Articles

စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၁/၂ဝ၁၃)ဖွင့်ပွဲ

တောင်ကြီး   နိုဝင်ဘာ   ၁၈

 

022

 

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးကြပ်၍ မြန်မာနိုင်ငံ စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း (ဗဟို) မန္တလေးမြို့နှင့် ပူးပေါင်းပြီး == စေတနာဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၁/၂ဝ၁၃)++အား တောင်ကြီးမြို့နယ် မိခင်နှင့်ကလေးအသင်းတိုက်၌ (၁၈-၁၁-၂ဝ၁၃)ရက်မှ (၂၂-၁၁-၂ဝ၁၃)ရက်ထိ (၅)ရက်ကြာ သင်တန်းဖွင့်လှစ်မည့် ဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားပေး ခဲ့ပါသည်။

 

အဆိုပါသင်တန်းသည် မူးယစ်ဆေးဝါးသုံးစွဲနေသူ လူငယ်များအား မူးယစ်ဆေး၏ သံသရာမှ ရနိုင်သမျှ ကယ်ထုတ်နိုင်ရေးအတွက်လည်းကောင်း၊ မူးယစ်ဆေးဝါးကြောင့် လူမှုရေးပြသနာများ ဖြစ်ပေါ်လာခြင်းမှ လျော့ပါးစေရန်၊ မူးယစ်ဆေးစွဲရောဂါကုသမှုခံယူပြီး ပြန်လည်ထူထောင်မှုခံယူပြီးနောက် မူးယစ်ဆေးဝါးအား ပြန်လည်မသုံးစွဲမိစေရန် လူထုနည်းဖြင့် နောက်ဆက်တွဲ ဆက်လက်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းဆင်းသင်တန်းသားများဖြင့် == စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း++နှင့် အသင်းခွဲများအား ပြည်နယ်/ တိုင်းဒေသကြီးများတွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တွင်လည်း အသင်းခွဲတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန်၊ ပြည်နယ်အတွင်းမူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးကဏအား ဖြည့်စွက်ဆောင်ရွက်သွားရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

 

သင်တန်းတွင် မူးယစ်ဆေးဝါးဆိုင်ရာ ဘာသာရပ်များအား လူမှုဝန်ထမ်းဦးစီးဌာန၊ မူးယစ်အထူးတပ်ဖွဲ့ (တောင်ကြီးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့)၊ စဝ်စံထွန်းဆေးရုံ (မူးယစ်ဆေးစွဲရောဂါကုသရေးဌာန)၊ စိတ်ပညာဌာန (တောင်ကြီးတက္ကသိုလ်)၊ တောင်ကြီးမြို့နယ်တရာရေး၊ တောင်ကြီးမြို့နယ်ဥပဒေရုံးနှင့်အတူ အသင်း၏ တွဲဘက်အတွင်းရေးမှူးဖြစ်သည့် အမက(၃၈) ချမ်းအေးသာဇံမှ အလယ်တန်းပြဆရာမ ဒေါ်ကေခိုင်စိုးအပါအဝင်  အသင်းတာဝန်ရှိ အမှုဆောင်(၂)ဦးတို့မှ ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၃၅)ဦး တက်ရောက်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

 

ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲကျင်းပ

တောင်ကြီး   နိုဝင်ဘာ  ၂၀

 

021

 

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲကို နိုဝင်ဘာ(၂၀)ရက်၊ နံနက်(၉)နာရီ(၁၅)မိနစ်က အဆိုပါ ကျေးရွာမုခ်ဦးရှေ့၌ ကျင်းပသည်။

 

   ပထမဦးစွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းဌေး၊ မာဃမြင့်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအုန်းမြင့်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု မီးလင်းရေးကော်မတီဥက္ကဌ ဦးအောင်သန်းပိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့က မုခ်ဦးရှေ့၌ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲဆိုင်းဘုတ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆိုင်းဘုတ်အား အမွှေးနံ့သာ ပက်ဖျန်းပေးကြသည်။

 

   ထို့နောက် အခမ်းအနား ဒုတိယပိုင်း ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က လျှပ်စစ်မီးလင်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းဌေးက လျှပ်စစ်မီးနှင့် ပတ်သက်၍ ရှင်းလင်းသည်။

 

   ၎င်းနောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက ဒေသဆိုင်ရာ အချက်အလက်များနှင့် ကျေးရွာမီးလင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြပြီး၊ ကျေးရွာအုပ်စုမီးလင်းရေးကော်မတီဥက္ကဌ ဦးအောင်သန်းပိုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ်အလံအား ဦးအောင်သန်းပိုက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ကို နေရာအရောက် ပေးအပ်ခဲ့ပြီး၊ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် သုခကာရီဒေါ်ခင်ရီ ကျောင်းဆောင်၌ ဆရာတော် ဦးဝိလာသအား လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ကြပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာအုပ်စုသို့ ဆက်လက်ထွက်ခွာလာရာ မိုင်းအင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော (၃)အုပ်စုလျှပ်စစ်မီးလင်းရေးကိစ္စ ညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ အခမ်းအနားတွင် (၁၂)ရွာမီးလင်းရေးကော်မတီဥက္ကဌ ဦးတင်ရွှေမှ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ထားရှိမှုတို့ ဆွေးနွေးတင်ပြသည်။

