Articles

သတၱမအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ ေတာင္ႀကီးၿမိဳ႕၌က်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၃

219

ျမန္မာႏိုင္ငံအေနျဖင့္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒကို ၂၀၀၅ခုႏွစ္ စက္တင္ဘာလ(၁၃)ရက္ေန႔တြင္ ျပဌာန္းခဲ့ၿပီး ဥပေဒျပဌာန္းခဲ့သည့္ စက္တင္ဘာလ(၁၃)ရက္ကို ျမန္မာႏိုင္ငံ၏ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အျဖစ္ ၂၀၁၃ ခုႏွစ္ ကသတ္မွတ္က်င္းပလာခဲ့ရာ ယခုဆိုလၽွင္ သတၱမအႀကိမ္ေျမာက္ရွိခဲ့ၿပီျဖစ္၍ ယေန႔စက္တင္ဘာလ(၁၃)ရက္ေန႔ နံနက္(၉)နာရီ ကေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ သတၱမအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ က်င္းပေၾကာင္းသိရ သည္။

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က လူကုန္ကူးမႈျပႆနာသည္ လူသားအခ်င္းခ်င္း စာနာမႈကင္းမဲ့စြာျဖင့္ ေခါင္းပုံျဖတ္အျမတ္ထုတ္သည့္ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈတစ္ခုျဖစ္ပါေၾကာင္း၊ လူကုန္ကူးမႈမ်ားသည္ ပုံသ႑ာန္၊ နည္းလမ္း မ်ိဳးစုံႏွင့္ ကမၻာ့ေနရာအႏွံ႔အျပားတြင္ ျဖစ္ပြားလ်က္ရွိၿပီး တစ္ကမၻာလုံးအတိုင္းအတာအေနျဖင့္ လူကုန္ကူးမႈ၏ ဒဏ္ခံေနရသည္ ကိုေတြ႕ရွိရပါေၾကာင္း၊ ႏိုင္ငံအလိုက္ ဆင္းရဲ၊ ခ်မ္းသာ ကြာဟမႈအေပၚမူတည္၍ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်သည့္ ႏိုင္ငံမ်ားသည္ လူကုန္ကူးမႈ၏ဆိုးက်ိဳးမ်ားကို ပိုခံစားေနရသည္ကို ေတြ႕ရွိရပါေၾကာင္း၊ အသက္အ႐ြယ္အလိုက္ လူကုန္ကူးခံရ သူအမ်ိဳးအစားကို ၾကည့္မည္ဆိုပါက အမ်ိဳးသား၂၉%၊ အမ်ိဳးသမီး၄၈%၊ ကေလးသူငယ္အမ်ိဳးသား၄%၊ အမ်ိဳးသမီး၁၉% ပါဝင္ ေၾကာင္းေဖာ္ျပထားသည္ကို ေတြ႕ရွိရပါေၾကာင္း၊ လူကုန္ကူးမႈအမ်ိဳးအစားမ်ားတြင္ လိင္ပိုင္းဆိုင္ရာ ေခါင္းပုံျဖတ္မႈ၆၀%၊ လုပ္အားေခါင္းပုံျဖတ္မႈ၃၈%၊ အျခားလူကုန္ကူးမႈ၂% ပါဝင္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားခဲ့သည့္ လူကုန္ကူးမႈအမ်ိဳးအစား မ်ားမွာအဓမၼထိမ္းျမားလက္ထပ္ျခင္း၊ အဓမၼျပည့္တန္ဆာျပဳျခင္း၊ အဓမၼခိုင္းေစျခင္း၊ ကေလးသူငယ္လူကုန္ကူးျခင္း၊ ေႂကြးၿမီႏွင့္ ေႏွာင္ဖြဲ႕ခိုင္းေစျခင္းဆိုသည့္ ပုံစံ(၅)မ်ိဳးျဖစ္ပြားခဲ့သည္ကိုေလ့လာေတြ႕ရွိရပါေၾကာင္း၊ ၂၀၁၈ခုႏွစ္အတြင္း လူကုန္ကူးမႈျဖစ္ပြား ခဲ့သည့္ အဓမၼထိမ္းျမားလက္ထပ္မႈ၇၅.၂၄%၊ အဓမၼျပည့္တန္ဆာျပဳမႈ၁၃.၅၉%၊ အဓမၼအလုပ္ခိုင္းေစမႈ၈.