သတင်းများ

၁၃၇၆ခုနှစ်၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဧပြီ - ၁၃

 1004

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ဇနီး၊ တာဝန်ရှိသူတို့သည် ဧပြီ(၁၃)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် "ရွှေနေကြာ" ရေကစားမဏ္ဍပ်သို့ တက်ရောက် ချီးမြှင့်အားပေးကြကြောင်း သိရသည်။

   အခမ်းအနားတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းကအဖွင့် အမှာစကားပြောကြားပြီး "ရွှေနေကြာ" ရေကစားမဏ္ဍပ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်အေးဝင်း၊ တိုင်းစစ်ဌာနချုပ် စစ်ဦးစီးအရာရှိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ယိမ်းအကအဖွဲ့များကို အတာရေပက်ဖျန်းပေးကြကြောင်းသိရသည်။

1005

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူတို့သည် တိုင်းရင်းသားငြိမ်းချမ်းရေး မဟာသင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိလာရာ ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ ငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ထို့နောက် ရှမ်းယဉ်ကျေးမှုအကအဖွဲ့၊ ပအိုဝ်းယဉ်ကျေးမှု အကအဖွဲ့၊ ကိုးကန့်ယဉ်ကျေးမှု အကအဖွဲ့နှင့် တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှုအကဖွဲ့တို့က ယိမ်းအကများဖြင့် ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဒေသဦးစီးဥက္ကဌတို့က ယိမ်းအကအဖွဲ့များကို အတာရေပက်ဖျန်းပေးကြသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူတို့သည် ဗဟိုမဏ္ဍပ်သို့ရောက်ရှိကာ၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စတင်ကျင်းပရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ၁၃၇၆-ခု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ၊ အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းတို့က မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်းပေးကြသည်။

   ယင်းနောက် သင်္ကြန်ပွဲတော်အဖွင့်တွင် မန်းတောင်ရိပ်ခို(မြနန္ဒာ)သီချင်းဖြင့် ယိမ်းအဖွဲ့များအားလုံး အဖွဲ့လိုက် တူညီကကွက်များဖြင့် ပါဝင်ကပြကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးမျာနှင့် တာဝန်ရှိသူတို့ သည် ယိမ်းအဖွဲ့များကို  အတာရေပက်ဖျန်းပေးကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊  တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးတို့သည် ပြည်ထဲရေး ဝန်ကြီးဌာန မဏ္ဍပ်သို့ရောက်ရှိလာပြီးဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ တိုင်းမှူးဗိုလ်ချုပ်အေးဝင်းနှင့် အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယိမ်းအဖွဲ့များက "မြနန္ဒာ" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရှိရသည်။

                                                                    မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ လုပ်ငန်းသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ ကျင်းပ

