သတင်းများ

ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲဖြင့္လွစ္

ေတာင္ႀကီး ဇူလိုင္   −   ၄

154

၂၀၁၉ခုႏွစ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားကို ဇူလိုင္လ(၃)ရက္ မြန္းလြဲ(၂)နာရီခြဲက ေတာင္ႀကီးၿမိဳ႕ သစ္ေတာရပ္ကြက္ရွိ ျပည္နယ္ အားကစားကြင္း၌ က်င္းပခဲ့ေၾကာင္းသိရသည္။

အခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုယ္စား ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာ ေကာ္မတီဥကၠဌ ေဒါက္တာမ်ိဳးထြန္းက အဖြင့္အမွာစကားေျပာၾကားၿပီး ၿပိဳင္ပြဲကိုဖြင့္လွစ္ေပးသည္။

ဆက္လက္၍ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားက အားကစားသစၥာအဓိဌာန္ ႐ြတ္ဆိုၾကသည္။

ထို႔ေနာက္ မူဆယ္ခ႐ိုင္အသင္းႏွင့္ လင္းေခးခ႐ိုင္အသင္းတို႔ အဖြင့္ပြဲစဥ္အေနျဖင့္ ယွဥ္ၿပိဳင္ကစားေနမႈကို  ျပည္နယ္ လူမႈေရးဝန္ႀကီး ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အားကစားႏွင့္ကာယ ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးဦးေက်ာ္ေက်ာ္သိန္း၊ ဒုတိယၫြန္ၾကားေရးမႉးႏွင့္အဖြဲ႕ဝင္မ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ရွမ္းျပည္နယ္ေဘာလုံးဆပ္ေကာ္မတီဥကၠဌႏွင့္အဖြဲ႕ဝင္မ်ား၊ ၿပိဳင္ပြဲဝင္အသင္းမ်ားမွ အုပ္ခ်ဳပ္သူမ်ားႏွင့္နည္းျပ မ်ား၊ ၿပိဳင္ပြဲဝင္အားကစားသမားမ်ား၊ အားကစားဝါသနာရွင္မ်ား တက္ေရာက္ၾကည့္႐ႈအားေပးၾကသည္။

အဆိုပါၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္အတြင္းရွိ ခ႐ိုင္(၁၂)ခ႐ိုင္မွ ၿပိဳင္ပြဲဝင္(၁၂)သင္းတို႔မွ ဇူလိုင္လ(၁၅)ရက္ေန႔အထိ ယွဥ္ၿပိဳင္သြားမည္ျဖစ္ရာ ဗိုလ္လုပြဲႏွင့္ဆုခ်ီးျမႇင့္ပြဲကို အဆိုပါေန႔တြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ၿပီး၊ ၿပိဳင္ပြဲတြင္ ဆုရရွိေသာအသင္းႏွင့္ အေကာင္းဆုံးအားကစားသမားမ်ားကို ေ႐ြးခ်ယ္ကာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အားကစားၿပိဳင္ပြဲသို႔ ျပည္နယ္ကိုယ္စားျပဳလက္ေ႐ြးစင္ အသင္းအေနျဖင့္ သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း၊ ျပည္နယ္အားကစားႏွင့္ကာယ ပညာဦးစီးဌာနတာဝန္ရွိသူတစ္ဦးကေျပာၾကားသည္။

အစရ(ရွမ္း)

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်လှစ်

တောင်ကြီး ဇူလိုင်   −   ၄

၂၀၁၉ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၃)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြသည်။

ထို့နောက် မူဆယ်ခရိုင်အသင်းနှင့် လင်းခေးခရိုင်အသင်းတို့ အဖွင့်ပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်ကစားနေမှုကို  ပြည်နယ် လူမှုရေးဝန်ကြီး ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်ကျော်သိန်း၊ ဒုတိယညွန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများနှင့်နည်းပြ များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်(၁၂)ခရိုင်မှ ပြိုင်ပွဲဝင်(၁၂)သင်းတို့မှ ဇူလိုင်လ(၁၅)ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို အဆိုပါနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသောအသင်းနှင့် အကောင်းဆုံးအားကစားသမားများကို ရွေးချယ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲသို့ ပြည်နယ်ကိုယ်စားပြုလက်ရွေးစင် အသင်းအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အစရ(ရှမ်း)

 

ျပည္နယ္အတြက္ ေ႐ႊတံဆိပ္မ်ားရယူေပးခဲ့ေသာ အမ်ိဳးသား၊ အမ်ိဳးသမီးအသင္းမ်ားအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ဇူလိုင္   −   ၃

152

ရွမ္းျပည္နယ္အတြက္ ေ႐ႊတံဆိပ္မ်ားရယူေပးခဲ့ေသာ ရွမ္းျပည္နယ္အမ်ိဳးသမီး ၾကက္ေတာင္အသင္းႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီး ေသနတ္ပစ္အသင္းအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ပြဲ အခမ္းအနားကို ဇူလိုင္လ(၂)ရက္ ည(၇)နာရီက ေတာင္ႀကီးၿမိဳ႕ ေက်ာင္းႀကီးစုရပ္ကြက္ရွိ Treasure Palace Hotel ခန္းမ၌ က်င္းပခဲ့သည္။