၇၄%၊ အငွားကိုယ္ဝန္ ေဆာင္မႈ၁.၉၄%၊ အဓမၼေမြးစားမႈ၀.၄၉% ျဖစ္ပြားခဲ့ေၾကာင္းႏွင့္ ႏိုင္ငံအလိုက္ဦးတည္ျဖစ္ပြားမႈအေနျဖင့္ တ႐ုတ္ႏိုင္ငံ၇၉.၆၁%၊ ထိုင္းႏိုင္ငံ၁.၄၆%၊ ျပည္တြင္း၁၈.၉၃% ျဖစ္ပြားခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံ၏လူကုန္ကူးမႈမ်ား ေဖာ္ထုတ္အေရးယူမႈအေနျဖင့္ ဆဌမ အႀကိမ္လူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔ ၿပီးဆုံးသည့္အခ်ိန္ကစ၍ ယေန႔အခ်ိန္ထိ လူကုန္ကူးမႈ(၂၁၀)မႈ၊ လူကုန္ကူးသူ က်ား(၃၂) ဦး၊ မ(၂၅၈)ဦး၊ စုစုေပါင္း(၂၉၀)ဦး စိစစ္သတ္မွတ္ႏိုင္ခဲ့ၿပီး လူကုန္ကူးသူတရားခံက်ား(၁၅၂)ဦး၊ မ(၃၃၄)ဦး၊ စုစုေပါင္း(၄၈၆)ဦး တို႔ကိုထိေရာက္ဟန္႔တားေလာက္သည့္ ျပစ္ဒဏ္ရရွိေရးေဆာင္႐ြက္ခဲ့ၿပီး၊ ရွမ္းျပည္နယ္အတြင္းတြင္ လူကုန္ကူးမႈ(၆၄)မႈ၊ လူကုန္ကူးသူ က်ား(၁)ဦး၊ မ(၉၄)ဦး၊ စုစုေပါင္း(၉၅)ဦး ကယ္တင္ႏိုင္ခဲ့ၿပီး လူကုန္ကူးသူတရားခံ က်ား(၅၃)ဦး၊ မ(၁၄၃)ဦး၊ စုစုေပါင္း(၁၉၆)ဦးတို႔ကို ထိေရာက္ျပစ္ဒဏ္ရရွိေရးေဆာင္႐ြက္ႏိုင္ခဲ့၍ လူကုန္ကူးမႈမ်ားကို စစ္ေဆးေဖာ္ထုတ္ရာတြင္ ျပစ္မႈ က်ဴးလြန္မႈမွရရွိသည့္ ေငြေၾကးပစၥည္းမ်ားကို ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒအရ အေရးယူမႈမ်ား ပိုမိုထိေရာက္ေအာင္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္းႏွင့္ ၂၀၁၉ခုႏွစ္ သတၱမအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ ေဆာင္ပုဒ္ ျဖစ္သည့္ “လူကုန္ကူးမႈအႏၲရာယ္ ဝိုင္းဝန္းပူးေပါင္းဒို႔ကာကြယ္” ဆိုသည့္ေဆာင္ပုဒ္ႏွင့္အညီ အားလုံးပူးေပါင္းပါဝင္ကူညီ ေဆာင္႐ြက္ေပးၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရး ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားအား (၁၀)မိနစ္စာေနာက္ခံစကားေျပာ ဗီဒီယိုေခြျပသကာ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားက “ယုံၾကည္ခ်က္သို႔ ေမၽွာလြင့္ရာ” လူကုန္ကူးမႈအသိပညာေပးဇာတ္လမ္း သ႐ုပ္ေဖာ္ျဖင့္တင္ဆက္ကျပ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ ျပည္နယ္လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးဗိုလ္မႉးႀကီးလွဦးတို႔မွ သ႐ုပ္ေဖာ္တင္ဆက္ကျပသည့္ အဖြဲ႕ေခါင္းေဆာင္မ်ား အားအမွတ္တရလက္ေဆာင္ေပးအပ္ခ်ီးျမႇင့္ၿပီး၊ ခန္းမအတြင္းခင္းက်င္းျပသထားေသာျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ အားေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၁၃