တောင်ကြီး   ဧပြီ   ၇

992

   ရှမ်းပြည်နယ် တောင်ကြီးမြို့၊ Hotel Convention ဟိုတယ်လုပ်ငန်း မြေငှားရမ်း၍ (BOT) စနစ် ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု သဘောတူစာချုပ်အား ပြင်ဆင်သည့်စာချုပ်၊ တောင်ကြီးမြို့၊ ပုဂ္ဂလိကအမှိုက် နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်းသဘောတူစာချုပ်၊ (MOA)၊ တာချီလိတ်မြို့ ပါဆတ်ကားလေးဝင်း ယာဉ်ရပ်နား စခန်းမြေငှားရမ်း၍ (BOT)စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့် သဘောတူစာချုပ်အား ပြင်ဆင်သည့်  ပြင်ဆင်ချက်စာချုပ်နှင့် တာချီလိတ်မြို့၊ ဝမ်ကောင်းမြို့မစျေး အဆင့်မြှင့်တင်တည်ဆောက် ခြင်း လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်အား ပြင်ဆင်သည့် ပြင်ဆင်ချက်စာချုပ် လက်မှတ်ရေးထိုး ခြင်းကို ဧပြီ(၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကားပြောကြားရာ၊ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒဆိုင်ရာ လမ်းညွှန် ချက်နှင့်အညီ ပုဂ္ဂလိက အခန်းကဏ္ဍမြှင့်တင်ရေး၊ စတုတ္ထပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်စတင်တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်ကစပြီး အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိကာလတွင် တိုင်းရင်းသားပုဂ္ဂလိက လုပ်ငန်းရှင်ကုမ္ပဏီများနှင့် ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်းများ၊ မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အများအပြား ဆောင်ရွက်ခဲ့ပြီး၊ စည်ပင်သာယာရေးဆိုင်ရာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို လက်ရှိကာလအထိ တောင်ကြီး၊ လားရှိုး၊ မူဆယ်၊ ကျိုင်းတုံ၊ တာချီလိတ်၊ တန့်ယန်းမြို့များတွင် လုပ်ငန်း(၁၄)ခု သဘောတူ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချို့လုပ်ငန်းများသည် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ အချို့လုပ်ငန်းများကိုဆောင်ရွက်ဆဲလုပ်ငန်းများအဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းလှဝင်းက လုပ်ငန်းသဘောတူစာချုပ်လက်မှတ်ရေးထိုးမည့် လုပ်ငန်း များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေဆိုင်ရာလုပ်ငန်း သဘောတူ စာချုပ်ထုံးတမ်းများနှင့် ပတ်သက်၍ ဂရုပြုရန်များနှင့် လိုအပ်သည်များ ရှင်းလင်းပြောကြား သည်။

   ထို့နောက် တောင်ကြီးမြို့၊ Hotel Convention ဟိုတယ်လုပ်ငန်း မြေငှားရမ်း၍ (BOT) စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု သဘောတူစာချုပ်အား ပြင်ဆင်သည့်စာချုပ်ပါအကြောင်းအရာ အချက်အလက်များ ကို (CEO Co.,Ltd)မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဟန်၊ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်း သဘောတူစာချုပ်နှင့် ပတ်သက်၍ မွှေးတောင်ကြီး ကုမ္ပဏီလီမိတက်မှ အတွင်းရေးမှူး ဒေါ်ဝင်းပပကျော်၊ တာချီလိတ်မြို့ ပါဆတ်ကားလေးဝင်းယာဉ်ရပ်နားစခန်း မြေငှားရမ်း၍ (BOT)စနစ်နှင့် ဝမ်ကောင်းမြို့မ စျေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုသဘောတူစာချုပ်နှင့် ပတ်သက်၍ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းဝန်းပန်တို့က အသီးသီး ရှင်းလင်းတင်ပြကြသည်။

   ၎င်းနောက် လုပ်ငန်းသဘောတူစာချုပ်များ လက်မှတ်ရေးထိုးရာ တောင်ကြီးမြို့နယ်၊ စည်ပင် သာယာရေး ကော်မတီနှင့် (CEO) ကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုသော တောင်ကြီးမြို့၊ Hotel Convention ဟိုတယ်လုပ်ငန်း မြေငှားရမ်း၍ (BOT) စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့် သဘောတူ စာချုပ်မှာ အငှားချထားသူ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အသိသက်သေ များအဖြစ် ပြည်နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မ တီ ဥက္ကဌ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးပြီး၊ အငှားချထားခြင်းခံရ သူ (CEO) ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် အသိသက်သေများတို့က လက်မှတ်ရေးထိုး၍ လည်းကောင်း၊ တောင်ကြီးမြို့၊ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်း သဘောတူစာချုပ်တွင် လုပ်ငန်းအပ်နှံသူ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် အသိသက်သေ များက လက်မှတ်ရေးထိုး၍၊ လုပ်ငန်းလက်ခံသူ မွှေးတောင်ကြီး စီးပွားရေးလုပ်ငန်းအုပ်စု အတွင်းရေးမှူး နှင့် အသိသက်သေများက လက်မှတ်ရေးထိုး၍လည်းကောင်း၊ တာချီလိတ်မြို့ ပါဆတ်ကားဝင်း ယာဉ်ရပ်နားစခန်း မြေငှားရမ်း၍ (BOT) စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု သဘောတူစာချုပ် ပြင်ဆင်ချက် စာချုပ်နှင့် ဝမ်ကောင်းမြို့မစျေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှု ပြင်ဆင်စာချုပ်တို့ တွင် အငှားချထားသူ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် အသိသက်သေများ တို့က လက်မှတ်ရေးထိုး၍လည်းကောင်း၊ အငှားချထားခြင်းခံရသူ မင်းခေတ်သစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာနှင့် အသိသက်သေများတို့က လက်မှတ်ရေးထိုးကြကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်/ မြို့နယ် စည်ပင် သာယာရေးကော်မတီဝင်များ၊ တောင်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ တောင်ကြီးမြို့ပေါ်ရှိ (၂၂)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့်၊ ရပ်ကွက်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးကြမည့် ကုမ္ပဏီများမှ လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

