Articles

မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း(ရှမ်းပြည်နယ်)အသင်းရုံးဖွင့်ပွဲကျင်းပ

Normal 0 false false false EN-US X-NONE MY /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:"Calibri","sans-serif"; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:"Arial Unicode MS"; mso-bidi-theme-font:minor-bidi; mso-bidi-language:AR-SA;}

တောင်ကြီး       နိုဝင်ဘာ-၂

267

မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း (ရှမ်းပြည်နယ်)အသင်းရုံးဖွင့်ပွဲကို နိုင်ဝင်ဘာ(၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပသည်။

ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ် ဒုတိယဥက္ကဌ ဦးတင်မောင်ဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကုမ္ပဏီပြခန်းများအား လှည့်လည်ကြည့်ရူအားပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က တည်ဆောက်ရေးလုပ်ငန်းများသည် တိုင်းပြည် တစ်ပြည်ရဲ့ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးအခြေခံအဆောက်အဦးများဖွံ့ဖြိုးရေးဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်သစ်များ ဖန်တီးရရှိရေးတို့တွင် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါကြောင်းယခုဖွင့်လှစ်လိုက်သည့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း(ရှမ်းပြည်နယ်)ကို ဆောက်လုပ်ရေး ဆိုင်ရာအခက်အခဲများကိုကူညီဖြေရှင်းပေးနိုင်ရန် နည်းပညာသစ်များကိုဖြန့်ဝေပေးနိုင်ရန် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက်တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များနှင့်ဖွဲ့စည်းခဲ့ ကြကြောင်းဒေသတွင်းကန်ထရိုက်တာများအနေဖြင့်လည်း ဒေသတွင်းအတွေ့အကြုံများဖြင့် ကျေနပ်မနေဘဲ နိုင်ငံတကာအဆင့်မီအတွေ့အကြုံများ နည်းပညာများရယူပြီးပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားကြရန်နှင့် ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကောင်းမွန်အောင်ဆောင်ရွက်သဖြင့် လုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်လျင်ကုမ္ပဏီကို မှီခိုနေကြသည့် ဒေသခံပြည်သူလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများအထောက်အကူဖြစ်မှာ ဖြစ်ကြောင်းမိမိတို့ရှမ်းပြည်နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူလက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန်တိုက် တွန်းပြောကြားသွားကြောင်းသိရသည်။

ထို့နောက် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် ဒုတိယဥက္ကဌ ဦးတင်မောင်ဝင်းမှ အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းရှမ်းပြည်နယ်ဥက္ကဌ ဦးစိုးလင်းမှ အသင်းဖွဲ့စည်းခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း ရှမ်းပြည်နယ်ဒုတိယဥက္ကဌ ဦးအားဝေမှ ကုမ္ပဏီများအား ဂုဏ်ပြုလွှာပေးအပ်ရာ ကုမ္ပဏီအသီးသီးက လက်ခံရယူပြီး အမှတ်တရဓါတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နောင်တရားမြို့၌အစားထိုးသီးနှံပေးအပ်ပွဲတက်ရောက်