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ဥပဒေပြဌာန်းခဲ့သည့် စက်တင်ဘာလ(၁၃)ရက်ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ် ကသတ်မှတ်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် သတ္တမအကြိမ်မြောက်ရှိခဲ့ပြီဖြစ်၍ ယနေ့စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၉)နာရီ ကတောင်ကြီးမြို့ မြို့တော်ခန်းမတွင် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ကျင်းပကြောင်းသိရ သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လူကုန်ကူးမှုပြဿနာသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးမှုများသည် ပုံသဏ္ဍာန်၊ နည်းလမ်း မျိုးစုံနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် လူကုန်ကူးမှု၏ ဒဏ်ခံနေရသည် ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံအလိုက် ဆင်းရဲ၊ ချမ်းသာ ကွာဟမှုအပေါ်မူတည်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံများသည် လူကုန်ကူးမှု၏ဆိုးကျိုးများကို ပိုခံစားနေရသည်ကို တွေ့ရှိရပါကြောင်း၊ အသက်အရွယ်အလိုက် လူကုန်ကူးခံရ သူအမျိုးအစားကို ကြည့်မည်ဆိုပါက အမျိုးသား၂၉%၊ အမျိုးသမီး၄၈%၊ ကလေးသူငယ်အမျိုးသား၄%၊ အမျိုးသမီး၁၉% ပါဝင် ကြောင်းဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ လူကုန်ကူးမှုအမျိုးအစားများတွင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၆၀%၊ လုပ်အားခေါင်းပုံဖြတ်မှု၃၈%၊ အခြားလူကုန်ကူးမှု၂% ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုအမျိုးအစား များမှာအဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ကလေးသူငယ်လူကုန်ကူးခြင်း၊ ကြွေးမြီနှင့် နှောင်ဖွဲ့ခိုင်းစေခြင်းဆိုသည့် ပုံစံ(၅)မျိုးဖြစ်ပွားခဲ့သည်ကိုလေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း လူကုန်ကူးမှုဖြစ်ပွား ခဲ့သည့် အဓမ္မထိမ်းမြားလက်ထပ်မှု၇၅.၂၄%၊ အဓမ္မပြည့်တန်ဆာပြုမှု၁၃.၅၉%၊ အဓမ္မအလုပ်ခိုင်းစေမှု၈.၇၄%၊ အငှားကိုယ်ဝန် ဆောင်မှု၁.၉၄%၊ အဓမ္မမွေးစားမှု၀.၄၉% ဖြစ်ပွားခဲ့ကြောင်းနှင့် နိုင်ငံအလိုက်ဦးတည်ဖြစ်ပွားမှုအနေဖြင့် တရုတ်နိုင်ငံ၇၉.၆၁%၊ ထိုင်းနိုင်ငံ၁.၄၆%၊ ပြည်တွင်း၁၈.၉၃% ဖြစ်ပွားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏လူကုန်ကူးမှုများ ဖော်ထုတ်အရေးယူမှုအနေဖြင့် ဆဌမ အကြိမ်လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပြီးဆုံးသည့်အချိန်ကစ၍ ယနေ့အချိန်ထိ လူကုန်ကူးမှု(၂၁၀)မှု၊ လူကုန်ကူးသူ ကျား(၃၂) ဦး၊ မ(၂၅၈)ဦး၊ စုစုပေါင်း(၂၉၀)ဦး စိစစ်သတ်မှတ်နိုင်ခဲ့ပြီး လူကုန်ကူးသူတရားခံကျား(၁၅၂)ဦး၊ မ(၃၃၄)ဦး၊ စုစုပေါင်း(၄၈၆)ဦး တို့ကိုထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်ရရှိရေးဆောင်ရွက်ခဲ့ပြီး၊ ရှမ်းပြည်နယ်အတွင်းတွင် လူကုန်ကူးမှု(၆၄)မှု၊ လူကုန်ကူးသူ ကျား(၁)ဦး၊ မ(၉၄)ဦး၊ စုစုပေါင်း(၉၅)ဦး ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူတရားခံ ကျား(၅၃)ဦး၊ မ(၁၄၃)ဦး၊ စုစုပေါင်း(၁၉၆)ဦးတို့ကို ထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်နိုင်ခဲ့၍ လူကုန်ကူးမှုများကို စစ်ဆေးဖော်ထုတ်ရာတွင် ပြစ်မှု ကျူးလွန်မှုမှရရှိသည့် ငွေကြေးပစ္စည်းများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူမှုများ ပိုမိုထိရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၁၉ခုနှစ် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ် ဖြစ်သည့် “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းဒို့ကာကွယ်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အားလုံးပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအား (၁၀)မိနစ်စာနောက်ခံစကားပြော ဗီဒီယိုခွေပြသကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ယုံကြည်ချက်သို့ မျှောလွင့်ရာ” လူကုန်ကူးမှုအသိပညာပေးဇာတ်လမ်း သရုပ်ဖော်ဖြင့်တင်ဆက်ကပြ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးတို့မှ သရုပ်ဖော်တင်ဆက်ကပြသည့် အဖွဲ့ခေါင်းဆောင်များ အားအမှတ်တရလက်ဆောင်ပေးအပ်ချီးမြှင့်ပြီး၊ ခန်းမအတွင်းခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ ICRC အဖြဲ႕ႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၁

