Articles

ျမန္မာ−တ႐ုတ္နယ္စပ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ တည္ေထာင္အေကာင္အထည္ေဖာ္ေရးဆိုင္ရာ ဗဟိုေကာ္မတီ တတိယအႀကိမ္ လုပ္ငန္းၫွိႏႈိင္း အစည္းအေဝးက်င္းပ

ေတာင္ႀကီး ဇူလိုင္   −   ၂၆

177

ျမန္မာ−တ႐ုတ္နယ္စပ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ တည္ေထာင္အေကာင္အထည္ေဖာ္ေရးဆိုင္ရာ ဗဟို ေကာ္မတီ တတိယအႀကိမ္ လုပ္ငန္းၫွိႏႈိင္း အစည္းအေဝးကို ဇူလိုင္(၂၆)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္ အစိုးရ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပသည္။

ျမန္မာ−တ႐ုတ္နယ္စပ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ တည္ေထာင္အေကာင္အထည္ေဖာ္ေရးဆိုင္ရာ ဗဟို ေကာ္မတီဥကၠ႒ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးဦးသန္းျမင့္က အဖြင့္အမွာစကား ေျပာၾကားၿပီး၊ ျမန္မာ−တ႐ုတ္နယ္စပ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ တည္ေထာင္အေကာင္အထည္ေဖာ္ေရးဆိုင္ရာ ဗဟို

ေကာ္မတီ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္တို႔က ေဆြးေႏြးေျပာၾကားကာ ကိုးကန္႔ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးဥကၠ႒ ဦးတယ္ေက်ာက္ခ်န္မွ ေဆြးေႏြးေျပာၾကားသည္။

ဆက္လက္၍ ျမန္မာ−တ႐ုတ္နယ္စပ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ (ခ်င္းေ႐ႊေဟာ္−မိန္႔တိန္၊ လင္ခ်န္း) တည္ေထာင္ အေကာင္အထည္ေဖာ္ေရး ေဆာင္႐ြက္ေနမႈအေျခအေနအား ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ အတြင္းေရးမႉး ဦးထြန္းေက်ာ္ေက်ာ္မွ ရွင္းလင္းတင္ျပ၍ ကန္ပိုက္တီ−ဟိုေခ်ာင္၊ ထိန္ခ်ဳံး Economic Zone တည္ေဆာက္ရန္ အတြက္ MIC သို႔တင္ျပထားရွိမႈအေျခအေနအား ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ဘ႑ာအခြန္၊ စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီး ဦးေဝလင္းမွ ရွင္းလင္းတင္ျပေၾကာင္း သိရသည္။

ထို႔ေနာက္ ျမန္မာ−တ႐ုတ္နယ္စပ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္မ်ားႏွင့္ ပတ္သက္၍ ေဆာင္႐ြက္ထားရွိမႈ အေျခအေနအား ျမန္မာ−တ႐ုတ္နယ္စပ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ တည္ေထာင္အေကာင္အထည္ေဖာ္ေရးဆိုင္ရာ ဗဟိုေကာ္မတီ တြဲဖက္အတြင္းေရးမႉး၊ ကုန္သြယ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးမင္းမင္းကရွင္းလင္းတင္ျပၿပီး၊ တက္ေရာက္လာေသာ ဗဟိုေကာ္မတီဝင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ားက ေဆြးေႏြးတင္ျပၾကကာ အေထြေထြေဆြးေႏြးၾက၍ ျမန္မာ−တ႐ုတ္နယ္စပ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္ တည္ေထာင္အေကာင္အထည္ေဖာ္ေရးဆိုင္ရာ ဗဟိုေကာ္မတီ ဥကၠ႒ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးဦးသန္းျမင့္က နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားခဲ့ ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာ−တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဇူလိုင်   −   ၂၆

မြန်မာ−တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟို ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်(၂၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာ−တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟို ကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြန်မာ−တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟို

ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က ဆွေးနွေးပြောကြားကာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးတယ်ကျောက်ချန်မှ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာ−တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် (ချင်းရွှေဟော်−မိန့်တိန်၊ လင်ချန်း) တည်ထောင် အကောင်အထည်ဖော်ရေး ဆောင်ရွက်နေမှုအခြေအနေအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းကျော်ကျော်မှ ရှင်းလင်းတင်ပြ၍ ကန်ပိုက်တီ−ဟိုချောင်၊ ထိန်ချုံး Economic Zone တည်ဆောက်ရန် အတွက် MIC သို့တင်ပြထားရှိမှုအခြေအနေအား ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းမှ ရှင်းလင်းတင်ပြကြောင်း သိရသည်။

ထို့နောက် မြန်မာ−တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေအား မြန်မာ−တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းကရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသော ဗဟိုကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများက ဆွေးနွေးတင်ပြကြကာ အထွေထွေဆွေးနွေးကြ၍ မြန်မာ−တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 161 guests and no members online