောက်မဲခရိုင် ပြည်သူများနှင့်တွေ့ဆုံ

ကျောက်မဲ ဇူလိုင်   -   ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သာသနာဝံကျောင်းတိုက်တွင် ဇူလိုင်လ(၄)ရက် ညနေ(၄)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံကြောင်းသိရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ အတူလိုက်ပါလာသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများတို့ကို ဒေသခံပြည်သူများနှင့်မိတ်ဆက်ပေးသည်။ 

ဆက်လက်၍ ကျောက်မဲခရိုင်ရှိ ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များဖြစ်သည့် လမ်းတံတားတည်ဆောက်ပေး နိုင်ရေး၊ ပိန္နဲကုန်းကျေးရွာကို ရပ်ကွက်အဖြစ်တိုးမြှင့်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်ကိစ္စရပ်များ၊ လူမှုဝန်ထမ်း ပရဟိတ ကိစ္စရပ်များ တင်ပြတောင်းဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူ များက ဒေသလိုအပ်ချက်များကို ကဏ္ဍအလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ဖြေကြားကြကြောင်းသိရ သည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ရွေ့လျားဝန်ဆောင် မှု၌ပြုလုပ်ပြီးသော နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊ လယ်ယာမြေပုံစံ(၇)များ၊ ယာဉ်မောင်းလိုင်စင်များ၊ မီးသတ်ဦးစီးဌာနမှ မီး ငြိမ်းသတ်မှုသရုပ်ပြနေမှု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဋ္ဌာနမှ ကြက်အကောင်ကလေးများကို မျက်စဉ်းခတ်ဆေးထည့်ပေးနေမှု တို့အားကြည့်ရှုအားပေးခဲ့ပြီး၊ သစ်တောဦးစီးဋ္ဌာနမှသစ်ပင်များကို ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကျောက်မဲမြို့ရှိ အောင်မြေသာယာ ပရဟိတဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆရာတော်အားရှိခိုးကန်တော့၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိဘမဲ့ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက်လိုအပ်နေသော ဆန်အိတ်(၅၀)အိတ်ကို လှူဒါန်းပေးခဲ့ကြကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

 

09−250132943

 

သစ္ေတာႏွင့္ ပတ္ဝန္းက်င္ဆိုင္ရာ တကၠသိုလ္ေလ့က်င့္ေရးႏွင့္ သုေတသနသစ္ေတာ္အျဖစ္ သတ္မွတ္ျခင္း

သစ္ေတာႏွင့္ ပတ္ဝန္းက်င္ဆိုင္ရာ တကၠသိုလ္ေလ့က်င့္ေရးႏွင့္ သုေတသနသစ္ေတာ္အျဖစ္ သတ္မွတ္ျခင္း

Unicode+++++++++++++++++++++++++++++++++++++++

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်လေ့ကျင့်ရေးနှင့် သုတေသနသစ်တော်အဖြစ် သတ်မှတ်ခြင်း

11

22

33

44

5566

77

ေဖာငေျမႇာင္ေတာင္ပိုးအား ေကာင္းကင္ေဆးဖ်န္းစက္ဒ႐ုန္းျဖင့္ စုေပါင္းေဆးဖ်န္းျခင္းကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ တက္ေရာက္ၾကည့္႐ႈ

ေနာင္ခ်ိဳ ဇူလိုင္   -   ၄

156

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲခ႐ိုင္၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေ႐ႊမုေဋာေက်း႐ြာအုပ္စု၊ ေနာင္လင္းေက်း႐ြာတြင္ ေတာင္သူမ်ားစိုက္ပ်ိဳးထားေသာ ေျပာင္းဖူးၿခံ၌ ဇူလိုင္(၄)ရက္ ေန႔လည္(၁၂)နာရီက ေဖာငေျမႇာင္ေတာင္ပိုးႏွိမ္နင္းျခင္းကို ေကာင္းကင္ေဆးဖ်န္းစက္ဒ႐ုန္းျဖင့္ စုေပါင္းေဆးဖ်န္းျခင္းက်င္းပသည္။ 