218

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္၊ ၫႊန္ၾကားေရးမႉးတို႔ႏွင့္အတူ စက္တင္ဘာ(၁၁)ရက္ ညေန(၃)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရ႐ုံး ျပည္နယ္ ဝန္ႀကီးခ်ဳပ္ Call ခန္းမတြင္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC)မွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ လက္နက္ကိုင္ ပဋိပကၡေၾကာင့္ ထိခိုက္ခံစားေနရေသာသူမ်ားအား လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကူညီေထာက္ပံ့ေပးႏိုင္ရန္အတြက္ သြားေရာက္ႏိုင္မည့္ အခြင့္အလမ္းကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ လာေရာက္ေတြ႕ဆုံေၾကာင္းသိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) Mr. Mosashi Tsudaka မွ ယခုလို ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံရသည္မွာ ဝမ္းသာပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္အေထြေထြလုပ္ငန္းမ်ားကို လုပ္ေဆာင္ရ သည့္ဒုတိယတာဝန္ခံျဖစ္ေၾကာင္းႏွင့္ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတင္ျပခြင့္ျပဳပါရန္၊ စက္တင္ဘာလတစ္လလုံးတြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)သို႔သြားေရာက္ရန္ရွိေၾကာင္း၊ အစိုးရအဖြဲ႕အေနျဖင့္ ICRC အဖြဲ႕ကို လုံၿခဳံေရးအရ သြားေရာက္မႈ ခြင့္မျပဳေၾကာင္းႏွင့္ မိမိတို႔သည္ လုပ္ငန္းအစီရင္ခံစာအရ သြားေရာက္ရန္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္ လား႐ႈိး၊ က်ိဳင္းတုံ၌ ဝန္ထမ္းမ်ားခန္႔အပ္၍ လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ၂၀၁၉ခုႏွစ္တြင္ လ်ာထားခ်က္မွာ ရွမ္းျပည္နယ္၌ က်ပ္သန္းေပါင္း(၆၀၀)ခြင့္ျပဳ ထားပါေၾကာင္း၊ အသုံးျပဳဘတ္ဂ်က္မ်ားကို အေဆာက္အဉီမ်ားအတြက္ အသုံးျပဳၿပီး၊ ျမန္မာႏိုင္ငံရွိ က်န္းမာေရးဌာနအေဆာက္အဉီ မ်ားျပန္လည္ျပဳျပင္သည့္ ေနရာအသုံးျပဳၿပီး တိုက္ပြဲေရွာင္ေဒသမ်ားတြင္လည္း အသုံးျပဳသြားမည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ ၈၀%လုပ္ငန္းၿပီးစီးၿပီး တိုက္ပြဲအေျခအေနေၾကာင့္ ၂၀%လုပ္ငန္းရပ္ဆိုင္းထားရေၾကာင္း၊ ေက်ာက္မဲၿမိဳ႕တြင္ အေရးေပၚအေဆာက္အဉီႏွင့္ လူနာတင္ယာဥ္ကားမ်ားကို စြမ္းရည္ျမႇင့္တင္ေရးအပိုင္းတြင္ ကူညီေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ နမ့္စန္ၿမိဳ႕နယ္ႏွင့္ ေမာက္မယ္ၿမိဳ႕နယ္တို႔၌ အေဆာက္အဉီကိစၥမ်ား ေဆာင္႐ြက္ေပးႏိုင္ေၾကာင္း၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ မိုင္းပ်ဥ္းၿမိဳ႕ႏွင့္ ပုံပါက်င္ၿမိဳ႕တို႔တြင္ လုပ္ငန္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံၾကက္ေျခနီ အသင္းႏွင့္ပူးေပါင္း၍ ေျခေထာက္ျပတ္သူမ်ားႏွင့္ ပညာေပးလုပ္ငန္းမ်ားကို ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဆြးေႏြး သြားသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ယခုလို အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) ႏွင့္ေတြ႕ဆုံရသည္မွာ ေက်းဇူးတင္ရွိပါေၾကာင္း၊ ဒုတိယသက္တမ္းကာလ တာဝန္ယူခ်ိန္တြင္ ICRC အဖြဲ႕ႏွင့္ ၫွိႏႈိင္းတိုင္ပင္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ICRC ႀကဳံေတြ႕ေနရသည့္အခက္အခဲမ်ားကို ေတြ႕ရွိေနရပါေၾကာင္း၊ စက္တင္ဘာလတြင္ ေျမျပင္ အေနအထားကို အစိုးရအဖြဲ႕ထက္ ICRC မွပိုမိုသိရွိမွာျဖစ္ေၾကာင္း၊ တစ္ခ်ိဳ႕ေနရာတြင္ တိုင္းရင္းသားလက္နက္ကိုင္မ်ား ႐ြာသားႏွင့္ ေရာေႏွာေနထိုင္ၿပီး တိုက္ပြဲမ်ားျဖစ္ေနပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ထာဝရၿငိမ္းခ်မ္းေရးကို ဦးထိပ္ထား၍ အရပ္သားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားကို အလြန္အမင္းတိုက္ခိုက္မႈမ်ားမလုပ္ပါေၾကာင္း၊ ၎ေနရာ၌ ICRC မွကူညီေဆာင္႐ြက္ေပး သည့္ေနရာျဖစ္၍ အခ်ိဳ႕ေနရာတြင္ ICRC အေနျဖင့္ အႏၲရာယ္ရွိႏိုင္ပါေၾကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ႏွင့္(အေရွ႕ပိုင္း)ကို သြားလာၿမဲသြားလာႏိုင္ေၾကာင္း၊ ေျမာက္ပိုင္းတြင္အႏၲရာယ္ရွိပါေၾကာင္း၊ တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔တိုင္ပင္၍ ICRC အဖြဲ႕ကို အႏၲရာယ္ကင္းအခြင့္အလမ္းရွိပါက အစိုးရအဖြဲ႕အေနျဖင့္ ခြင့္ျပဳေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံတကာလာေရာက္ေနထိုင္ သည့္ဝန္ထမ္းမ်ားကို အစိုးရအဖြဲ႕ရွိဝန္ထမ္းမ်ားထက္ လုံၿခဳံေရးကိုပိုမိုေဆာင္႐ြက္ထားရွိရပါေၾကာင္း၊ ယခုလိုအႏၲရာယ္ၾကားထဲ မွရွမ္းျပည္နယ္အတြက္ ကူညီေပးသည္ကို အၿမဲတမ္းသတိရေနမွာျဖစ္ေၾကာင္း၊ ICRC ႏွင့္ေတြ႕ႏိုင္ရန္ လုံၿခဳံေရးတာဝန္ယူထား သည့္ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးမွာ အေရးႀကီးကိစၥျဖင့္ ေနျပည္ေတာ္သို႔အစည္းအေဝး တက္ေရာက္ေနပါ ေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္ ရွမ္းျပည္နယ္ကို ICRC အဖြဲ႕မွကူညီေပးသည့္အတြက္ေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ နားလည္မႈရွိေပးႏိုင္ ရန္ေျပာၾကားသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး စက်တင်ဘာ   −   ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ညွှန်ကြားရေးမှူးတို့နှင့်အတူ စက်တင်ဘာ(၁၁)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ် ဝန်ကြီးချုပ် Call ခန်းမတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသောသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သွားရောက်နိုင်မည့် အခွင့်အလမ်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) Mr. Mosashi Tsudaka မှ ယခုလို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရသည်မှာ ဝမ်းသာပါကြောင်း၊ ရှမ်းပြည်နယ်တွင်အထွေထွေလုပ်ငန်းများကို လုပ်ဆောင်ရ သည့်ဒုတိယတာဝန်ခံဖြစ်ကြောင်းနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြခွင့်ပြုပါရန်၊ စက်တင်ဘာလတစ်လလုံးတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့သွားရောက်ရန်ရှိကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ICRC အဖွဲ့ကို လုံခြုံရေးအရ သွားရောက်မှု ခွင့်မပြုကြောင်းနှင့် မိမိတို့သည် လုပ်ငန်းအစီရင်ခံစာအရ သွားရောက်ရန်ရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် လားရှိုး၊ ကျိုင်းတုံ၌ ဝန်ထမ်းများခန့်အပ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ခုနှစ်တွင် လျာထားချက်မှာ ရှမ်းပြည်နယ်၌ ကျပ်သန်းပေါင်း(၆၀၀)ခွင့်ပြု ထားပါကြောင်း၊ အသုံးပြုဘတ်ဂျက်များကို အဆောက်အဉီများအတွက် အသုံးပြုပြီး၊ မြန်မာနိုင်ငံရှိ ကျန်းမာရေးဌာနအဆောက်အဉီ များပြန်လည်ပြုပြင်သည့် နေရာအသုံးပြုပြီး တိုက်ပွဲရှောင်ဒေသများတွင်လည်း အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၈၀%လုပ်ငန်းပြီးစီးပြီး တိုက်ပွဲအခြေအနေကြောင့် ၂၀%လုပ်ငန်းရပ်ဆိုင်းထားရကြောင်း၊ ကျောက်မဲမြို့တွင် အရေးပေါ်အဆောက်အဉီနှင့် လူနာတင်ယာဉ်ကားများကို စွမ်းရည်မြှင့်တင်ရေးအပိုင်းတွင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နမ့်စန်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့၌ အဆောက်အဉီကိစ္စများ ဆောင်ရွက်ပေးနိုင်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုင်းပျဉ်းမြို့နှင့် ပုံပါကျင်မြို့တို့တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့်ပူးပေါင်း၍ ခြေထောက်ပြတ်သူများနှင့် ပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး သွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့်တွေ့ဆုံရသည်မှာ ကျေးဇူးတင်ရှိပါကြောင်း၊ ဒုတိယသက်တမ်းကာလ တာဝန်ယူချိန်တွင် ICRC အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ICRC ကြုံတွေ့နေရသည့်အခက်အခဲများကို တွေ့ရှိနေရပါကြောင်း၊ စက်တင်ဘာလတွင် မြေပြင် အနေအထားကို အစိုးရအဖွဲ့ထက် ICRC မှပိုမိုသိရှိမှာဖြစ်ကြောင်း၊ တစ်ချို့နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်များ ရွာသားနှင့် ရောနှောနေထိုင်ပြီး တိုက်ပွဲများဖြစ်နေပါကြောင်း၊ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ဦးထိပ်ထား၍ အရပ်သားနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို အလွန်အမင်းတိုက်ခိုက်မှုများမလုပ်ပါကြောင်း၊ ၎င်းနေရာ၌ ICRC မှကူညီဆောင်ရွက်ပေး သည့်နေရာဖြစ်၍ အချို့နေရာတွင် ICRC အနေဖြင့် အန္တရာယ်ရှိနိုင်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့်(အရှေ့ပိုင်း)ကို သွားလာမြဲသွားလာနိုင်ကြောင်း၊ မြောက်ပိုင်းတွင်အန္တရာယ်ရှိပါကြောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့တိုင်ပင်၍ ICRC အဖွဲ့ကို အန္တရာယ်ကင်းအခွင့်အလမ်းရှိပါက အစိုးရအဖွဲ့အနေဖြင့် ခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာလာရောက်နေထိုင် သည့်ဝန်ထမ်းများကို အစိုးရအဖွဲ့ရှိဝန်ထမ်းများထက် လုံခြုံရေးကိုပိုမိုဆောင်ရွက်ထားရှိရပါကြောင်း၊ ယခုလိုအန္တရာယ်ကြားထဲ မှရှမ်းပြည်နယ်အတွက် ကူညီပေးသည်ကို အမြဲတမ်းသတိရနေမှာဖြစ်ကြောင်း၊ ICRC နှင့်တွေ့နိုင်ရန် လုံခြုံရေးတာဝန်ယူထား သည့်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှာ အရေးကြီးကိစ္စဖြင့် နေပြည်တော်သို့အစည်းအဝေး တက်ရောက်နေပါ ကြောင်း၊ မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်ကို ICRC အဖွဲ့မှကူညီပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်းနှင့် နားလည်မှုရှိပေးနိုင် ရန်ပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာသို႔ ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး စက္တင္ဘာ   −   ၉

