Articles

ရှမ်းနှစ်သစ်ကူးပွဲတော် တောင်ကြီးမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ

တောင်ကြီး နိုဝင်ဘာ -၂၂

277

ရှမ်းနှစ် ၂၁၁၄ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီက တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပသည်။

ဆက်လက်၍ ရှမ်းနှစ်သစ်ကူးအလံတော်အား ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြမှ သယ်ဆောင်လာပြီး စင်မြင့်ပေါ်တွင်စိုက်ထူ၍ ရှမ်းနှစ် ၂၁၁၄ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရှမ်းလူမှုအခြေပြု အဖွဲ့ဝင်များမှ ရှမ်းရိုးရာအိုးစည်ဗုံမောင်း (ကာပန်ကောင်)အကဖြင့် ဝိုင်းဖွဲ့ကပြဖျော်ဖြေတင်ဆက်၍လည်းကောင်း၊ တက္ကသိုလ်များရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း လူငယ် မောင်မယ်များမှ နှစ်သစ်ကူးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များ ဖြစ်သော ရှမ်း၊ ပအိုဝ်း၊ အင်း၊ တောင်ရိုး၊ လီဆူယဉ်ကျေးမှုအကအဖွဲ့တို့မှ အသီးသီးဖျော်ဖြေ တင်ဆက် ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ် လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့ ရှမ်းပြည်နယ်အတွင်း ထုတ်ပေးထားသည့် ခွင့်ပြုမိန့်များစာရင်း

ရှမ်းပြည်နယ် လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့
ရှမ်းပြည်နယ်အတွင်း
ထုတ်ပေးထားသည့် ခွင့်ပြုမိန့်များစာရင်း

img076img077img078img079img080img081img082img083img084img085img086img087img088img089

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ

တောင်ကြီး    နိုဝင်ဘာ   −   ၁၅

276
    မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၄)ရက် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ(၁၅)ရက် ညနေ(၆)နာရီက အဆိုပါဘုရားရှေ့ရင်ပြင်၌ ကျင်းပကြောင်းသိရသည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်ဒေသဦးစီးအဖွဲ့ ဦးခွန်မောင်ဖြူနှင့် တာဝန်ရှိသူ တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
        ဆက်လက်၍ အထက(၁)ဟိုပုံးကျောင်းသူလေးများနှင့် တိုင်းရင်းသူလေးများက ဆီမီးအကဖြင့် ဖျော်ဖြေကြပြီး တန်ဆောင်တိုင် မီးထွန်းပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းများနှင့် မီးပုံးငယ်များ လွှတ်တင်ခြင်းကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်နယ်ဥပဒေချုပ်ဦးတင်ဦးတို့မှ စက်ခလုတ် နှိပ်ဖွင့်လှစ်ပေး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးအတွင်း၌ ရတနာ ဒီပံဆီမီးတိုင် ထွန်းညှိပူဇော်ကာ လှိုဏ်ဂူတော်အတွင်း ဘုရားအားဖူးမျှော်ကြကြောင်း သိရှိရသည်။
    အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ(၁၅)ရက်မှ (၁၉)ရက်နေ့အထိကျင်းပပြီး ညမီးကြီးမီးပုံးပျံ(၈)လုံး လွှတ်တင်ယှဉ်ပြိုင် ခြင်းနှင့်ညစဉ်မီးပဒေသာ လှည့်လည်ပူဇော်ပွဲဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အကြီးတန်း၊ အငယ်တန်း၊ မသန်စွမ်းသူများ အပျော်တမ်းအပြေးပြိုင်ပွဲ အင်အား(၁၈၉၀)ကျော် ပါဝင်ဆင်နွှဲ

တောင်ကြီး    နိုဝင်ဘာ   −   ၁၈

275
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အစီအစဉ်ဖြင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ POCARI SWEAT တို့ပူးပေါင်းကျင်းပသည့် အကြီးတန်း၊ အငယ်တန်း၊ မသန်စွမ်းသူများ အပျော်တမ်းအပြေးပြိုင်ပွဲကို နိုဝင်ဘာ(၁၆)ရက် နံနက်(၆)နာရီက တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့မှ စတင်တာလွှတ်ရာ အကြီးတန်းပြိုင်ပွဲဝင်(၆၀၀)ကျော်၊ အငယ်တန်းပြိုင်ပွဲဝင်(၁၂၀၀)ဦးနှင့် မသန်စွမ်း(၉၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် POCARI SWEAT မှဒါရိုက်တာတို့က သေနတ်ပစ်ဖောက်တာလွှတ်ပေးကြသည်။
ပြိုင်ပွဲတွင် အကြီးတန်းပြိုင်ပွဲဝင်များက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့ ဗိုလ်ချုပ်လမ်းအတိုင်းထုံးဖို ဂိတ်မှတစ်ပတ်ပတ်၍ ပြည်နယ်လေ့ကျင့်ရေးရုံသို့ ပန်းဝင်၍လည်းကောင်း၊ အငယ်တန်းပြိုင်ပွဲဝင်များက ပြည်နယ် လေ့ကျင့်ရေးအားကစားရုံရှေ့မှ ဗိုလ်ချုပ်လမ်းအတိုင်း စဝ်စံထွန်းရပ်ကွက် ကရင်မရေထွက်မှ ပြည်နယ်လေ့ကျင့်ရေးရုံ သို့ပန်းဝင်၍လည်းကောင်း၊ မသန်စွမ်းပြိုင်ပွဲဝင်များက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံမှ ဗိုလ်ချုပ်လမ်းအတိုင်း ကန်ရှေ့ရပ်ကွက်ရှိ အလယ်ဘီအိုစီရှေ့တစ်ပတ်ပတ်၍ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံသို့ ပန်းဝင်၍လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင်ဆုရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူတို့က အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
အစရ(ရှမ်း)

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 97 guests and no members online