ဆက္လက္၍ ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန ျပည္နယ္ဦးစီးမႉးဦးတင္ဦးႀကိဳင္က အေစ့ထုတ္ေျပာင္းစိုက္ပ်ိဳးမႈႏွင့္ ပိုးက်ေရာက္မႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပၿပီး၊ ျမင္းက်ားကုမၸဏီတာဝန္ရွိသူတစ္ဦးမွ ေကာင္းကင္ေဆးဖ်န္းစက္ဒ႐ုန္း ျဖင့္ အေစ့ထုတ္ေျပာင္းစိုက္ပ်ိဳးေသာ ေတာင္သူမ်ားအား ဝန္ေဆာင္မႈေပးမည့္ အစီအစဥ္မ်ားကို ရွင္းလင္းတင္ျပကာ ေဖာငေျမႇာင္ေတာင္သီးႏွံဖ်က္ေသာ ပိုးအားကာကြယ္ႏွိမ္နင္းေရးအတြက္ လိုအပ္ေသာသြင္းအားစုပစၥည္းမ်ား ကာကြယ္ ေထာက္ပံ့ျခင္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား တို႔မွေဒသခံေတာင္သူမ်ားအား ေဆးဖ်န္းပုံး၊ ဝတ္စုံႏွင့္ ပိုးသတ္ေဆးမ်ားေပးအပ္ခဲ့ၾကၿပီး၊ ကုမၸဏီအသီးသီးမွ ပိုးသတ္ေဆးမ်ား ေပးအပ္ၾကရာ ေဖာငေျမႇာင္ေတာင္ပိုးကာကြယ္ႏွမ္နင္းေရး ႀကီးၾကပ္ေရးအဖြဲ႕ဥကၠ႒ဦးစစ္ေအာင္ႏွင့္ ေတာင္သူမ်ားက လက္ခံ ရယူၾကကာ ေကာင္းကင္ေဆးဖ်န္းစက္ဒ႐ုန္းျဖင့္ အေစ့ထုတ္ေျပာင္းၿခံပိုးသတ္ေဆးဖ်န္းေနမႈကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားကၾကည့္႐ႈၾကေၾကာင္းသိရသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ေနာင္ခ်ိဳၿမိဳ႕၊ ကံႀကီးေက်း႐ြာ အေျခခံ ပညာအထက္တန္းေက်ာင္း၌ ေ႐ြ႕လ်ားဝန္ေဆာင္မႈလုပ္ငန္း ေဆာင္႐ြက္ေနမႈကို ၾကည့္႐ႈအားေပးၿပီး၊ ဝန္ေဆာင္မႈ၌ျပဳလုပ္ၿပီး ေသာေမြးဖြားမႈစာရင္း၊ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမ်ား၊ အိမ္ေထာင္စုဇယား၊ လယ္ယာေျမပုံစံ(၇)မ်ားကို ေဒသခံျပည္သူမ်ားထံ လက္ဝယ္အေရာက္ေပးအပ္ခဲ့ၾကကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက ေဒသခံျပည္သူမ်ား ႏွင့္ေတြ႕ဆုံရာျပည္သူမ်ားမွေဒသတြင္ လိုအပ္လ်က္ရွိေသာလၽွပ္စစ္မီးလင္းေရး၊ လမ္းတံတားႏွင့္ပညာေရး၊ က်န္းမာေရးကိစၥရပ္ မ်ား၊ လယ္ယာေျမပုံစံ(၇)ရရွိေရး၊ အိမ္ဂရန္မ်ား၊ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမ်ား စသည့္ လိုအပ္ခ်က္မ်ားတင္ျပၾကရာ ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာျပည္နယ္အဆင့္တာဝန္ရွိသူမ်ားမွ က႑အလိုက္ ျပန္လည္ေျဖၾကားၾကၿပီး ဘတ္ဂ်က္ႏွစ္အလိုက္ ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္းႏွင့္ သစ္ေတာဦးစီးဌာနမွ သစ္ပင္မ်ားကို ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားမွ ေဒသခံေတာင္သူမ်ားအား ေပးအပ္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250312943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဖောငမြှောင်တောင်ပိုးအား ကောင်းကင်ဆေးဖျန်းစက်ဒရုန်းဖြင့် စုပေါင်းဆေးဖျန်းခြင်းကို ပြည်နယ်ဝန်ကြီးချုပ်

