Articles

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန် အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာ စာချုပ်ချုပ်ဆိုပွဲ ကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၂၅

 

026

 

   ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန် အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာ စာချုပ်ချုပ်ဆိုပွဲကို နိုဝင်ဘာ(၂၅)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် MOU ခေါ်သည့် နားလည်မှုစာချွန်လွှာ ဖြစ်ကြောင်း၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မည့် ကုမ္ပဏီများက အကောင်အထည်ဖော်မည့် ဇုန်အတွင်းမှာ ပါဝင်သည့် အချက်(၅)ချက်နှင့်အညီ ဒေသဖွံ့ဖြိုးရေးအတွက် နားလည်မှုစာချွန်လွှာ ဖြစ်ကြောင်း၊ နားလည်မှုစာချွန်တွင် ဒေသတိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံနယ်နိမိတ် ထိစပ်နေသည့် ဒေသအတွင်းရှိ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်မည့် ကုမ္ပဏီအလိုက် သတ်မှတ်နိုင်သည့် လုပ်ငန်းများကို စီစစ်ရေးအဖွဲ့ ဖွဲ့ပြီး၊ တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်များကို ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကော်မတီများနှင့် ညှိနှိုင်း၍ ဆောင်ရွက်လိုသည့်၊ ဆောင်ရွက်နိုင်မည့် စည်းကမ်းချက်၊ အခြေခံအချက်အလက်များ အပေါ်မူတည်ပြီး၊ ဇုန်(၄)ခုစသည်အားဖြင့် မိမိအနေဖြင့် အသီးသီး ဖော်ထုတ်ရရှိချက်များအပေါ် အကောင်အထည်ဖော်နိုင်ရန် စာချုပ်များနှင့် ပတ်သက်သည့် MOU ခေါ် လုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းသဘောတူညီချက် လုပ်ငန်းစာချုပ် ဆက်လက်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

 

   ဆက်လက်၍ မူဆယ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန် အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာအား မောရှမ်းဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမီတက်နှင့် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးကြသည်။

 

   ထို့နောက် မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက် ဥက္ကဌ ဦးကျော်ပြုံးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ စာချုပ်ပါ အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ နားလည်မှုစာချွန်လွှာ စာချုပ်ချုပ်ဆိုပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့် အခြေခံသမဝါယမသင်တန်း(အမှုထမ်း) သင်တန်းဆင်းပွဲသို့ တက်ရောက်

တောင်ကြီး   နိုဝင်ဘာ  ၂၄

 

025

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်သည် (၂၃.၁၁.၂၀၁၃)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း၊ တောင်ကြီးမြို့ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် အခြေခံသမဝါယမသင်တန်း (အမှုထမ်း) သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

   သင်တန်းဆင်းပွဲ၌ ပြည်နယ်ဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သော သင်တန်းမှာ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလအတွင်း ခန့်အပ်လိုက်သော အငယ်တန်းစာရေးများအား လုပ်ငန်းခွင်အတွင်း အသုံးချနိုင်ရန် သိရှိရန် လိုအပ်သော ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ၊ ရုံးလုပ်ငန်းများ၊ သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက် ၍ လုပ်ဆောင်ရမည့် အချက်များ၊ ဝန်ထမ်းများ၊ အမှုဆောင်များ၊ အသင်းသားများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများ စသည်ဖြင့် သိသင့် သိထိုက်သော ဘာသာရပ်များကို သင်ကြား ပို့ချခြင်း ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုပို့ချလိုက်သော ဘာသာရပ်များအား လက်တွေ့လုပ်ငန်းခွင်အတွင်း အသုံးချရင်း ယခုထက်ပိုမို တတ်ကျွမ်း၊ နားလည်အောင် လေ့လာဆည်းပူးရန် လိုကြောင်း၊ သင်တန်းဆိုသည်မှာ မိမိတို့၏ အရည် အသွေးအား ပိုမို မြင့်မား၊ တိုးတက်အောင် မြှင့်တင်ပေးခြင်း ဖြစ်၍ သင်တန်းအား မကြောက်ဘဲ အခွင့်ကြုံလာပါက တက်ရောက်ဆည်းပူးသွားရန် လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အခြေခံ အကျဆုံးဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သမဝါယမသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး သမဝါယမလုပ်ငန်းများသည် အလွန်ကျယ်ပြန့်သဖြင့် ဝန်ထမ်းများအနေဖြင့် အမြဲတမ်း ကြိုးစားနေရန် လိုအပ်ကြောင်း၊ မိမိတို့ ရုံးလုပ်ငန်းများအပြင် ပြည်သူကို ဟောပြော၊ စည်းရုံးနိုင်ရန်အတွက် ကြိုးစား၊ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းမှ အရည်အချင်း သတ်မှတ်ချက်များသည် မိမိတို့ဘဝ တိုးတက်ရေးအတွက် အရေးပါသော အချက်များဖြစ်၍ သင်တန်းတိုင်းတွင် ကြိုးစားကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

 

