
တောင်ကြီး ဇူလိုင် - ၃၁

135



အဖရ(ရှမ်း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရုံးခန်းဖွင့်လှစ်

တောင်ကြီး ဇူလိုင် - ၃၁

 

တောင်ကြီးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂရုံးခန်းဖွင့်လှစ်ပွဲကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်၊ ကျောင်းသာသမဂ္ဂ ဥက္ကဌတို့မှ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ်တို့မှ အသီးသီးမိန့်ခွန်းပြောကြားကာ တောင်ကြီး တက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် (၅)သိန်းကို ပြည်နယ်လူမှုရေးဝန်ကြီးမှပေးအပ်ရာ တာဝန်ရှိ သူတစ်ဦးမှ လက်ခံရယူပြီး၊ တောင်ကြီးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဌမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရှိရသည်။

 

အဖရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 41 guests and no members online

Latest Updates