ဒေါက်တာလင်းထွဋ် တက်ရောက်ကြည့်ရှု

နောင်ချို ဇူလိုင်   -   ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ရွှေမုဋောကျေးရွာအုပ်စု၊ နောင်လင်းကျေးရွာတွင် တောင်သူများစိုက်ပျိုးထားသော ပြောင်းဖူးခြံ၌ ဇူလိုင်(၄)ရက် နေ့လည်(၁၂)နာရီက ဖောငမြှောင်တောင်ပိုးနှိမ်နင်းခြင်းကို ကောင်းကင်ဆေးဖျန်းစက်ဒရုန်းဖြင့် စုပေါင်းဆေးဖျန်းခြင်းကျင်းပသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်ဦးကြိုင်က အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုနှင့် ပိုးကျရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ မြင်းကျားကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ကောင်းကင်ဆေးဖျန်းစက်ဒရုန်း ဖြင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးသော တောင်သူများအား ဝန်ဆောင်မှုပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကာ ဖောငမြှောင်တောင်သီးနှံဖျက်သော ပိုးအားကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောသွင်းအားစုပစ္စည်းများ ကာကွယ် ထောက်ပံ့ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တို့မှဒေသခံတောင်သူများအား ဆေးဖျန်းပုံး၊ ဝတ်စုံနှင့် ပိုးသတ်ဆေးများပေးအပ်ခဲ့ကြပြီး၊ ကုမ္ပဏီအသီးသီးမှ ပိုးသတ်ဆေးများ ပေးအပ်ကြရာ ဖောငမြှောင်တောင်ပိုးကာကွယ်နှမ်နင်းရေး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစစ်အောင်နှင့် တောင်သူများက လက်ခံ ရယူကြကာ ကောင်းကင်ဆေးဖျန်းစက်ဒရုန်းဖြင့် အစေ့ထုတ်ပြောင်းခြံပိုးသတ်ဆေးဖျန်းနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများကကြည့်ရှုကြကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်ချိုမြို့၊ ကံကြီးကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း၌ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး၊ ဝန်ဆောင်မှု၌ပြုလုပ်ပြီး သောမွေးဖွားမှုစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊ အိမ်ထောင်စုဇယား၊ လယ်ယာမြေပုံစံ(၇)များကို ဒေသခံပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ နှင့်တွေ့ဆုံရာပြည်သူများမှဒေသတွင် လိုအပ်လျက်ရှိသောလျှပ်စစ်မီးလင်းရေး၊ လမ်းတံတားနှင့်ပညာရေး၊ ကျန်းမာရေးကိစ္စရပ် များ၊ လယ်ယာမြေပုံစံ(၇)ရရှိရေး၊ အိမ်ဂရန်များ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ စသည့် လိုအပ်ချက်များတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားကြပြီး ဘတ်ဂျက်နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် သစ်တောဦးစီးဌာနမှ သစ်ပင်များကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ ဒေသခံတောင်သူများအား ပေးအပ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09−250312943

 

ျမစိမ္းေရာင္ VDP ရန္ပုံေငြ လႊဲေျပာင္းေပးအပ္ပြဲက်င္းပ

လား႐ႈိး ဇူလိုင္   -   ၆

160

၂၀၁၈-၂၀၁၉ခုဘ႑ာေရးႏွစ္ ျမစိမ္းေရာင္ႏွင့္ VDPရန္ပုံေငြလႊဲေျပာင္းေပးအပ္ပြဲကို ဇူလိုင္(၆)ရက္ နံနက္(၈)နာရီခြဲက ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လား႐ႈိးၿမိဳ႕၊ ေနာင္မြန္ေက်း႐ြာ၊ ကုသလရာမေက်ာင္းတိုက္၌ က်င္းပသည္။ 

ဆက္လက္၍ ရွမ္းျပည္နယ္ေက်းလက္ေဒသဦးစီးဌာန ျပည္နယ္ဦးစီးမႉးဦးေမာင္ေမာင္ဝင္းမွ ျမစိမ္းေရာင္ႏွင့္ VDP ရန္ပုံေငြ လႊဲေျပာင္းေပးအပ္ပြဲႏွင့္ ပတ္သက္၍ရွင္းလင္းတင္ျပၿပီး၊ ၂၀၁၈-၂၀၁၉ခုဘ႑ာေရးႏွစ္ ျမစိမ္းေရာင္ႏွင့္ VDP ရန္ပုံေငြ မ်ားလႊဲေျပာင္းေပးအပ္ျခင္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားမွ ဟန္နားေက်း႐ြာအုပ္စု၊ နားလိုင္ေက်း႐ြာအား က်ပ္သိန္း(၃၀၀)၊ ေခးနင္းေက်း႐ြာအုပ္စု၊ ကုန္းမုံႏွင့္ ခါး႐ိုးေက်း႐ြာအား က်ပ္သိန္း (၃၀၀)၊ ဟန္နားေက်း႐ြာအုပ္စု၊ ဟန္နားေက်း႐ြာအား က်ပ္သိန္း(၁၀၀)ေပးအပ္ၾကရာ ေက်း႐ြာကိုယ္စား ေက်း႐ြာရန္ပုံေငြ ႀကီးၾကပ္ေရးေကာ္မတီဥကၠ႒ႏွင့္ ေက်း႐ြာဖြံ႕ၿဖိဳးေရးေကာ္မတီအတြင္းေရးမႉးတို႔က အသီးသီးလက္ခံရယူၾကသည္။ 