နောင်တရား         နိုဝင်ဘာ  -  ၁

266
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူနိုဝင်ဘာ(၁)ရက် နံနက် (၉)နာရီကပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ တီကျစ်မျိုးသန့်ခြံတွင် စိုက်ပျိုးထားသော နေကြာမျိုးစေ့ထုတ်စိုက်ခင်းအား သွားရောက်ကြည့်ရှုရာ တီကျစ်စိုက်ပျိုးရေးဦးစီးဌာနမှ ခြံမန်နေဂျာဦးမြင့်ထွန်းမှ ရှင်းလင်းကြောင်းသိရသည်။
အဆိုပါနေကြာမျိုးစေ့ထုတ်စိုက်ခင်းသည် စိုက်ဧက(၁၅)ဧကရှိပြီး မျိုးအမည်မှာရေဆင်း ၁ စပ်မျိုး နေကြာ ဖြစ်ပြီး စိုက်နည်းစနစ်တွင် ပန်းကြား၂.၅'×ပင်ကြား၉"နှင့် စိုက်ရက်မှာ ၂၀၁၉ခုနှစ်စက်တင်ဘာလ (၃၀) ရက်တွင် စစိုက်ကြောင်းသိရသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်တရားမြို့ စိုက်ပျိုးရေးအသိပညာပေးစင်တာတွင် တောင်သူများ၏လက်ကိုင်ဖုန်းများထဲသို့ စိုက်ပျိုးရေးနည်းပညာသုံး mobile Application ထည့်သွင်းပေးခြင်းနှင့် အစားထိုးသီးနှံစိုက်တောင်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်ရာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီမှူး ဦးတင်ဦးကြိုင်က အစားထိုးသီးနှံစိုက်ပျိုး ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းပြီး ထောက်ပံ့ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများမှ ကျူလီယာကွန်ပေါင်းမြေသြဇာ၊ ပေါင်းစည်လယ်ယာသဘာဝမြေသြဇာများ ပေးအပ်ရာ ပေါ့အင်၊ ပင်ခင်၊ မွေပြင်၊ လွယ်မော်ကျေးရွာ အုပ်စု(၄)ခုတို့မှကျေးရွာ(၇၇)ရွာ ကိုယ်စားလက်ခံရယူပြီး၊ တောင်သူများကိုယ်စား တောင်သူဦးခွန်ထွန်းရွှေမှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူဦးခွန်ထွန်းရွှေ၏ အစားထိုးသီးနှံစိုက်ပျိုးထားသော ထောပတ်နှင့်နှမ်းစိုက်ခင်းသို့ သွားရောက်ကြည့်ရှု ကြသည်။
ထို့နောက်ပအိုဝ်းကိုယ်ပိုင်ခွင့်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လင်ခံကျေးရွာရှိ အစေ့ထုတ်ပြောင်း ရိတ်သိမ်းချွေလှေ့နေမှုကိုကြည့်ရှုကြပြီး၊ ဗန်းမောက်ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာသို့ရောက်ရှိကာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိဦးဇော်ဝင်းထွန်းမှ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ပျိုးမှုနှင့် ပတ်သက်၍ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စပါးစိုက်ခင်းအားလှည့်လည်ကြည့်ရှု  ကြကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး    အောက်တိုဘာ   −   ၃၁

265
    ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၉)ကို အောက်တိုဘာ(၃၀)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြေယာကိစ္စ တင်ပြတိုင်ကြားမှုများအပေါ် စိစစ်ဖြေရှင်းဆောင်ရွက် ခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်သည့် မြေယာများကို သက်ဆိုင်သူများထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်း လုပ်ငန်းများကို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ချမှတ်ထားသော မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အညီ  စိစစ်ဖြေရှင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုလယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီလက်ထက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များမှ စုစုပေါင်းပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း(၁၅၉)မှု၊ မြေဧရိယာ(၃၁၃၇၁.၀၉၈)ဧကအနက် သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် စွန့်လွှတ်သည့် အမှုကိစ္စပေါင်း(၆၅)မှု၊ မြေဧရိယာ(၃၇၉၇.၈၉၆)ဧက အသုံးမပြု၍ ပိုလျှံသဖြင့် ပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း(၇၈)မှု၊ မြေဧရိယာ(၁၅၉၉၂.၆၃၂)ဧက၊ အခြားဝန်ကြီးဌာနများသို့ လွှဲပြောင်းရန်စွန့်လွှတ် သည့်အမှုကိစ္စပေါင်း(၁၆)မှု၊ မြေဧရိယာ(၁၁၅၈၀.၅၇၀)ဧကဖြစ်ပြီး ပြန်လည်စွန့်လွှတ်မြေများတွင် တောင်သူများထံ ပြန်လည် လွှဲအပ်နိုင်သော မြေဧရိယာ(၃၁၃၇၁.၀၉၈)ဧကအနက် မြေဧရိယာ(၃၀၃၂၆.၆၉၆)ဧကကို သက်ဆိုင်ရာလက်ဝယ်သို့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီး ကျန်မြေဧရိယာ(၁၀၀၃.၄၆၂)ဧကကို တောင်သူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် စိစစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် ယခုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပေးပို့လာသော မြေယာကိစ္စ တိုင်ကြားစာပေါင်း(၆၂၄)မှုရှိပြီး (၄၈၅)မှုကို စိစစ်ဖြေရှင်းဆောင်ရွက်ခဲ့ပြီး ကျန်ရှိ သည့်(၁၃၉)မှုကိုလည်း အမြန်ဆုံးပြီးပြတ်စေရေးအတွက် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအဆင့်ဆင့်က ဗဟိုကော်မတီ၏မူဝါဒနှင့် လုပ်ငန်းစဉ်(၅၂)ချက်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီစိစစ်ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်သည့် စုစုပေါင်းအမှုကိစ္စပေါင်း(၃၃၂)မှု၊ မြေဧရိယာ(၈၁၄၄၂.၁၅၇)ဧက၊ လွှဲပြောင်းပေးအပ်ပြီး ဧရိယာ (၈၀၃၉၃.၇၅၅)ဧက၊ လွှဲပြောင်းပေးရန်ကျန်ဧရိယာ(၁၀၀၇.၄၆၂)ဧက၊ မြေပြင်စိစစ်လျော့နည်းဧရိယာ(၄၀.၉၄၀)ဧကဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အမှုတစ်မှုချင်းအလိုက် ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသည့် ပြည်နယ်မြေစစ် ကော်မတီဝင်များနှင့် ခရိုင်မြေစစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက် အတွင်းရေးမှူးများက ဆွေးနွေးတင်ပြ၍ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

