ၿမိဳ႕နယ္အလိုက္ အသက္(၂၅)ႏွစ္ေအာက္ အမ်ိဳးသမီးေဘာ္လီေဘာၿပိဳင္ပြဲဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ေမ - ၃

 65

ရွမ္းျပည္နယ္အမ်ိဳးသမီး အားကစားဆပ္ေကာ္မတီနာယကဖလား ၿမိဳ႕နယ္အလိုက္ အသက္ (၂၅) ႏွစ္ေအာက္ အမ်ိဳးသမီးေဘာ္လီေဘာၿပိဳင္ပြဲဆုခ်ီးျမႇင့္ပြဲကို ေမ ၂ ရက္ မြန္းလြဲ ၂ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္အားကစားေလ့က်င့္႐ုံ၌ က်င္းပေၾကာင္းသိရသည္။

ဆက္လက္၍ ဗိုလ္လုပြဲအျဖစ္ လား႐ႈိးအသင္းႏွင့္ သီေပါအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကရာ သီေပါအသင္းမွ ၃ ပြဲျပတ္ျဖင့္ အႏိုင္ရဗိုလ္စြဲၿပီး၊ ဆုခ်ီးျမႇင့္ပြဲက်င္းပရာ အမ်ိဳးသမီး ေဘာ္လီေဘာ ၿပိဳင္ပြဲ  ပြဲစဥ္တစ္ေလၽွာက္အေကာင္းဆုံးဆုရရွိေသာ သီေပါ ၿမိဳ႕နယ္အသင္းမွ မခိုင္သဇင္ထြန္းအား ဆုတံဆိပ္ႏွင့္ေငြသား ၅ ေသာင္းက်ပ္ကို ရွမ္းျပည္နယ္အမ်ိဳးသမီးအားကစားအဖြဲ႕ ဆပ္ေကာ္မတီ အတြင္းေရးမႉး ေဒၚမူမူမွ ဆုခ်ီးျမႇင့္၍လည္းေကာင္း၊ အသင္းလိုက္ပူးတြဲတတိယဆုရရွိေသာ ေညာင္ေ႐ႊၿမိဳ႕နယ္ အသင္းႏွင့္ နမ့္ခမ္းၿမိဳ႕နယ္အသင္းအား ဆုတံဆိပ္ႏွင့္ေငြသား တစ္သိန္းစီကို ရွမ္းျပည္နယ္အမ်ိဳးသမီးအားကစားအဖြဲ႕ ဆပ္ေကာ္မတီဥကၠဌ ေဒၚနန္းခ်ိဳခ်ိဳၿပဳံးႏွင့္ ဒုတိယဥကၠဌ ေဒၚၫိုၫိုလြင္တို႔မွ  ဆုခ်ီးျမႇင့္၍လည္းေကာင္း၊ ဒုတိယဆုရရွိေသာ လား႐ႈိးၿမိဳ႕နယ္အသင္းအား ဆုတံဆိပ္ႏွင့္ေငြသားသုံးသိန္းကို ရွမ္းျပည္နယ္ စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝိုဟိန္းမွ ဆုခ်ီးျမႇင့္၍ လည္းေကာင္း၊ ပထမဆုရရွိေသာ သီေပါၿမိဳ႕နယ္အသင္းအား တံခြန္စိုက္ဖလား၊ ဆုတံဆိပ္ႏွင့္ ေငြသားငါးသိန္းကို ရွမ္းျပည္နယ္ အမ်ိဳးသမီးအားကစားအဖြဲ႕ ဆပ္ေကာ္မတီနာယက ေဒၚနန္းေ႐ႊျမင့္မွ  ဆုခ်ီးျမႇင့္ေပးခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး မေ - ၃

ရှမ်းပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီနာယကဖလား မြို့နယ်အလိုက် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲဆုချီးမြှင့်ပွဲကို မေ ၂ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပကြောင်းသိရသည်။

ဆက်လက်၍ ဗိုလ်လုပွဲအဖြစ် လားရှိုးအသင်းနှင့် သီပေါအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သီပေါအသင်းမှ ၃ ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲပြီး၊ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ  ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရရှိသော သီပေါ မြို့နယ်အသင်းမှ မခိုင်သဇင်ထွန်းအား ဆုတံဆိပ်နှင့်ငွေသား ၅ သောင်းကျပ်ကို ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်မူမူမှ ဆုချီးမြှင့်၍လည်းကောင်း၊ အသင်းလိုက်ပူးတွဲတတိယဆုရရှိသော ညောင်ရွှေမြို့နယ် အသင်းနှင့် နမ့်ခမ်းမြို့နယ်အသင်းအား ဆုတံဆိပ်နှင့်ငွေသား တစ်သိန်းစီကို ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဌ ဒေါ်နန်းချိုချိုပြုံးနှင့် ဒုတိယဥက္ကဌ ဒေါ်ညိုညိုလွင်တို့မှ  ဆုချီးမြှင့်၍လည်းကောင်း၊ ဒုတိယဆုရရှိသော လားရှိုးမြို့နယ်အသင်းအား ဆုတံဆိပ်နှင့်ငွေသားသုံးသိန်းကို ရှမ်းပြည်နယ် စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ ဆုချီးမြှင့်၍ လည်းကောင်း၊ ပထမဆုရရှိသော သီပေါမြို့နယ်အသင်းအား တံခွန်စိုက်ဖလား၊ ဆုတံဆိပ်နှင့် ငွေသားငါးသိန်းကို ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယက ဒေါ်နန်းရွှေမြင့်မှ  ဆုချီးမြှင့်ပေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 64 guests and no members online

Latest Updates