(၁၅)ကြိမ်မြောက်၊ ကယန်းအမျိုးသားနေ့ ကျင်းပ

တောင်ကြီး ဧပြီ - ၁၀

999

   (၁၅)ကြိမ်မြောက်၊ ကယန်းအမျိုးသားနေ့ကို ဧပြီ(၁၀)ရက်၊ နံနက်(၉)နာရီက ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာ အုပ်စု၊ မြောက်စလုံးကျေးရွာ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကား ပြောကြားတွင် ကယန်းတိုင်းရင်းသားများ၏ (၁၅)ကြိမ်မြောက်၊ အမျိုးသားနေ့ဖြစ်သည့်အတွက် တိုင်းရင်းသား သွေးချင်းညီအကိုမောင်နှမ အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းပြီး၊ ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းလျှက် နှုတ်ခွန်ဆက်သအပ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် အကြီးမားဆုံးနှင့် အကျယ်အဝန်းဆုံးပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ တန်ဖိုးမဖြတ် နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး၊ သဘာဝတောတောင်လိုဏ်ဂူ၊ လျှိုမြောင်စိမ့်စမ်းတို့ဖြင့် ထူးခြား၍ အေးချမ်းသာယာသောကြောင့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း(၃၀)ကျော် လူဦးရေ(၅၈)သိန်းကျော်ဖြင့် အတူတကွငြိမ်းချမ်းစွာ စုပေါင်း နေထိုင်လျှက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်ဟု ဆိုသော်လည်း၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ ဗမာ၊ ပလောင်၊ တောင်ရိုး၊ လားဟူ၊ အာခါ၊ "ဝ"၊ ကချင်၊ ကယန်း၊ ကိုးကန့်၊ စသည့် တိုင်းရင်းသားမျိုးစုံ စုပေါင်းနေထိုင်သည့် ပြည်နယ်တစ်ခုအဖြစ် မြင်တွေ့ရပါကြောင်း၊ ကယန်းအမျိုးသားနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အတွင်း၌ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးသည် ရှမ်းပြည်နယ်ကြီးအား အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးအား အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပါတီစုံဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်စေရန် အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်းဟူသော ပင်လုံစိတ်ဓါတ်ကို အခြေခံ၍ နိုင်ငံသားအားလုံး လိုက်နာစောင့်ထိန်းရမည့် အမျိုးသားရေးတာဝန်ကို အတူလက်တွဲ ဖော်ဆောင်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။ 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ သဝဏ်လွှာအား ကယန်းတိုင်းရင်းသား ရေးရာ ဝန်ကြီး၊ ဦးလောရင်းမှ ဖတ်ကြားပြီး၊ သဘာပတိ ဦးတိုးပေါနှင့် ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ဦးသန်းစိုးနိုင်တို့က  အမှာစကားပြောကြားကြသည်။