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားက ကုသလရာမေက်ာင္းတိုက္တြင္ ကံေကာ္ပင္စိုက္ပ်ိဳးေပး ၾကၿပီး၊ လား႐ႈိးခ႐ိုင္၊ လား႐ႈိးၿမိဳ႕နယ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ဦးေဆာင္မႈျဖင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရး အေထာက္အကူျပဳ ဒုတိယအႀကိမ္ စုေပါင္းသစ္ပင္စိုက္ပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က အဖြင့္အမွာ စကားေျပာၾကားၿပီး၊ ပ်ိဳးပင္မ်ားကို ဌာနဆိုင္ရာမ်ား၊ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္း၊ တိုင္းရင္းသားစာေပယဥ္ေက်းမႈ အဖြဲ႕တို႔အား ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားက အသီးသီးေပးအပ္ၾကၿပီး၊ သစ္ပင္မ်ား စိုက္ပ်ိဳးေပးၾကကာ သစ္ပင္စိုက္ပ်ိဳးေပးေနမႈအား လွည့္လည္ၾကည့္႐ႈအားေပးၾကသည္။ 

၎ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ လား႐ႈိးၿမိဳ႕နယ္၊ ေနာင္ေဖါ့ေက်း႐ြာ၌ ေဖာငေျမႇာင္ေတာင္ပိုး ႏွိမ္နင္းေရးေကာင္းကင္ေဆးဖ်န္းစက္ ေကာင္းကင္Droneျဖင့္ ပိုးသတ္ေဆးဖ်န္းေနမႈကို တက္ေရာက္ရာ ရွမ္းျပည္နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ျပည္နယ္ဦးစီးမႉး ဦးတင္ဦးႀကိဳင္က ေဖာငေျမႇာင္ေတာင္ပိုး ကာကြယ္ႏွိမ္နင္းေရးႏွင့္ ပတ္သက္၍ရွင္းလင္းၿပီး၊ ေဒသခံေတာင္သူမ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က ပိုးသတ္ေဆးဖ်န္းပုံး၊ ဝတ္စုံႏွင့္ ပိုးသတ္ေဆးမ်ားတို႔ကို အသီးသီးေပးအပ္ၾကခဲ့သည္။ 

ယင္းေနာက္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ျပသထားေသာ ေဖာငေျမႇာင္ေတာင္ပိုး သိေကာင္းစရာမ်ားကို ရွင္းလင္းကာ ေတာင္သူဦးဝင္းေမာင္ အေစ့ထုတ္ေျပာင္းၿခံ၌ ေဖာငေျမႇာင္ေတာင္ပိုးသတ္ေဆးစုေပါင္းဖ်န္းေနမႈကို ၾကည့္႐ႈခဲ့ၾကသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ လား႐ႈိးၿမိဳ႕နယ္၊ မယ္ဟန္ေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ ေ႐ြ႕လ်ားဝန္ေဆာင္မႈလုပ္ငန္း ေဆာင္႐ြက္ေနမႈတြင္ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံရာ ေဒသ၏ လိုအပ္လ်က္မ်ားျဖစ္သည့္ အိမ္ဂရန္ကိစၥရပ္မ်ား၊ တိုးခ်ဲ႕ေျမကိစၥမ်ား၊ က်ဴးေက်ာ္ေျမကိစၥမ်ား အသီးသီးတင္ျပၾကရာ ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ျပန္လည္ေျဖၾကားၾကၿပီး ေ႐ြ႕လ်ားဝန္ေဆာင္မႈ၌ ေဆာင္႐ြက္ၿပီးေသာ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမ်ား၊ အိမ္ေထာင္စုဇယား၊ ေမြးဖြားစာရင္း၊ ပုံစံ(၇)ႏွင့္ ယာဥ္ေမာင္းလိုင္စင္တို႔ ကိုေဒသခံျပည္သူမ်ားအား အသီးသီးေပးအပ္ခဲ့ၾကကာ ေ႐ြ႕လ်ားဝန္ေဆာင္မႈေဆာင္႐ြက္ေနမႈကို ၾကည့္႐ႈအားေပးၾကသည္။ 