217

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မရပ္ကြက္ နယ္ေျမ(၃) အေနာက္ၿမိဳ႕ပတ္လမ္းရွိ ကုန္းသာပရိယတၱိ စာသင္တိုက္ ေက်ာင္းေျမအတြင္းမွ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းခဲ့ရာ ေက်ာင္းေအာက္ေျခအနိမ့္ ပိုင္းရွိေတာင္၊ ေျမာက္ အလ်ား(၁၅၀)ေပခန္႔ ေျမသားမ်ား တျဖည္းျဖည္းၿပိဳဆင္းခဲ့ရာ ၿမိဳ႕မရပ္ကြက္ အေနာက္ၿမိဳ႕ပတ္လမ္း ေနထိုင္သူ ဦးခြန္ကိုကိုႀကီးေနအိမ္၊ ဦးခြန္ၾကည္ RC ႏွစ္ထပ္ေနအိမ္၊ ဦးအုန္းေမာင္(၆)ထပ္ RCေနအိမ္အေပၚသို႔ ေျမမ်ားက်ဆင္း ခဲ့ၿပီး အိမ္၏အေနာက္ပိုင္းေအာက္ေျခအနည္းငယ္ပ်က္စီး၍ လူထိခိုက္ဒဏ္ရာရရွိမႈႏွင့္ ေသဆုံးသူမရွိေၾကာင္းသိရသည္။

အဆိုပါ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာသို႔ စက္တင္ဘာ(၉)ရက္ နံနက္(၉)နာရီ ခြဲကရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ျပည္နယ္ဝန္ႀကီး မ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားတို႔ႏွင့္အတူ ကြင္းဆင္းၾကည့္႐ႈစစ္ေဆးရာ ၎အနီးဝန္းက်င္ရွိေနအိမ္မ်ားဆက္လက္၍ အႏၲရာယ္ရွိႏိုင္သျဖင့္ ေျပာင္းေ႐ႊ႕ေနထိုင္ရန္သင့္ေၾကာင္းႏွင့္ တာဝန္ရွိသူမ်ားအား လိုအပ္သည္မ်ားကို ျဖည့္စြက္မွာၾကားခဲ့ၿပီး၊ ျပည္သူ မ်ားအႏၲရာယ္မျဖစ္ေစႏိုင္ေရးအတြက္ ႀကိဳတင္၍တပ္မေတာ္သားမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ားတို႔မွ သစ္ပင္မ်ား၊ ၿခဳံႏြယ္မ်ားရွင္းလင္းကာ ေျမမ်ားၿပိဳဆင္းမႈမရွိႏိုင္ရန္အတြက္ ေျမထိန္းနံရံမ်ား ႀကိဳတင္ကာကြယ္ျပဳလုပ္ေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာသို့ ကွင်းဆင်းကြည့်ရှု

တောင်ကြီး စက်တင်ဘာ   −   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မြို့မရပ်ကွက် နယ်မြေ(၃) အနောက်မြို့ပတ်လမ်းရှိ ကုန်းသာပရိယတ္တိ စာသင်တိုက် ကျောင်းမြေအတွင်းမှ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းခဲ့ရာ ကျောင်းအောက်ခြေအနိမ့် ပိုင်းရှိတောင်၊ မြောက် အလျား(၁၅၀)ပေခန့် မြေသားများ တဖြည်းဖြည်းပြိုဆင်းခဲ့ရာ မြို့မရပ်ကွက် အနောက်မြို့ပတ်လမ်း နေထိုင်သူ ဦးခွန်ကိုကိုကြီးနေအိမ်၊ ဦးခွန်ကြည် RC နှစ်ထပ်နေအိမ်၊ ဦးအုန်းမောင်(၆)ထပ် RCနေအိမ်အပေါ်သို့ မြေများကျဆင်း ခဲ့ပြီး အိမ်၏အနောက်ပိုင်းအောက်ခြေအနည်းငယ်ပျက်စီး၍ လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးသူမရှိကြောင်းသိရသည်။