ဂုဏ္ျပဳပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာ ေကာ္မတီဥကၠဌေဒါက္တာမ်ိဳးထြန္းက ရွမ္းျပည္နယ္အစိုးရအေနျဖင့္ အားကစား႐ုံ၊ အားကစားကြင္းမ်ားကို အဆင့္ျမႇင့္တင္ ျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္အတြက္ ေ႐ႊတံဆိပ္မ်ားကို ရယူေပးခဲ့ေသာ ရွမ္း ျပည္နယ္အမ်ိဳးသမီး ၾကက္ေတာင္အသင္းႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီးေသနတ္ပစ္အသင္းမ်ားအား ဂုဏ္ယူမိပါေၾကာင္း၊ ၎တို႔အသင္းမ်ားအေနျဖင့္ ျပည္နယ္လက္ေ႐ြးစင္မွ ႏိုင္ငံ့ဂုဏ္ေဆာင္အားကစားသမားျဖစ္ေအာင္ ဆက္လက္ႀကိဳးစားသြား ၾကရန္ႏွင့္ မ်ိဳးဆက္သစ္အားကစားသမားမ်ား ေပၚထြက္လာေအာင္ လက္ဆင့္ကမ္းသင္ၾကားေပးေစလိုေၾကာင္း ေျပာၾကား သြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အမ်ိဳးသမီး ၾကက္ေတာင္အသင္းႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီး ေသနတ္ပစ္အသင္းတို႔မွရရွိ ေသာတံခြန္စိုက္ဖလားအား အသင္းခ်ဳပ္သူမ်ားႏွင့္ တာဝန္ရွိသူတို႔ကေပးအပ္ရာ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာေကာ္မတီဥကၠဌ ေဒါက္တာမ်ိဳးထြန္းက လက္ခံရယူၿပီး ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာ ဦးစီးဌာနမွ အမ်ိဳးသမီးၾကက္ေတာင္အသင္းအား ဂုဏ္ျပဳဆုေငြက်ပ္(၁၂)သိန္းႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီး ေသနတ္ပစ္အသင္း အား ဂုဏ္ျပဳဆုေငြက်ပ္(၂၁)သိန္း၊ ေရကူးၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ဆု(၁)ခု ရရွိခဲ့သူမ်ားအား ဂုဏ္ျပဳဆုေငြမ်ားကို ျပန္လည္ေပးအပ္ သည္။

ထို႔ေနာက္ ၿပိဳင္ပြဲဝင္အသင္းသား၊ အသင္းသူမ်ားကိုယ္စား ရွမ္းျပည္နယ္ေသနတ္ပစ္အသင္းမွ ေမာင္ဇာနည္ထြန္းက ၿပိဳင္ပြဲအေတြ႕အႀကဳံယွဥ္ၿပိဳင္ခဲ့ရပုံမ်ားႏွင့္ ေက်းဇူးတင္စကားေျပာၾကားသည္။ 

ဆက္လက္၍ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္းႏွင့္အဖြဲ႕မ်ားက ၿပိဳင္ပြဲတြင္အႏိုင္ရရွိခဲ့ေသာ ေသနတ္တို႔အားၾကည့္႐ႈၾကၿပီး ၿပိဳင္ပြဲဝင္အားကစားသမားမ်ားႏွင့္အတူ ဂုဏ္ျပဳညစာသုံးေဆာင္ခဲ့ေၾကာင္းသိရသည္။

၂၀၁၉ခုႏွစ္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေသနတ္ပစ္ၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္အသင္းမွ ေ႐ႊ(၅)၊ ေငြ(၁)၊ ေၾကး(၂)ရရွိကာ တံခြန္စိုက္ဖလားႏွင့္ ၾကက္ေတာင္အသင္း ပထမဆုဖလားႏွင့္ ေရကူးၿပိဳင္ပြဲတြင္ေ႐ႊတံဆိပ္(၁)ခု တို႔ကိုဆြတ္ခူးရရွိေၾကာင္း သိရ သည္။

အစရ(ရွမ္း)

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်အတွက် ရွှေတံဆိပ်များရယူပေးခဲ့သော အမျိုးသား၊ အမျိုးသမီးအသင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇူလိုင်   −   ၃

 

ရှမ်းပြည်နယ်အတွက် ရွှေတံဆိပ်များရယူပေးခဲ့သော ရှမ်းပြည်နယ်အမျိုးသမီး ကြက်တောင်အသင်းနှင့် အမျိုးသား၊ အမျိုးသမီး သေနတ်ပစ်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၂)ရက် ည(၇)နာရီက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ Treasure Palace Hotel ခန်းမ၌ ကျင်းပခဲ့သည်။

ဂုဏ်ပြုပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌဒေါက်တာမျိုးထွန်းက ရှမ်းပြည်နယ်အစိုးရအနေဖြင့် အားကစားရုံ၊ အားကစားကွင်းများကို အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွက် ရွှေတံဆိပ်များကို ရယူပေးခဲ့သော ရှမ်း ပြည်နယ်အမျိုးသမီး ကြက်တောင်အသင်းနှင့် အမျိုးသား၊ အမျိုးသမီးသေနတ်ပစ်အသင်းများအား ဂုဏ်ယူမိပါကြောင်း၊ ၎င်းတို့အသင်းများအနေဖြင့် ပြည်နယ်လက်ရွေးစင်မှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်အောင် ဆက်လက်ကြိုးစားသွား ကြရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာအောင် လက်ဆင့်ကမ်းသင်ကြားပေးစေလိုကြောင်း ပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီး ကြက်တောင်အသင်းနှင့် အမျိုးသား၊ အမျိုးသမီး သေနတ်ပစ်အသင်းတို့မှရရှိ သောတံခွန်စိုက်ဖလားအား အသင်းချုပ်သူများနှင့် တာဝန်ရှိသူတို့ကပေးအပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်းက လက်ခံရယူပြီး ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အမျိုးသမီးကြက်တောင်အသင်းအား ဂုဏ်ပြုဆုငွေကျပ်(၁၂)သိန်းနှင့် အမျိုးသား၊ အမျိုးသမီး သေနတ်ပစ်အသင်း အား ဂုဏ်ပြုဆုငွေကျပ်(၂၁)သိန်း၊ ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၁)ခု ရရှိခဲ့သူများအား ဂုဏ်ပြုဆုငွေများကို ပြန်လည်ပေးအပ် သည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများကိုယ်စား ရှမ်းပြည်နယ်သေနတ်ပစ်အသင်းမှ မောင်ဇာနည်ထွန်းက ပြိုင်ပွဲအတွေ့အကြုံယှဉ်ပြိုင်ခဲ့ရပုံများနှင့် ကျေးဇူးတင်စကားပြောကြားသည်။ 