1000

   ထို့နောက် အလှူငွေများပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ကယန်းစာပေနှင့် ယဉ်ကျေးမှုအတွက် အလှူငွေကျပ်သိန်း(၃၀)ပေးအပ်ရာ စာပေယဉ်ကျေးမှုအဖွဲ့၊ ဦးတိုးပေါမှ လက်ခံရယူ၍ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းမှ နေပြည်တော်ကောင်စီရှိ ကရင်၊ ကယား၊ ကယန်း၊ စာပေယဉ်ကျေးမှုအဖွဲ့များကို အလှူငွေကျပ်(၁၀)သိန်းစီ ပေးအပ်လှူဒါန်းရာ စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှ ဖယ်ခုံမြို့ရှိ ကယန်းစာပေယဉ်ကျေးမှုအဖွဲ့၊ ပင်လောင်းမြို့နယ်ရှိ ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့တို့ကို အလှူငွေကျပ်(၁၀)သိန်းစီ ပေးအပ် လှူဒါန်းရာ စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး၊ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စာပေယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းတုံ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထောက်ခံဆန္ဒထုတ်ဖော်

 မိုင်းတုံ  ဧပြီ ၆

995

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြို့မိမြို့ဖ  ဦးစိုင်းထွန်းကျော် ဦးဆောင်သော ငြိမ်း ချမ်းရေးလိုလားသည့် ပြည်သူအင်အား (၃၀၀)ဦးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် မူကြမ်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (process) များ အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ဧပြီ ၆ ရက် နံနက် ၈ နာရီက ခွင့်ပြုချက်ရယူပြီး ကျင်းပပြုလုပ်သည်။ 

   အဆိုပါဆန္ဒထုတ်ဖော်ရာ၌ ဒို့တာဝန်အရေးသုံးပါး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ပြည်ထောင်စုထာဝရ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ရှင်သန်ခိုင်မာရေး စသည့် ဆောင်ပုဒ်နှင့် ကြွေးကြော်သံများဖြင့် မိုင်းတုံမြို့၊ ပန်းခြံရှေ့မှ လမ်းမတော်လမ်းအတိုင်း မြို့လယ်အားကစားကွင်းထိ  ငြိမ်းချမ်းစွာဖြင့် စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရပ်နားခဲ့ကြောင်း သိရသည်။

 

                                                                                                                                                                             မြို့နယ် ပြန်/ဆက်

သတင်းဓာတ်ပုံ - (  ၂  )ပုံ

သတင်းရေးသားသူ - ဒေါ်ဝင်းဝင်းခိုင်(ဒုတိယဦးစီးမှူး)

     မြို့နယ်ပြန်/ဆက်ရုံး၊ မိုင်းတုံမြို့။

     

 

"ဝ" အထူးဒေသ၌ မိုးပွင့်အထူးစီမံချက်ရှင်းလင်းဆွေးနွေး

မိုင်းဆတ်  ဧပြီ  ၆

994

   ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ဝ အထူးဒေသရှိ ဒေသခံပြည်သူများနှင့် မိုးပွင့်အထူးစီမံချက် ကွင်းဆင်း ဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးမည့်သူများအား စီမံချက်နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကိုဧပြီ ၅ ရက် နံနက် ၁ဝ နာရီက ဝ အထူးဒေသ(ဝမ်ဟုန်)၌ ကျင်းပပြုလုပ်သည်။

   အခမ်းအနားတွင် မိုင်းဆတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွင့်မိတ်ဆက်စကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ တွဲဖက်ပြည်နယ်မှူး ဦးကိုကိုသော်နှင့် ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်တို့က မိုးပွင့်အထူးစီမံချက်နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားရာ ဝ အထူးဒေသ(ဝမ်ဟုန်) ခရိုင်အုပ်ချုပ်ရေးမှူး ဦးလီကျင်ပင်းနှင့် ဆက်ဆံရေးမှူး ဦးဆံလော့ဒ်တို့က ပူးပေါင်းဆောင်မည့် အခြေအနေနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

   မိုင်းဆတ်ခရိုင်အတွင်းရှိ ဝ အထူးဒေသ၌ မိုးပွင့်အထူးစီမံချက်ကို ဝမ်ဟုန်၊ ဟိုပန်ဟိုရွက်၊ ဟွေအောနှင့် ခိုင်းလုံကျေးရွာတို့တွင် အခြေပြုနေရာ (၇) ခုဖြင့် ဧပြီ ၇ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