 

   ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှ လျှပ်စစ်မီးလင်းရေးဆောင်ရွက်ထားရှိမှုများကို ဖြည့်စွက်ဆွေးနွေး၍ လည်းကောင်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ လျှပ်စစ်မီးလင်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မိုင်းအင်ကျေးရွာမှ ထွက်ခွာလာရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိလာပြီး၊ ဓနုသော်တာအုပ်စုကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသော နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်းတယ) တည်ဆောက်ရေး စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးအရာရှိ ဦးနိုင်ဝင်းအောင်မှ အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တောင်ကြီးခရိုင်အင်ဂျင်နီယာမှူး ဦးကျော်သီဟမှ ဝန်ထမ်းအိမ်ယာခြောက်ခန်းတွဲ နှစ်ထပ်၊ လေးခန်းတွဲ နှစ်ထပ်၊ နှစ်ခန်းတွဲ နှစ်ထပ် ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အဆောက်အဦဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပင်းတယမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းမင်းထွဋ်မှ နှလုံးစမ်းသပ်စက်၊ ကလေးသူငယ်များ သွေးကြောရှာစက်အကြောင်းတို့ကို ရှင်းလင်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့က ဆေးရုံအတွင်း  လှည့်လည်ကြည့်ရှုကာ လူနာများကို ထောက်ပံ့ငွေများ ပေးအပ်၍ ဓါတ်မှန်ဆောင်သို့ ကြည့်ရှုကြကြောင်း သိရှိရသည်။

 

   ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေသခံမိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ လူထုကိုယ်စားလှယ်များနှင့် တွေ့ဆုံဆ

တောင်ကြီး   နိုဝင်ဘာ   ၁၉

 

020

 

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဆပ်ကော်မတီ ဥက္ကဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ လူထုကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ (၁၉)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ ဆပ်ကော်မတီ ဥက္ကဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းမှ အဖွင့်အမှာစကားပြောကြားသည်။

 

   ဆက်လက်၍ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်ဝင်း၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဝင်းမြင့်၊ ကယန်း(ပဒေါင်)တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလောရင်း တို့က ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်အတွင်းရှိ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြကော်မတီများတို့က အသီးသီးဆွေးနွေး တင်ပြကြသည်။

 

   ၎င်းနောက် တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှ ဆွေးနွေးတင်ပြကြပြီး၊ တိုင်းရင်းသားရေးရာဆပ်ကော်မတီ ဥက္ကဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ လူထုကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

၂၀၁၃ခုနှစ် ရှမ်းပြည်နယ်တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၁၈

 

019

 

   ၂၀၁၃ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ (၁၈)ရက် ညနေ(၅)နာရီက အဝေရာကုန်း သာယာမီးပုံးပျံကွင်း၌ ကျင်းပသည်။ ပထမဦးစွာ ဆုချီးမြှင့်ခြင်း အခမ်းအနားစတင်ရာ ဆုများကို အသီးသီး ချီးမြှင့်ပေးကြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ၊ ကိန္နရာ အကနှင့် ဓါးသိုင်းအကတို့ဖြင့် ကပြဖျော်ဖြေကြပြီး၊ တောင်ကြီးပညာရေးကော်လိပ်သင်တန်းသူလေးများနှင့် ရှမ်းပြည်နယ်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက "တန်ဆောင်တိုင်ည"သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

 

   ယင်းနောက် ကျောင်းသား/ကျောင်းသူများက အဝါရောင်၊ အနီရောင်၊ အစိမ်းရောင် မီးများကိုး ငြိမ်းကြပြီး တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ၁၃၇၅ခု တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပိတ်သိမ်းကြောင်း ကြော်ငြာပြီးနောက် တန်ဆောင်တိုင်ပွဲတော် အောင်မြင်ပြီးမြောက်ခြင်း၊ အထိမ်းအမှတ်မီးပုံးပျံ၊ မီးရှူး၊ မီးပန်းများဖြင့် ပစ်ဖောက်လွှတ်တင် ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးကောလိပ်မှ သင်တန်းသူများနှင့် ရှမ်းပြည်နယ်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ မီးပုံးပျံနေ့လွှတ်၊ ညလွှတ်ပြိုင်ပွဲဝင် ဆုရရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 105 guests and no members online