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်အဖွဲ့များက ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သော သေနတ်တို့အားကြည့်ရှုကြပြီး ပြိုင်ပွဲဝင်အားကစားသမားများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြောင်းသိရသည်။

၂၀၁၉ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ်သေနတ်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ရွှေ(၅)၊ ငွေ(၁)၊ ကြေး(၂)ရရှိကာ တံခွန်စိုက်ဖလားနှင့် ကြက်တောင်အသင်း ပထမဆုဖလားနှင့် ရေကူးပြိုင်ပွဲတွင်ရွှေတံဆိပ်(၁)ခု တို့ကိုဆွတ်ခူးရရှိကြောင်း သိရ သည်။

အစရ(ရှမ်း)

 

ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားဖြင့္လွစ္

မိုင္းေယာင္း ဇူလိုင္ - ၁

148

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းေယာင္းၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ (Township Sport Development Program) အရက်င္းပသည့္ ေဘာ္လုံး/ ၾကက္ေတာင္/ စားပြဲတင္တင္းနစ္/ ပိုက္ေက်ာ္ျခင္း/ မီနီမာရသြန္ အားကစားၿပိဳင္ပြဲ မ်ားဖြင့္ပြဲကို ဇြန္ ၂၈ ရက္ေန႔က မိုင်းယောင်းမြို့ အားကစားကြင္း၌က်င္းပရာ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔မွ ဖြင့္လွစ္ေပးခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ၂၉ ရက္ေန႔ နံနက္ပိုင္းတြင္ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ မီနီမာရသြန္ၿပိဳင္ပြဲကို က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီးမွ ေသနတ္ပစ္ေဖာက္တာလႊတ္ေပးခဲ့ၿပီး၊ အဆိုပါၿပိဳင္ပြဲသို႔ ရပ္ကြက္/ ေက်း႐ြာမ်ားမွ အားကစားသမားမ်ားႏွင့္ ေက်ာင္းသား/ ေက်ာင္းသူ (၅၈၄)ဦးပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

(Unicode)+++

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖွင့်လှစ်

မိုင်းယောင်း ဇူလိုင် - ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် (Township Sport Development Program) အရကျင်းပသည့် ဘော်လုံး/ ကြက်တောင်/ စားပွဲတင်တင်းနစ်/ ပိုက်ကျော်ခြင်း/ မီနီမာရသွန် အားကစားပြိုင်ပွဲ များဖွင့်ပွဲကို ဇွန် ၂၈ ရက်နေ့က မိုင်းယောင်းမြို့ အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ ကျေးရွာများမှ အားကစားသမားများနှင့် ကျောင်းသား/ ကျောင်းသူ (၅၈၄)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ UNOCHA မွ Ms. Marie Spaak အဖြဲ႕ႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ဇူလိုင္   −   ၃

153

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးေဒါက္တာ ေအာင္သန္းေမာင္၊ အစိုးရအဖြဲ႕အတြင္းေရးမႉးဦးစိုးစိုးေဇာ္၊ လူမႈဝန္ထမ္းဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးဦးထြန္းဦး၊ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးဦးစိုးႏိုင္တို႔ႏွင့္အတူ ဇူလိုင္(၃)ရက္ ညေန(၃)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး ျပည္နယ္ဝန္ႀကီးခ်ဳပ္ Callခန္းမ၌ UNOCHAမွ Ms. Marie Spaak အဖြဲ႕ႏွင့္ ေတြ႕ဆုံ ေၾကာင္းသိရသည္။

ထို႔သို႔ေတြ႕ဆုံရာတြင္ Ms. Marie Spaakမွ လူသားခ်င္းစာနာေထာက္ထားေသာ လုပ္ငန္းအေျခအေနအျမင္မ်ားအား ဖလွယ္ရန္ႏွင့္ ရွမ္းျပည္နယ္၌ လူသားခ်င္းစာနာေထာက္ထားေသာ လုပ္ငန္းမ်ားပူးေပါင္းေဆာင္႐ြက္ရန္အတြက္ ယခုလို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ လာေရာက္ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္း၊ မိမိတို႔အဖြဲ႕သည္ ၂၀၀၈ခုႏွစ္ နာကစ္ မုန္တိုင္းစတင္ခ်ိန္က ေရာက္ရွိေနၿပီျဖစ္ၿပီး UNOCHA အဖြဲ႕သည္ INGO၊ အစိုးရဌာနမ်ားတြင္ အေရးေပၚမ်ားဖြင့္လွစ္လ်က္ ရွိေၾကာင္း၊ ယခုသဘာဝအေရးေပၚျပႆနာမ်ားေျဖရွင္းရာတြင္ ပူးေပါင္းမႈမရွိပါက ထိေရာက္မႈမရွိႏိုင္ေၾကာင္းႏွင့္ ယခုဆိုလၽွင္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ႏိုင္ငံတကာအတြင္းရွိအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းၿပီး လူသားခ်င္းစာနာစိတ္ ျဖင့္ေဆာင္႐ြက္ေပးလ်က္ရွိကာ ယခင္ကရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ကို ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ေဆြးေႏြး သြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ Ms. Marie Spaak အဖြဲ႕မွ အခုလိုလာေရာက္ေတြ႕ဆုံ သည့္အတြက္ ဝမ္းေျမာက္မိပါေၾကာင္းႏွင့္ မည္သည့္အဖြဲ႕အစည္းမဆို တစ္သင္းတစ္ဖြဲ႕တည္းျဖင့္ ေဆာင္႐ြက္ပါက ထိေရာက္မႈ မရွိႏိုင္သည္ကို သိရွိရသျဖင့္ ယခုလို UNOCHAမွ လာေရာက္ကူညီေဆာင္႐ြက္ေပးသည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္လည္း လူသားခ်င္းစာနာေထာက္ထားျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိၿပီး ျပည္တြင္းျပည္ပ အဖြဲ႕အစည္းမ်ားႏွင့္လည္း ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း ေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် UNOCHA မှ Ms. Marie Spaak အဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး ဇူလိုင်   −   ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးစိုးစိုးဇော်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးထွန်းဦး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့နှင့်အတူ ဇူလိုင်(၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် Callခန်းမ၌ UNOCHAမှ Ms. Marie Spaak အဖွဲ့နှင့် တွေ့ဆုံ ကြောင်းသိရသည်။