အဆိုပါ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာသို့ စက်တင်ဘာ(၉)ရက် နံနက်(၉)နာရီ ခွဲကရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ၎င်းအနီးဝန်းကျင်ရှိနေအိမ်များဆက်လက်၍ အန္တရာယ်ရှိနိုင်သဖြင့် ပြောင်းရွှေ့နေထိုင်ရန်သင့်ကြောင်းနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး၊ ပြည်သူ များအန္တရာယ်မဖြစ်စေနိုင်ရေးအတွက် ကြိုတင်၍တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့မှ သစ်ပင်များ၊ ခြုံနွယ်များရှင်းလင်းကာ မြေများပြိုဆင်းမှုမရှိနိုင်ရန်အတွက် မြေထိန်းနံရံများ ကြိုတင်ကာကွယ်ပြုလုပ်ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

(၅၃)ႏွစ္ေျမာက္ ႏိုင္ငံတကာ စာတတ္ေျမာက္ေရးေန႔အထိမ္းအမွတ္ ေတာင္ႀကီးၿမိဳ႕၌က်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၉

216

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ (၅၃)ႏွစ္ေျမာက္ ႏိုင္ငံတကာ စာတတ္ေျမာက္ေရးေန႔အထိမ္းအမွတ္အခမ္းအနားကို စက္တင္ဘာ (၈)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕ အမွတ္(၅) အေျခခံပညာအထက္တန္းေက်ာင္း စိန္ျမင္းမိုရ္ခန္းမ၌က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က နည္းပညာရပ္မ်ား အရွိန္အဟုန္ျမင့္မားစြာ တိုးတက္ ေနသည္မွာ စာမတတ္သူမ်ားအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ၿပီး လူ႕အဖြဲ႕အစည္းအတြင္း ရပ္တည္ႏိုင္ရန္၊ အလုပ္အကိုင္ အခြင့္အလမ္း ရရွိႏိုင္ရန္၊ လူမႈစီးပြားပတ္ဝန္းက်င္ေကာင္းမ်ား ဖန္တီးႏိုင္ရန္အတြက္ အေျခခံ အေရး၊ အဖတ္၊ အတြက္အခ်က္ စြမ္းရည္မ်ားရွိ ႐ုံျဖင့္မလုံေလာက္ပါေၾကာင္း၊ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာ အသစ္အဆန္းမ်ားကို အသုံးျပဳႏိုင္မည့္ စြမ္းရည္မ်ားရရွိရန္လည္း လိုအပ္ပါေၾကာင္း၊ ေဝးလံခက္ခဲေသာေဒသရွိ တိုင္းရင္းသားကေလးလူငယ္မ်ား၏ သင္ယူတတ္ေျမာက္မႈ အတြက္လည္း ေက်ာင္းပညာေရးႏွင့္အတူ တိုင္းရင္းသားဘာသာစာေပမ်ားကို တြဲဖက္သင္ေပးျခင္းျဖင့္ တတ္ေျမာက္မႈစြမ္းရည္ ျမႇင့္တင္ေပးလ်က္ရွိပါေၾကာင္း၊ ကေလးသူငယ္ဘဝတြင္ အေျခခံအေရး၊ အဖတ္အတြက္ စြမ္းရည္ရရွိႏိုင္မွာျဖစ္ၿပီး၊ ထိုမွတစ္ဆင့္ လူငယ္ဘဝမွ လုပ္ငန္းခြင္ဝင္ေရာက္ရန္၊ ပညာဆက္လက္ဆည္းပူးရန္ ေလ့လာမႈမ်ား ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊ အမ်ားႏွင့္တန္းတူ နည္းပညာရပ္မ်ား၊ ဘာသာရပ္မ်ားကိုေလ့လာႏိုင္ရန္ ကမၻာတစ္ဝွမ္းမွာရွိသည့္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ေလ့လာသိရွိႏိုင္ရန္၊ ႏိုင္ငံျခားဘာသာစာေပမ်ားကို ေလ့လာသိရွိရန္ လိုအပ္ပါေၾကာင္း၊ ပညာေရး၏အေျခခံျဖစ္ေသာ စာတတ္ေျမာက္ ေရးလႈပ္ရွားမႈမွတစ္ဆင့္ စာတတ္ေျမာက္ျခင္း၏ အက်ိဳးဆက္ျဖစ္ေသာ ဆင္းရဲႏြမ္းပါးမႈ ေလ်ာ့နည္းျခင္း၊ အလုပ္အကိုင္ အခြင့္အလမ္း ရရွိျခင္း၊ မိခင္ႏွင့္ကေလးသူငယ္မ်ား က်န္းမာေရးအသိမ်ားတိုးပြားျခင္း၊ ေခတ္မီနည္းပညာရပ္မ်ား ဆက္လက္ဆည္းပူးႏိုင္ ျခင္း၊ ဆန္းသစ္တီထြင္ ဖန္တီးႏိုင္စြမ္းရွိျခင္းစသည့္ အခြင့္အလမ္းေကာင္းမ်ားရရွိေအာင္ အားလုံးဝိုင္းဝန္းႀကိဳးပမ္းၿပီး၊ လူတိုင္းစာ တတ္ေျမာက္ေရးလုပ္ငန္းမ်ားကို သမိုင္းေပးတာဝန္တစ္ရပ္အျဖစ္ အေလးအနက္ေဆာင္႐ြက္သြားၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ယူနစ္စကို ၫႊန္ၾကားေရးမႉးခ်ဳပ္၏ ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔သဝဏ္လႊာကို ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္ကဖတ္ၾကားၿပီး၊ ၂၀၁၉ခုႏွစ္ ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔ အထိမ္းအမွတ္စာစီစာကုံးႏွင့္ ပိုစတာၿပိဳင္ပြဲ ဆုရရွိသူမ်ားကို ဆုခ်ီးျမႇင့္ရာ အထက္တန္းဆင့္(စာစီစာကုံး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ)၊ အလယ္ တန္းဆင့္(စာစီစာကုံး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ)ႏွင့္ မူလတန္းဆင့္(စာစီစာကုံး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ) မ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း တို႔မွအသီးသီးေပးအပ္ခဲ့ၾကသည္။