   ၎င်းနောက် ပြညနယ်ဝန်ကြီးမှ ဆုများ ချီးမြှင့်ရာ ပထမဆုအား ပင်းတယမြို့နယ်သမဝါယမဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ခင်စုကြည်က လည်းကောင်း၊ ဒုတိယဆုအား ဖယ်ခုံမြို့နယ်သမဝါယမဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဇင်မိုမိုဇော်က လည်းကောင်း၊ တတိယဆုအား ကလောမြို့နယ်သမဝါယမဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ညိမ်းညိမ်းအိက လည်းကောင်း အသီးသီး ရရှိခဲ့ကြပါသည်။

အခြေခံသမဝါယမသင်တန်း(အမှုထမ်း)အား သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကြီးကြပ်၍ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ကြီးမှူးပြီး (၄.၁၁.၂၀၁၃)မှ (၂၃.၁၁.၂၀၁၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနများမှ အငယ်တန်းစာရေးဝန်ထမ်းများ စုစုပေါင်း(၃၉)ဦး တက်ရောက်ခဲ့ကြပါသည်။

 

   အဆိုပါ သင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်ရှိ သမဝါယမ အသင်းအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ သင်တန်းပို့ချသည့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

၂၀၁၃-၂၀၁၄ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်(တောင်ကြီး/လွိုင်လင်/လင်းခေး ခရိုင်)အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၂၄

 

023

 

   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၊ ၂၀၁၃-၂၀၁၄ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်(တောင်ကြီး/လွိုင်လင်/လင်းခေး ခရိုင်)အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ပွဲကို နိုဝင်ဘာ(၂၄)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြမြအုန်းခင် က အဖွင့်အမှာစကားပြောကြားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က အမှာစကားပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ၂၀၁၃-၂၀၁၄ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်(တောင်ကြီး/လွိုင်လင်/လင်းခေး ခရိုင်)အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ပေးအပ်ရာ တာဝန်ရှိသူ အသီးသီးတို့မှ လက်ခံရယူကြသည်။

 

   ထို့နောက် ဂေဟာများ ကိုယ်စား ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြမြအုန်းခင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

 

024

 

   ၎င်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြမြအုန်းခင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ ဆရာဝန်များ ညီလာခံအသင်းရုံး၌ ကျင်းပသော သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေး ခရိုင်အဆင့်မြင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြမြအုန်းခင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က အဖွင့်အမှာစကားပြောကြားကြသည်။

 

   ဆက်လက်၍ Mr.Jaiganesh Murugesan, DRR Specialist မှ အမှာစကားပြောကြားပြီး၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သတင်းရရှိသည်။

 

ပြည်နယ်ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ၂ဝ၁၃ ခုနှစ် ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

တောင်ကြီး   နိုဝင်ဘာ   ၁၉

 

016

 

၂ဝ၁၃-ခုနှစ် ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၉-၁၁-၂ဝ၁၃)ရက် ၊ အင်္ဂါနေ့ ( ၁၄ဝဝ)နာရီအချိန်တွင် တောင်ကြီးမြို့ ကမ္ဘေဇအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်၍ ပြည်နယ်ပညာရေးညွန်ကြားရေးမှူး ဦးချစ်ဆွေနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ 

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားပေခဲ့ပြီးနောက် အားကစားသမားများမှ အားကစားအဓိဌာန်ရွတ်ဆိုခဲ့ပြီး ပြည်နယ်ဝန်ကြီးများအား ချီတက်အလေးပြုခဲ့ ကြပါသည်။

 

ထို့နောက် ကျောင်းသား/ကျောင်းသူလေးများမှ စုပေါင်းကိုယ်လက်ကြံ့ခိုင်လေ့ကျင့်ခန်း၊ ပုဝါအက သရုပ်ပြနှင့် မြန်မာ့သိုင်းကစားကွက်များတင်ဆက်သရုပ်ပြခဲ့ကြပြီး အထက(၄)တောင်ကြီး ဘင်ခရာ(က)အသင်းမှ သရုပ်ပြဖျော်ဖြေ ခဲ့ပါသည်။

 

မူးယစ်ဆေးဝါးဆိုင်ရာ ဘာသာရပ်များအား လူမှုဝန်ထမ်းဦးစီးဌာန၊ မူးယစ်အထူးတပ်ဖွဲ့ (တောင်ကြီးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့)၊ စဝ်စံထွန်းဆေးရုံ (မူးယစ်ဆေးစွဲရောဂါကုသရေးဌာန)၊ စိတ်ပညာဌာန (တောင်ကြီးတက္ကသိုလ်)၊ တောင်ကြီးမြို့နယ်တရာရေး၊ တောင်ကြီးမြို့နယ်ဥပဒေရုံးနှင့်အတူ အသင်း၏ တွဲဘက်အတွင်းရေးမှူးဖြစ်သည့် အမက(၃၈) ချမ်းအေးသာဇံမှ အလယ်တန်းပြဆရာမ ဒေါ်ကေခိုင်စိုးအပါအဝင်  အသင်းတာဝန်ရှိ အမှုဆောင်(၂)ဦးတို့မှ ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၃၅)ဦး တက်ရောက်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 85 guests and no members online