ထို့သို့တွေ့ဆုံရာတွင် Ms. Marie Spaakမှ လူသားချင်းစာနာထောက်ထားသော လုပ်ငန်းအခြေအနေအမြင်များအား ဖလှယ်ရန်နှင့် ရှမ်းပြည်နယ်၌ လူသားချင်းစာနာထောက်ထားသော လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်အတွက် ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် ၂၀၀၈ခုနှစ် နာကစ် မုန်တိုင်းစတင်ချိန်က ရောက်ရှိနေပြီဖြစ်ပြီး UNOCHA အဖွဲ့သည် INGO၊ အစိုးရဌာနများတွင် အရေးပေါ်များဖွင့်လှစ်လျက် ရှိကြောင်း၊ ယခုသဘာဝအရေးပေါ်ပြဿနာများဖြေရှင်းရာတွင် ပူးပေါင်းမှုမရှိပါက ထိရောက်မှုမရှိနိုင်ကြောင်းနှင့် ယခုဆိုလျှင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာအတွင်းရှိအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး လူသားချင်းစာနာစိတ် ဖြင့်ဆောင်ရွက်ပေးလျက်ရှိကာ ယခင်ကရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း ဆွေးနွေး သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ Ms. Marie Spaak အဖွဲ့မှ အခုလိုလာရောက်တွေ့ဆုံ သည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမဆို တစ်သင်းတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်ပါက ထိရောက်မှု မရှိနိုင်သည်ကို သိရှိရသဖြင့် ယခုလို UNOCHAမှ လာရောက်ကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း လူသားချင်းစာနာထောက်ထားခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားဖြင့္လွစ္

မိုင္းပ်ဥ္း ဇူလိုင္ - ၁

147

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းပ်ဥ္းၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ (Township Sport Development Program) အရက်င္းပသည့္ ေဘာ္လုံး/ ပိုက္ေက်ာ္ျခင္း/ ေဘာ္လီေဘာ/ မီနီမာရသြန္ အားကစားၿပိဳင္ပြဲ မ်ားဖြင့္ပြဲကို ဇြန္ ၂၉ ရက္ေန႔ကမိုင်းပျဉ်းမြို့အားကစားကြင္း၌က်င္းပရာ ရွမ္းျပည္နယ္အစိုးအဖြဲ႕ ျပည္နယ္ လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔မွ ဖြင့္လွစ္ေပးခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ဇြန္ ၃၀ ရက္ နံနက္ပိုင္းတြင္ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ မီနီမာရသြန္ၿပိဳင္ပြဲကို က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီးမွ ေသနတ္ပစ္ေဖာက္တာလႊတ္ေပးခဲ့ၿပီး၊ အဆိုပါၿပိဳင္ပြဲသို႔ ရပ္ကြက္/ ေက်း႐ြာမ်ားမွ အားကစားသမားမ်ားႏွင့္ ေက်ာင္းသား/ ေက်ာင္းသူ (၅၃၀)ဦးပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

(Unicode)+++

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖွင့်လှစ်

မိုင်းပျဉ်း ဇူလိုင် - ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် (Township Sport Development Program) အရကျင်းပသည့် ဘော်လုံး/ ပိုက်ကျော်ခြင်း/ ဘော်လီဘော/ မီနီမာရသွန် အားကစားပြိုင်ပွဲ များဖွင့်ပွဲကို ဇွန် ၂၉ ရက်နေ့က မိုင်းပျဉ်းမြို့အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ ကျေးရွာများမှ အားကစားသမားများနှင့် ကျောင်းသား/ ကျောင်းသူ (၅၃၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

မိုးရာသီ လူထုသစ္ပင္စိုက္ပ်ိဳးပြဲေတာ္မ်ား က်င္းပႏိုင္ေရးအတြက္ လုပ္ငန္းၫွိႏႈိင္း

ေတာင္ႀကီး ဇူလိုင္   −   ၃

151

မိုးရာသီ လူထုသစ္ပင္စိုက္ပ်ိဳးပြဲေတာ္မ်ား က်င္းပႏိုင္ရန္အတြက္ ဇူလိုင္(၃)ရက္ မြန္းလြဲ(၁)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္း ျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ(၂)၌ က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္ ကစိုက္ပ်ိဳးၿပီးသစ္ပင္မ်ား ရွင္သန္မႈရွိ/မရွိစိုးရိမ္ေၾကာင္း၊ ရက္(၂၀)အတြင္းရွင္သန္မႈရွိရန္ႏွင့္ ဇယားကြက္မ်ားျဖင့္စာရင္းမ်ားျပဳစု ရန္၊ ၿမိဳ႕နယ္အလိုက္စာရင္းမ်ားေပးပို႔ပါက ပိုမိုေကာင္းမြန္ေၾကာင္းေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္သစ္ေတာဦးစီးဌာန ျပည္နယ္ဦးစီးမႉးဦးေအာင္ျမတ္မွ မိုးရာသီ သစ္ပင္စိုက္ပ်ိဳးမည့္ အစီအစဥ္ႏွင့္ ပ်ိဳးေထာင္ထားရွိမႈအေျခအေနအား ရွင္းလင္းတင္ျပကာ တက္ေရာက္လာသည့္ ဌာနဆိုင္ရာမ်ား၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားမွ အေထြေထြေဆြးေႏြးတင္ျပၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးေဒါက္တာညီညီေအာင္က နိဂုံးခ်ဳပ္စကားေျပာၾကားေၾကာင္း သိရွိရ သည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း