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ လား႐ႈိးၿမိဳ႕၊ ဓမၼရတနာနမ့္စမ္ေက်ာင္း တိုက္သို႔ေရာက္ရွိၿပီး၊ ၂၀၁၈-၂၀၁၉ဘ႑ာႏွစ္ နယ္စပ္ေဒသႏွင့္တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ ကတၱရာတန္(၆၀)ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ေထာက္ပံ့ရန္ပုံေငြျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လား႐ႈိးၿမိဳ႕နယ္၊ မန္အိုင္ ေက်း႐ြာအုပ္စု၊ နမ့္စံေက်း႐ြာခ်င္းဆက္လမ္း (၂/၄)မိုင္ကတၱရာလမ္း အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းၿပီးစီးသြားသည့္ လမ္းမ်ား အားကြင္းဆင္းၾကည့္႐ႈကာ ေရကန္လမ္းတံတားတိုးခ်ဲ႕တည္ေဆာက္ေနမႈႏွင့္ ေရကန္ေတာင္လမ္းၿမိဳ႕ပတ္လမ္းမွ မႏၲေလးလမ္း ထိ ကတၱရာလမ္းခ်ဲ႕ေနမႈကို ၾကည့္႐ႈစစ္ေဆးၿပီး လိုအပ္သည္မ်ားမွာၾကားခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြစိမ်းရောင် VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

လားရှိုး ဇူလိုင်   -   ၆

၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်နှင့် VDPရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင်(၆)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နောင်မွန်ကျေးရွာ၊ ကုသလရာမကျောင်းတိုက်၌ ကျင်းပသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်ကျေးလက်ဒေသဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်ဝင်းမှ မြစိမ်းရောင်နှင့် VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး၊ ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်နှင့် VDP ရန်ပုံငွေ များလွှဲပြောင်းပေးအပ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများမှ ဟန်နားကျေးရွာအုပ်စု၊ နားလိုင်ကျေးရွာအား ကျပ်သိန်း(၃၀၀)၊ ခေးနင်းကျေးရွာအုပ်စု၊ ကုန်းမုံနှင့် ခါးရိုးကျေးရွာအား ကျပ်သိန်း (၃၀၀)၊ ဟန်နားကျေးရွာအုပ်စု၊ ဟန်နားကျေးရွာအား ကျပ်သိန်း(၁၀၀)ပေးအပ်ကြရာ ကျေးရွာကိုယ်စား ကျေးရွာရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီအတွင်းရေးမှူးတို့က အသီးသီးလက်ခံရယူကြသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကုသလရာမကျောင်းတိုက်တွင် ကံကော်ပင်စိုက်ပျိုးပေး ကြပြီး၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာ စကားပြောကြားပြီး၊ ပျိုးပင်များကို ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့တို့အား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက အသီးသီးပေးအပ်ကြပြီး၊ သစ်ပင်များ စိုက်ပျိုးပေးကြကာ သစ်ပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ်၊ နောင်ဖေါ့ကျေးရွာ၌ ဖောငမြှောင်တောင်ပိုး နှိမ်နင်းရေးကောင်းကင်ဆေးဖျန်းစက် ကောင်းကင်Droneဖြင့် ပိုးသတ်ဆေးဖျန်းနေမှုကို တက်ရောက်ရာ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ရှင်းလင်းပြီး၊ ဒေသခံတောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပိုးသတ်ဆေးဖျန်းပုံး၊ ဝတ်စုံနှင့် ပိုးသတ်ဆေးများတို့ကို အသီးသီးပေးအပ်ကြခဲ့သည်။ 

