ရှမ်းပြည်နယ်သတင်းများ

လား႐ႈိးၿမိဳ႕၌ မိုးလုံေလလုံေလ့က်င့္ေရးအားကစား႐ုံသစ္ဖြင့္

လား႐ႈိး ဇူလိုင္ - ၂၄

127

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ႈိးၿမိဳ႕ ျပည္ေထာင္စုအားကစားကြင္းအတြင္းရွိ ေလ့က်င့္ေရးအားကစား႐ုံဖြင့္ပြဲကို ဇူလိုင္ ၂၃ ရက္ နံနက္ ၉ နာရီက က်င္းပေၾကာင္းသိရသည္။

ဆက္လက္၍ မိုးလုံေလလုံေလ့က်င့္ေရးအားကစား႐ုံသစ္အေဆာက္အဦကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူေဇာ္ တို႔မွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး၊ အားကစား႐ုံသစ္ဆိုင္းဘုတ္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔က စက္ခလုတ္ႏွိပ္ဖြင့္လွစ္ ေပးကာ ကမၺည္းေမာ္ကြန္းအား အေမႊးနံ႔သာရည္ ပက္ျဖန္းေပးၾကသည္။

အစီအစဥ္အရ အခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ လမ္းၫႊန္မႈျဖင့္ အလ်ား ၃၀၀ ေပ၊ အနံ ၁၀၀ ေပရွိေသာ ေလ့က်င့္ေရးအားကစား႐ုံ ဖြင့္ပြဲျဖစ္ၿပီး ကုန္က်စရိတ္ ေငြက်ပ္ (၃၉၂)သန္းျဖင့္ ေတာင္ညီေနာင္ေဆာက္လုပ္ေရးကုမၸဏီမွ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁၇ ရက္ေန႔မွ စတင္တည္ေဆာက္၍ ၂၀၁၈ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔တြင္ ၿပီးဆုံးခဲ့ပါေၾကာင္း၊ အားကစား႐ုံတြင္း ကစားနည္းမ်ားျဖင့္သည့္ ဘက္စကက္ေဘာ၊ ေဘာ္လီေဘာ၊ ဂ်ဴဒို၊ ဝူ႐ႉး၊ စားပြဲတင္တင္းနစ္၊ တိုက္ကြမ္ဒို၊ ကရာေတးဒို၊ ျမန္မာ့သိုင္း၊ ဗိုဗီနမ္ စေသာ အားကစားနည္းမ်ားကို တစ္ႏွစ္ပတ္လုံး ေလ့က်င့္ႏိုင္မွာျဖစ္ကာ ရွမ္းျပည္နယ္ႏွင့္ ႏိုင္ငံေတာ္အတြက္ မ်ိဳးဆက္သစ္အားကစားသမား အေျမာက္အမ်ား ေမြးထုတ္ေပးႏိုင္မည္ျဖစ္၍ ေက်နပ္အားရမိပါေၾကာင္း၊ ၂၀၁၇-၂၀၁၈ အားကစားျပကၡဒိန္အရ က်င္းပၿပီးစီးခဲ့ေသာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အားကစားၿပိဳင္ပြဲမ်ားအၿပီးတြင္ ေအာင္ျမင္မႈအဆင့္အေနျဖင့္ မႏၲေလးတိုင္း၊ ရန္ကုန္တိုင္း ေဒသႀကီးၿပီးလၽွင္ ရွမ္းျပည္နယ္သည္ ေ႐ႊ(၃၃)၊ ေငြ(၃၆)၊ ေၾကး(၄၀)၊ စုစုေပါင္းဆုတံဆိပ္ (၁၀၉)ခုျဖင့္ တတိယေနရာမွာ ရပ္တည္ခဲ့ပါေၾကာင္း၊ ရရွိခဲ့ေသာဆုတံဆိပ္မ်ားကို ၾကည့္မည္ဆိုပါက ႐ုံတြင္းအားကစားနည္းမ်ားျဖစ္သည့္ ေဘာ္လီေဘာ၊ ဂ်ဴဒို၊ ဝူ႐ႉး၊ ျမန္မာ့သိုင္း၊ ဗိုဗီနမ္ စသည့္အားကစားနည္းမ်ားက ပိုမိုဆြတ္ခူးခဲ့သည္ကို ေတြ႕ရွိရမွာျဖစ္ၿပီး၊ လား႐ႈိးၿမိဳ႕တြင္ စတင္ဖြင့္လွစ္သည့္ ေလ့က်င့္ေရးအားကစား႐ုံႀကီးသည္ ထူးခၽြန္ထက္ျမက္ေသာ အားကစားသမားမ်ားကို ပိုမိုေမြးထုတ္ကာ ရွမ္းျပည္နယ္၏ဂုဏ္ကို ဆက္လက္ျမႇင့္တင္ေပးႏိုင္လိမ့္မည္ဟု အျပည့္အဝယုံၾကည္ပါေၾကာင္း ေျပာၾကားသြားသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းထံ ေတာင္ညီေနာင္ကုမၸဏီမွ တာဝန္ရွိသူတစ္ဦးက ေလ့က်င့္ေရးအားကစား႐ုံသစ္ေဆာက္လုပ္မႈ မွတ္တမ္းမ်ားအား လႊဲေျပာင္းေပးအပ္ၿပီး၊  ဖြင့္ပြဲအထိမ္း အမွတ္ အလံမ်ား ေနရာအေရာက္ေပးအပ္ကာ၊ လား႐ႈိးၿမိဳ႕ ၿမိဳ႕မိၿမိဳ႕ဖ တစ္ဦးက ေက်းဇူးတင္စကားျပန္လည္ေျပာၾကား၍ ပန္းပြား၊ ကရာေတးဒို၊ ဘက္စကက္ေဘာ အားကစားနည္းမ်ားျဖင့္သ႐ုပ္ျပသၿပီး၊ အားကစားသမားမ်ားအား ဂုဏ္ျပဳဆုေငြမ်ား ခ်ီးျမႇင့္ေပးခဲ့ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လားရှိုးမြို့၌ မိုးလုံလေလုံလေ့ကျင့်ရေးအားကစားရုံသစ်ဖွင့်