တောင်ကြီး ဇူလိုင်   −   ၃

မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပနိုင်ရန်အတွက် ဇူလိုင်(၃)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် ကစိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်မှုရှိ/မရှိစိုးရိမ်ကြောင်း၊ ရက်(၂၀)အတွင်းရှင်သန်မှုရှိရန်နှင့် ဇယားကွက်များဖြင့်စာရင်းများပြုစု ရန်၊ မြို့နယ်အလိုက်စာရင်းများပေးပို့ပါက ပိုမိုကောင်းမွန်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးအောင်မြတ်မှ မိုးရာသီ သစ်ပင်စိုက်ပျိုးမည့် အစီအစဉ်နှင့် ပျိုးထောင်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ အထွေထွေဆွေးနွေးတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာညီညီအောင်က နိဂုံးချုပ်စကားပြောကြားကြောင်း သိရှိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားဖြင့္လွစ္

ကြန္ဟိန္း ဇူလိုင္ - ၁

146

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကြန္ဟိန္းၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္ တစ္ခြင္ အထိမ္းအမွတ္ (Township Sport Development Program) အရ က်င္းပသည့္ ေဘာ္လုံး/ ပိုက္ေက်ာ္ျခင္း/ ဘိလိယက္/ စႏူကာ/ မီနီမာရသြန္ အားကစား ၿပိဳင္ပြဲ မ်ားဖြင့္ပြဲကို ဇြန္ ၃၀ ရက္ေန႔က ကြန္ဟိန္းၿမိဳ႕အားကစားကြင္း၌က်င္းပရာ ရွမ္းျပည္နယ္အစိုးအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔မွ ဖြင့္လွစ္ေပး ခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ မီနီမာရသြန္ၿပိဳင္ပြဲကိုက်င္းပရာ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးမွ ေသနတ္ပစ္ေဖာက္တာလႊတ္ေပးခဲ့ၿပီး၊ အဆိုပါၿပိဳင္ပြဲသို႔ ရပ္ကြက္/ ေက်း႐ြာမ်ားမွ အားကစားသမားမ်ားႏွင့္ ေက်ာင္းသား/ ေက်ာင္းသူ (၄၈၇)ဦးပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

(Unicode)++++

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖွင့်လှစ်

ကွန်ဟိန်း ဇူလိုင် - ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည် တစ်ခွင် အထိမ်းအမှတ် (Township Sport Development Program) အရ ကျင်းပသည့် ဘော်လုံး/ ပိုက်ကျော်ခြင်း/ ဘိလိယက်/ စနူကာ/ မီနီမာရသွန် အားကစား ပြိုင်ပွဲ များဖွင့်ပွဲကို ဇွန် ၃၀ ရက်နေ့က ကွန်ဟိန်းမြို့အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ဖွင့်လှစ်ပေး ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကိုကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ ကျေးရွာများမှ အားကစားသမားများနှင့် ကျောင်းသား/ ကျောင်းသူ (၄၈၇)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

အစရ(ရှမ်း)

ျမန္မာအမ်ိဳးသမီးမ်ားေန႔ ေတာင္ႀကီးၿမိဳ႕၌က်င္းပ

ေတာင္ႀကီး ဇူလိုင္   −   ၃

150

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈခန္းမတြင္ ဇူလိုင္(၃)ရက္ နံနက္(၉)နာရီခြဲက ျမန္မာအမ်ိဳးသမီးမ်ားေန႔က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ရွမ္းျပည္နယ္အမ်ိဳးသမီး ေကာ္မတီဥကၠ႒ ေဒါက္တာေအာင္သန္းေမာင္က ျမန္မာအမ်ိဳးသမီးမ်ားသည္ ျမန္မာ့သမိုင္းစဥ္တစ္ေလၽွာက္ အမ်ိဳးသားေရးစိတ္ဓာတ္၊ မ်ိဳးခ်စ္ စိတ္ဓာတ္ႏွင့္ ျပည္ေထာင္စုစိတ္ဓာတ္ ထြန္းကားျပန္႔ပြားေအာင္ စံနမူနာျပအျဖစ္ ႀကိဳးပမ္းခဲ့ၾကရာတြင္လည္းေကာင္း၊ ျမန္မာ့ လူ႕ေဘာင္ရွင္သန္ဖြံ႕ၿဖိဳးတိုးတက္မႈကို ေဆာင္႐ြက္ေပးရာတြင္လည္းေကာင္း၊ ေနာင္တစ္ေခတ္ေခါင္းေဆာင္မ်ားျဖစ္ရန္ မ်ိဳးဆက္သစ္လူငယ္မ်ားကို ျပဳစုပ်ိဳးေထာင္ေပးရာတြင္လည္းေကာင္း၊ က်ရာတာဝန္မ်ားကိုေက်ပြန္စြာပါဝင္ေဆာင္႐ြက္ၾကၿပီး ရွမ္းျပည္နယ္အတြင္းရွိ အမ်ိဳးသမီးထုအားလုံးအား က်ားမတန္းတူညီမၽွမႈရရွိရန္ႏွင့္ အမ်ိဳးသမီးမ်ားႏွင့္ အမ်ိဳးသမီးငယ္မ်ားအား မိမိတို႔မွာရွိသည့္ စြမ္းေဆာင္ရည္မ်ားကို ျမႇင့္တင္လ်က္ ႏိုင္ငံေတာ္၏ စီးပြားေရးအခန္းက႑မ်ားတြင္ အမ်ိဳးသမီးထုႀကီး၏ စြမ္းပကားကို ေဖာ္ထုတ္ၾကရန္ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အမ်ိဳးသမီးဖြံ႕ၿဖိဳးတိုးတက္ေရးဥကၠ႒ ေဒၚစဝ္ေဟမာသိုက္မွ ႀကိဳဆိုႏႈတ္ခြန္းဆက္စကား ေျပာၾကားၿပီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) အမ်ိဳးသမီးအဖြဲ႕မ်ားကြန္ရက္နာယက ေဒၚသီသီေအာင္က ျမန္မာအမ်ိဳးသမီးမ်ားေန႔ပြဲ က်င္းပျပဳလုပ္ရျခင္း၏ ရည္႐ြယ္ခ်က္ကိုေျပာၾကားကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ရွမ္းျပည္နယ္အမ်ိဳးသမီးေရးရာအဖြဲ႕၊ ျပည္နယ္မိခင္ႏွင့္ကေလး ေစာင့္ေရွာက္မႈႀကီးၾကပ္ေရးအဖြဲ႕မွ အလႉေငြက်ပ္(၅)သိန္းကို ရွမ္းျပည္နယ္အမ်ိဳးသမီးေရးရာအဖြဲ႕ နာယကေဒၚနန္းေ႐ႊျမင့္က ေပးအပ္လႉဒါန္းရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ရွမ္း ျပည္နယ္အမ်ိဳးသမီးေကာ္မတီဥကၠ႒ ေဒါက္တာေအာင္သန္းေမာင္ကလက္ခံရယူ၍ ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ခဲ့ သည္။