                                                                                                                                                                                  သန်းဇော်(iprd)

 

သတင်းဓာတ်ပုံ- ( ၂ ) ပုံ

သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

    ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်

 

ရေရှားပါးသောဒေသများအား စက်ရေတွင်းများတူးဖော်လှူဒါန်းခြင်း၊ ရေကန်များဆောက်လုပ်လှူဒါန်းခြင်း၊ ရေပေးရေစီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ရေအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ ကျင်းပ

တောင်ကြီး ဧပြီ - ၉

 998

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အေးဝင်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဧပြီ(၉)ရက်၊ နံနက်(၉)နာရီခွဲက ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ရွှေမြစည်းကျောင်း၌ ကျင်းပသော ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်းနှင့် ဇနီး၊ ဒုတိယဥက္ကဌ သီဟသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး လူမှုထူးချွန် ပထမဆင့် မိသားစုနှင့် ကမ္ဘောဇဘဏ်လီမိတက် အရာထမ်း၊ ဝန်ထမ်းများမှ ရှမ်းပြည်နယ်(တောင်ပိုင်း) ဘော်ဆိုင်း၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ပင်းတယ၊ တောင်ကြီး၊ ဟိုပုံး၊ နမ့်စန်၊ ရေရှားပါးသောဒေသများအား စက်ရေတွင်းများတူးဖော်လှူဒါန်းခြင်း၊ ရေကန်များဆောက်လုပ် လှူဒါန်းခြင်း၊ ရေပေးရေ စီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ရေအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြကြောင်းသိရသည်။

   ပထမဦးစွာ အခမ်းအနားကို နမောတဿအစရှိသော ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့်(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ကမ္ဘောဇကုမ္ပဏီများအုပ်စု ဦးကျော်ကျော်စိုးမှ စက်ရေတွင်းများတူးဖော် လှူဒါန်းရခြင်း သမိုင်းကြောင်းအား အကျဉ်းချုပ် ရှင်းလင်းလျှောက်ထားပြီး ဘော်ဆိုင်းမြို့၊ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမှ သောက်သုံးရေရရှိခြင်းအတွက် ဝမ်းသာပိတိ စကားလျှောက်ထားသည်။

   ဆက်လက်၍ ဆရာတော်ဘုရားအား ကန်တော့်၍ ငါးပါသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျယ် ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်းနှင့် ဇနီး၊ ဒုတိယဥက္ကဌ သီဟသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

   ထို့နောက် ဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြာပြီး၊ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရှိရသည်။

   အဆိုပါအခမ်အနားသို့ ဒေသခံမိဘပြည်သူများ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

                                                                        မောင်မောင်သန်း(တောင်ကြီး)

 

ပင်းတယမြို့၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထောက်ခံဆန္ဒထုတ်ဖော်

တောင်ကြီး ဧပြီ - ၆

993

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့မိမြို့ဖ ဦးမျိုးဆန်း ဦးဆောင်သော ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူအင်အား(၁၂၅၀)ဦးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် မူကြမ်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (process) များ အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ဧပြီ ၆ ရက် နံနက် (၈)နာရီခွဲက ခွင့်ပြုချက်ရယူပြီး ကျင်းပပြုလုပ်ခဲ့သည်။

   အဆိုပါဆန္ဒထုတ်ဖော်ရာ၌ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်ပေးရေး၊ စသည့် ဆောင်ပုဒ်နှင့် ကြွေးကြော်သံများဖြင့် မြို့နယ်ဓမ္မာရုံမှ ဗိုလ်ချုပ်လမ်း၊ ရွှေဥမင်ဘုရားလမ်းနှင့် ဓနုတိုင်းရင်းသားဓမ္မာရုံထိ ငြိမ်းချမ်းစွာဖြင့် စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရပ်နားခဲ့ကြောင်း သိရသည်။

 