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသော ဖောငမြှောင်တောင်ပိုး သိကောင်းစရာများကို ရှင်းလင်းကာ တောင်သူဦးဝင်းမောင် အစေ့ထုတ်ပြောင်းခြံ၌ ဖောငမြှောင်တောင်ပိုးသတ်ဆေးစုပေါင်းဖျန်းနေမှုကို ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ဒေသ၏ လိုအပ်လျက်များဖြစ်သည့် အိမ်ဂရန်ကိစ္စရပ်များ၊ တိုးချဲ့မြေကိစ္စများ၊ ကျူးကျော်မြေကိစ္စများ အသီးသီးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး ရွေ့လျားဝန်ဆောင်မှု၌ ဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊ အိမ်ထောင်စုဇယား၊ မွေးဖွားစာရင်း၊ ပုံစံ(၇)နှင့် ယာဉ်မောင်းလိုင်စင်တို့ ကိုဒေသခံပြည်သူများအား အသီးသီးပေးအပ်ခဲ့ကြကာ ရွေ့လျားဝန်ဆောင်မှုဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့၊ ဓမ္မရတနာနမ့်စမ်ကျောင်း တိုက်သို့ရောက်ရှိပြီး၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကတ္တရာတန်(၆၀)နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မန်အိုင် ကျေးရွာအုပ်စု၊ နမ့်စံကျေးရွာချင်းဆက်လမ်း (၂/၄)မိုင်ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီးသွားသည့် လမ်းများ အားကွင်းဆင်းကြည့်ရှုကာ ရေကန်လမ်းတံတားတိုးချဲ့တည်ဆောက်နေမှုနှင့် ရေကန်တောင်လမ်းမြို့ပတ်လမ်းမှ မန္တလေးလမ်း ထိ ကတ္တရာလမ်းချဲ့နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

 

09−250132943

 

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္ အင္းေခါင္းကန္ႏႈန္းဆည္ေနမႈ ၾကည့္႐ႈ

ရပ္ေစာက္ ဇူလိုင္- ၄

155

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား ျပည္နယ္ အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္အတူ ဇူလိုင္(၄)ရက္ နံနက္(၈)နာရီက ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးခ႐ိုင္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ အင္းေခါင္းေရကန္စက္မ်ားျဖင့္ ႏႈန္းဆည္ယူေနမႈကို ကြင္းဆင္းၾကည့္႐ႈ ခဲ့ရာ တာဝန္ရွိသူတစ္ဦးမွရွင္းလင္းၿပီးျပည္နယ္ဝန္ႀကီးခ်ဳပ္မွ လိုအပ္သည္မ်ားျဖည့္ဆည္းမွာၾကားခဲ့ေၾကာင္း သိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

 09 250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် အင်းခေါင်းကန်နှုန်းဆည်နေမှု ကြည့်ရှု

ရပ်စောက် ဇူလိုင်- ၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၄)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်းခေါင်းရေကန်စက်များဖြင့် နှုန်းဆည်ယူနေမှုကို ကွင်းဆင်းကြည့်ရှု ခဲ့ရာ တာဝန်ရှိသူတစ်ဦးမှရှင်းလင်းပြီးပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 09 250132943

 

More Articles...

  1. ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲဖြင့္လွစ္
  2. ျပည္နယ္အတြက္ ေ႐ႊတံဆိပ္မ်ားရယူေပးခဲ့ေသာ အမ်ိဳးသား၊ အမ်ိဳးသမီးအသင္းမ်ားအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ပြဲက်င္းပ
  3. ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ UNOCHA မွ Ms. Marie Spaak အဖြဲ႕ႏွင့္ေတြ႕ဆုံ
  4. မိုးရာသီ လူထုသစ္ပင္စိုက္ပ်ိဳးပြဲေတာ္မ်ား က်င္းပႏိုင္ေရးအတြက္ လုပ္ငန္းၫွိႏႈိင္း
  5. ျမန္မာအမ်ိဳးသမီးမ်ားေန႔ ေတာင္ႀကီးၿမိဳ႕၌က်င္းပ
  6. ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားဖြင့္လွစ္
  7. ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားဖြင့္လွစ္
  8. ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားဖြင့္လွစ္
  9. ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားဖြင့္လွစ္
  10. ေညာင္ေ႐ႊၿမိဳ႕နယ္ မိုင္းပ်ိဳးေက်း႐ြာတြင္ ေ႐ြ႕လ်ားဝန္ေဆာင္မႈ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကြင္းဆင္းၾကည့္႐ႈ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 65 guests and no members online