ထို႔ေနာက္ ထူးခၽြန္အမ်ိဳးသမီး(၁၈)ဦးအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ရွမ္း ျပည္နယ္အမ်ိဳးသမီးေကာ္မတီဥကၠ႒ ေဒါက္တာေအာင္သန္းေမာင္ႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ရွမ္းျပည္နယ္အမ်ိဳးသမီး ေရးရာအဖြဲ႕၊ ျပည္နယ္မိခင္ႏွင့္ ကေလးေစာင့္ေရွာက္မႈ ႀကီးၾကပ္ေရးအဖြဲ႕နာယကေဒၚနန္းေ႐ႊျမင့္တို႔မွ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား အသီးသီးခ်ီးျမႇင့္ေပးခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးမ်ားေန႔တြင္ ေတာင္ႀကီးတကၠသိုလ္ဥပေဒပညာဌာနမွ ပါေမာကၡ/ဌာနမႉးေဒၚယဥ္ယဥ္ဝင္း၊ ရွမ္း ျပည္နယ္(ေတာင္ပိုင္း) အမ်ိဳးသမီးမ်ားကြန္ရက္အဖြဲ႕မွ တြဲဖက္ၫွိႏႈိင္းေရးမႉးေဒၚဝါဝါစိုး၊ ရန္ကုန္ၿမိဳ႕ဖန္တီးအိမ္အဖြဲ႕မွ စီမံကိန္း ဒါ႐ိုက္တာေဒၚနႏၵာထြဋ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားကြန္ရက္အဖြဲ႕မွဥကၠ႒ေဒၚနန္းမိုမိုသီတာ၊ အမ်ိဳးသမီးစြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမႉးေဒၚနန္းစံလႈိင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) လူငယ္ေရးရာ ေကာ္မတီအဖြဲ႕မွ အဖြဲ႕ဝင္ဦးေစာေရမြန္၊ ေတာင္ႀကီးၿမိဳ႕နယ္ SNLDပါတီမွ ဒုဥကၠ႒ေဒၚနန္းျမဦးတို႔မွ ဦးေဆာင္၍ အမ်ိဳးသမီးႏွင့္ ေခါင္းေဆာင္မႈ၊ အမ်ိဳးသမီးႏွင့္ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသမီးႏွင့္အလုပ္အကိုင္အခြင့္အလမ္း၊ အမ်ိဳးသမီးႏွင့္အိမ္တြင္း အၾကမ္းဖက္ မႈေခါင္းစဥ္မ်ားျဖင့္လည္းေကာင္း၊ ဥပေဒအေၾကာင္းအရာႏွင့္သိေကာင္းစရာမ်ား၊ အေထြေထြဗဟုသုတမ်ားအားလည္းေကာင္း၊ အမ်ိဳးသမီးမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာအသိပညာေပးျခင္းအေနျဖင့္ ရွင္းလင္းေဆြးေႏြးစကားဝိုင္းက်င္းပျပဳလုပ္ေၾကာင္းသိရွိ ရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာအမျိုးသမီးများနေ့ တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး ဇူလိုင်   −   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ဇူလိုင်(၃)ရက် နံနက်(၉)နာရီခွဲက မြန်မာအမျိုးသမီးများနေ့ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သန်းမောင်က မြန်မာအမျိုးသမီးများသည် မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် စံနမူနာပြအဖြစ် ကြိုးပမ်းခဲ့ကြရာတွင်လည်းကောင်း၊ မြန်မာ့ လူ့ဘောင်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးရာတွင်လည်းကောင်း၊ နောင်တစ်ခေတ်ခေါင်းဆောင်များဖြစ်ရန် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးရာတွင်လည်းကောင်း၊ ကျရာတာဝန်များကိုကျေပွန်စွာပါဝင်ဆောင်ရွက်ကြပြီး ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးထုအားလုံးအား ကျားမတန်းတူညီမျှမှုရရှိရန်နှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအား မိမိတို့မှာရှိသည့် စွမ်းဆောင်ရည်များကို မြှင့်တင်လျက် နိုင်ငံတော်၏ စီးပွားရေးအခန်းကဏ္ဍများတွင် အမျိုးသမီးထုကြီး၏ စွမ်းပကားကို ဖော်ထုတ်ကြရန်ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌ ဒေါ်စဝ်ဟေမာသိုက်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးအဖွဲ့များကွန်ရက်နာယက ဒေါ်သီသီအောင်က မြန်မာအမျိုးသမီးများနေ့ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အလှူငွေကျပ်(၅)သိန်းကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်နန်းရွှေမြင့်က ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်း ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သန်းမောင်ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ သည်။