လားရှိုး ဇူလိုင် - ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးအားကစားရုံဖွင့်ပွဲကို ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီက ကျင်းပကြောင်းသိရသည်။

ဆက်လက်၍ မိုးလုံလေလုံလေ့ကျင့်ရေးအားကစားရုံသစ်အဆောက်အဦကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အားကစားရုံသစ်ဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖြန်းပေးကြသည်။

အစီအစဉ်အရ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အလျား ၃၀၀ ပေ၊ အနံ ၁၀၀ ပေရှိသော လေ့ကျင့်ရေးအားကစားရုံ ဖွင့်ပွဲဖြစ်ပြီး ကုန်ကျစရိတ် ငွေကျပ် (၃၉၂)သန်းဖြင့် တောင်ညီနောင်ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်တည်ဆောက်၍ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးခဲ့ပါကြောင်း၊ အားကစားရုံတွင်း ကစားနည်းများဖြင့်သည့် ဘက်စကက်ဘော၊ ဘော်လီဘော၊ ဂျူဒို၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ဗိုဗီနမ် စသော အားကစားနည်းများကို တစ်နှစ်ပတ်လုံး လေ့ကျင့်နိုင်မှာဖြစ်ကာ ရှမ်းပြည်နယ်နှင့် နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမား အမြောက်အများ မွေးထုတ်ပေးနိုင်မည်ဖြစ်၍ ကျေနပ်အားရမိပါကြောင်း၊ ၂၀၁၇-၂၀၁၈ အားကစားပြက္ခဒိန်အရ ကျင်းပပြီးစီးခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများအပြီးတွင် အောင်မြင်မှုအဆင့်အနေဖြင့် မန္တလေးတိုင်း၊ ရန်ကုန်တိုင်း ဒေသကြီးပြီးလျှင် ရှမ်းပြည်နယ်သည် ရွှေ(၃၃)၊ ငွေ(၃၆)၊ ကြေး(၄၀)၊ စုစုပေါင်းဆုတံဆိပ် (၁၀၉)ခုဖြင့် တတိယနေရာမှာ ရပ်တည်ခဲ့ပါကြောင်း၊ ရရှိခဲ့သောဆုတံဆိပ်များကို ကြည့်မည်ဆိုပါက ရုံတွင်းအားကစားနည်းများဖြစ်သည့် ဘော်လီဘော၊ ဂျူဒို၊ ဝူရှူး၊ မြန်မာ့သိုင်း၊ ဗိုဗီနမ် စသည့်အားကစားနည်းများက ပိုမိုဆွတ်ခူးခဲ့သည်ကို တွေ့ရှိရမှာဖြစ်ပြီး၊ လားရှိုးမြို့တွင် စတင်ဖွင့်လှစ်သည့် လေ့ကျင့်ရေးအားကစားရုံကြီးသည် ထူးချွန်ထက်မြက်သော အားကစားသမားများကို ပိုမိုမွေးထုတ်ကာ ရှမ်းပြည်နယ်၏ဂုဏ်ကို ဆက်လက်မြှင့်တင်ပေးနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံ တောင်ညီနောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လေ့ကျင့်ရေးအားကစားရုံသစ်ဆောက်လုပ်မှု မှတ်တမ်းများအား လွှဲပြောင်းပေးအပ်ပြီး၊  ဖွင့်ပွဲအထိမ်း အမှတ် အလံများ နေရာအရောက်ပေးအပ်ကာ၊ လားရှိုးမြို့ မြို့မိမြို့ဖ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပန်းပွား၊ ကရာတေးဒို၊ ဘက်စကက်ဘော အားကစားနည်းများဖြင့်သရုပ်ပြသပြီး၊ အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 338 guests and no members online