တောင်ကြီးမြို့နယ်၊ အေးသာယာ ပြည်သူ့ဝန်ထမ်းအိမ်ရာများချမှတ်ပေး

တောင်ကြီး   ဧပြီ   ၈

 996

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံဖော်ထုတ်သော တောင်ကြီးမြို့နယ်၊ အေးသာယာ ပြည်သူ့ ဝန်ထမ်းအိမ်ရာချမှတ် ပေးသည့် အခမ်းအနားကို ဧပြီ(၈)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက အဖွင့်အမှာစကားပြောကြားကြောင်း သိရသည်။

   ဆက်လက်၍ ကော်မတီ(၃)ရပ်မှ ပြည်သူ့ဝန်ထမ်းအိမ်ရာများကို ပြည်သူများကိုယ်စား တိုက်(၁)၊ တိုက်(၂)၊ မြေညီထပ်၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထထပ်တို့အား မဲနှိုက်ချမှတ်ပေးကြ ကြောင်းသိရသည်။ 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံဖော်ထုတ်သော တောင်ကြီးမြို့နယ်၊ အေးသာယာ ပြည်သူ့ ဝန်ထမ်းအိမ်ရာကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လမ်းတံတားဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ကျပ်သန်း(၉၀၀၀၀၀၀၀၀)ကျော်၊ လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်းအတွက် ကျပ်သန်း (၂၄၆၈၀၉၆၄၀၀)ကျော်နှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းအတွက် ကျပ်သန်း (၄၁၈၇၈၇၄၀၀၀)ကျော် စုစုပေါင်း ကျပ်သန်းပေါင်း(၇၅၅၅၉၇၀၄၀၀)ကျော်ကို ကျခံသုံးစွဲ၍ စီမံ ဖော်ထုတ်ပေးလျက် ရှိပြီး၊ တိုက်ခန်းဝယ်ယူရရှိမည့်သူများသည် အဆောက်အဦ၏ အခန်းတန်ဖိုး ကျသင့်ငွေကိုသာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

   အဆိုပါ အေးသာယာ ပြည်သူ့ဝန်ထမ်းအိမ်ရာသည် (၄)ခန်းတွဲ (၅)ထပ်၊ (၁၃၅)လုံး၊ အခန်း ပေါင်း(၂၇၀၀)ကို အလုံး(၄၀)ဆောက်လုပ်ပြီစီးပြီး၊ အလုံး(၆၀)ကို စတင်ဆောင်ရွက်နေကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ (၂၀၁၅) ဒီဇင်ဘာလတွင် မင်းကျန်စစ် ဆောင်လုပ်ရေးကုမ္ပဏီမှ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး၊ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ခရိုင် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ ကုမ္ပဏီလုပ်ငန်းရှင် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရ သည်။

                                                                                                                                                                             မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. မိုင်းဆတ်၌ ငြိမ်းချမ်းမှုကို လိုလားသောပြည်သူများ အေးချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်
  2. တောင်ကြီးမြို့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစွာစုပေါင်းဆန္ဒထုတ်ဖော်ပွဲပြုလုပ်
  3. ရှမ်းပြည်နယ်ရှေ့နေများအသင်း၊ သင်းလုံးကျွတ်အစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်တင်မြောက်
  4. ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း အတည်ပြုလက်မှတ်ရေးထိုးခြင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် (peace process)အား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်
  5. ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် လားရှိုးမြို့ ထင်းရှူးမြိုင် ၊ချယ်ရီမြိုင်အိမ်ရာစီမံကိန်းအားကြည့်ရှုစစ်ဆေး
  6. ကျောက်မဲမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ထောက်ခံဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်
  7. မိုင်းဆတ်၌ အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
  8. မိုင်းဆတ်၌ သိမ်းဆည်းမြေများပြန်လည်စွန့်လွှတ်ပေးအပ်
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ တက်ရောက်ခြင်းနှင့် အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်ခြင်း
  10. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ နမ့်စန်မြို့နယ်၊ ကျန်းမာရေးဌာနများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 59 guests and no members online

Latest Updates