အပါတ်စဉ်(၄၂) ဆဋ္ဌမအကြိမ် သူနာပြုဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲ ကျင်းပ

တောင်ကြီး    အောက်တိုဘာ   −   ၃၁

264
    သူနာပြုသင်တန်းကျောင်း(တောင်ကြီး)၏ အပါတ်စဉ်(၄၂) ဆဋ္ဌမအကြိမ် သူနာပြုဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲ ကိုအောက်တိုဘာလ(၃၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက မောင်တို့မယ်တို့အနေဖြင့် (၃)နှစ်တိုင်တိုင် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်မှုကြောင့် ယခုလိုသူနာပြုဒီပလိုမာ အောင်လက်မှတ်ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ကြီးဖြစ်သည့်အတွက် ကမ္ဘာနှင့်အဝှမ်း နည်းပညာ တိုးတက်မှုများကလည်း မြန်ဆန် သောကြောင့် နိုင်ငံတစ်နိုင်ငံ တိုးတက်ရန်အတွက် သဘာဝသယံဇာတ အရင်းအမြစ်များရှိရန်လိုအပ်သလို လူ့စွမ်းအားအရင်းအမြစ် များပိုင်ဆိုင်နိုင်ရန် လိုအပ်ပါကြောင်း၊ အရည်အချင်းမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များများရှိလေ တိုင်းပြည်၏အင်အား ပို၍ကြီးမားလေလေဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်ကြောင်း၊ ယနေ့သင်တန်းဆင်း သူနာပြု၊ သားဖွား ဒီပလိုမာ အောင်လက်မှတ်ရရှိကြသည့် မောင်တို့မယ်တို့ကသိရှိပြီး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သလို သင်တန်းဆင်းပြီး လုပ်ငန်းခွင်ကို မကြာမီဝင်ရောက်ကြတော့မည့် မောင်တို့မယ်တို့အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းမှာရှိသည့် ဆေးရုံ နှင့်ဆေးပေးခန်း အခြေအနေများကို သိရှိရန်လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ခုတင်(၅၀၀)ဆံ့ဆေးရုံ(၂)ရုံ၊ ခုတင်(၂၀၀)ဆံ့ဆေးရုံ(၃)ရုံ၊ ခုတင်(၁၀၀)ဆံ့ဆေးရုံ(၂)ရုံ၊ ခုတင်(၅၀)ဆံ့ဆေးရုံ(၇)ရုံ၊ (၂၅)ခုတင်ဆံ့ဆေးရုံ(၁၆)ရုံ၊ (၁၆)ခုတင်ဆံ့ ဆေးရုံ(၃၈)ရုံနှင့် ကျေးလက်ကျန်းမာရေးဌာန(၂၈)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၃၈၂)၊ ဒေသန္တရကျန်းမာရေးဌာန(၂)ခု၊ ကျောင်းကျန်းမာရေးဌာန(၃)ခု၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန(၂၅)ခု၊ နယ်စပ်ဒေသ ဆေးပေးခန်း(၂)ခုရှိပြီး ၎င်းဌာနတွင် မောင်တို့မယ်တို့ သွားရောက်တာဝန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ဒီပလိုမာအောင်လက်မှတ်ရပြီး လုပ်ငန်းခွင်အသီးသီး ကိုဝင်ရောက်သည့်အခါတွင် နိုင်ငံတော်၏ကျေးဇူးသစ္စာကို အစဉ်ထာဝရစောင့်သိရိုသေကြပြီး ပြည်သူလူထုနှင့်ဆက်ဆံရာတွင် မေတ္တာ၊ စေတနာအရင်းခံပြီး ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ဆက်ဆံကြရန် အထူးမှာကြားလိုကြောင်း ပြောကြားသွားသည်။
    ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဒီပလိုမာ အောင်လက်မှတ်ရယူ ကြမည့်သူများအား ခန်းမအတွင်း ရင်းနှီးစွာနှုတ်ဆက်အားပေး စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 109 guests and no members online