ထို႔ေနာက္ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက “တို႔အင္တို႔အား” သီခ်င္း ႏွင့္ အမွတ္(၄) အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက “ျမန္မာ့ေက်ာင္း” သီခ်င္းျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူတို႔က ခန္းမအတြင္း ခင္းက်င္းျပသထားေသာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္းသိရွိ ရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 (၅၃)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ် (၅၃)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ (၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နည်းပညာရပ်များ အရှိန်အဟုန်မြင့်မားစွာ တိုးတက် နေသည်မှာ စာမတတ်သူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း ရပ်တည်နိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရန်၊ လူမှုစီးပွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရန်အတွက် အခြေခံ အရေး၊ အဖတ်၊ အတွက်အချက် စွမ်းရည်များရှိ ရုံဖြင့်မလုံလောက်ပါကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အသစ်အဆန်းများကို အသုံးပြုနိုင်မည့် စွမ်းရည်များရရှိရန်လည်း လိုအပ်ပါကြောင်း၊ ဝေးလံခက်ခဲသောဒေသရှိ တိုင်းရင်းသားကလေးလူငယ်များ၏ သင်ယူတတ်မြောက်မှု အတွက်လည်း ကျောင်းပညာရေးနှင့်အတူ တိုင်းရင်းသားဘာသာစာပေများကို တွဲဖက်သင်ပေးခြင်းဖြင့် တတ်မြောက်မှုစွမ်းရည် မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်ဘဝတွင် အခြေခံအရေး၊ အဖတ်အတွက် စွမ်းရည်ရရှိနိုင်မှာဖြစ်ပြီး၊ ထိုမှတစ်ဆင့် လူငယ်ဘဝမှ လုပ်ငန်းခွင်ဝင်ရောက်ရန်၊ ပညာဆက်လက်ဆည်းပူးရန် လေ့လာမှုများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အများနှင့်တန်းတူ နည်းပညာရပ်များ၊ ဘာသာရပ်များကိုလေ့လာနိုင်ရန် ကမ္ဘာတစ်ဝှမ်းမှာရှိသည့် ပြုပြင်ပြောင်းလဲမှုများကို လေ့လာသိရှိနိုင်ရန်၊ နိုင်ငံခြားဘာသာစာပေများကို လေ့လာသိရှိရန် လိုအပ်ပါကြောင်း၊ ပညာရေး၏အခြေခံဖြစ်သော စာတတ်မြောက် ရေးလှုပ်ရှားမှုမှတစ်ဆင့် စာတတ်မြောက်ခြင်း၏ အကျိုးဆက်ဖြစ်သော ဆင်းရဲနွမ်းပါးမှု လျော့နည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိခြင်း၊ မိခင်နှင့်ကလေးသူငယ်များ ကျန်းမာရေးအသိများတိုးပွားခြင်း၊ ခေတ်မီနည်းပညာရပ်များ ဆက်လက်ဆည်းပူးနိုင် ခြင်း၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိခြင်းစသည့် အခွင့်အလမ်းကောင်းများရရှိအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းပြီး၊ လူတိုင်းစာ တတ်မြောက်ရေးလုပ်ငန်းများကို သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် အလေးအနက်ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ယူနစ်စကို ညွှန်ကြားရေးမှူးချုပ်၏ နိုင်ငံတကာစာတတ်မြောက်ရေးနေ့သဝဏ်လွှာကို ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်ကဖတ်ကြားပြီး၊ ၂၀၁၉ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲ ဆုရရှိသူများကို ဆုချီးမြှင့်ရာ အထက်တန်းဆင့်(စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ)၊ အလယ် တန်းဆင့်(စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ)နှင့် မူလတန်းဆင့်(စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ) များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တို့မှအသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “တို့အင်တို့အား” သီချင်း နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိ ရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 64 guests and no members online

Latest Updates