ထို့နောက် ထူးချွန်အမျိုးသမီး(၁၈)ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်း ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သန်းမောင်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းရွှေမြင့်တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးများနေ့တွင် တောင်ကြီးတက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခ/ဌာနမှူးဒေါ်ယဉ်ယဉ်ဝင်း၊ ရှမ်း ပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများကွန်ရက်အဖွဲ့မှ တွဲဖက်ညှိနှိုင်းရေးမှူးဒေါ်ဝါဝါစိုး၊ ရန်ကုန်မြို့ဖန်တီးအိမ်အဖွဲ့မှ စီမံကိန်း ဒါရိုက်တာဒေါ်နန္ဒာထွဋ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်အဖွဲ့မှဥက္ကဋ္ဌဒေါ်နန်းမိုမိုသီတာ၊ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဒေါ်နန်းစံလှိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လူငယ်ရေးရာ ကော်မတီအဖွဲ့မှ အဖွဲ့ဝင်ဦးစောရေမွန်၊ တောင်ကြီးမြို့နယ် SNLDပါတီမှ ဒုဥက္ကဋ္ဌဒေါ်နန်းမြဦးတို့မှ ဦးဆောင်၍ အမျိုးသမီးနှင့် ခေါင်းဆောင်မှု၊ အမျိုးသမီးနှင့်ငြိမ်းချမ်းရေး၊ အမျိုးသမီးနှင့်အလုပ်အကိုင်အခွင့်အလမ်း၊ အမျိုးသမီးနှင့်အိမ်တွင်း အကြမ်းဖက် မှုခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဥပဒေအကြောင်းအရာနှင့်သိကောင်းစရာများ၊ အထွေထွေဗဟုသုတများအားလည်းကောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသိပညာပေးခြင်းအနေဖြင့် ရှင်းလင်းဆွေးနွေးစကားဝိုင်းကျင်းပပြုလုပ်ကြောင်းသိရှိ ရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

 

ေညာင္ေ႐ႊၿမိဳ႕နယ္ မိုင္းပ်ိဳးေက်း႐ြာတြင္ ေ႐ြ႕လ်ားဝန္ေဆာင္မႈ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကြင္းဆင္းၾကည့္႐ႈ

ေညာင္ေ႐ႊ ဇြန္   −   ၂၈

145

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးခ႐ိုင္ ေညာင္ေ႐ႊၿမိဳ႕နယ္ မိုင္းပ်ိဳးေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္း၌ ဇြန္(၂၈)ရက္ မြန္းလြဲ(၁)နာရီက ေဒသခံျပည္သူမ်ားအတြက္ ေ႐ြ႕လ်ားဝန္ေဆာင္မႈလုပ္ငန္းေဆာင္႐ြက္ေနျခင္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါလ်က္ ကြင္းဆင္းၾကည့္႐ႈခဲ့ၾကေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္ တာဝန္ရွိသူမ်ားက ေ႐ြ႕လ်ားဝန္ေဆာင္မႈတြင္ျပဳလုပ္ ၿပီးေသာႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား၊ လယ္ယာေျမပုံစံခြန္မ်ား၊ အိမ္ေထာင္စုဇယားမ်ားတို႔ကို ေက်း႐ြာရွိေဒသခံျပည္သူ မ်ားအားေပးအပ္ၿပီး၊ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံရာ မိုင္းပ်ိဳးေက်း႐ြာေဒသခံမ်ားမွ ႐ြာအဝင္လမ္းတံတားျပဳျပင္ေပးရန္၊ စာသင္ေက်ာင္းမ်ား၊ ဆရာဆရာမမ်ား၊ လမ္းပန္းဆက္သြယ္ေရးကိစၥရပ္မ်ား၊ လၽွပ္စစ္မီးလင္းေရးကိစၥရပ္မ်ား၊ ေဘးမဲ့ေတာကိစၥ ရပ္မ်ားကိုတင္ျပၾကၿပီး၊ ေဒသခံျပည္သူမ်ား၏တင္ျပခ်က္မ်ားကို ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ သက္ဆိုင္ရာ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားက အသီးသီးျပန္လည္ေျဖၾကားၾကကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ မွနိဂုံးခ်ဳပ္ အမွာစကားေျပာၾကားရာ ယခုလိုေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံရသည့္အတြက္ဝမ္းသာပါေၾကာင္းႏွင့္ ေဒသ၏လိုအပ္ခ်က္မ်ား ကိုပြင့္ပြင့္လင္းလင္းသိရွိရသည့္အတြက္ ေက်းဇူးတင္ပါေၾကာင္း၊ ေဒသခံျပည္သူမ်ားကလည္း စုေပါင္း၍ ညီညီၫြတ္ၫြတ္ ႀကိဳးစားေပးၾကရန္ႏွင့္ ေဒသ၏လိုအပ္ခ်က္မ်ားကို လာမည့္ဘ႑ာႏွစ္တြင္က႑အလိုက္ ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္းေျပာၾကားသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာတွင် ရွေ့လျားဝန်ဆောင်မှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ညောင်ရွှေ ဇွန်   −   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဇွန်(၂၈)ရက် မွန်းလွဲ(၁)နာရီက ဒေသခံပြည်သူများအတွက် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ရွေ့လျားဝန်ဆောင်မှုတွင်ပြုလုပ် ပြီးသောနိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ လယ်ယာမြေပုံစံခွန်များ၊ အိမ်ထောင်စုဇယားများတို့ကို ကျေးရွာရှိဒေသခံပြည်သူ များအားပေးအပ်ပြီး၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ မိုင်းပျိုးကျေးရွာဒေသခံများမှ ရွာအဝင်လမ်းတံတားပြုပြင်ပေးရန်၊ စာသင်ကျောင်းများ၊ ဆရာဆရာမများ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များ၊ ဘေးမဲ့တောကိစ္စ ရပ်များကိုတင်ပြကြပြီး၊ ဒေသခံပြည်သူများ၏တင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အသီးသီးပြန်လည်ဖြေကြားကြကာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် မှနိဂုံးချုပ် အမှာစကားပြောကြားရာ ယခုလိုဒေသခံပြည်သူများနှင့်တွေ့ဆုံရသည့်အတွက်ဝမ်းသာပါကြောင်းနှင့် ဒေသ၏လိုအပ်ချက်များ ကိုပွင့်ပွင့်လင်းလင်းသိရှိရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း စုပေါင်း၍ ညီညီညွတ်ညွတ် ကြိုးစားပေးကြရန်နှင့် ဒေသ၏လိုအပ်ချက်များကို လာမည့်ဘဏ္ဍာနှစ်တွင်ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားဖြင့္လွစ္

