ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဟန္ျမင့္မိုရ္-ၿမိဳ႕ႀကီး-႐ြာငံ လမ္းပိုင္းတိုးခ်ဲ႕ျပဳျပင္ေနမႈကို ၾကည့္႐ႈ

ေတာင္ႀကီး ေမ - ၂၃

77

ရွမ္းျပည္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔သည္ ေမ ၂၃ ရက္က ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ  ဟန္ျမင့္မိုရ္-ၿမိဳ႕ႀကီး-႐ြာငံ လမ္းပိုင္းတိုးခ်ဲ႕ျပဳျပင္ေနမႈကို သြားေရာက္ၾကည့္႐ႈကာ အဆိုပါလမ္းပိုင္းရွင္းလင္းေဆာင္ခန္းမ၌ Future Creator Group of construction company DE ဦးထြန္းေက်ာ္ေအာင္မွ ဟန္ျမင့္မိုရ္-ၿမိဳ႕ႀကီး-႐ြာငံ လမ္းပိုင္းတိုးခ်ဲ႕ျပဳျပင္ေနမႈအေျခအေနကို ရွင္းလင္းတင္ျပၿပီး၊  ျပည္နယ္လမ္းဦးစီးဌာန ၫႊန္ၾကားေရးမႉး(ၿမိဳ႕ျပ)ဦးေက်ာ္သီဟ မွ JICA ႏွင့္ပူးေပါင္းေဆာင္႐ြက္မည့္လမ္းပိုင္းကိစၥရပ္မ်ားကို ရွင္းလင္းကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔သည္ လမ္းတိုးခ်ဲ႕ျပဳျပင္ေနမႈကို ကြင္းဆင္းၾကည့္႐ႈစစ္ေဆးၾကေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူတို႔သည္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ႐ြာငံၿမိဳ႕နယ္အတြင္းရွိ အမ်ားျပည္သူသုံး ျမနႏၵာေရကန္ ေဆာင္႐ြက္ၿပီးစီးမႈကို ၾကည့္႐ႈၿပီး၊ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ရန္ပုံေငြျဖင့္ ေဇာ္ႏိုင္ထူး ကုမၸဏီမွ ေဆာင္႐ြက္ေသာ ႐ြာငံၿမိဳ႕နယ္အတြင္းရွိ ဘုရားႀကီးကန္အဝင္လမ္း ၂/၀၂မိုင္ ကတၱရာလမ္းေဆာင္႐ြက္ၿပီးစီးမႈကို ၾကည့္႐ႈ စစ္ေဆးကာ မိတၳီလာ-ေတာင္ႀကီးလမ္းပိုင္းအား ေတာင္ေပၚေဒသေဆာက္လုပ္ေရးမွ တာဝန္ယူေဆာင္႐ြက္ေနေသာ ႏိုင္လြန္ ကတၱရာက်ိဳစက္႐ုံႏွင့္ ႏိုင္လြန္ကတၱရာလမ္းတိုးခ်ဲ႕ေနမႈတို႔ကိုၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟန်မြင့်မိုရ်-မြို့ကြီး-ရွာငံ လမ်းပိုင်းတိုးချဲ့ပြုပြင်နေမှုကို ကြည့်ရှု

တောင်ကြီး မေ - ၂၃

ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် မေ ၂၃ ရက်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဟန်မြင့်မိုရ်-မြို့ကြီး-ရွာငံ လမ်းပိုင်းတိုးချဲ့ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုကာ အဆိုပါလမ်းပိုင်းရှင်းလင်းဆောင်ခန်းမ၌ Future Creator Group of construction company DE ဦးထွန်းကျော်အောင်မှ ဟန်မြင့်မိုရ်-မြို့ကြီး-ရွာငံ လမ်းပိုင်းတိုးချဲ့ပြုပြင်နေမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး၊  ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်သီဟ မှ JICA နှင့်ပူးပေါင်းဆောင်ရွက်မည့်လမ်းပိုင်းကိစ္စရပ်များကို ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် လမ်းတိုးချဲ့ပြုပြင်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်းရှိ အများပြည်သူသုံး မြနန္ဒာရေကန် ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုပြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဇော်နိုင်ထူး ကုမ္ပဏီမှ ဆောင်ရွက်သော ရွာငံမြို့နယ်အတွင်းရှိ ဘုရားကြီးကန်အဝင်လမ်း ၂/၀၂မိုင် ကတ္တရာလမ်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးကာ မိတ္ထီလာ-တောင်ကြီးလမ်းပိုင်းအား တောင်ပေါ်ဒေသဆောက်လုပ်ရေးမှ တာဝန်ယူဆောင်ရွက်နေသော နိုင်လွန် ကတ္တရာကျိုစက်ရုံနှင့် နိုင်လွန်ကတ္တရာလမ်းတိုးချဲ့နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

 

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 85 guests and no members online

Latest Updates