မိုင္း႐ႉး ဇူလိုင္ - ၂

149

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ မိုင္း႐ႉးၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ (Township Sport Development Program) အရက်င္းပသည့္ ေဘာလုံး/ ဘိလိယက္/စႏူကာ / ပိုက္ေက်ာ္ျခင္း/ မီနီမာရသြန္ အားကစားၿပိဳင္ပြဲ မ်ားဖြင့္ပြဲကို ဇူလိုင္ ၁  ရက္ေန႔ကမိုင္း႐ႉးၿမိဳ႕အားကစားကြင္း၌က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔မွ ဖြင့္လွစ္ေပးခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ဇူလိုင္ ၂ ရက္ေန႔ နံနက္ပိုင္းတြင္ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ မီနီမာရသြန္ၿပိဳင္ပြဲကို က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီးမွ ေသနတ္ပစ္ေဖာက္တာလႊတ္ေပးခဲ့ၿပီး၊ အဆိုပါၿပိဳင္ပြဲသို႔ ရပ္ကြက္/ ေက်း႐ြာမ်ားမွ အားကစားသမားမ်ားႏွင့္ ေက်ာင္းသား/ ေက်ာင္းသူ (၆၇၄)ဦးပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖွင့်လှစ်

မိုင်းရှူး ဇူလိုင် - ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် (Township Sport Development Program) အရကျင်းပသည့် ဘောလုံး/ ဘိလိယက်/စနူကာ / ပိုက်ကျော်ခြင်း/ မီနီမာရသွန် အားကစားပြိုင်ပွဲ များဖွင့်ပွဲကို ဇူလိုင် ၁  ရက်နေ့ကမိုင်းရှူးမြို့အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ ကျေးရွာများမှ အားကစားသမားများနှင့် ကျောင်းသား/ ကျောင်းသူ (၆၇၄)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

 

ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ ေက်ာင္းအေျချပဳမီနီမာရသြန္ၿပိဳင္ပြဲက်င္းပ

တာခ်ီလိတ္ ဇြန္ - ၂၈

143

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ ေက်ာင္းအေျချပဳ မီနီမာရသြန္ၿပိဳင္ပြဲကို ဇြန္လ ၂၈ ရက္ နံနက္ ၅ နာရီ ၁၅ မိနစ္တြင္ က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ ေသနတ္ပစ္ေဖာက္ တာလႊတ္ေပးခဲ့ေၾကာင္းသိရသည္။

အဆိုပါၿပိဳင္ပြဲကို အမွတ္(၂)တံတားလမ္းထိပ္မွ စတင္တာလႊတ္ခဲ့ၿပီး ၿမိဳ႕မအားကစားကြင္း တြင္ ပန္းဝင္ခဲ့ေၾကာင္းသိရသည္။ ၎ၿပိဳင္ပြဲသို႔ေက်ာင္းသား/ ေက်ာင္းသူ (၅၅၀)ဦး ပါဝင္ယွဥ္ၿပိဳင္ ခဲ့ၿပီး၊ ၿပိဳင္ပြဲတြင္ဆုရရွိသူမ်ားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းႏွင့္ တာဝန္ရွိသူမ်ားက ဆုမ်ားအသီးသီးေပးအပ္ခဲ့သည္။

အစရ(ရွမ္း)

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြုမီနီမာရသွန်ပြိုင်ပွဲကျင်းပ

တာချီလိတ် ဇွန် - ၂၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ဇွန်လ ၂၈ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို အမှတ်(၂)တံတားလမ်းထိပ်မှ စတင်တာလွှတ်ခဲ့ပြီး မြို့မအားကစားကွင်း တွင် ပန်းဝင်ခဲ့ကြောင်းသိရသည်။ ၎င်းပြိုင်ပွဲသို့ကျောင်းသား/ ကျောင်းသူ (၅၅၀)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး၊ ပြိုင်ပွဲတွင်ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့သည်။

 

အစရ(ရှမ်း)

 

More Articles...

  1. ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္ ရင္းမွီးရပ္ကြက္ႏွင့္ ေက်း႐ြာ(၅)႐ြာသို႔ ေသာက္သုံးေရေပးေဝေရးက်င္းပ
  2. ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕၌ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ႏွင့္ မီး႐ႈိ႕ပြဲက်င္းပ
  3. ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားက်င္းပ
  4. ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားက်င္းပ
  5. ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားက်င္းပ
  6. ေဖာငေျမႇာင္ေတာင္ကာကြယ္ႏွိမ္နင္းေရး နည္းပညာေပးသင္တန္းဖြင့္
  7. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ လင္ခံေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္းတြင္ ေဖာငေျမႇာင္ေတာင္ကာကြယ္ႏွိမ္နင္းေရး နည္းပညာေပးသင္တန္းအား ၾကည့္႐ႈအားေပး
  8. ေဖာငေျမႇာင္ေတာင္ကာကြယ္ႏွိမ္နင္းေရးအတြက္ေတာင္သူမ်ားအားေထာက္ပံ့ပစၥည္းမ်ားေပးအပ္
  9. ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္ (၂၅)ႏွစ္ေအာက္ အမ်ိဳးသား/အမ်ိဳးသမီး ဘတ္စကက္ေဘာၿပိဳင္ပြဲ ဖြင့္ပြဲက်င္းပ
  10. ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္ (၂၅)ႏွစ္ေအာက္ အမ်ိဳးသား/အမ်ိဳးသမီး ဘတ္စကက္ေဘာၿပိဳင္ပြဲ ဖြင့္ပြဲက်င္းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 75 guests and no members online